[ZawGyi]

ခ်က္ခ်င္းပိန္သြယ္သြားေစဖို႔ ဒီလိုေလးေတြဝတ္ရေအာင္

ဝတုတ္ေလးေတြပဲျဖစ္ျဖစ္ ျပည္႔ျပည္႔ေလးေတြပဲျဖစ္ျဖစ္ ဘယ္လုိပဲဝတယ္ဆုိဆို ခ်က္ခ်င္းဆုိသလိုပိန္သြယ္သြားေစဖို႔ နည္းလမ္းသိရင္ျဖစ္ပါတယ္။ အဲဒါက အဆီေတြသြားစုပ္ထုတ္ဖို႔မဟုတ္ အစာငတ္ခံဖုိ႔မဟုတ္။ ပိန္ေစမယ္႔ဖက္ရွင္ေတြခ်ည္း ဘီရိုထဲအျပည္႔ထည္႔ထားလိုက္ဖို႔ပါပဲ။ ဝတ္တတ္စားတတ္ရင္ အကုန္စတိုင္လ္က်တဲ႔အလွပေဂးေတြျဖစ္ႏိုင္တဲ႔ေခတ္ၾကီးမွာ ပိန္သြယ္ေစဖုိ႔ဘာေတြဝတ္ရမလဲဆုိတဲ႔ နည္းကိုပဲသိဖုိ႔လုိပါတယ္။ အခုဒီလွ်ိဳ႕ဝွက္ခ်က္ေတြကို ဖြင္႔ထုတ္ျပလုိက္ပါျပီေနာ္။

ဂ်ာကင္ရွည္ဝတ္ပါ

katespadejacket

katespadejacket

က်ပ္က်ပ္ထုပ္ထုပ္ေတြဝတ္ျပီး အဆီေတြအရစ္လုိက္ေပၚေနတာကိုစိတ္ပ်က္ေနမိတယ္ဆုိရင္ ဒီလိုကုတ္ရွည္ေလးေတြကိုေရြးခ်ယ္ပါ။ ကိုယ္နဲ႔ပခံုးကြက္တိက်တဲ႔ကုတ္ေလးေတြ ႏွစ္ထည္ေလာက္ေတာ႔ရွိသင္႔ပါတယ္။ ခါးနဲ႔တင္ပါးတစ္ဝိုက္ဖံုးမယ္႔ ကုတ္ရွည္ေလးေတြကိုဝတ္ပါ။ ပိန္သြားသလုိပဲလုိ႔ ေျပာရင္ေျပာ မေျပာရင္ ခ်စ္စရာဝတုတ္ေလးလုိ႔ ခ်ီးက်ဴးၾကပါလိမ္႔မယ္။

Monotone ေတြဝတ္ပါ

monotone

monotone

ဝတဲ႔သူေတြအေနနဲ႔ အေရာင္ကစားတတ္ဖုိ႔ အေရာင္ေတြအေၾကာင္းနားလည္ဖုိ႔ပိုလိုအပ္ပါတယ္။ အေပၚေအာက္ အေရာင္ေတြကို နီးစပ္ေအာင္ လိုက္ဖက္ေအာင္ဝတ္တတ္ရင္အဆင္ေျပပါတယ္။ ကိုယ္႔အရပ္ကိုပုသလုိျဖစ္ေစမယ္႔ ပိန္းတိန္းတိန္းဒီဇိုင္းေတြ မေရြးခ်ယ္ပါနဲ႔။ ေဒါင္လိုက္စင္းေတြ၊ တစ္ေရာင္တည္းအေရာင္ရင္႔ရင္႔ေလးေတြေရြးပါ။ ကိုယ္႔ကို အရပ္ရွည္ျပီးပိန္သြယ္သေယာင္ျဖစ္ေစပါလိမ္႔မယ္။

