[Zawgyi]

ဖက္ရွင္က်တဲ့သူေတြရဲ႕ အိမ္တိုင္းမွာ ဘာေတြရွိလဲ

ေခတ္မီတဲ့လူတိုင္း အိမ္အလွဆင္ၾကတယ္ေလ။ အယ့္လယ့္။ အခုေနာက္ပိုင္း အိမ္အလွဆင္တယ္ဆိုတာ ဖက္ရွင္တစ္ခုျဖစ္လာပါၿပီ။ လူတိုင္းလူတိုင္း ကိုယ့္ရဲ႕ အိမ္ခန္းေလးေတြကို ေနခ်င္စဖြယ္ျဖစ္ေအာင္ ျပင္ဆင္လာၾကပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ အျပင္ေတြသြားရင္ ပိုက္ဆံကုန္တယ္ေလ။ ကိုယ့္ရဲ႕ အိမ္ေလးက ဇိမ္က်ရမယ္။ သက္ေတာင့္သက္သာရွိရမယ္။ ေနာက္ၿပီး ဖက္ရွင္က်ရမယ္။ ေခတ္မီတဲ့ေကာင္မေလးေတြရဲ႕ အိမ္တိုင္းမွာ ဘယ္လိုပစၥည္းေတြရွိသင့္လဲဆိုတာ တစ္ခ်က္ေလာက္ရႈိးလိုက္။

မီးတိုင္လွလွေလးတစ္ခု

ၾကမ္းျပင္ကေန အေပၚအထိရွည္တဲ့ မီးတိုင္လွလွေလးတစ္ခုကေတာ့ ဖက္ရွင္က်တဲ့အိမ္တိုင္းမွာ ရွိရမွာပါ။ ကိုယ္ႀကိဳက္တဲ့ပံုစံအတိုင္း အမ်ားႀကီး ေရြးခ်ယ္၀ယ္ယူႏုိင္ၿပီးေတာ့ အထူးသျဖင့္ ဧည့္ခန္းနဲ႔ အိပ္ခန္းေတြမွာ အထားမ်ားၾကပါတယ္။

ေခါင္းအံုးအေသးေလးေတြ

ထိုင္ခံုေလးေတြေပၚမွာ ေျပာင္ႀကီးထားတာထက္ ေခါင္းအံုးေလးေတြနဲ႔ အလွဆင္ပါလို႔ ခဏခဏေျပာတယ္ေနာ္။ ဒါက ေပါင္ေပၚတင္ထားဖို႔၊ ခုအိပ္ဖို႔ သက္သက္ႀကီးပဲ မဟုတ္ပါဘူး။ ေခါင္းအံုးစြပ္လွလွေလးေတြနဲ႔ အေရာင္စံုေခါင္းအံုးေလးေတြကို ဧည့္ခန္းထိုင္ခံုေလးေတြေပၚမွာထားတာက ဖက္ရွင္က်လို႔ပါ။

ပန္းခ်ီကားအႀကီးႀကီးတစ္ခ်ပ္

ေခတ္မီသူေတြရဲ႕ အခန္းေတြမွာ ပန္းခ်ီကားေတြရွိၾကတယ္ဆိုတာ သင္သိပါသလား။ ပန္းခ်ီကားအမ်ားႀကီး မ၀ယ္ႏိုင္ဘူးဆိုရင္ေတာင္ ေစ်းသက္သက္သာသာနဲ႔ ခပ္မိုက္မိုက္ ခပ္ႀကီးႀကီး ပန္းခ်ီကားတစ္ခ်ပ္ေလာက္ကို အခန္းတစ္ခုခုထဲမွာ ခ်ိတ္ဆြဲထားရင္ ေတာ္ေတာ္မိုက္ေနပါၿပီ။

