[Zawgyi]

စတိုင္လ္မိုက္ၿပီး အထာက်တဲ့ အမ်ဳိးသားေတြ လုပ္ေလ့ရွိတဲ့ အခ်က္မ်ား

ဖက္ရွင္နဲ႔ပတ္သက္ရင္ မိန္းကေလးေတြက ေယာက်ာ္းေလးေတြထက္ ပိုၿပီး ရူးသြပ္ၾကတယ္ဆုိေပမယ့္ အခုေနာက္ပိုင္းမွာ ေယာက်္ားေလးေတြလည္း ဖက္ရွင္ကို ဦးစားေပးလာၾကပါၿပီ။ အမ်ိဳးသားေတြဟာ စမတ္က်က်၀တ္စားလာၾကသလို ကိုယ့္ရဲ႕ လုပ္ငန္းခြင္၊ ကိုယ့္ရဲ႕ ပတ္၀န္းက်င္မွာပါ အထာက်က် အမုိက္စားျဖစ္ေအာင္ ၀တ္ဆင္တတ္လာၾကတာ ေတြ႔ရမွာျဖစ္ပါတယ္။ ယူတုိ႔ကိုယ္တုိင္လည္း ကိုယ့္ပတ္၀န္းက်င္မွာ၊ ကိုယ့္လုပ္ငန္းခြင္မွာ စမတ္က်က် ၀တ္တတ္စားတတ္တဲ့သူေတြ႔ရင္ ေယာက်ာ္းေလးခ်င္း နည္းနည္းေတာ့ အားက်မိမွာပါ။ စတိုင္လ္မိုက္ၿပီး အထာက်တဲ့ ေယာက်ာ္းေလးေတြက လုပ္ေဖာ္ကိုင္ဖက္ေတြၾကားထဲမွာသာမကပဲ
ေကာင္မေလးေတြၾကားထဲမွာလည္း ေရပန္းစားတယ္ေလ။ သူတို႔ဘာလို႔ ဒီလိုစမတ္က်ေနရတာလဲ၊ စတိုင္လ္က်ရတဲ့အမ်ိဳးသားတုိ႔ရဲ႕ လွ်ိဳ႕၀ွက္ခ်က္ေတြကဘာလဲ မသိခ်င္ၾကဘူးလား..။

Men Fashion

Men Fashion

ေကာင္းမြန္စြာ၀တ္စားျခင္းက စြမ္းရည္တစ္ခုဆိုတာ သိထားပါ။
လူတစ္ေယာက္ကို အကဲခတ္တဲ့အခါမွာအရင္ဆံုး ၾကည့္ၾကတာက သူ႔ရဲ႕ပံုပန္းသြင္ျပင္နဲ႔ ၀တ္စားဆင္ယင္မႈပါ။ ဘယ္ေနရာေရာက္ေရာက္ ကိုယ့္ရဲ႕ First Impression က ေကာင္းဖို႔လိုပါတယ္။ ေယာက်ာ္းေလးပဲ အဲေလာက္မလုိပါဘူးဆိုတဲ့အေတြးကို ေခါင္းထဲက ဖယ္ထုတ္ၿပီး သပ္သပ္ရပ္ရပ္၀တ္စားၾကည့္ပါ။

ကုိယ္ရဲ႕ ပင္ကိုယ္စတိုင္လ္ကုိသိပါ။
ကိုယ္က ဘယ္လိုဖက္ရွင္မ်ိဳးကို ႀကိဳက္တာလဲ၊ ဘယ္လုိဖက္ရွင္က ကိုယ္နဲ႔သင့္ေတာ္တာလဲဆုိတာလည္း အၿမဲေတြးပါ။ ကိုယ့္ရဲ႕ လုပ္ငန္းခြင္၊ ကိုယ္၀တ္ခ်င္တဲ့ပံုစံနဲ႔ ကိုယ္ေရြးခ်ယ္ထားတဲ့ဖက္ရွင္က ကိုက္ညီလုိက္ဖက္ေအာင္ ေရြးခ်ယ္ဖုိ႔လိုသလို ကိုယ့္မွာ ကိုယ္ပိုင္စတိုင္လ္တစ္ခုရွိပါေစ။