ၾကိဳးသိုင္းဖိနပ္ေတြေရွာင္ပါ

ankle_straps

ankle_straps

ေျခခ်င္းဝတ္နားမွာကြင္းခ်ိတ္ရတဲ႔ဖိနပ္ေတြ၊ ေျခသလံုးထိပတ္တဲ႔ ၾကိဳးသိုင္းဖိနပ္ေတြက ကိုယ္႔ကိုခႏၶာကိုယ္သတ္သတ္ ေျခေထာက္သတ္သတ္ျဖစ္ေစပါတယ္။ ေျခေထာက္တုတ္ေနတာကိုလည္း ပိုသိသာေစပါတယ္။ တုတ္တုတ္တိုတိုမျဖစ္ခ်င္ဘူးဆုိရင္ Ankle Straps အမ်ိဳးအစားေတြအားလံုးကိုေရွာင္ပါ။ အေကာင္းဆံုးက ေျခဦးခၽြန္တဲ႔ရွဴးေလးေတြကိုေရြးခ်ယ္ပါ။

Pencil Skirts ေတြဝတ္ပါ

pencil-skirts

pencil-skirts

စကတ္အမ်ိဳးမ်ိဳးအစားစားရွိတဲ႔အထဲမွာ ဝတဲ႔သူေတြနဲ႔အဆင္အေျပဆံုး အလိုက္ဖက္ဆံုးစကတ္ကေတာ႔ Pencil Skirts ေလးေတြပါ။ သူက တင္ပါး၊ ေပါင္တံ၊ ေျခသလံုးအထိ ကပ္ကပ္ရပ္ရပ္ေလး ဖံုးကြယ္ေပးထားတဲ႔အတြက္ ဝတာကိုေဖ်ာက္ေပးျပီး သြယ္ေပ်ာင္းသေယာင္ထင္ရေစပါတယ္။

V လည္ပင္းပံုစံ ရွပ္ေတြဝတ္ပါ

V-Neck-Dress

V-Neck-Dress

V လည္ပင္းပံုစံရွပ္ေတြက ကိုယ္႔ရဲ႕ဗိုက္ဧရိယာကိုအာရံုမထားမိေစဘဲ ဆြဲေဆာင္မႈရွိရွိလွေစတာမုိ႔ ဝတဲ႔သူေတြအေနနဲ႔ V လည္ပင္းပံုစံရွပ္နဲ႔ဘေလာက္စ္ေတြကို မ်ားမ်ားစုေဆာင္းထားသင္႔ပါတယ္။ Dress ဝတ္မယ္ဆိုရင္လည္းတျခားေသာလည္ပင္းပံုစံေတြထက္
V ပံုစံလည္ပင္းရွိတဲ႔ Dress ကိုေရြးဝတ္ပါ။ လွလြန္းလို႔ ေငးၾကည္႔ေနရမွာပါ။

ေတာက္ေတာက္ေျပာင္ေျပာင္ေတြေရွာင္ပါ

sequin-bodycon-dress

sequin-bodycon-dress

စိန္ေတြ၊ ေက်ာက္ေတြ၊ ေဘာ္ျခယ္ေတြ၊ စီးကြန္႔န္ေတြ ပါတဲ႔ ျပိဳးျပိဳးျပက္ျပက္အဝတ္အထည္ေတြကိုေရွာင္ပါ။ ဒီလိုေတာက္ပတဲ႔အရာေတြက လူကိုပိုထြားသေယာင္ျဖစ္ေစတာမုိ႔ ေရွာင္သင္႔ပါတယ္။ ပိန္တဲ႔သူေတြဝတ္ရင္ ပိုထင္းလာေပမယ္႔ ဝတဲ႔သူေတြကေတာ႔ Accessories ၾကီးၾကီးနဲ႔သာ ေပၚလြင္ေအာင္ဆင္ျမန္းသင္႔ပါတယ္။

ကိုယ္႔အသားအေရာင္နဲ႔မကြာဟတဲ႔ဖိနပ္

skintone-shoes

skintone-shoes

ပိန္ခ်င္တယ္ဆုိရင္ ေျခေထာက္နဲ႔ခႏၶာကိုယ္ကိုသိသိသာသာပိုင္းျခားသြားေစမယ္႔ အေရာင္ထင္းထင္းဖိနပ္ေတြမစီးပါနဲ႔။ ကိုယ္႔အသားအေရာင္နဲ႔ သိပ္မကြာဟတဲ႔ ဖိနပ္ခပ္ျမင္႔ျမင္႔ေလးေတြကိုေရြးခ်ယ္ျပီးစီးပါ။ ဒါဆုိရင္ေတာ႔ ေဒါက္စီးတာမသိသာေစဘဲ ကိုယ္႔ကိုရွည္သြယ္သေယာင္ထင္ရေစပါလိမ္႔မယ္။