သစ္ပင္ေလးမ်ား

သစ္ပင္ေလးေတြရွိေနျခင္းဟာ ဒီအိမ္ပိုင္ရွင္ေတြ အျမင္ရွိၿပီး ႏူးညံ့သိမ္ေမြ႕တယ္ဆိုတာကို ျပေနတဲ့အခ်က္ပါပဲ။ ေသးေသးေလးပဲျဖစ္ျဖစ္၊ အႀကီးႀကီးပဲျဖစ္ျဖစ္ စိတ္ႀကိဳက္၀ယ္ၿပီး အလွဆင္ပါ။ အပင္ေလးေတြရွိတာ စိတ္ခ်မ္းသာစရာလည္းေကာင္းသလို လွလည္းလွပါတယ္။

ဖေယာင္းတိုင္ေလးမ်ား

အထူးသျဖင့္ ေရခ်ိဳးခန္းထဲမွာ၊ အိပ္ခန္းထဲမွာ အေမႊးဖေယာင္းတိုင္ေလးေတြထြန္းထားမယ္ဆိုရင္ စိတ္ကို တည္ၿငိမ္ေစတယ္။ စိတ္ခ်မ္းေျမ႕ေစတယ္။ ေနာက္ၿပီးေတာ့ ေႏြးေထြးေစတယ္။ ဒါပဲလားဆိုေတာ့ မဟုတ္ပါဘူး။ ေခတ္လည္းမီေစပါတယ္။

မွန္ခ်ပ္ႀကီးတစ္ခ်ပ္

မွန္ေသးေသးေလးေတြပဲ ရွိတဲ့အိမ္ဆိုရင္ ေသခ်ာပါတယ္။ ေတာ္ေတာ္ေရွးက်ေနတဲ့အိမ္ပဲျဖစ္မွာပါ။ ဖက္ရွင္က်တဲ့ေကာင္မေလးေတြရွိတဲ့အိမ္တိုင္း မွန္အႀကီးႀကီးေတြေပါပါတယ္။ ဒီေတာ့ ေခတ္မီၿပီးဖက္ရွင္က်ခ်င္တယ္ဆိုရင္ ကိုယ္လံုးေပၚမွန္တစ္ခ်ပ္ေလာက္ေတာ့ ရွိသင့္တယ္ေနာ္။

စာအုပ္စင္တစ္စင္

စာအုပ္စင္ေတြဟာ က်က္သေရရွိပါတယ္။ ဖတ္ရင္ေတာ့ ပိုေကာင္းတာေပါ့ေနာ္။ ဒီလိုပဲ စာအုပ္စင္ရွိတဲ့အိမ္ေလးေတြဟာလည္း တစ္မ်ိဳးေလးမိုက္ပါတယ္။ စာအုပ္စင္ဟာ အိမ္တစ္အိမ္ရဲ႕ ဥာဏ္ပညာကို ေဖာ္ျပတယ္တဲ့။ အဲဒါေၾကာင့္မို႔လို႔ စာအုပ္ေတြေရြးခ်ယ္စုေဆာင္းတာကိုေတာ့ ဂရုစိုက္လိုက္ပါဦး။

အိမ္ေမြးတိရစာၦန္တစ္ေကာင္

ေက်ာ္ၾကားသူတိုင္းမွာ အိမ္ေမြးတိရစာၦန္တစ္ေကာင္ဆီ ရွိၾကပါတယ္။ မယံုမရွိပါနဲ႔။ တခ်ိဳ႕ေတြက ေၾကာင္ေလးေတြ ေမြးၾကတယ္။ တခ်ိဳ႕်ေတြကေတာ့ ေခြးေလးေတြေမြးၾကတာေပါ့။ အဲဒီ့အိမ္ေမြးတိရစာၦန္ေလးေတြက အိမ္တစ္အိမ္ရဲ႕ အဆင္တန္ဆာေလးေတြလည္းျဖစ္သလို လူေတြရဲ႕ အေဖာ္မြန္ေကာင္းေလးေတြလည္း ျဖစ္လို႔ပါပဲ။

