[Zawgyi]

အပုိင္အခြင့္အေရးကုိ လဲြေခ်ာ္ခဲ့လုိ႔ ေလွာင္ေျပာင္ခံေနရတဲ့ မုိရာတာ Alvaro Morata

ခ်ယ္လ္ဆီးအသင္းရဲ႕ စပိန္လက္ေရြးစင္တိုက္စစ္မွဴး မုိရာတာ Alvaro Morata ဟာ ေဘာ့စနီးယားနဲ႔ ကစားခဲ့တဲ့ပဲြမွာ အပုိင္ဂုိးသြင္းခြင့္ကုိ တလဲြတေခ်ာ္လုပ္ခဲ့လုိ႔ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈနဲ႔ ရင္ဆုိင္ေနရပါတယ္။ မုိရာတာဟာ ႏုိင္ငံအသင္းအတြက္ ဂုိးေပါက္ေပ်ာက္ေနတာ (၁)ႏွစ္ေက်ာ္ၾကာျမင့္ေနတဲ့ မွတ္တမ္းဆုိးကုိ အဆုံးသတ္ဖုိ႔ အေကာင္းဆုံးအခြင့္အေရး ရခဲ့ၿပီး (၆)ကုိက္စည္းအတြင္း ဂုိးသမား မရွိတဲ့ဂုိးေပါက္ထဲ ကန္သြင္းတာကုိေတာင္ လဲြေခ်ာ္ခဲ့တာပါ။

Morata-reacted-well-but-got-his-feet-tangled-and-fell-off-balance-

Morata-reacted-well-but-got-his-feet-tangled-and-fell-off-balance-

မုိရာတာရဲ႕ လဲြေခ်ာ္မႈက တကယ့္ကုိ ဆုိးဆုိးရြားရြားျဖစ္ခဲ့ၿပီး ပရိသတ္ေတြက အႀကီးအက်ယ္ကုိ ေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ပါတယ္။ ပရိသတ္တစ္ဦးက “စပိန္အသင္းအတြက္ အခြင့္အေရးကုိ မုိရာတာ လဲြေခ်ာ္ခဲ့တာဟာ ကြင္းျမက္ႏွာျပင္က ေရစုိၿပီး ေခ်ာေနလုိ႔ပါ”လုိ႔ Twitter မွာ ေလွာင္ေျပာင္ခဲ့သလုိ တျခား Onlin User တစ္ဦးကလည္း “ခ်ယ္လ္ဆီးအသင္းမွာ ဂ်ရူး Giroud ကုိ ေက်ာ္ၿပီး ဒီေကာင့္ကုိ ဦးစားေပးေနတာက ေတာ္ေတာ္ဆုိးရြားလြန္းပါတယ္”လုိ႔ ေရးသားခဲ့ျပန္တယ္။ ၿပီးခဲ့တ့ဲရာသီက ဂ်ဴဗင္တပ္စ္အသင္းကေန ခ်ယ္လ္ဆီးအသင္းကုိ အဲဒီအခ်ိန္က ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း(၆၀)နဲ႔ ေရာက္ရွိခဲ့တဲ့ မုိရာတာဟာ ေတာရက္စ္ Fernando Torres လက္သစ္လုိ႔ တင္စားခံေနရၿပီး ခ်ယ္လ္ဆီးအသင္းမွာလည္း ဂုိးသြင္းဖုိ႔ ႐ုန္းကန္ေနရသူျဖစ္ပါတယ္။

ေဘာ့စနီးယားနဲ႔ပဲြမွာ မုိရာတာရဲ႕ ဂုိးေပါက္လဲြေခ်ာ္မႈကုိ ၾကည့္ရန္ လင့္ခ္

REF:Daily Mail
Photo:Gol.hr,Voetbal International,10z Soccer
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အပိုင်အခွင့်အရေးကို လွဲချော်ခဲ့လို့ လှောင်ပြောင်ခံနေရတဲ့ မိုရာတာ Alvaro Morata

ချယ်လ်ဆီးအသင်းရဲ့ စပိန်လက်ရွေးစင်တိုက်စစ်မှူး မိုရာတာ Alvaro Morata ဟာ ဘော့စနီးယားနဲ့ ကစားခဲ့တဲ့ပွဲမှာ အပိုင်ဂိုးသွင်းခွင့်ကို တလွဲတချော်လုပ်ခဲ့လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ မိုရာတာဟာ နိုင်ငံအသင်းအတွက် ဂိုးပေါက်ပျောက်နေတာ (၁)နှစ်ကျော်ကြာမြင့်နေတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်ဖို့ အကောင်းဆုံးအခွင့်အရေး ရခဲ့ပြီး (၆)ကိုက်စည်းအတွင်း ဂိုးသမား မရှိတဲ့ဂိုးပေါက်ထဲ ကန်သွင်းတာကိုတောင် လွဲချော်ခဲ့တာပါ။

Morata-reacted-well-but-got-his-feet-tangled-and-fell-off-balance-

Morata-reacted-well-but-got-his-feet-tangled-and-fell-off-balance-

မိုရာတာရဲ့ လွဲချော်မှုက တကယ့်ကို ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး ပရိသတ်တွေက အကြီးအကျယ်ကို လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တစ်ဦးက “စပိန်အသင်းအတွက် အခွင့်အရေးကို မိုရာတာ လွဲချော်ခဲ့တာဟာ ကွင်းမြက်နှာပြင်က ရေစိုပြီး ချောနေလို့ပါ”လို့ Twitter မှာ လှောင်ပြောင်ခဲ့သလို တခြား Onlin User တစ်ဦးကလည်း “ချယ်လ်ဆီးအသင်းမှာ ဂျရူး Giroud ကို ကျော်ပြီး ဒီကောင့်ကို ဦးစားပေးနေတာက တော်တော်ဆိုးရွားလွန်းပါတယ်”လို့ ရေးသားခဲ့ပြန်တယ်။ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းကနေ ချယ်လ်ဆီးအသင်းကို အဲဒီအချိန်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ရောက်ရှိခဲ့တဲ့ မိုရာတာဟာ တောရက်စ် Fernando Torres လက်သစ်လို့ တင်စားခံနေရပြီး ချယ်လ်ဆီးအသင်းမှာလည်း ဂိုးသွင်းဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။

ဘော့စနီးယားနဲ့ပွဲမှာ မိုရာတာရဲ့ ဂိုးပေါက်လွဲချော်မှုကို ကြည့်ရန် လင့်ခ်

REF:Daily Mail
Photo:Gol.hr,Voetbal International,10z Soccer
Naing Linn(Akhayar)
www.akhayar.com