နာမည္ေက်ာ္ေဘာလံုးသမားၾကီး ေဒးဗစ္ဘက္ခမ္းရဲ ႔ ေငြေရာင္ပိတ္ကားထက္မွာ ပြဲဦးထြက္သရုပ္ေဆာင္မႈကို King Arthur: Legend of the Sword ရုပ္ရွင္ကားနမူနာမွာ ရွုစားခြင္႔ရခဲ႔ျပီျဖစ္ပါတယ္။ သူဟာ ဒီရုပ္ရွင္ကားကိုရိုက္ကူးတဲ႔ Guy Ritchieနဲ႔အရင္းႏွီးဆံုးသူငယ္ခ်င္းေတြ ျဖစ္ျပီး နာမည္ၾကီးသရုပ္ေဆာင္ေတြျဖစ္တဲ႔ Charlie Hunnam ၊ Eric Bana ၊  Annabelle Wallis ၊ Poppy  Delevingne ၊ Djimon Hounsou ၊ Aidan Gillen ၊ Jude Law စတဲ႔သရုပ္ေဆာင္ေပါင္းမ်ားစြာနဲ႔အတူ တြဲဖက္ရိုက္ကူးထားတာျဖစ္ပါတယ္။ အဓိကဇာတ္ေဆာင္အျဖစ္ Charlie Hunnam က သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဒီရုပ္ရွင္ကားကို အေမရိကန္မွာေတာ႔ ေမလ ၁၂ ရက္ေန႔မွာစတင္ျဖန္႔ခ်ိမွာျဖစ္ျပီး ဘက္ခမ္းရဲ႕သရုပ္ေဆာင္မႈေတြနဲ႔ပတ္သက္လို႔ လူမႈကြန္ရက္ေပၚမွာ ဆိုးဆိုးရြားရြားေဝဖန္ခံေနရပါတယ္။ ဘက္ခမ္းဟာ ဒီဇာတ္ကားထဲမွာစစ္သူၾကီး Trigger အျဖစ္နဲ႔သရုပ္ေဆာင္ထားပါတယ္။

ဒီဗီဒီယိုအတုိေလးထဲမွာအဓိဇာတ္ေဆာင္ Charlie Hunnam ကေက်ာက္တံုးထဲက ဓားကိုဆြဲထုတ္လိုက္တဲ႔ဇာတ္ကြက္ကိုရိုက္ျပျပီး စစ္သူၾကီးေတြကိုရိုက္ျပခ်ိန္မွာ ဘက္ခမ္းရုပ္သြင္ကေပၚလာခဲ႔တာျဖစ္ပါတယ္။ ဘက္ခမ္းရဲ႕သရုပ္ေဆာင္ခ်က္ေတြကို ေတာ္ေတာ္မ်ားမ်ားက သေဘာမေတြ႔ဘူးဆိုတဲ႔ ေဝဖန္ခ်က္ေတြေပးၾကပါတယ္။

“King Arthur အတြက္ဆုေတာင္းေပးပါတယ္။ ဒီရုပ္ရွင္ကိုဘက္ခမ္းလည္းကယ္ႏိုင္မွာမဟုတ္ပါဘူး”

“King Arthur ကိုစိတ္မဝင္စားေတာ႔တာ ဘက္ခမ္းရဲ႕သရုပ္ေဆာင္မႈေတြေၾကာင္႔ပဲ” စသျဖင္႔ေရးသားၾကပါတယ္။

တျခားေသာေဝဖန္သူေတြကေတာ႔ဒါရိုက္တာ Guy Ritchie ကိုအျပစ္တင္ၾကပါတယ္။ ခင္မင္ရင္းနွီးမႈတစ္ခုနဲ႔ သူ႔ကိုဇာတ္လမ္းထဲဆြဲမသြင္းသင္႔ဘူးလို႔ မွတ္ခ်က္ေပးၾကပါတယ္။

