
FAST.com


FAST.com Updat


FAST.com


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

FAST.com ဆိုတာက Netflix ကနေ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက Network Speed တွေကို စမ်းသပ်နိုင်တဲ့ Network Speed Test Website တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသုံးပြုသူတွေက FAST.com ထက် Ookla Speedtest ကိုပဲ အသုံးပြုမှုများပြားနေတာဖြစ်ပါတယ်။

FAST.com

Ookla Speedtest ကို ပိုအသုံးပြုမှုများပြားနေတာကလည်း FAST.com ထက် ပိုပြီး Ping Time ၊ Upload Speed နဲ့ IP Address တို့ကိုပါ ဖော်ပြပေးတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာတော့ Netflix ကနေ FAST.com Website နဲ့ Android ၊ iOS App တွေကို ပြောင်းလဲမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

FAST.com Updat

အခုပြောင်းလဲမှုအရ အခုအချိန်မှာ FAST.com Website ပဲဖြစ်ဖြစ်၊ Application ကိုပဲဖြစ်ဖြစ် ဝင်ရောက်ပြီး Network Speed ကို စမ်းသပ်လိုက်မယ်ဆိုရင် Network Speed ကို ဖော်ပြပြီးတဲ့နောက်မှာ Show More Info ဆိုပြီး နောက်ထပ် Unloaded and Loaded Latencies ၊ Upload Speed နဲ့ IP Address တွေကိုပါ ဖော်ပြပေးသွားတော့မှာပဲဖြစ်ပါတယ်။

FAST.com

အခုလိုမျိုး Feature အသစ်တွေ၊ Information အသစ်တွေ ပါလာတာက FAST.com ကို Ookla Speed Test လိုမျိုးပဲ Network Speed စစ်ဆေးချင်တဲ့အချိန်မှာ ရွေးချယ်စရာဖြစ်လာစေပါတယ်။ Ookla Speed Test ဟာ Website မှာရော၊ Application မှာပါ ကြော်ငြာတွေအများအပြားပါဝင်ပေမယ့် FAST.com မှာတော့ ကြော်ငြာတစ်ခုမှ ပါဝင်ခြင်းမရှိတာက အကြီးမားဆုံးကွာခြားချက်တစ်ခုလည်းဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com