[Zawgyi]

ကမၻာေက်ာ္ၾကား လုပ္ၾကံမႈႀကီးမ်ား

ႏုိင္ငံေခါင္းေဆာင္၊ လူမႈေရးတက္ၾကြလႈပ္ရွားသူေတြဟာ လူခ်စ္လူခင္မ်ားသလုိ လူမုန္းလည္း မ်ားပါတယ္။ အသက္အႏၱရာယ္ကုိ အခ်ိန္မေရြးစုိးရိမ္ရတဲ့အတြက္ လုံျခံဳေရးေတြက အျမဲတမ္းေစာင့္ၾကည့္ေနရတာျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ ေခါင္းေဆာင္ေတြအမ်ားႀကီး လုပ္ၾကံခံရတဲ့အထဲက ထင္ရွားတဲ့ျဖစ္ရပ္ေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ Abraham Lincoln

အေမရိကန္ႏုိင္ငံရဲ႕  (၁၆) ေယာက္ေျမာက္သမၼတ Abraham Lincoln ကုိ ၁၈၆၅ခုႏွစ္ ဧၿပီလ (၁၄) ရက္ေန႔မွာေတာ့ နာမည္ေက်ာ္ဇာတ္မင္းသား John Wilkes Booth  က Ford’s Theatre မွာ လုပ္ၾကံခဲ့ပါတယ္။ ႏုိင္ငံေတာ္ပြဲၾကည့္ေဆာင္မွာ “ကြ်ႏု္ပ္တုိ႔ အေမရိကန္ေသြးခ်င္းသားခ်င္းမ်ားျပဇာတ္” (Our American Cousin) ကုိ ၾကည့္ရႈေနတုန္းမွာ John Wilkes Booth က ေသနတ္နဲ႔ ပစ္လုိက္ပါတယ္။ ေသနတ္က်ည္ဆန္ဟာ သမၼတရဲ႕ဘယ္နားရြက္ေအာက္က ေဖာက္ထြင္းၿပီး ညာဘက္မ်က္စိနဲ႔ လက္မဝက္အကြာေတာင္ ေရာက္ခဲ့ပါတယ္။ သာမန္လူတစ္ေယာက္ဆုိရင္ ပြဲခ်င္းၿပီးေသသြားႏုိင္ေပမယ့္ သမၼတAbraham Lincoln ဟာ က်န္းမာေရးေကာင္းမြန္ရုံသာမက ကုိယ္ခႏၶာထြားႀကိဳင္းသူျဖစ္တဲ့အတြက္ က်ည္ဆန္ဦးေႏွာက္ကုိ ေဖာက္သြားေပမယ့္ ရုတ္တရက္ အသက္မေသေသးဘဲ ညည္းကာညဴကာရွိပါေသးတယ္။ ျပင္းထန္တဲ့ ေဝဒနာကုိ အလူးအလဲခံစားရင္ သမၼတ Abraham Lincoln ဟာ ဧၿပီလ (၁၅) ရက္ မနက္ ၇နာရီ မိနစ္ ၂ဝမွာ ကြယ္လြန္ခဲ့ပါတယ္။ ၁၈ဝ၉ခုႏွစ္ ေဖေဖာ္ဝါရီ (၁၂) ရက္မွာ ေမြးဖြားခဲ့တဲ့ သမၼတႀကီးဟာ လုပ္ၾကံခံရတဲ့အခ်ိန္မွာေတာ့ (၅၆) ႏွစ္ရွိေနပါၿပီ။