ရွင္းလင္းၿပီး ကိုယ္နဲ႔ Fit ျဖစ္တာကို ေရြးပါ။
အရိုးရွင္းဆံုးက အေကာင္းဆံုးျဖစ္တဲ့အတြက္ အရမ္းရႈပ္ယွက္ခတ္ေနတဲ့ အဆင္ေတြ၊ စေတကာေတြ၊ ပြင့္ရိုက္ေတြကို ေရွာင္ေပးဖို႔လိုသလို မလိုအပ္ဘဲ ကုိယ္နဲ႔ပြပြေခ်ာင္ေခ်ာင္ပံုေပါက္ေစမယ့္ ၀တ္စံုမ်ိဳးေတြ၊ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေစမယ့္ ပံုစံေတြ ေရွာင္ပါ။ Street Style ၀တ္မယ္ဆုိရင္ေတာ့ တစ္မ်ိဳးေပါ့။

တည္ၿငိမ္တဲ့အေရာင္ေတြကို ၀တ္ဆင္ပါ။
စမတ္က်ၿပီး အထာက်ဖို႔ရာ ေၾကာင္ၾကာင္ၾကားၾကားအေရာင္ေတြကို ေတာ္ရံုေရွာင္ဖို႔ေတာ့ သတိထားေပးရမွာပါ။ အေရာင္ေတာက္ေတာက္ေတြအစား တည္ၿငိမ္ၿပီး ေယာက်ာ္းဆန္တဲ့ ခဲေရာင္၊ နက္ျပာေရာင္၊ အျဖဴေရာင္၊ ကာကီေရာင္၊ အညိဳေရာင္၊ စစ္စိမ္းေရာင္နဲ႔ အနက္ေရာင္ စတာေတြကို ဦးစားေပး ၀တ္ဆင္သင့္ပါတယ္။

Men Fashion

Men Fashion

ႀကိဳတင္ျပင္ဆင္ပါ။
ေယာက်ာ္းေလးအမ်ားစုက အျပင္သြားစရာရွိလည္း အနားနီးမွ ၀ုန္းဒိုင္းႀကဲေတြ႔ရာေကာက္၀တ္တဲ့သူ ပိုမ်ားပါတယ္။ ဒီလုိဆိုရင္ေတာ့ ကိုယ္က ဘယ္ေတာ့မွ စမတ္က်မွာမဟုတ္ပါဘူး။ ဘယ္ကိုပဲသြားစရာလာစရာရွိရွိ အ၀တ္အစားကအစ ႀကိဳတင္ျပင္ဆင္ဖို႔ လုပ္ပါ။

ဖက္ရွင္က်တဲ့သူေတြဆီက အၿမဲေလ့လာသင္ယူပါ။
ဖက္ရွင္နဲ႔ ပတ္သက္လို႔  ကိုယ္သေဘာက်တဲ့သူေတြ၊ Instagram က အထာက်တဲ့အမ်ဳိးသားေတြ၊ အမ်ိဳးသား သရုပ္ေဆာင္ေတြကို အတုယူပါ။ တစ္ခါတေလ သူတုိ႔၀တ္တဲ့ဖက္ရွင္ထဲမွာ ကိုယ္သေဘာက်တာေလးေတြပါႏိုင္သလို ကိုယ္နဲ႔လည္း လုိက္ဖက္ႏုိင္တယ္ေလ။ ဒါေၾကာင့္ အခ်ိန္ရရင္ ဖက္ရွင္ေရစီးေၾကာင္း
ေတြကိုလည္း ေလ့လာပါ။

အ၀တ္အစားအတြက္ Budget တစ္ခုရွိပါေစ။
အ၀တ္အစား၀ယ္ေတာ့မယ္ဆုိ တခုခ်င္း ခြဲခဲြမ၀ယ္ပါနဲ႔။ Budget တစ္ခုထားၿပီးမွ ကိုယ္လိုတာေတြကို ၀ယ္တတ္တဲ့ အက်င့္ကုိ ထားထားပါ။ ဒါမွကိုယ့္မွာ ဘာလိုလဲဆိုတာ သိႏုိင္သလို ရွိၿပီးသားနဲ႔ ဘာေတြ ျပန္တြဲလို႔ရမလဲ သိႏုိင္မယ့္အျပင္ ကိုယ့္ Budget နဲ႔ Quality ညီမွ်တဲ့ အ၀တ္အစားေတြကို ရွာေဖြ၀ယ္ယူႏုိင္မွာျဖစ္ပါတယ္။

