ကမ္ဘာကျော် CEO တွေနှစ်သက်တဲ့စာအုပ် (၁၀) အုပ်

စာဖတ်ခြင်းက ဗဟုသုတတိုးဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ကိုယ့်ရဲ့ဘဝနဲ့ လက်ရှိအလုပ်အကိုင်ကိုတိုးတက်စေရုံသာမက စိတ်ကူးဥာဏ်တွေကို အမြဲကွန့်မြူးစေပါတယ်။ ဒါဆိုရင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေကို မောင်းနှင်နေတဲ့သူတွေက စာဖတ်နေကြတယ်ဆိုတာ အံ့သြဖို့မရှိပါဘူး။ သူတို့ဘယ်လိုစာအုပ်တွေကိုနှစ်ခြိုက်ကြတယ်ဆိုတာက ပိုပြီးတော့စိတ်ဝင်စားပါတယ်။ အခုကျွန်တော်တို့ အခရာကနေပြီးတော့ ကမ္ဘာကျော် CEO တွေရဲ့ သည်းခြေကြိုက်စာအုပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

Jeff Bezos: “The Remains of the Day”

Amazon ရဲ့စီအီးအို Jeff Bezos ကတော့ သုတစာပေထက်စာရင် ရသစာပေတွေကို ဖတ်ရတာပိုပြီးတော့နှစ်သက်တဲ့သူပါ။ အခုသူနှစ်သက်တဲ့ “The Remains of the Day” ဆိုတာ စစ်ပြီးခေတ်အင်္ဂလန်နိုင်ငံကဘဏ္ဍာစိုးတစ်ယောက်အကြောင်းရေးသားထားတဲ့ ဝတ္ထုစာအုပ်တစ်အုပ်ပါ။

Bill Gates: “The Catcher in the Rye”

bill-gates-the-catcher-in-the-rye (1)

Microsoft ကိုပူးတွဲတည်ထောင်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဘီလျံနာကြီး Bill Gates ကတော့ J.D. Salinger ရဲ့“The Catcher in the Rye” ကိုနှစ်သက်ပါတယ်တဲ့။ Bill Gates က ဒီစာအုပ်ကို ဆယ့်သုံးနှစ်အရွယ်အထိ မဖတ်ခဲ့ဖူးပါဘူး။ ဖတ်ပြီးတဲ့အချိန်မှာတော့ အသည်းစွဲဖြစ်သွားပါတယ်။ဒီစာအုပ်ကို ဆရာမြသန်းတင့်က “လေလွင့်သူ” အမည်နဲ့ ဘာသာပြန်ခဲ့ဖူးပါတယ်။

Steve Jobs: “How Will You Measure Your Life?”

steve-jobs-how-will-you-measure-your-life

“How Will You Measure Your Life” ဆိုတဲ့စာအုပ်ကတော့ တစ်ကမ္ဘာလုံးကလေးစားရတဲ့ Apple ရဲ့ဖခင်ကြီး Steve Jobs အပေါ်လွှမ်းမိုးမှုအရှိခဲ့ဆုံးစာအုပ်တစ်အုပ်ပါ။။ ဘဝရဲ့အဓိပ္ပယ်ကို ဖွင့်ဆိုထားတဲ့စာအုပ် ကောင်းတစ်အုပ်ပါ။

Tim Cook: “Competing Against Time: How Time-Based Competition is Reshaping Global Markets”

tim-cook-competing-against-time-how-time-based-competition-is-reshaping-global-markets

Apple’s ရဲ့ လက်ရှိ CEO Tim Cook ကတော့ “Comepeting Against Time” ဆိုတဲ့စာအုပ်ကိုနှစ်သက်ရုံသာမကပဲ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝန်ထမ်းအသစ်တွေကိုပါ လက်ဆောင်ပေးခဲ့ပါတယ်။ ဒီစာအုပ်မှာတော့ အချိန်ကိုဘယ်လိုစီမံခန့်ခွဲသင့်တယ်ဆိုတာကို ရေးသားထားပါတယ်။