၂။ John F. Kennedy

ကမၻာ့သမုိင္းထဲက အျဖစ္ဆုိးတစ္ခုကုိျပပါဆုိရင္ေတာ့ ၁၉၆၃ခုႏွစ္ ႏုိဝင္ဘာလ ၂၂ရက္ေန႔ ေန႔လယ္ ၁၂နာရီခြဲမွာ အေမရိကန္ႏုိင္ငံရဲ႕  (၃၅) ေယာက္ေျမာက္သမၼတ John F. Kennedy ဟာ အေမရိကန္ႏုိင္ငံ၊ တကၠဆက္ျပည္နယ္ (Texas) ျပည္နယ္၊ ဒါးလက္စ္ၿမိဳ႕ (Dallas)မွာ လုပ္ၾကံခံရတာပဲ ျဖစ္ပါတယ္။ သမၼတဟာ ဒါးလတ္စ္ၿမိဳ႕ ရဲ႕ Trade Mark အေဆာက္အအုံကုိ မိန္႔ခြန္းေျပာဖုိ႔ သြားေနတုန္းမွာ လုပ္ၾကံခံရတာျဖစ္ပါတယ္။ သမၼတ John F. Kennedy စီးလာတဲ့ “1961 Lincoln” ကားေလးဟာ Elm Street ေပၚမွာ သြားေနတုန္း Lee Harvey Oswald ဟာ တကၠဆာေက်ာင္းသုံးစာအုပ္ အေဆာက္အအုံ ( Texas School Book Depository) ရဲ႕ ၆လႊာေပၚကေနၿပီးေတာ့ ရုိင္ဖယ္ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာ ျဖစ္ပါတယ္။ လည္ေခ်ာင္းမွာထိမွန္တဲ့ ဒဏ္ရာအျပင္ ညာဘက္နားထင္မွာ ထိမွန္ခဲ့တဲ့ ေသနတ္ဒဏ္ရာေတြေၾကာင့္လည္း သမၼတ John F. Kennedy ရဲ႕ဦးေခါင္းခြံဟာ ကြဲထြက္ၿပီး ဦးေႏွာက္ေတြ ထြက္သြားခဲ့ပါတယ္။ အနီးဆုံး Parkland Hospital ကုိေမာင္းႏွင္ခဲ့ၿပီး ဆရာဝန္ေတြဟာ အစြမ္းကုန္ကုသခဲ့ေပမယ့္ ဒဏ္ရာျပင္းထန္လြန္းတဲ့အတြက္ သမၼတဟာ ႏုိဝင္ဘာလ ၂၂ရက္ေန႔ ေန႔လယ္ ၁နာရီတိတိမွာ ကြယ္လြန္ခဲ့ပါတယ္။ ၁၉၁၇ခုႏွစ္ ေမလ (၂၉) ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ John F. Kennedy ဟာ ေသဆုံးတဲ့အခ်ိန္မွာေတာ့ (၄၆) ႏွစ္သာ ရွိပါေသးတယ္။

၃။ Mahatma Gandhi

အိႏၵိယႏုိင္ငံရဲ႕ ေသြးစြန္းေန႔ရက္ေတြကုိ ျပန္ေျပာင္းရမယ္ဆုိရင္ေတာ့ ၁၉၄၈ခုႏွစ္ ဇန္နဝါရီ (၃ဝ) ညေန ၅နာရီ ၁၇မိနစ္ မွာ Mahatma Gandhi လုပ္ၾကံခံရတာျဖစ္ပါတယ္။ Birla House ပန္းျခံဆုေတာင္းပြဲမွာေတာ့ Mahatma Gandhi ဟာ လူအုပ္အနီးကုိ ေရာက္လာတာနဲ႔ တစ္ၿပိဳင္နက္ ႏႈတ္ဆက္သူေတြအားလုံးကုိ လက္အုတ္ျပန္ခ်ီႏႈတ္ဆက္ရင္း ေလ်ွာက္လာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ Nathuram Godse ဟာ လူအုပ္ထဲကေန ထြက္လာၿပီး Beretta 99 Pistol နဲ႔ သုံးႀကိမ္ ပစ္ခတ္တာျဖစ္ပါတယ္။ ေသနတ္ဒဏ္ကုိ ခံစားလုိက္တာနဲ႔  Mahatma Gandhi ဟာ “အလုိ ဘုရား ဘုရား ဘုရား”လုိ႔ ေရရြတ္ၿပီး ေလာကႀကီးကုိ ႏႈတ္ဆက္သြားပါေတာ့တယ္။