Men Fashion

Men Fashion

ေကာင္းတဲ့ Grooming အေလ့အက်င့္ေလးထားပါ။
ဆံပင္ကိုလည္း ေသသပ္ေအာင္ပံုသြင္းဖုိ႔ လိုသလို ခႏၶာကိုယ္မွာ ရွိတဲ့ ႏႈတ္ခမ္းေမႊး၊ မုတ္ဆိတ္ေမႊးေတြကိုလည္း ေသခ်ာသပ္သပ္ျဖစ္ေအာင္ ပံုသြင္းဖို႔၊ ရိတ္ေပးဖို႔လိုပါတယ္။ ဒါေတြဟာလူတစ္ေယာက္ရဲ႕ Personal Grooming လည္း ျဖစ္တာမို႔ အၿမဲပံုမွန္ လုပ္ေပးသင့္တာ အမွန္ပါ။

ခႏၶာကိုယ္မွာ ရနံ႔တစ္ခုေတာ့ရွိပါေစ။
အ၀တ္အစား၀တ္တတ္ရံုတင္မကေသးပါဘူး..ကုိယ္သင္းနံ႔ကအစ ဆြဲေဆာင္မႈရွိဖို႔လည္း လိုေသးပါတယ္။ ကိုယ္ႏွစ္သက္တဲ့ ေရေမႊး၊ Body Spray စတာေလးေတြကို ပံုမွန္ သံုးေပးသင့္သလုိ ကိုယ္သံုးေနက် ေရေမႊးနံ႔ေလးတစ္ခုေတာ့ သတ္သတ္မွတ္မွတ္ထားသင့္ပါတယ္။

Men Fashion

Men Fashion

Accessories ေတြလည္း စုေဆာင္းပါ။
မိန္းကေလးေတြမွ Accessories လိုတာမဟုတ္ပါဘူး။ ေယာက်ာ္းေလးေတြမွာလည္း မ်က္မွန္၊ နာရီ၊ ခါးပတ္ စတဲ့ Accessories ေတြ ေကာင္းေကာင္းရွိဖို႔လုိပါတယ္။ Accessories ေတြက ကိုယ့္စတိုင္ကို မုိက္သြားေအာင္ တကယ္ ကူညီေပးႏုိင္တယ္ေလ။

ကဲ…ယူတို႔ အထာက်ဖု႔ိ အဆင္သင့္ျဖစ္ၿပီလား။

Su Yi Htet (Akhayar)

[Unicode]

စတိုင်လ်မိုက်ပြီး အထာကျတဲ့ အမျိုးသားတွေ လုပ်လေ့ရှိတဲ့ အချက်များ

ဖက်ရှင်နဲ့ပတ်သက်ရင် မိန်းကလေးတွေက ယောကျာ်းလေးတွေထက် ပိုပြီး ရူးသွပ်ကြတယ်ဆိုပေမယ့် အခုနောက်ပိုင်းမှာ ယောကျ်ားလေးတွေလည်း ဖက်ရှင်ကို ဦးစားပေးလာကြပါပြီ။ အမျိုးသားတွေဟာ စမတ်ကျကျဝတ်စားလာကြသလို ကိုယ့်ရဲ့ လုပ်ငန်းခွင်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာပါ အထာကျကျ အမိုက်စားဖြစ်အောင် ဝတ်ဆင်တတ်လာကြတာ တွေ့ရမှာဖြစ်ပါတယ်။ ယူတို့ကိုယ်တိုင်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ၊ ကိုယ့်လုပ်ငန်းခွင်မှာ စမတ်ကျကျ ဝတ်တတ်စားတတ်တဲ့သူတွေ့ရင် ယောကျာ်းလေးချင်း နည်းနည်းတော့ အားကျမိမှာပါ။ စတိုင်လ်မိုက်ပြီး အထာကျတဲ့ ယောကျာ်းလေးတွေက လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာသာမကပဲ
ကောင်မလေးတွေကြားထဲမှာလည်း ရေပန်းစားတယ်လေ။ သူတို့ဘာလို့ ဒီလိုစမတ်ကျနေရတာလဲ၊ စတိုင်လ်ကျရတဲ့အမျိုးသားတို့ရဲ့ လျှို့ဝှက်ချက်တွေကဘာလဲ မသိချင်ကြဘူးလား..။