ဖက္ရွင္က်သူေတြရဲ႕ အိမ္တိုင္းမွာ အခုေျပာခဲ့တဲ့ပစၥည္းေလးေတြရွိၾကပါတယ္။ မယံုရင္ ဆင္ၾကည့္လိုက္ေနာ္။ အရမ္းမိုက္သြားတဲ့အခန္းေလးေတြကို ရရွိသြားမွာပါ။ အားလံုးလည္း အရမ္းလွပၿပီး ေနခ်င္စရာေကာင္းတဲ့အိမ္ေလးေတြ ပိုင္ဆိုင္ႏုိင္ၾကပါေစေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ဖက်ရှင်ကျတဲ့သူတွေရဲ့ အိမ်တိုင်းမှာ ဘာတွေရှိလဲ

ခေတ်မီတဲ့လူတိုင်း အိမ်အလှဆင်ကြတယ်လေ။ အယ့်လယ့်။ အခုနောက်ပိုင်း အိမ်အလှဆင်တယ်ဆိုတာ ဖက်ရှင်တစ်ခုဖြစ်လာပါပြီ။ လူတိုင်းလူတိုင်း ကိုယ့်ရဲ့ အိမ်ခန်းလေးတွေကို နေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်လာကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အပြင်တွေသွားရင် ပိုက်ဆံကုန်တယ်လေ။ ကိုယ့်ရဲ့ အိမ်လေးက ဇိမ်ကျရမယ်။ သက်တောင့်သက်သာရှိရမယ်။ နောက်ပြီး ဖက်ရှင်ကျရမယ်။ ခေတ်မီတဲ့ကောင်မလေးတွေရဲ့ အိမ်တိုင်းမှာ ဘယ်လိုပစ္စည်းတွေရှိသင့်လဲဆိုတာ တစ်ချက်လောက်ရှိုးလိုက်။

မီးတိုင်လှလှလေးတစ်ခု

ကြမ်းပြင်ကနေ အပေါ်အထိရှည်တဲ့ မီးတိုင်လှလှလေးတစ်ခုကတော့ ဖက်ရှင်ကျတဲ့အိမ်တိုင်းမှာ ရှိရမှာပါ။ ကိုယ်ကြိုက်တဲ့ပုံစံအတိုင်း အများကြီး ရွေးချယ်ဝယ်ယူနိုင်ပြီးတော့ အထူးသဖြင့် ဧည့်ခန်းနဲ့ အိပ်ခန်းတွေမှာ အထားများကြပါတယ်။

ခေါင်းအုံးအသေးလေးတွေ

ထိုင်ခုံလေးတွေပေါ်မှာ ပြောင်ကြီးထားတာထက် ခေါင်းအုံးလေးတွေနဲ့ အလှဆင်ပါလို့ ခဏခဏပြောတယ်နော်။ ဒါက ပေါင်ပေါ်တင်ထားဖို့၊ ခုအိပ်ဖို့ သက်သက်ကြီးပဲ မဟုတ်ပါဘူး။ ခေါင်းအုံးစွပ်လှလှလေးတွေနဲ့ အရောင်စုံခေါင်းအုံးလေးတွေကို ဧည့်ခန်းထိုင်ခုံလေးတွေပေါ်မှာထားတာက ဖက်ရှင်ကျလို့ပါ။

ပန်းချီကားအကြီးကြီးတစ်ချပ်

ခေတ်မီသူတွေရဲ့ အခန်းတွေမှာ ပန်းချီကားတွေရှိကြတယ်ဆိုတာ သင်သိပါသလား။ ပန်းချီကားအများကြီး မဝယ်နိုင်ဘူးဆိုရင်တောင် ဈေးသက်သက်သာသာနဲ့ ခပ်မိုက်မိုက် ခပ်ကြီးကြီး ပန်းချီကားတစ်ချပ်လောက်ကို အခန်းတစ်ခုခုထဲမှာ ချိတ်ဆွဲထားရင် တော်တော်မိုက်နေပါပြီ။

