[Zawgyi]

ေဘာလုံးေလာကမွာ အနားေပးခဲ့တဲ့ အထင္ကရ ေက်ာနံပါတ္မ်ား (၁)

ကလပ္အသင္း တစ္သင္းအေနနဲ႔ ေက်ာနံပါတ္တစ္ခုကုိ အနားေပးတယ္ဆုိတာက အသင္းအတြက္ ႏွစ္ေပါင္းမ်ားစြာ ေပးဆပ္ခဲ့သူ၊ အသင္းရဲ႕ ပုံရိပ္၊ ပရိသတ္အခ်စ္ေတာ္ျဖစ္ခဲ့တဲ့ ကစားသမားတစ္ဦးကုိ ဂုဏ္ျပဳတဲ့ သေဘာပါပဲ။ ဒါေပမဲ့ အခုေနာက္ပုိင္းႏွစ္ေတြမွာေတာ့ ကလပ္အသင္းေတြမွာ ေက်ာနံပါတ္ကုိ အနားေပးတဲ့ လုပ္ရပ္ေတြ သိပ္မရွိေတာ့ပါဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သက္ဆုိင္ရာ ကလပ္အသင္းေတြဟာ အသင္းက လူငယ္ကစားသမားေတြအေနနဲ႔ အသင္းရဲ႕ ဂႏၳ၀င္ေက်ာနံပါတ္ကုိ ၀တ္ဆင္ခြင့္ရဖုိ႔ ႀကိဳးစားအားထုတ္ေစခ်င္တ့ဲ သေဘာ၊ တျခားနာမည္ႀကီး ကစားသမားေတြကုိ ေခၚယူခဲ့ရင္ ဒီ ဂႏၳ၀င္နံပါတ္ကုိ ဆက္ခံေစခ်င္တဲ့ သေဘာေတြေၾကာင့္လည္း ျဖစ္ပါတယ္။ ဥပမာ မန္ယူအသင္းမွာဆုိရင္ ေက်ာနံပါတ္(၇)ကုိ ဂႏၳ၀င္နံပါတ္အျဖစ္ သတ္မွတ္ထားေပမယ့္ အနားေပးဖုိ႔ အစီအစဥ္ မရွိသလုိပါပဲ။ ဒါေၾကာင့္ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ကလပ္အသင္းေတြ အနားေပးခဲ့တဲ့ အထင္ကရ ေက်ာနံပါတ္ေတြ အေၾကာင္း အပုိင္း(၁)ကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပေပးလုိက္ပါတယ္။

ဟာဗီယာဇနက္တီ Javier Zanetti – (၄-အင္တာမီလန္)

Javier-Zanetti

Javier-Zanetti

အသင္းအတြက္ (၁၉)ႏွစ္ၾကာ ကစားခဲ့တဲ့ အသင္းေခါင္းေဆာင္ေဟာင္း ဇနက္တီကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ အင္တာမီလန္အသင္းဟ သူ၀တ္ဆင္ခ့ဲဖူးတဲ့ ေက်ာနံပါတ္(၄)ကုိ အနားေပးခဲ့တယ္။ ဇနက္တီဟာ အင္တာမီလန္အသင္းမွာ ၁၉၉၅ ကေန ၂၀၁၄ ခုႏွစ္အထိ ကစားခဲ့ၿပီး (၈၅၈)ပဲြကစားခဲ့သလုိ အမွတ္ေပးဖလား (၅)ႀကိမ္၊ ကုိပါအီတာလီယာဖလား (၄)ႀကိမ္၊ ခ်န္ပီယံလိဂ္နဲ႔ ဖီဖာကလပ္ကမၻာ႔ဖလား (၁)ႀကိမ္စီ ရယူႏုိင္ခဲ့တယ္။ အခုအခ်ိန္မွာေတာ့ ဇနက္တီဟာ အင္တာမီလန္အသင္းရဲ႕ ဒုဥကၠဌအျဖစ္ တာ၀န္ထမ္းေဆာင္ေနပါၿပီ။

မာရာဒုိနာ Maradona (၁၀- နာပုိလီ)