Men Fashion

Men Fashion

ကောင်းမွန်စွာဝတ်စားခြင်းက စွမ်းရည်တစ်ခုဆိုတာ သိထားပါ။
လူတစ်ယောက်ကို အကဲခတ်တဲ့အခါမှာအရင်ဆုံး ကြည့်ကြတာက သူ့ရဲ့ပုံပန်းသွင်ပြင်နဲ့ ဝတ်စားဆင်ယင်မှုပါ။ ဘယ်နေရာရောက်ရောက် ကိုယ့်ရဲ့ First Impression က ကောင်းဖို့လိုပါတယ်။ ယောကျာ်းလေးပဲ အဲလောက်မလိုပါဘူးဆိုတဲ့အတွေးကို ခေါင်းထဲက ဖယ်ထုတ်ပြီး သပ်သပ်ရပ်ရပ်ဝတ်စားကြည့်ပါ။

ကိုယ်ရဲ့ ပင်ကိုယ်စတိုင်လ်ကိုသိပါ။
ကိုယ်က ဘယ်လိုဖက်ရှင်မျိုးကို ကြိုက်တာလဲ၊ ဘယ်လိုဖက်ရှင်က ကိုယ်နဲ့သင့်တော်တာလဲဆိုတာလည်း အမြဲတွေးပါ။ ကိုယ့်ရဲ့ လုပ်ငန်းခွင်၊ ကိုယ်ဝတ်ချင်တဲ့ပုံစံနဲ့ ကိုယ်ရွေးချယ်ထားတဲ့ဖက်ရှင်က ကိုက်ညီလိုက်ဖက်အောင် ရွေးချယ်ဖို့လိုသလို ကိုယ့်မှာ ကိုယ်ပိုင်စတိုင်လ်တစ်ခုရှိပါစေ။

ရှင်းလင်းပြီး ကိုယ်နဲ့ Fit ဖြစ်တာကို ရွေးပါ။
အရိုးရှင်းဆုံးက အကောင်းဆုံးဖြစ်တဲ့အတွက် အရမ်းရှုပ်ယှက်ခတ်နေတဲ့ အဆင်တွေ၊ စတေကာတွေ၊ ပွင့်ရိုက်တွေကို ရှောင်ပေးဖို့လိုသလို မလိုအပ်ဘဲ ကိုယ်နဲ့ပွပွချောင်ချောင်ပုံပေါက်စေမယ့် ဝတ်စုံမျိုးတွေ၊ လျော့တိလျော့ရဲဖြစ်စေမယ့် ပုံစံတွေ ရှောင်ပါ။ Street Style ဝတ်မယ်ဆိုရင်တော့ တစ်မျိုးပေါ့။

တည်ငြိမ်တဲ့အရောင်တွေကို ဝတ်ဆင်ပါ။
စမတ်ကျပြီး အထာကျဖို့ရာ ကြောင်ကြာင်ကြားကြားအရောင်တွေကို တော်ရုံရှောင်ဖို့တော့ သတိထားပေးရမှာပါ။ အရောင်တောက်တောက်တွေအစား တည်ငြိမ်ပြီး ယောကျာ်းဆန်တဲ့ ခဲရောင်၊ နက်ပြာရောင်၊ အဖြူရောင်၊ ကာကီရောင်၊ အညိုရောင်၊ စစ်စိမ်းရောင်နဲ့ အနက်ရောင် စတာတွေကို ဦးစားပေး ဝတ်ဆင်သင့်ပါတယ်။

Men Fashion

Men Fashion

ကြိုတင်ပြင်ဆင်ပါ။
ယောကျာ်းလေးအများစုက အပြင်သွားစရာရှိလည်း အနားနီးမှ ဝုန်းဒိုင်းကြဲတွေ့ရာကောက်ဝတ်တဲ့သူ ပိုများပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ်က ဘယ်တော့မှ စမတ်ကျမှာမဟုတ်ပါဘူး။ ဘယ်ကိုပဲသွားစရာလာစရာရှိရှိ အဝတ်အစားကအစ ကြိုတင်ပြင်ဆင်ဖို့ လုပ်ပါ။

