[Zawgyi]

ပယ္နယ္တီကုိ ထူးထူးျခားျခား ကစားသမားႏွစ္ေယာက္ ကန္သြင္းခဲ့တဲ့ ျဖစ္ရပ္မ်ား

ေဘာလုံးပဲြေတြမွာ ပယ္နယ္တီကန္တယ္ဆုိတာ မထူးျခားေပမယ့္ အဲဒီပယ္နယ္တီကုိ ကစားသမား(၂)ေယာက္က ကန္တာဆုိရင္ေတာ့ သာမန္မဟုတ္ေတာ့ဘူး။ ပုံမွန္အတိုင္းဆုိရင္ ပယ္နယ္တီမွာ ဂုိးသမားနဲ႔ ကန္မယ့္သူ One By One ကန္တာပါပဲ။ ဒါေပမဲ့ ပယ္နယ္တီကန္မယ့္သူက မကန္ဘဲ တျခားကစားသမားတစ္ေယာက္ကုိ တို႔ေပးၿပီး ကန္သြင္းခဲ့တဲ့ျဖစ္ရပ္ကေတာ့ ေတာ္ေတာ္ေလးရွားပါတယ္။ အဲဒါေၾကာင့္ ပယ္နယ္တီကုိ ထူးထူးျခားျခား ကစားသမားႏွစ္ေယာက္ ကန္သြင္းခဲ့တဲ့ျဖစ္ရပ္ေတြကုိ AkhayarSports ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပေပးလုိက္ပါတယ္ . . .

Rik Coppens/Andre Piters – Belgium

Rik-Coppens-and-Andre-Piters

Rik-Coppens-and-Andre-Piters

ပယ္နယ္တီကုိ ပထမဆုံးအႀကိမ္ ကစားသမားႏွစ္ေယာက္ ကန္သြင္းခဲ့တာလုိ႔ သတ္မွတ္ရမွာက ဘယ္လ္ဂ်ီယံနဲ႔ အုိက္စလန္တို႔ ကစားခဲ့တဲ့ ၁၉၅၈ ကမၻာ႔ဖလားေျခစစ္ပဲြပဲျဖစ္ပါတယ္။ ၁၉၅၇၊ ဇြန္လ (၅)ရက္တုန္းက ကမၻာ႔ဖလားေျခစစ္ပဲြအျဖစ္ ဘယ္လ္ဂ်ီယံ-အုိက္စလန္တို႔ ကစားခဲ့တဲ့ပဲြမွာ ပထမပုိင္းမၿပီးခင္မွာပဲ ဘယ္လ္ဂ်ီယံအသင္းက (၆-၁)ဂုိးနဲ႔ ဦးေဆာင္ေနတယ္။ ပထမပုိင္းၿပီးဖုိ႔ မိနစ္ပုိင္းအလုိမွာ ဘယ္လ္ဂ်ီယံအသင္း ပယ္နယ္တီကန္သြင္းခြင့္ ရခဲ့ၿပီး အဲဒီပယ္နယ္တီကုိ ေကာ့ပ္ပန္စ္ Rik Coppens က ကန္သြင္းဖုိ႔ ေနရာယူၿပီးပါၿပီ။ ဒါေပမဲ့ ပယ္နယ္တီဧရိယာထဲ ေျပး၀င္လာတဲ့ အသင္းေဖာ္ ပီတာ့စ္ Andre Piters ဆီ အသာေလး ေဘာလုံးကုိ ပုတ္ေပးခဲ့ေပမယ့္ ပီတာ့စ္ကလည္း ေကာ့ပ္ပန္စ္ဆီ ျပန္ပုတ္ေပးခဲ့ခ်ိန္မွာ ေကာ့ပ္ပန္စ္က ဂုိးသမားမရွိတဲ့ ဂုိးေပါက္ထဲကို အသာကန္သြင္းၿပီး ဂုိးသြင္းခဲ့ပါတယ္။ အဲဒီပဲြမွာ ဘယ္လ္ဂ်ီယံအသင္းက (၈-၃)ဂုိးနဲ႔ အႏုိင္ရခဲ့ေပမယ့္ သတင္းစာေခါင္းႀကီးပုိင္းမွာ ေနရာယူသြားတာက ေကာ့ပ္ပန္စ္နဲ႔ ပီတာ့စ္တို႔ရဲ႕ ပယ္နယ္တီကန္သြင္းတဲ့အျဖစ္အပ်က္ပါပဲ။

