အကိတ်တွေခေတ်စားနေချိန်မှာ ကိုယ်ကရှိသင့်တာမရှိလို့ မိန်းကလေးပီပီသသမဖြစ်လို့ဆိုပြီး စိတ်ညစ်စရာမလိုပါဘူး မဒီပျိုလေးတို့။ တကယ်ကကိုယ်သာ ဝတ်တတ်စားတတ်ရင် မြင်သူငေးရတဲ့ အလှပဂေးလေးတွေဖြစ်နေမှာပါ။ အခုကတော့ ရင်သားသေးလို့ ကိုယ့်ကိုယ်ကိုယ်မလှဘူးထင်နေသူတွေ အတွက် ဘာတွေရွေးချယ်သင့်တယ်ဆိုတာကို တိုးတိုးလေးပြောလိုက်ပါရစေနော။

အပြုသဘောမြင်ပါ

ကဲ…ဒါက အရေးအကြီးဆုံးအချက်ပါ။ တကယ်တော့ဖက်ရှင်ကျကျ ချစ်စရာကောင်းတဲ့ဝတ်စုံတွေဆိုတာ ရင်သားသေးသူတွေ၊ ပုံမှန်အရွယ်အစားရှိသူတွေအတွက် ထုတ်လုပ်ထားတာများပါတယ်။ ကြိုးပျောက်ဘရာတွေ ၊ ကျောပြောင်ဝတ်စုံတွေဝတ်တဲ့အခါကျရင် ကိတ်သူတွေထက် ပိုအဆင်ပြေတာတွေ့ရမှာပါ။ ခေတ်ပေါ်ဒီဇိုင်းမှန်သမျှ ဝတ်ဆင်ဖို့အခွင့်အရေးရှိတဲ့အတွက်  ကိုယ်ကပိုသာတယ်လို့ဆိုနိုင်ပါသေးနော်။

လည်ထောင်အင်းကျီ နဲ့ V လည်ပင်း

လည်ထောင်အင်းကျီတွေက လည်ပင်းရှည်တဲ့ဝတ်စုံတွေက ရင်သားကြီးသူတွေရှောင်ရှားလေ့ရှိတဲ့ စတိုင်လ်မျိုးပါ။ ရင်သားသေးသူကျတော့ ဒီလိုဒီဇိုင်းတွေနဲ့ အရမ်းလိုက်ဖက်တာမို့ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ V Shape လည်ပင်းတွေကလည်း ကိုယ်ရင်သားသေးတာကို မသိသာစေဘဲ ကိုယ့်အလှကိုပေါ်လွင်စေပါတယ်။ ဒါကြောင့် V ပုံစံလည်ပင်းကို ရွေးဝတ်ပါ။

You May Also Like:အကြည့်တချက်မှာ ညှို့ချက်မိစေဖို့

အသားပေးတတ်ဖို့

ရင်သားသေးသူတွေဟာ ပခုံးနဲ့ လက်မောင်း အသားပေးဝတ်စုံတွေကို ရွေးသင့်ပါတယ်။ လည်ပင်းအဝိုင်း လက်ပြတ်နဲ့  တီရှပ်ကျပ်ကျပ်လေးတွေကို အုံပါတဲ့ဘရာနဲ့တွဲဝတ်ရင် အရမ်းမိုက်တဲ့ ကောင်မလေးဆိုတာ ကိုလည်ပြန်ငေးပြီး သက်သေထူကြပါလိမ့်မယ်နော။

ခါးသေးရင်ချီ

ခါးသေးလို့ရင်ချီဆိုတဲ့အတိုင်း ခါးသေးသေးကျဉ်ကျဉ်ဖြစ်စေဖို့ ဂရုပြုရပါမယ်။ ခါးပတ်ပတ်တာမျိုး ခါးနေရာ ပေါ်လွင်စေမယ့်ဝတ်စုံလေးတွေ ဝတ်တာမျိုးက ရင်သားအလှကိုပါပံ့ပိုးပေးနိုင်ပါတယ်။ ရင်သားရှိသူတွေဝတ်တဲ့ဒီဇိုင်းမျိုးကို ကိုယ်ကခါးပတ်ပတ်ပြီးဝတ်ရင် ပိုတောင်မိုက်သွားတယ်ဆိုတာ တွေ့ရမှာပါ။

အိတ်ကပ်ပါတဲ့အင်းကျီ

ရင်နေရာမှာ အိတ်ကပ်ပါတဲ့ အင်းကျီမျိုးက ရင်သားသေးသူတွေဝတ်ရင် ပိုလိုက်ဖက်ပါတယ်။ အမြင်လည်းမရိုင်းဘဲ ချစ်စရာကောင်းနေစေပါတယ်။ ပြီးတော့ အင်းကျီအရောင်တောက်တောက် လွင်လွင်လေးတွေကို ဝတ်ပါ။ တောက်ပတဲ့ အရောင်အသွေးကလည်း ရင်သားအလှအတွက်ပံ့ပိုးပေးနိုင်ပါတယ်။

ဂျူဂျူး (အခရာ)

www.akhayar.com