ဖက်ရှင်ကျတဲ့သူတွေဆီက အမြဲလေ့လာသင်ယူပါ။
ဖက်ရှင်နဲ့ ပတ်သက်လို့ ကိုယ်သဘောကျတဲ့သူတွေ၊ Instagram က အထာကျတဲ့အမျိုးသားတွေ၊ အမျိုးသား သရုပ်ဆောင်တွေကို အတုယူပါ။ တစ်ခါတလေ သူတို့ဝတ်တဲ့ဖက်ရှင်ထဲမှာ ကိုယ်သဘောကျတာလေးတွေပါနိုင်သလို ကိုယ်နဲ့လည်း လိုက်ဖက်နိုင်တယ်လေ။ ဒါကြောင့် အချိန်ရရင် ဖက်ရှင်ရေစီးကြောင်း
တွေကိုလည်း လေ့လာပါ။

အဝတ်အစားအတွက် Budget တစ်ခုရှိပါစေ။
အဝတ်အစားဝယ်တော့မယ်ဆို တခုချင်း ခွဲခွဲမဝယ်ပါနဲ့။ Budget တစ်ခုထားပြီးမှ ကိုယ်လိုတာတွေကို ဝယ်တတ်တဲ့ အကျင့်ကို ထားထားပါ။ ဒါမှကိုယ့်မှာ ဘာလိုလဲဆိုတာ သိနိုင်သလို ရှိပြီးသားနဲ့ ဘာတွေ ပြန်တွဲလို့ရမလဲ သိနိုင်မယ့်အပြင် ကိုယ့် Budget နဲ့ Quality ညီမျှတဲ့ အဝတ်အစားတွေကို ရှာဖွေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Men Fashion

Men Fashion

ကောင်းတဲ့ Grooming အလေ့အကျင့်လေးထားပါ။
ဆံပင်ကိုလည်း သေသပ်အောင်ပုံသွင်းဖို့ လိုသလို ခန္ဓာကိုယ်မှာ ရှိတဲ့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေကိုလည်း သေချာသပ်သပ်ဖြစ်အောင် ပုံသွင်းဖို့၊ ရိတ်ပေးဖို့လိုပါတယ်။ ဒါတွေဟာလူတစ်ယောက်ရဲ့ Personal Grooming လည်း ဖြစ်တာမို့ အမြဲပုံမှန် လုပ်ပေးသင့်တာ အမှန်ပါ။

ခန္ဓာကိုယ်မှာ ရနံ့တစ်ခုတော့ရှိပါစေ။
အဝတ်အစားဝတ်တတ်ရုံတင်မကသေးပါဘူး..ကိုယ်သင်းနံ့ကအစ ဆွဲဆောင်မှုရှိဖို့လည်း လိုသေးပါတယ်။ ကိုယ်နှစ်သက်တဲ့ ရေမွှေး၊ Body Spray စတာလေးတွေကို ပုံမှန် သုံးပေးသင့်သလို ကိုယ်သုံးနေကျ ရေမွှေးနံ့လေးတစ်ခုတော့ သတ်သတ်မှတ်မှတ်ထားသင့်ပါတယ်။

Men Fashion

Men Fashion

Accessories တွေလည်း စုဆောင်းပါ။
မိန်းကလေးတွေမှ Accessories လိုတာမဟုတ်ပါဘူး။ ယောကျာ်းလေးတွေမှာလည်း မျက်မှန်၊ နာရီ၊ ခါးပတ် စတဲ့ Accessories တွေ ကောင်းကောင်းရှိဖို့လိုပါတယ်။ Accessories တွေက ကိုယ့်စတိုင်ကို မိုက်သွားအောင် တကယ် ကူညီပေးနိုင်တယ်လေ။

ကဲ…ယူတို့ အထာကျဖု့ိ အဆင်သင့်ဖြစ်ပြီလား။

Su Yi Htet (Akhayar)