ေကာ့ပ္ပန္စ္နဲ႔ ပီတာ့စ္တို႔ရဲ႕ ပယ္နယ္တီကန္သြင္းမႈကုိ ၾကည့္ရန္လင့္ခ္

Johnny Newman/Wilf Carter – Plymouth Argyle

Johnny-Newman-and-Wilf-Carter

Johnny-Newman-and-Wilf-Carter

အဂၤလိပ္ေဘာလုံးေလာကမွာ ‘Two-Man’ ပယ္နယ္တီကုိ စတင္မိတ္ဆက္ေပးခဲ့သူက ပလုိင္းေမာက္အသင္း ကစားသမားေတြျဖစ္တဲ့ ဂၽြန္နီနယူးမန္း Johnny Newman နဲ႔ ၀စ္ဖ္ကာတာ Wilf Carter တို႔ပါ။ ၁၉၆၁၊ ေဖေဖာ္၀ါရီလ (၆)ရက္၊ အက္စတြန္ဗီလာနဲ႔ ကစားခဲ့တဲ့ပဲြမွာ ပယ္နယ္တီကန္ခြင့္ရခဲ့တာကုိ ကာတာက အသင္းေဖာ္ နယူးမန္း ကန္သြင္းႏုိင္ေအာင္ ေဘာလုံးကုိ တို႔ေပးခဲ့တာျဖစ္ပါတယ္။ (၃)ႏွစ္အၾကာမွာ နယူးမန္းဟာ အဲဒီအတိုင္း လုပ္ခဲ့ပါေသးတယ္။ ဒီတစ္ခါေတာ့ သူက ဂုိးမသြင္းဘဲ အသင္းေဖာ္ ထရီဘယ္လ္ေကာ့ခ္ Mike Trebilcock ဂုိးသြင္းႏုိင္ေအာင္ ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

နယူးမန္းနဲ႔ကာတာတို႔ရဲ႕ ပယ္နယ္တီကုိ ၾကည့္ရန္လင့္ခ္

Johan Cruyff /Jesper Olsen – Ajax

Johan-Cruyff-and-Jesper-Olsen

Johan-Cruyff-and-Jesper-Olsen

ေအဂ်က္စ္နဲ႔ နယ္သာလန္ ဂႏၳ၀င္ကစားသမားႀကီး ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff ဟာလည္း ‘Two-Man’ ပယ္နယ္တီနဲ႔ သိပ္မစိမ္းပါဘူး။ ၁၉၈၂၊ ဒီဇင္ဘာလတုန္းက Helmond Sport အသင္းနဲ႔ ကစားခဲ့တဲ့ပဲြမွာ ေအဂ်က္စ္အသင္း ပယ္နယ္တီကန္ခြင့္ရပါတယ္။ ဒီပယ္နယ္တီကုိ ေတာင္ပံကစားသမား ေအာ္လ္ဆန္ Jesper Olsen က ကန္ဖုိ႔ ေဘာလုံးတည္ၿပီးမွ ယုိဟန္ခ႐ိုက္ဆီ ထုိးေပး၊ အဲဒီေဘာလုံးကုိ ယုိဟန္ခ႐ုိက္ဖ္က ဂုိးသမားမရွိတဲ့ ဂုိးေပါက္ထဲကန္သြင္းခဲ့တာပါပဲ။