သစ်ပင်လေးများ

သစ်ပင်လေးတွေရှိနေခြင်းဟာ ဒီအိမ်ပိုင်ရှင်တွေ အမြင်ရှိပြီး နူးညံ့သိမ်မွေ့တယ်ဆိုတာကို ပြနေတဲ့အချက်ပါပဲ။ သေးသေးလေးပဲဖြစ်ဖြစ်၊ အကြီးကြီးပဲဖြစ်ဖြစ် စိတ်ကြိုက်ဝယ်ပြီး အလှဆင်ပါ။ အပင်လေးတွေရှိတာ စိတ်ချမ်းသာစရာလည်းကောင်းသလို လှလည်းလှပါတယ်။

ဖယောင်းတိုင်လေးများ

အထူးသဖြင့် ရေချိုးခန်းထဲမှာ၊ အိပ်ခန်းထဲမှာ အမွှေးဖယောင်းတိုင်လေးတွေထွန်းထားမယ်ဆိုရင် စိတ်ကို တည်ငြိမ်စေတယ်။ စိတ်ချမ်းမြေ့စေတယ်။ နောက်ပြီးတော့ နွေးထွေးစေတယ်။ ဒါပဲလားဆိုတော့ မဟုတ်ပါဘူး။ ခေတ်လည်းမီစေပါတယ်။

မှန်ချပ်ကြီးတစ်ချပ်

မှန်သေးသေးလေးတွေပဲ ရှိတဲ့အိမ်ဆိုရင် သေချာပါတယ်။ တော်တော်ရှေးကျနေတဲ့အိမ်ပဲဖြစ်မှာပါ။ ဖက်ရှင်ကျတဲ့ကောင်မလေးတွေရှိတဲ့အိမ်တိုင်း မှန်အကြီးကြီးတွေပေါပါတယ်။ ဒီတော့ ခေတ်မီပြီးဖက်ရှင်ကျချင်တယ်ဆိုရင် ကိုယ်လုံးပေါ်မှန်တစ်ချပ်လောက်တော့ ရှိသင့်တယ်နော်။

စာအုပ်စင်တစ်စင်

စာအုပ်စင်တွေဟာ ကျက်သရေရှိပါတယ်။ ဖတ်ရင်တော့ ပိုကောင်းတာပေါ့နော်။ ဒီလိုပဲ စာအုပ်စင်ရှိတဲ့အိမ်လေးတွေဟာလည်း တစ်မျိုးလေးမိုက်ပါတယ်။ စာအုပ်စင်ဟာ အိမ်တစ်အိမ်ရဲ့ ဉာဏ်ပညာကို ဖော်ပြတယ်တဲ့။ အဲဒါကြောင့်မို့လို့ စာအုပ်တွေရွေးချယ်စုဆောင်းတာကိုတော့ ဂရုစိုက်လိုက်ပါဦး။

အိမ်မွေးတိရစ္ဆာန်တစ်ကောင်

ကျော်ကြားသူတိုင်းမှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဆီ ရှိကြပါတယ်။ မယုံမရှိပါနဲ့။ တချို့တွေက ကြောင်လေးတွေ မွေးကြတယ်။ တချို့ျတွေကတော့ ခွေးလေးတွေမွေးကြတာပေါ့။ အဲဒီ့အိမ်မွေးတိရစ္ဆာန်လေးတွေက အိမ်တစ်အိမ်ရဲ့ အဆင်တန်ဆာလေးတွေလည်းဖြစ်သလို လူတွေရဲ့ အဖော်မွန်ကောင်းလေးတွေလည်း ဖြစ်လို့ပါပဲ။

ဖက်ရှင်ကျသူတွေရဲ့ အိမ်တိုင်းမှာ အခုပြောခဲ့တဲ့ပစ္စည်းလေးတွေရှိကြပါတယ်။ မယုံရင် ဆင်ကြည့်လိုက်နော်။ အရမ်းမိုက်သွားတဲ့အခန်းလေးတွေကို ရရှိသွားမှာပါ။ အားလုံးလည်း အရမ်းလှပပြီး နေချင်စရာကောင်းတဲ့အိမ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။

Moethaesay (Akhayar)

www.akhayar.com