Mark Zuckerberg: “Portfolios of the Poor: How the World’s Poor Live on $2 a Day”

mark-zuckerberg-portfolios-of-the-poor-how-the-worlds-poor-live-on-2-a-day

Facebook ရဲ့ CEO Mark Zuckerberg ရဲ့ တစ်နှစ်လုံးဖတ်ခဲ့တဲ့စာအုပ်စာရင်းမှာ “Portfolios of the Poor”လည်းပါပါတယ်။ စာအုပ်ရဲ့ခေါင်းစဉ်အတိုင်း တစ်နေ့ကို ဝင်ငွေနှစ်ဒေါ်လာအောက်နဲ့ ရပ်တည်နေရတဲ့ဆင်းရဲသားတွေအကြောင်းပါ။

Elon Musk: “Benjamin Franklin: An American Life”

elon-musk-benjamin-franklin-an-american-life

SpaceX နဲ့ Tesla Motors တို့လိုကုမ္ပဏီကြီးကို ကွပ်ကဲနေတဲ့ Elon Musk နှစ်သက်တာကတော့ စွယ်စုံထူး ချွန်တဲ့ပညာရှင်ကြီး Benjamin Franklin အကြောင်းရေးထားတဲ့စာအုပ်ပါ။ Benjamin Franklin က စာရေးဆရာ၊ သိပ္ပံပညာရှင်၊ သံတမန်၊ တီထွင်တဲ့သူနဲ့ အခြားကဏ္ဍအများအပြားမှာ ထင်ရှားခဲ့တဲ့အပြင်အမေရိကန်နိုင်ငံကို ထူထောင်ခဲ့တဲ့သူတွေ အနက်ကတစ်ယောက်ဖြစ်ပါတယ်။

You May Also Like: “နည်းပညာထိပ်သီးတွေရဲ့ Business ကတ် စတိုင်များ”

Indra Nooyi; “The Road to Character”

indra-nooyi-the-road-to-character

Pepsi ရဲ့ CEO က အတွက် David Brooks ရဲ့ “The Road to Character” စာအုပ်ကတော့ ပြီးခဲ့တဲ့တစ်နှစ်လုံးသူမအပေါ်လွှမ်းမိုးခဲ့တဲ့တစ်အုပ်ပါတဲ့။ ကိုယ်ကျင့်တရားရဲ့အရေးကြီးပုံကို ဖော်ပြထား တဲ့စာအုပ်ကောင်းတစ်အုပ်ပါ။

James Gorman: “Tinker, Tailor, Soldier, Spy: A George Smiley Novel”

james-gorman-tinker-tailor-soldier-spy-a-george-smiley-novel

Morgan Stanley’s ရဲ့ CEO James Gorman ကတော့ ၂၀၁၆ ခုနှစ်တုန်းကအရောင်းရဆုံး စာရင်းဝင်ခဲ့တဲ့Tinker, Tailor, Soldier” စာအုပ်ကိုနှစ်ခြိုက်ပါတယ်တဲ့။ ဒီစာအုပ်ကိုရုပ်ရှင်ပြန်ရိုက်တော့လည်း အော်စကာဆု အတွက် လျာထားခြင်းခံခဲ့ရပါတယ်။

Melanie Whelan: “The Happiness Advantage”

melanie-whelan-the-happiness-advantage

SoulCycle ရဲ့ CEO Melanie Whelan နှစ်သက်တဲ့စာအုပ်က Shawn Achor’s ရဲ့ “The Happiness Advantage” ပါ။ ဒီစာအုပ်က အတွေးအမြင်တွေနဲ့ ကုမ္ပဏီတစ်ခုလုံးကိုပဲ့ကိုင်နေတာပါတဲ့။

Richard Branson: “I Know Why the Caged Bird Sings”

richard-branson-i-know-why-the-caged-bird-sings

Virgin Group ရဲ့ CEO Richard Branson က သူ့ကုမ္ပဏီရဲ့ဝက်ဆိုဒ်မှာ သူဖတ်ခဲ့တဲ့စာအုပ်စာရင်းကိုတင်ထားပေးပါတယ်။ “Where the Wild Things Are” ကနေပြီးတော့ “The Hobbit” အထိပါပါတယ်။ အဲ့ဒီထဲမှာမှ “IKnow Why the Caged Bird Sings” ကိုတော့ သူတော်တော်နှစ်သက်ပါတယ်တဲ့။ ဒီစာအုပ်က သမ္မတ Bill Clinton’s နှစ်သက်တဲ့စာအုပ်တွေထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

Min Thu Kha (အခရာ)

(www.akhayar.com)

Ref: http://www.businessinsider.com/