ယုိဟန္ခ႐ုိက္ဖ္နဲ႔ ေအာ္လ္ဆန္တို႔ရဲ႕ ပယ္နယ္တီကန္သြင္းမႈကုိ ၾကည့္ရန္လင့္ခ္

Thierry Henry/Robert Pires – Arsenal

thierry-henry-and-robert-pires

thierry-henry-and-robert-pires

၀ါရင့္ အာဆင္နယ္ပရိသတ္ေတြကေတာ့ အြန္နီ Thierry Henry နဲ႔ ပီရက္စ္ Robert Pires တို႔ရဲ႕ ‘Two-Man’ ပယ္နယ္တီကုိ မွတ္မိၾကဦးမွာပါ။ ဒါေပမဲ့ ဒီပယ္နယ္တီက ေအာင္ျမင္မႈမရခဲ့ပါဘူး။ ၂၀၀၅၊ ေအာက္တိုဘာလ (၂၂)ရက္က မန္စီးတီးနဲ႔ကစားခဲ့တဲ့ပဲြမွာ အာဆင္နယ္အသင္း ပယ္နယ္တီကန္ခြင့္ရခဲ့ၿပီး ပီရက္စ္ဟာ ဂုိးသမားကုိ လွည့္စားဖုိ႔လုပ္ခဲ့ေပမယ့္ အြန္နရီနဲ႔ နားလည္မႈ လဲြခဲ့လုိ႔ ဒုိင္လူႀကီးက ျပစ္ဒဏ္ေဘာအျဖစ္သာ သတ္မွတ္ေပးခဲ့တာေၾကာင့္ ဂုိးရမယ့္အခြင့္အေရးကုိ လက္လႊတ္ခဲ့ရပါေတာ့တယ္။

အြန္နရီနဲ႔ ပီရက္စ္တို႔ရဲ႕ ပယ္နယ္တီကန္သြင္းမႈကုိ ၾကည့္ရန္လင့္ခ္

Messi/ Luis Suarez – Barcelona

Messi-and-Suarez

Messi-and-Suarez

ေမာ္ဒန္ေခတ္ ေဘာလုံးေလာကမွာ အထင္ရွားဆုံးက မက္ဆီ Messi နဲ႔ ဆြာရက္ဇ္ Luis Suarez တို႔ရဲ႕ ပယ္နယ္တီပါပဲ။ ၂၀၁၆၊ ေဖေဖာ္၀ါရီလတုန္းက ဆယ္လ္တာဗီဂုိနဲ႔ကစားခဲ့တဲ့ပဲြမွာ ရရွိခဲ့တဲ့ပယ္နယ္တီကုိ မက္ဆီက ကန္မလုိဟန္ျပၿပီးမွ ဆြာရက္ဇ္ဆီ ထုိးေပးခဲ့ၿပီး ဆြာရက္ဇ္က အမွားအယြင္းမရွိကန္သြင္းခဲ့တာျဖစ္ပါတယ္။

မက္ဆီနဲ႔ ဆြာရက္ဇ္တို႔ရဲ႕ ပယ္နယ္တီကန္သြင္းမႈကုိ ၾကည့္ရန္လင့္ခ္

ေဘာလုံးစည္းမ်ဥ္းေတြထဲမွာ ပယ္နယ္တီကန္မယ္ဆုိရင္ ဧရိယာအတြင္း ကန္မယ့္ကစားသမားနဲ႔ ဂုိးသမားက လဲြၿပီး ဘယ္သူမွ မရွိေစရလုိ႔ သတ္မွတ္ထားေပမယ့္ ဒီလုိ ႏွစ္ဆင့္ကန္တာကုိ မတားျမစ္ထားပါဘူး။ လာမယ့္ပဲြစဥ္ေတြက်ရင္လည္း ‘Two-Man’ ပယ္နယ္တီကုိ ဘယ္ကစားသမားေတြ ကန္သြင္းၾကဦးမလဲဆုိတာကေတာ့ . . . .

REF:sportskeeda
Photo:ESPN,RTBF,Youtube,Sport.net,Evening Standard,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပယ်နယ်တီကို ထူးထူးခြားခြား ကစားသမားနှစ်ယောက် ကန်သွင်းခဲ့တဲ့ ဖြစ်ရပ်များ

ဘောလုံးပွဲတွေမှာ ပယ်နယ်တီကန်တယ်ဆိုတာ မထူးခြားပေမယ့် အဲဒီပယ်နယ်တီကို ကစားသမား(၂)ယောက်က ကန်တာဆိုရင်တော့ သာမန်မဟုတ်တော့ဘူး။ ပုံမှန်အတိုင်းဆိုရင် ပယ်နယ်တီမှာ ဂိုးသမားနဲ့ ကန်မယ့်သူ One By One ကန်တာပါပဲ။ ဒါပေမဲ့ ပယ်နယ်တီကန်မယ့်သူက မကန်ဘဲ တခြားကစားသမားတစ်ယောက်ကို တို့ပေးပြီး ကန်သွင်းခဲ့တဲ့ဖြစ်ရပ်ကတော့ တော်တော်လေးရှားပါတယ်။ အဲဒါကြောင့် ပယ်နယ်တီကို ထူးထူးခြားခြား ကစားသမားနှစ်ယောက် ကန်သွင်းခဲ့တဲ့ဖြစ်ရပ်တွေကို AkhayarSports ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် . . .