ဝတဲ႔သူေတြအတြက္အဆင္ေျပတဲ႔ Fashion Tips ေလးေတြသိထားတာရွိရင္မွ်ေဝခဲ႔ေပးပါဦး။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

ချက်ချင်းပိန်သွယ်သွားစေဖို့ ဒီလိုလေးတွေဝတ်ရအောင်

ဝတုတ်လေးတွေပဲဖြစ်ဖြစ် ပြည့်ပြည့်လေးတွေပဲဖြစ်ဖြစ် ဘယ်လိုပဲဝတယ်ဆိုဆို ချက်ချင်းဆိုသလိုပိန်သွယ်သွားစေဖို့ နည်းလမ်းသိရင်ဖြစ်ပါတယ်။ အဲဒါက အဆီတွေသွားစုပ်ထုတ်ဖို့မဟုတ် အစာငတ်ခံဖို့မဟုတ်။ ပိန်စေမယ့်ဖက်ရှင်တွေချည်း ဘီရိုထဲအပြည့်ထည့်ထားလိုက်ဖို့ပါပဲ။ ဝတ်တတ်စားတတ်ရင် အကုန်စတိုင်လ်ကျတဲ့အလှပဂေးတွေဖြစ်နိုင်တဲ့ခေတ်ကြီးမှာ ပိန်သွယ်စေဖို့ဘာတွေဝတ်ရမလဲဆိုတဲ့ နည်းကိုပဲသိဖို့လိုပါတယ်။ အခုဒီလျှို့ဝှက်ချက်တွေကို ဖွင့်ထုတ်ပြလိုက်ပါပြီနော်။

ဂျာကင်ရှည်ဝတ်ပါ

katespadejacket

katespadejacket

ကျပ်ကျပ်ထုပ်ထုပ်တွေဝတ်ပြီး အဆီတွေအရစ်လိုက်ပေါ်နေတာကိုစိတ်ပျက်နေမိတယ်ဆိုရင် ဒီလိုကုတ်ရှည်လေးတွေကိုရွေးချယ်ပါ။ ကိုယ်နဲ့ပခုံးကွက်တိကျတဲ့ကုတ်လေးတွေ နှစ်ထည်လောက်တော့ရှိသင့်ပါတယ်။ ခါးနဲ့တင်ပါးတစ်ဝိုက်ဖုံးမယ့် ကုတ်ရှည်လေးတွေကိုဝတ်ပါ။ ပိန်သွားသလိုပဲလို့ ပြောရင်ပြော မပြောရင် ချစ်စရာဝတုတ်လေးလို့ ချီးကျူးကြပါလိမ့်မယ်။

Monotone တွေဝတ်ပါ

monotone

monotone

ဝတဲ့သူတွေအနေနဲ့ အရောင်ကစားတတ်ဖို့ အရောင်တွေအကြောင်းနားလည်ဖို့ပိုလိုအပ်ပါတယ်။ အပေါ်အောက် အရောင်တွေကို နီးစပ်အောင် လိုက်ဖက်အောင်ဝတ်တတ်ရင်အဆင်ပြေပါတယ်။ ကိုယ့်အရပ်ကိုပုသလိုဖြစ်စေမယ့် ပိန်းတိန်းတိန်းဒီဇိုင်းတွေ မရွေးချယ်ပါနဲ့။ ဒေါင်လိုက်စင်းတွေ၊ တစ်ရောင်တည်းအရောင်ရင့်ရင့်လေးတွေရွေးပါ။ ကိုယ့်ကို အရပ်ရှည်ပြီးပိန်သွယ်သယောင်ဖြစ်စေပါလိမ့်မယ်။

