[Zawgyi]
Coco before Chanel
Acer Swift 3
Acer Swift 3
၎။ Funny Face (1957)
Funny Face
Acer Swift 3
Acer Swift 3
Redrose (Akhayar)
www.akhayar.com
[Unicode]
Fashionista တိုင်း ကြည့်သင့်တဲ့ Fashion Movie ၆ ခု
Fashion Brand တစ်ခုဖြစ်အောင် ဘယ်လို တည်ထောင်ရကြောင်း၊ Fashion Stylist တစ်ယောက်ရဲ့ အကြောင်း၊ Fashion Company တစ်ခုမှာ ဘယ်လို ရှင်သန်ရတယ်ဆိုတာတွေအားလုံးကို Fashion Movie တိုင်းမှာ ကြည့်ရှုနိုင်ပါတယ်။ Fashion ကို စိတ်ဝင်စားတယ် ချစ်မြတ်နိုးတဲ့သူတွေအတွက် တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ရွေးချယ်ပြီး ကြည့်လို့ရအောင် Fashion Movie ၁၅ ခုကို List လုပ်ပြီး တင်ပေးလိုက်ပါတယ်နော်။
၁။ The Devil Wears Prada (2006)
The_Devil_Wears_Prada_main_onesheet
ဒီဇာတ်ကားကို ထုတ်လွှင့်ခဲ့တာတော့ ၂၀၀၆ခုနှစ်ပါ။ Comedy နဲ့ Drama ရောစပ်ထားတဲ့ ကားလေးဖြစ်ပါတယ်။ New York မှာ နာမည်ကြီး Fashion Editor တစ်ယောက်ဖြစ်တဲ့ Meryl Streep နဲ့ Anne Hathaway ရဲ့ စတိုင်တွေရိုးတဲ့အပေါ်မှာ ဘယ်လို ကတောက်ကစတွေဖြစ်တယ်။ Anne Hathaway စတိုင်တွေ ပြောင်းလဲပြီး နောက်ပိုင်းမှာ သူ့ရဲ့ အချစ်ရေးတွေဘယ်လောက်ရှုပ်ထွေးခဲ့ပြီး Meryl ရဲ့ ယုံကြည်မှုကို ဘယ်လောက်အထိရခဲ့တယ်ဆိုတာကို Comedy နဲ့ Drama ရသနှစ်မျိုးရောစပ်ပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။
၂။ Coco Before Chanel (2009)
Coco before Chanel
ဒီဇာတ်ကားကိုတော့ ၂၀၀၉ ခုနှစ်မှာ ပြသခဲ့တာဖြစ်ပါတယ်။ Chanel ဆိုတဲ့ Fashion Brand တစ်ခုမဖြစ်တည်လာခင် Coco ရဲ့ ဘဝနဲ့ အချစ်ဇာတ်ကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ Chanel ဆိုတဲ့ Fashion Brand တစ်ခုဖြစ်အောင် ဘယ်လို စတင်ဖြစ်ခဲ့တယ်ဆိုတာကိုလည်း ရိုက်ပြထားပါသေးတယ်။ Chanel ချစ်သူတစ်ယောက်ဆိုရင် မဖြစ်မနေကြည့်သင့်ပါတယ်နော်။
Acer Swift 3
Acer Swift 3
Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်
၃။ Diana Vreeland: The Eye Has to Travel (2011)
Diana Vreeland: The Eye Has to Travel
Fashion ရဲ့ Power တွေ၊ လူတွေအားလုံး နားမလည်တတ်ခဲ့တဲ့ Art တွေကို အားလုံး အံ့သြသွားအောင် ချပြနိုင်ခဲ့တဲ့ Fashion Editor တစ်ယောက်ဖြစ်တဲ့ Diana Vreeland အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ Fashion Editor တစ်ယောက်ဖြစ်လိုတဲ့ အိမ်မက်ရှိတဲ့သူတွေအနေနဲ့ Inspire ဖြစ်စေမယ့် ဇာတ်လမ်းကောင်းတစ်ခုပါ။
၄။ Funny Face (1957)
Funny Face
Funny Face ဇာတ်လမ်းက ၁၉ရာစုက Fashion အငွေ့အသက်တွေနဲ့ Fashion Magazine တွေ၊ ကုမ္ပဏီတွေဘယ်လို လည်ပတ်ရတယ်ဆိုတာကို ပြန်လည်မြင်ရနိုင်တာဖြစ်ပါတယ်။ ထူူးခြားချက်အနေနဲ့ Audrey Hepburn ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် သူ့ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်တယ်ဆိုရင် ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်နော်။
Acer Swift 3
Acer Swift 3
Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်
၅။ Scattee My Ashes at Bergdorf (2013)
Scattee My Ashes at Bergdorf
New York မှာ မြင်သူတိုင်းလည်ပြန်အောင် ငေးနေရတဲ့ Bergdorf Goodman ရဲ့ ဖြစ်တည်လာပုံကို ရိုက်ကူး တင်ပြထားတာဖြစ်ပါတယ်။ ဘာကြောင့် Bergdorf Goodman ဟာ လူတိုင်းသမင်လည်ပြန်ငေးလောက်အောင် ကြည့်ကြတယ်ဆိုတာတွေကို ရိုက်ကူးထားပါတယ်။ ဒါ့အပြင် Documentary သဘောတရားအနေနဲ့ ရိုက်ထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအားလုံးကို မပျင်းမရိစေရတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
၆။ In Vogue: The Editor’s Eye (2012)
in-vogue-the-editors-eye-movie-poster__oPt
ဒါဆိုရင်လည်း Documentary သဘောတရားအနေနဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် Vogue Editor တွေရဲ့ အမြင်တွေ၊ အတွေးအခေါ်တွေနဲ့ သူတို့ အတွက် Fashion ဆိုတာ ဘာလဲဆိုတာကို ပညာသားပါပါ ဖော်ထုတ်ပြသသွားတာကို မြင်ရမှာဖြစ်ပါတယ်။ Vogue ကို လေ့လာစူးစမ်းနေတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုရင် မဖြစ်မနေကြည့်ရမယ့် Film တစ်ခုဖြစ်ပါတယ်။
Fashion တွေနဲ့ အဆက်မပြတ်ကြည့်နေမြင်နေမှ Fashion Designer တစ်ယောက်၊ Fashion Editor တစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။
Redrose (Akhayar)
www.akhayar.com
Refrence Link Credit to www.pastemagazine.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။