Rik Coppens/Andre Piters – Belgium

Rik-Coppens-and-Andre-Piters

Rik-Coppens-and-Andre-Piters

ပယ်နယ်တီကို ပထမဆုံးအကြိမ် ကစားသမားနှစ်ယောက် ကန်သွင်းခဲ့တာလို့ သတ်မှတ်ရမှာက ဘယ်လ်ဂျီယံနဲ့ အိုက်စလန်တို့ ကစားခဲ့တဲ့ ၁၉၅၈ ကမ္ဘာ့ဖလားခြေစစ်ပွဲပဲဖြစ်ပါတယ်။ ၁၉၅၇၊ ဇွန်လ (၅)ရက်တုန်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဘယ်လ်ဂျီယံ-အိုက်စလန်တို့ ကစားခဲ့တဲ့ပွဲမှာ ပထမပိုင်းမပြီးခင်မှာပဲ ဘယ်လ်ဂျီယံအသင်းက (၆-၁)ဂိုးနဲ့ ဦးဆောင်နေတယ်။ ပထမပိုင်းပြီးဖို့ မိနစ်ပိုင်းအလိုမှာ ဘယ်လ်ဂျီယံအသင်း ပယ်နယ်တီကန်သွင်းခွင့် ရခဲ့ပြီး အဲဒီပယ်နယ်တီကို ကော့ပ်ပန်စ် Rik Coppens က ကန်သွင်းဖို့ နေရာယူပြီးပါပြီ။ ဒါပေမဲ့ ပယ်နယ်တီဧရိယာထဲ ပြေးဝင်လာတဲ့ အသင်းဖော် ပီတာ့စ် Andre Piters ဆီ အသာလေး ဘောလုံးကို ပုတ်ပေးခဲ့ပေမယ့် ပီတာ့စ်ကလည်း ကော့ပ်ပန်စ်ဆီ ပြန်ပုတ်ပေးခဲ့ချိန်မှာ ကော့ပ်ပန်စ်က ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို အသာကန်သွင်းပြီး ဂိုးသွင်းခဲ့ပါတယ်။ အဲဒီပွဲမှာ ဘယ်လ်ဂျီယံအသင်းက (၈-၃)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် သတင်းစာခေါင်းကြီးပိုင်းမှာ နေရာယူသွားတာက ကော့ပ်ပန်စ်နဲ့ ပီတာ့စ်တို့ရဲ့ ပယ်နယ်တီကန်သွင်းတဲ့အဖြစ်အပျက်ပါပဲ။

ကော့ပ်ပန်စ်နဲ့ ပီတာ့စ်တို့ရဲ့ ပယ်နယ်တီကန်သွင်းမှုကို ကြည့်ရန်လင့်ခ်

Johnny Newman/Wilf Carter – Plymouth Argyle

Johnny-Newman-and-Wilf-Carter

Johnny-Newman-and-Wilf-Carter

အင်္ဂလိပ်ဘောလုံးလောကမှာ ‘Two-Man’ ပယ်နယ်တီကို စတင်မိတ်ဆက်ပေးခဲ့သူက ပလိုင်းမောက်အသင်း ကစားသမားတွေဖြစ်တဲ့ ဂျွန်နီနယူးမန်း Johnny Newman နဲ့ ဝစ်ဖ်ကာတာ Wilf Carter တို့ပါ။ ၁၉၆၁၊ ဖေဖော်ဝါရီလ (၆)ရက်၊ အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ပွဲမှာ ပယ်နယ်တီကန်ခွင့်ရခဲ့တာကို ကာတာက အသင်းဖော် နယူးမန်း ကန်သွင်းနိုင်အောင် ဘောလုံးကို တို့ပေးခဲ့တာဖြစ်ပါတယ်။ (၃)နှစ်အကြာမှာ နယူးမန်းဟာ အဲဒီအတိုင်း လုပ်ခဲ့ပါသေးတယ်။ ဒီတစ်ခါတော့ သူက ဂိုးမသွင်းဘဲ အသင်းဖော် ထရီဘယ်လ်ကော့ခ် Mike Trebilcock ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