၄။ Benazir Bhutto

(၁၁) ေယာက္ေျမာက္ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Benazir Bhutto ဟာ ၂၀၀၇ခုႏွစ္ ဒီဇင္ဘာလ (၂၇) ရက္ေန႔က Rawalpindi  ၿမိဳ႕ မွာ မဲဆြယ္စည္းရုံးေနတဲ့အခ်ိန္ အေသခံဗုံးခဲြသူတစ္ေယာက္က ေသနတ္နဲ႔ပစ္ၿပီး ဗုံးခဲြတုိက္ခုိက္ခဲ့တာျဖစ္ပါတယ္။ Benazir Bhutto ဟာ ပါကစၥတန္ျပည္သူ႔ပါတီ (Pakistan Peoples Party) ရဲ႕  ေခါင္းေဆာင္အေနနဲ႔ ေရြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ အေသခံဗုံးခြဲမႈေၾကာင့္ လူႏွစ္ဆယ္ထက္မနည္း ေသဆုံးခဲ့ရၿပီး Benazir Bhutto လည္း Rawalpindi Genaral Hospital မွာ ေဒသစံေတာ္ခ်ိန္ ၆နာရီ ၁၆မိနစ္မွာ ေသဆုံးသြားခဲ့ပါတယ္။

၅။ Martin Luther King Jr.

Martin Luther King Jr ဟာ အာဖရိကန္- အေမရိကန္ သင္းအုပ္ ဆရာတစ္ေယာက္ျဖစ္ရုံမက အေမရိကန္ လူ႔အခြင့္ေရး တက္ႂကြလႈပ္ရွားသူတေယာက္ျဖစ္ပါတယ္။ သူဟာ အေမရိကန္လူ႔အခြင့္အေရးကို ပိုမိုထိေရာက္ေအာင္ ပုိ႔ေဆာင္ခဲ့တာျဖစ္ပါတယ္။ ၁၉၆၈ခုႏွစ္ ဧၿပီလ (၄) ရက္ေန႔ ညေန၆နာရီ၁မိနစ္ Memphis ၿမိဳ႕ရွိ Lorraine Motel မွာ တည္းခုိေနတုန္း အခန္းကေနၿပီး ေလညွင္းခံဖုိ႔အတြက္ လသာေဆာင္ထြက္ရပ္တဲ့အခ်ိန္မွာ လမ္းတစ္ဖက္ မ်က္ႏွာျခင္းဆိုင္ အိမ္အေပၚထပ္ကေနၿပီး James Earl Ray က ေသနတ္နဲ႔ ေခ်ာင္းေျမာင္းပစ္ခတ္လိုက္ပါတယ္။

က်ည္ဆံဟာ လည္ပင္းကို ေဖာက္ထြက္သြားၿပီး St. Joseph’s Hospital မွာ ည၇နာရီ၅မိနစ္အခ်ိန္မွာ ေသဆုံးသြားခဲ့ပါတယ္။ ေသဆုံးတဲ့အခ်ိန္မွာ (၃၉)ႏွစ္ပဲ ရွိပါေသးတယ္။ ဒီအျဖစ္အပ်က္ေတြကေတာ့ လုပ္ၾကံမႈရဲ႕ေနာက္ကြယ္မွာ ေၾကြလြင့္သြားၾကတ့ဲ ေခါင္းေဆာင္ေတြပဲ ျဖစ္ပါတယ္။ အားလုံးၿငိမ္းခ်မ္းၾကပါေစလုိ႔ အခရာသူ၊အခရာသားေတြကေန ဆုေတာင္းေပးလုိက္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကမ္ဘာကျော်ကြား လုပ်ကြံမှုကြီးများ

နိုင်ငံခေါင်းဆောင်၊ လူမှုရေးတက်ကြွလှုပ်ရှားသူတွေဟာ လူချစ်လူခင်များသလို လူမုန်းလည်း များပါတယ်။ အသက်အန္တရာယ်ကို အချိန်မရွေးစိုးရိမ်ရတဲ့အတွက် လုံခြုံရေးတွေက အမြဲတမ်းစောင့်ကြည့်နေရတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ခေါင်းဆောင်တွေအများကြီး လုပ်ကြံခံရတဲ့အထဲက ထင်ရှားတဲ့ဖြစ်ရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Abraham Lincoln