ေဒးဗစ္ဘက္ခမ္းနဲ႔အတူတြဲဖက္သရုပ္ေဆာင္တဲ႔ Charlie Hunnam ကေတာ႔ေဒးဗစ္ဟာ ေပါင္းသင္ဆက္ဆံေရးေျပျပစ္တဲ႔သူျဖစ္ျပီး နာမည္ေက်ာ္သင္႔ပါေပတယ္လို႔ သူ႔ရဲ႕အျမင္ကိုေျပာျပခဲ႔ပါတယ္။

ဘက္ခမ္းအေနနဲ႔ဒီလိုဇာတ္ကားရိုက္ကူးမႈနဲ႔ပတ္သက္ျပီး “ ကၽြန္ေတာ္ ဒါကိုစိန္ေခၚမႈတစ္ခုအေနနဲ႔ ၾကိဳးစားၾကည္႔တာပါ။ သရုပ္ေဆာင္လိုင္းကိုကူးေျပာင္းဖို႔ လံုးဝအစီအစဥ္မရွိပါဘူး။ ကၽြန္ေတာ္႔သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔အတူ ေပ်ာ္ေပ်ာ္ပါးပါးအလုပ္တစ္ခုလုပ္လိုက္တဲ႔သေဘာပါပဲ” လို႕ေျပာခဲ႔ပါတယ္။ ဇနီးျဖစ္သူ ဗက္တိုုးရီးယားဘက္ခမ္းကေတာ႔ ခင္ပြန္းသည္အတြက္ ဂုဏ္ယူမိေၾကာင္းကို  Twitter မွာ ေရးသားေဖာ္ျပခဲ႔ပါတယ္။

ဒီရုပ္ရွပ္ကားဟာ  ၁၉၃၈ ခုနစ္က ထြက္ရွိခဲ႔တဲ႔  The Sword in the Stone ဝတၳဳကိုျပန္လည္အသက္သြင္းထားတာျဖစ္ျပီး အေမရိကန္ေဒၚလာ သန္း ၁၀၀ ေက်ာ္အကုန္အက်ခံရိုက္ကူးထားတယ္လို႔သိရပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ႔ ထီးနန္းနဲ႔အာဏာတပ္မက္တဲ႔ Vortigen ဆိုတဲ႔ညီျဖစ္သူဟာ အစ္ကိုျဖစ္သူဘုရင္ၾကီး Uther ကိုသတ္ျပီးထီးနန္းကိုသိမ္းပိုက္လိုက္ခ်ိန္မွာ ထီးနန္းဆက္ခံမယ္႔မင္းသားေလး Arthur ဟာကံေကာင္းစြာနဲ႔ထြက္ေျပးလြတ္ေျမာက္လာခဲ႔ပါတယ္။ မင္းသားေလးဟာ ပင္ပန္းဆင္းရဲစြာနဲ႔ကိုယ္႔ကိုယ္ကိုယ္ဘယ္သူမွန္းမသိဘဲ ၾကီးျပင္းလာခဲ႔ရပါတယ္။ ေက်ာက္တံုးၾကီးထဲစိုက္ဝင္ေနတဲ႔ ဘယ္သူမွဆြဲႏႈတ္လို႔မရတဲ႔ ဘုရင္ၾကီး Uther ရဲ႕နာမည္ေက်ာ္ေမွာ္ဓားၾကီးကို ဆြဲႏႈတ္ေစဖို႔ဖန္တီးလိုက္တဲ႔အခါမွာေတာ႔ Arthur ဟာသူ႔ဘဝအစစ္အမွန္ကိုသိလာျပီး သူရဲေကာင္းဘုရင္ၾကီး Arthur အျဖစ္ဘယ္လိုဖန္တီးသြားမလဲဆိုတာကို 3D Effect ၊ Visual Effect ေတြနဲ႔ေပါင္းစပ္ ရိုက္ကူးေပးထားတာျဖစ္ပါတယ္။