နယူးမန်းနဲ့ကာတာတို့ရဲ့ ပယ်နယ်တီကို ကြည့်ရန်လင့်ခ်

Johan Cruyff /Jesper Olsen – Ajax

Johan-Cruyff-and-Jesper-Olsen

Johan-Cruyff-and-Jesper-Olsen

အေဂျက်စ်နဲ့ နယ်သာလန် ဂန္ထဝင်ကစားသမားကြီး ယိုဟန်ခရိုက်ဖ် Johan Cruyff ဟာလည်း ‘Two-Man’ ပယ်နယ်တီနဲ့ သိပ်မစိမ်းပါဘူး။ ၁၉၈၂၊ ဒီဇင်ဘာလတုန်းက Helmond Sport အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အေဂျက်စ်အသင်း ပယ်နယ်တီကန်ခွင့်ရပါတယ်။ ဒီပယ်နယ်တီကို တောင်ပံကစားသမား အော်လ်ဆန် Jesper Olsen က ကန်ဖို့ ဘောလုံးတည်ပြီးမှ ယိုဟန်ခရိုက်ဆီ ထိုးပေး၊ အဲဒီဘောလုံးကို ယိုဟန်ခရိုက်ဖ်က ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကန်သွင်းခဲ့တာပါပဲ။

ယိုဟန်ခရိုက်ဖ်နဲ့ အော်လ်ဆန်တို့ရဲ့ ပယ်နယ်တီကန်သွင်းမှုကို ကြည့်ရန်လင့်ခ်

Thierry Henry/Robert Pires – Arsenal

thierry-henry-and-robert-pires

thierry-henry-and-robert-pires

ဝါရင့် အာဆင်နယ်ပရိသတ်တွေကတော့ အွန်နီ Thierry Henry နဲ့ ပီရက်စ် Robert Pires တို့ရဲ့ ‘Two-Man’ ပယ်နယ်တီကို မှတ်မိကြဦးမှာပါ။ ဒါပေမဲ့ ဒီပယ်နယ်တီက အောင်မြင်မှုမရခဲ့ပါဘူး။ ၂၀၀၅၊ အောက်တိုဘာလ (၂၂)ရက်က မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ပီရက်စ်ဟာ ဂိုးသမားကို လှည့်စားဖို့လုပ်ခဲ့ပေမယ့် အွန်နရီနဲ့ နားလည်မှု လွဲခဲ့လို့ ဒိုင်လူကြီးက ပြစ်ဒဏ်ဘောအဖြစ်သာ သတ်မှတ်ပေးခဲ့တာကြောင့် ဂိုးရမယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတော့တယ်။

အွန်နရီနဲ့ ပီရက်စ်တို့ရဲ့ ပယ်နယ်တီကန်သွင်းမှုကို ကြည့်ရန်လင့်ခ်

Messi/ Luis Suarez – Barcelona

Messi-and-Suarez

Messi-and-Suarez

မော်ဒန်ခေတ် ဘောလုံးလောကမှာ အထင်ရှားဆုံးက မက်ဆီ Messi နဲ့ ဆွာရက်ဇ် Luis Suarez တို့ရဲ့ ပယ်နယ်တီပါပဲ။ ၂၀၁၆၊ ဖေဖော်ဝါရီလတုန်းက ဆယ်လ်တာဗီဂိုနဲ့ကစားခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ပယ်နယ်တီကို မက်ဆီက ကန်မလိုဟန်ပြပြီးမှ ဆွာရက်ဇ်ဆီ ထိုးပေးခဲ့ပြီး ဆွာရက်ဇ်က အမှားအယွင်းမရှိကန်သွင်းခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ ဆွာရက်ဇ်တို့ရဲ့ ပယ်နယ်တီကန်သွင်းမှုကို ကြည့်ရန်လင့်ခ်

ဘောလုံးစည်းမျဉ်းတွေထဲမှာ ပယ်နယ်တီကန်မယ်ဆိုရင် ဧရိယာအတွင်း ကန်မယ့်ကစားသမားနဲ့ ဂိုးသမားက လွဲပြီး ဘယ်သူမှ မရှိစေရလို့ သတ်မှတ်ထားပေမယ့် ဒီလို နှစ်ဆင့်ကန်တာကို မတားမြစ်ထားပါဘူး။ လာမယ့်ပွဲစဉ်တွေကျရင်လည်း ‘Two-Man’ ပယ်နယ်တီကို ဘယ်ကစားသမားတွေ ကန်သွင်းကြဦးမလဲဆိုတာကတော့ . . . .

REF:sportskeeda
Photo:ESPN,RTBF,Youtube,Sport.net,Evening Standard,Goal.com
Naing Linn(Akhayar)
www.akhayar.com