အမေရိကန်နိုင်ငံရဲ့  (၁၆) ယောက်မြောက်သမ္မတ Abraham Lincoln ကို ၁၈၆၅ခုနှစ် ဧပြီလ (၁၄) ရက်နေ့မှာတော့ နာမည်ကျော်ဇာတ်မင်းသား John Wilkes Booth  က Ford’s Theatre မှာ လုပ်ကြံခဲ့ပါတယ်။ နိုင်ငံတော်ပွဲကြည့်ဆောင်မှာ “ကျွနု်ပ်တို့ အမေရိကန်သွေးချင်းသားချင်းများပြဇာတ်” (Our American Cousin) ကို ကြည့်ရှုနေတုန်းမှာ John Wilkes Booth က သေနတ်နဲ့ ပစ်လိုက်ပါတယ်။ သေနတ်ကျည်ဆန်ဟာ သမ္မတရဲ့ဘယ်နားရွက်အောက်က ဖောက်ထွင်းပြီး ညာဘက်မျက်စိနဲ့ လက်မဝက်အကွာတောင် ရောက်ခဲ့ပါတယ်။ သာမန်လူတစ်ယောက်ဆိုရင် ပွဲချင်းပြီးသေသွားနိုင်ပေမယ့် သမ္မတAbraham Lincoln ဟာ ကျန်းမာရေးကောင်းမွန်ရုံသာမက ကိုယ်ခန္ဓာထွားကြိုင်းသူဖြစ်တဲ့အတွက် ကျည်ဆန်ဦးနှောက်ကို ဖောက်သွားပေမယ့် ရုတ်တရက် အသက်မသေသေးဘဲ ညည်းကာညူကာရှိပါသေးတယ်။ ပြင်းထန်တဲ့ ဝေဒနာကို အလူးအလဲခံစားရင် သမ္မတ Abraham Lincoln ဟာ ဧပြီလ (၁၅) ရက် မနက် ၇နာရီ မိနစ် ၂ဝမှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၈ဝ၉ခုနှစ် ဖေဖော်ဝါရီ (၁၂) ရက်မှာ မွေးဖွားခဲ့တဲ့ သမ္မတကြီးဟာ လုပ်ကြံခံရတဲ့အချိန်မှာတော့ (၅၆) နှစ်ရှိနေပါပြီ။

၂။ John F. Kennedy

ကမ္ဘာ့သမိုင်းထဲက အဖြစ်ဆိုးတစ်ခုကိုပြပါဆိုရင်တော့ ၁၉၆၃ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့ နေ့လယ် ၁၂နာရီခွဲမှာ အမေရိကန်နိုင်ငံရဲ့  (၃၅) ယောက်မြောက်သမ္မတ John F. Kennedy ဟာ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် (Texas) ပြည်နယ်၊ ဒါးလက်စ်မြို့ (Dallas)မှာ လုပ်ကြံခံရတာပဲ ဖြစ်ပါတယ်။ သမ္မတဟာ ဒါးလတ်စ်မြို့ ရဲ့ Trade Mark အဆောက်အအုံကို မိန့်ခွန်းပြောဖို့ သွားနေတုန်းမှာ လုပ်ကြံခံရတာဖြစ်ပါတယ်။ သမ္မတ John F. Kennedy စီးလာတဲ့ “1961 Lincoln” ကားလေးဟာ Elm Street ပေါ်မှာ သွားနေတုန်း Lee Harvey Oswald ဟာ တက္ကဆာကျောင်းသုံးစာအုပ် အဆောက်အအုံ ( Texas School Book Depository) ရဲ့ ၆လွှာပေါ်ကနေပြီးတော့ ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လည်ချောင်းမှာထိမှန်တဲ့ ဒဏ်ရာအပြင် ညာဘက်နားထင်မှာ ထိမှန်ခဲ့တဲ့ သေနတ်ဒဏ်ရာတွေကြောင့်လည်း သမ္မတ John F. Kennedy ရဲ့ဦးခေါင်းခွံဟာ ကွဲထွက်ပြီး ဦးနှောက်တွေ ထွက်သွားခဲ့ပါတယ်။ အနီးဆုံး Parkland Hospital ကိုမောင်းနှင်ခဲ့ပြီး ဆရာဝန်တွေဟာ အစွမ်းကုန်ကုသခဲ့ပေမယ့် ဒဏ်ရာပြင်းထန်လွန်းတဲ့အတွက် သမ္မတဟာ နိုဝင်ဘာလ ၂၂ရက်နေ့ နေ့လယ် ၁နာရီတိတိမှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၁၇ခုနှစ် မေလ (၂၉) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ John F. Kennedy ဟာ သေဆုံးတဲ့အချိန်မှာတော့ (၄၆) နှစ်သာ ရှိပါသေးတယ်။