ဒီဇာတ္ကားပြဲဦးထြက္ျပသတဲ႔အခမ္းအနားကိုေမလ ၁၀ ရက္ေန႔က Leicester Square,London မွာက်င္းပခဲ႔ပါတယ္။

ေဒးဗစ္ဘက္ခမ္းကေတာ႔ ဒီအခမ္းအနားကို သားျဖစ္သူဘရြတ္ကလင္းကိုေခၚျပီး တက္ေရာက္ခဲ႔တာေတြြ႔ရပါတယ္။

ဒီရုပ္ရွင္ကားကို ျမန္မာႏိုင္ငံကရုပ္ရွင္ရံုေတြမွာလည္း မၾကာခင္ရံုတင္ျပသေတာ႔မွာျဖစ္ပါတယ္။

Ref# Daily Mail

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

နာမည်ကျော်ဘောလုံးသမားကြီး ဒေးဗစ်ဘက်ခမ်းရဲ့ ငွေရောင်ပိတ်ကားထက်မှာ ပွဲဦးထွက်သရုပ်ဆောင်မှုကို King Arthur: Legend of the Sword ရုပ်ရှင်ကားနမူနာမှာ ရှုစားခွင့်ရခဲ့ပြီဖြစ်ပါတယ်။ သူဟာ ဒီရုပ်ရှင်ကားကိုရိုက်ကူးတဲ့ Guy Ritchieနဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Charlie Hunnam ၊ Eric Bana ၊  Annabelle Wallis ၊ Poppy  Delevingne ၊ Djimon Hounsou ၊ Aidan Gillen ၊ Jude Law စတဲ့သရုပ်ဆောင်ပေါင်းများစွာနဲ့အတူ တွဲဖက်ရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်အဖြစ် Charlie Hunnam က သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို အမေရိကန်မှာတော့ မေလ ၁၂ ရက်နေ့မှာစတင်ဖြန့်ချိမှာဖြစ်ပြီး ဘက်ခမ်းရဲ့သရုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ဆိုးဆိုးရွားရွားဝေဖန်ခံနေရပါတယ်။ ဘက်ခမ်းဟာ ဒီဇာတ်ကားထဲမှာစစ်သူကြီး Trigger အဖြစ်နဲ့သရုပ်ဆောင်ထားပါတယ်။
ဒီဗီဒီယိုအတိုလေးထဲမှာအဓိဇာတ်ဆောင် Charlie Hunnam ကကျောက်တုံးထဲက ဓားကိုဆွဲထုတ်လိုက်တဲ့ဇာတ်ကွက်ကိုရိုက်ပြပြီး စစ်သူကြီးတွေကိုရိုက်ပြချိန်မှာ ဘက်ခမ်းရုပ်သွင်ကပေါ်လာခဲ့တာဖြစ်ပါတယ်။ ဘက်ခမ်းရဲ့သရုပ်ဆောင်ချက်တွေကို တော်တော်များများက သဘောမတွေ့ဘူးဆိုတဲ့ ဝေဖန်ချက်တွေပေးကြပါတယ်။
“King Arthur အတွက်ဆုတောင်းပေးပါတယ်။ ဒီရုပ်ရှင်ကိုဘက်ခမ်းလည်းကယ်နိုင်မှာမဟုတ်ပါဘူး”
“King Arthur ကိုစိတ်မဝင်စားတော့တာ ဘက်ခမ်းရဲ့သရုပ်ဆောင်မှုတွေကြောင့်ပဲ” စသဖြင့်ရေးသားကြပါတယ်။
တခြားသောဝေဖန်သူတွေကတော့ဒါရိုက်တာ Guy Ritchie ကိုအပြစ်တင်ကြပါတယ်။ ခင်မင်ရင်းနှီးမှုတစ်ခုနဲ့ သူ့ကိုဇာတ်လမ်းထဲဆွဲမသွင်းသင့်ဘူးလို့ မှတ်ချက်ပေးကြပါတယ်။