ကြိုးသိုင်းဖိနပ်တွေရှောင်ပါ

ankle_straps

ankle_straps

ခြေချင်းဝတ်နားမှာကွင်းချိတ်ရတဲ့ဖိနပ်တွေ၊ ခြေသလုံးထိပတ်တဲ့ ကြိုးသိုင်းဖိနပ်တွေက ကိုယ့်ကိုခန္ဓာကိုယ်သတ်သတ် ခြေထောက်သတ်သတ်ဖြစ်စေပါတယ်။ ခြေထောက်တုတ်နေတာကိုလည်း ပိုသိသာစေပါတယ်။ တုတ်တုတ်တိုတိုမဖြစ်ချင်ဘူးဆိုရင် Ankle Straps အမျိုးအစားတွေအားလုံးကိုရှောင်ပါ။ အကောင်းဆုံးက ခြေဦးချွန်တဲ့ရှူးလေးတွေကိုရွေးချယ်ပါ။

Pencil Skirts တွေဝတ်ပါ

pencil-skirts

pencil-skirts

စကတ်အမျိုးမျိုးအစားစားရှိတဲ့အထဲမှာ ဝတဲ့သူတွေနဲ့အဆင်အပြေဆုံး အလိုက်ဖက်ဆုံးစကတ်ကတော့ Pencil Skirts လေးတွေပါ။ သူက တင်ပါး၊ ပေါင်တံ၊ ခြေသလုံးအထိ ကပ်ကပ်ရပ်ရပ်လေး ဖုံးကွယ်ပေးထားတဲ့အတွက် ဝတာကိုဖျောက်ပေးပြီး သွယ်ပျောင်းသယောင်ထင်ရစေပါတယ်။

V လည်ပင်းပုံစံ ရှပ်တွေဝတ်ပါ

V-Neck-Dress

V-Neck-Dress

V လည်ပင်းပုံစံရှပ်တွေက ကိုယ့်ရဲ့ဗိုက်ဧရိယာကိုအာရုံမထားမိစေဘဲ ဆွဲဆောင်မှုရှိရှိလှစေတာမို့ ဝတဲ့သူတွေအနေနဲ့ V လည်ပင်းပုံစံရှပ်နဲ့ဘလောက်စ်တွေကို များများစုဆောင်းထားသင့်ပါတယ်။ Dress ဝတ်မယ်ဆိုရင်လည်းတခြားသောလည်ပင်းပုံစံတွေထက်
V ပုံစံလည်ပင်းရှိတဲ့ Dress ကိုရွေးဝတ်ပါ။ လှလွန်းလို့ ငေးကြည့်နေရမှာပါ။

တောက်တောက်ပြောင်ပြောင်တွေရှောင်ပါ

sequin-bodycon-dress

sequin-bodycon-dress

စိန်တွေ၊ ကျောက်တွေ၊ ဘော်ခြယ်တွေ၊ စီးကွန့်န်တွေ ပါတဲ့ ပြိုးပြိုးပြက်ပြက်အဝတ်အထည်တွေကိုရှောင်ပါ။ ဒီလိုတောက်ပတဲ့အရာတွေက လူကိုပိုထွားသယောင်ဖြစ်စေတာမို့ ရှောင်သင့်ပါတယ်။ ပိန်တဲ့သူတွေဝတ်ရင် ပိုထင်းလာပေမယ့် ဝတဲ့သူတွေကတော့ Accessories ကြီးကြီးနဲ့သာ ပေါ်လွင်အောင်ဆင်မြန်းသင့်ပါတယ်။

ကိုယ့်အသားအရောင်နဲ့မကွာဟတဲ့ဖိနပ်

skintone-shoes

skintone-shoes

ပိန်ချင်တယ်ဆိုရင် ခြေထောက်နဲ့ခန္ဓာကိုယ်ကိုသိသိသာသာပိုင်းခြားသွားစေမယ့် အရောင်ထင်းထင်းဖိနပ်တွေမစီးပါနဲ့။ ကိုယ့်အသားအရောင်နဲ့ သိပ်မကွာဟတဲ့ ဖိနပ်ခပ်မြင့်မြင့်လေးတွေကိုရွေးချယ်ပြီးစီးပါ။ ဒါဆိုရင်တော့ ဒေါက်စီးတာမသိသာစေဘဲ ကိုယ့်ကိုရှည်သွယ်သယောင်ထင်ရစေပါလိမ့်မယ်။

ဝတဲ့သူတွေအတွက်အဆင်ပြေတဲ့ Fashion Tips လေးတွေသိထားတာရှိရင်မျှဝေခဲ့ပေးပါဦး။

ဂျူဂျူး(Akhayar)

www.akhayar.com