၃။ Mahatma Gandhi

အိန္ဒိယနိုင်ငံရဲ့ သွေးစွန်းနေ့ရက်တွေကို ပြန်ပြောင်းရမယ်ဆိုရင်တော့ ၁၉၄၈ခုနှစ် ဇန်နဝါရီ (၃ဝ) ညနေ ၅နာရီ ၁၇မိနစ် မှာ Mahatma Gandhi လုပ်ကြံခံရတာဖြစ်ပါတယ်။ Birla House ပန်းခြံဆုတောင်းပွဲမှာတော့ Mahatma Gandhi ဟာ လူအုပ်အနီးကို ရောက်လာတာနဲ့ တစ်ပြိုင်နက် နှုတ်ဆက်သူတွေအားလုံးကို လက်အုတ်ပြန်ချီနှုတ်ဆက်ရင်း လျှောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Nathuram Godse ဟာ လူအုပ်ထဲကနေ ထွက်လာပြီး Beretta 99 Pistol နဲ့ သုံးကြိမ် ပစ်ခတ်တာဖြစ်ပါတယ်။ သေနတ်ဒဏ်ကို ခံစားလိုက်တာနဲ့  Mahatma Gandhi ဟာ “အလို ဘုရား ဘုရား ဘုရား”လို့ ရေရွတ်ပြီး လောကကြီးကို နှုတ်ဆက်သွားပါတော့တယ်။

၄။ Benazir Bhutto

(၁၁) ယောက်မြောက် ပါကစ္စတန်ဝန်ကြီးချုပ် Benazir Bhutto ဟာ ၂၀၀၇ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့က Rawalpindi  မြို့ မှာ မဲဆွယ်စည်းရုံးနေတဲ့အချိန် အသေခံဗုံးခွဲသူတစ်ယောက်က သေနတ်နဲ့ပစ်ပြီး ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ Benazir Bhutto ဟာ ပါကစ္စတန်ပြည်သူ့ပါတီ (Pakistan Peoples Party) ရဲ့  ခေါင်းဆောင်အနေနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အသေခံဗုံးခွဲမှုကြောင့် လူနှစ်ဆယ်ထက်မနည်း သေဆုံးခဲ့ရပြီး Benazir Bhutto လည်း Rawalpindi Genaral Hospital မှာ ဒေသစံတော်ချိန် ၆နာရီ ၁၆မိနစ်မှာ သေဆုံးသွားခဲ့ပါတယ်။

၅။ Martin Luther King Jr.

Martin Luther King Jr ဟာ အာဖရိကန်- အမေရိကန် သင်းအုပ် ဆရာတစ်ယောက်ဖြစ်ရုံမက အမေရိကန် လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူတယောက်ဖြစ်ပါတယ်။ သူဟာ အမေရိကန်လူ့အခွင့်အရေးကို ပိုမိုထိရောက်အောင် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ၁၉၆၈ခုနှစ် ဧပြီလ (၄) ရက်နေ့ ညနေ၆နာရီ၁မိနစ် Memphis မြို့ရှိ Lorraine Motel မှာ တည်းခိုနေတုန်း အခန်းကနေပြီး လေညှင်းခံဖို့အတွက် လသာဆောင်ထွက်ရပ်တဲ့အချိန်မှာ လမ်းတစ်ဖက် မျက်နှာခြင်းဆိုင် အိမ်အပေါ်ထပ်ကနေပြီး James Earl Ray က သေနတ်နဲ့ ချောင်းမြောင်းပစ်ခတ်လိုက်ပါတယ်။

ကျည်ဆံဟာ လည်ပင်းကို ဖောက်ထွက်သွားပြီး St. Joseph’s Hospital မှာ ည၇နာရီ၅မိနစ်အချိန်မှာ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးတဲ့အချိန်မှာ (၃၉)နှစ်ပဲ ရှိပါသေးတယ်။ ဒီအဖြစ်အပျက်တွေကတော့ လုပ်ကြံမှုရဲ့နောက်ကွယ်မှာ ကြွေလွင့်သွားကြတဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ အားလုံးငြိမ်းချမ်းကြပါစေလို့ အခရာသူ၊အခရာသားတွေကနေ ဆုတောင်းပေးလိုက်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com