ဒေးဗစ်ဘက်ခမ်းနဲ့အတူတွဲဖက်သရုပ်ဆောင်တဲ့ Charlie Hunnam ကတော့ဒေးဗစ်ဟာ ပေါင်းသင်ဆက်ဆံရေးပြေပြစ်တဲ့သူဖြစ်ပြီး နာမည်ကျော်သင့်ပါပေတယ်လို့ သူ့ရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။
ဘက်ခမ်းအနေနဲ့ဒီလိုဇာတ်ကားရိုက်ကူးမှုနဲ့ပတ်သက်ပြီး “ ကျွန်တော် ဒါကိုစိန်ခေါ်မှုတစ်ခုအနေနဲ့ ကြိုးစားကြည့်တာပါ။ သရုပ်ဆောင်လိုင်းကိုကူးပြောင်းဖို့ လုံးဝအစီအစဉ်မရှိပါဘူး။ ကျွန်တော့်သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ပျော်ပျော်ပါးပါးအလုပ်တစ်ခုလုပ်လိုက်တဲ့သဘောပါပဲ” လို့ပြောခဲ့ပါတယ်။ ဇနီးဖြစ်သူ ဗက်တိုုးရီးယားဘက်ခမ်းကတော့ ခင်ပွန်းသည်အတွက် ဂုဏ်ယူမိကြောင်းကို  Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒီရုပ်ရှပ်ကားဟာ  ၁၉၃၈ ခုနစ်က ထွက်ရှိခဲ့တဲ့  The Sword in the Stone ဝတ္ထုကိုပြန်လည်အသက်သွင်းထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်အကုန်အကျခံရိုက်ကူးထားတယ်လို့သိရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထီးနန်းနဲ့အာဏာတပ်မက်တဲ့ Vortigen ဆိုတဲ့ညီဖြစ်သူဟာ အစ်ကိုဖြစ်သူဘုရင်ကြီး Uther ကိုသတ်ပြီးထီးနန်းကိုသိမ်းပိုက်လိုက်ချိန်မှာ ထီးနန်းဆက်ခံမယ့်မင်းသားလေး Arthur ဟာကံကောင်းစွာနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ မင်းသားလေးဟာ ပင်ပန်းဆင်းရဲစွာနဲ့ကိုယ့်ကိုယ်ကိုယ်ဘယ်သူမှန်းမသိဘဲ ကြီးပြင်းလာခဲ့ရပါတယ်။ ကျောက်တုံးကြီးထဲစိုက်ဝင်နေတဲ့ ဘယ်သူမှဆွဲနှုတ်လို့မရတဲ့ ဘုရင်ကြီး Uther ရဲ့နာမည်ကျော်မှော်ဓားကြီးကို ဆွဲနှုတ်စေဖို့ဖန်တီးလိုက်တဲ့အခါမှာတော့ Arthur ဟာသူ့ဘဝအစစ်အမှန်ကိုသိလာပြီး သူရဲကောင်းဘုရင်ကြီး Arthur အဖြစ်ဘယ်လိုဖန်တီးသွားမလဲဆိုတာကို 3D Effect ၊ Visual Effect တွေနဲ့ပေါင်းစပ် ရိုက်ကူးပေးထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားပွဲဦးထွက်ပြသတဲ့အခမ်းအနားကိုမေလ ၁၀ ရက်နေ့က Leicester Square,London မှာကျင်းပခဲ့ပါတယ်။
ဒေးဗစ်ဘက်ခမ်းကတော့ ဒီအခမ်းအနားကို သားဖြစ်သူဘရွတ်ကလင်းကိုခေါ်ပြီး တက်ရောက်ခဲ့တာတွေ့ရပါတယ်။
ဒီရုပ်ရှင်ကားကို မြန်မာနိုင်ငံကရုပ်ရှင်ရုံတွေမှာလည်း မကြာခင်ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ဂျူဂျူး(အခရာ)