Maradona

Maradona

၁၉၈၀ ေက်ာ္ကာလေတြမွာ နာပုိလီအသင္းရဲ႕ Super Star ျဖစ္ခဲ့သူက အာဂ်င္တီးနား ဂႏၳ၀င္ မာရာဒုိနာပါ။ နံပါတ္(၁၀)ဂ်ာစီနဲ႔ ပဥၥလက္ဆန္တဲ့ ေျခစြမ္းေတြ ျပသၿပီး ေနပယ္လ္ၿမိဳ႕ရဲ႕ အခ်စ္ေတာ္ျဖစ္ခဲ့သူ မာရာဒုိနာဟာ ၁၉၈၄ ကေန ၁၉၉၁ အထိ ကစားခဲ့တဲ့ကာလအတြင္းမွာ နာပုိလီအသင္းအတြက္ စီးရီးေအ (၂)ႀကိမ္၊ ကုိပါအီတာလီယာဖလား၊ UEFA ဖလား၊ အီတလီစူပါဖလား တို႔ကုိ ဆြတ္ခူးခဲ့တယ္။ ေဘာလုံးသမားဘ၀မွာ မူးယစ္ေဆးကိစၥေၾကာင့္ နာမည္ပ်က္ခဲ့ရဖူးေပမယ့္ နာပုိလီအသင္းကေတာ့ သူတို႔အတြက္ သူရဲေကာင္းျဖစ္ခဲ့တဲ့ မာရာဒုိနာကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ နံပါတ္(၁၀)ဂ်ာစီကုိ အနားေပးခဲ့ပါတယ္။

ပီလီ Pele (၁၀- နယူးေယာက္ေကာ့စ္မုိ႔စ္)

Pele

Pele

၂၀ ရာစုရဲ႕ အေကာင္းဆုံး ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ ဘရာဇီးလ္ဂႏၳ၀င္ ပီလီဟာ ေဘာလုံးသမားဘ၀ကုိ အေမရိကန္ကလပ္ နယူးေယာက္ေကာ့စ္မုိ႔စ္အသင္းနဲ႔ ျဖတ္သန္းခဲ့သူပါ။ ၁၉၇၅ ကေန ၁၉၇၇ ခုႏွစ္အထိ (၂)ႏွစ္သာ ကစားခဲ့ေပမယ့္ နယူးေယာက္ေကာ့စ္မုိ႔စ္အသင္းက ပီလီ ၀တ္ဆင္ကစားခဲ့တဲ့ နံပါတ္(၁၀)ဂ်ာစီကုိ အနားေပးခဲ့တယ္။ ထူးဆန္းတာက ပီလီရဲ႕ ကစားသမားဘ၀ စတင္ခဲ့တဲ့ ၁၉၅၆ ကေန ၁၉၇၄ အထိ ႏွစ္ေပါင္း(၂၀)နီးပါး က်င္လည္ခဲ့တဲ့ ဆန္းတို႔စ္အသင္းကေတာင္ နံပါတ္(၁၀)ကုိ အနားမေပးခဲ့တာပါပဲ။

ေဘာ္ဘီမုိး Bobby Moore (၆ – ၀က္စ္ဟမ္း)

Bobby-Moore

Bobby-Moore

ေဘာ္ဘီမုိးကေတာ့ အဂၤလန္နဲ႔ ၀က္စ္ဟမ္းအသင္းတို႔အတြက္ ဘယ္ေတာ့မွ အစားထုိးလုိ႔ မရတဲ့ ကစားသမားတစ္ဦးပါပဲ။ ၀က္စ္ဟမ္းအသင္းအတြက္ (၁၆)ႏွစ္ၾကာ ကစားခဲ့ၿပီး အဂၤလန္အသင္းနဲ႔အတူ ကမၻာ႔ဖလား ခ်န္ပီယံဆု ရယူႏုိင္ခဲ့တယ္။ ေဘာ္ဘီမုိး ကြယ္လြန္ၿပီး (၁၅)ႏွစ္အၾကာ ၂၀၀၈ ခုႏွစ္မွာ ၀က္စ္ဟမ္းအသင္းက ေဘာ္ဘီမုိး၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္(၆)ကို အနားေပးခဲ့ပါတယ္။

ပြတ္ရွ္ကပ္စ္ Puskas (၁၀ – Honved AC )

Puskas

Puskas

ဟန္ေဂရီေဘာလုံးေလာကအတြက္ ထာ၀ရအေကာင္းဆုံး ကစားသမားတစ္ဦးျဖစ္ပါတယ္။ ပြတ္ရွ္ကပ္စ္ဟာ ဘူဒါဘတ္ကလပ္အသင္း Honved AC အသင္းမွာ ၁၉၄၃ ကေန ၁၉၅၆ ခုႏွစ္အထိ ကစားခဲ့ၿပီး (၃၄၁)ပဲြကစား၊ ဂုိး(၃၀၀)ေက်ာ္ သြင္းယူခဲ့သူပါ။ အဲဒီေနာက္မွာ ရီးယဲလ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့ၿပီး ရီးယဲလ္အသင္းမွာလည္း သမုိင္း၀င္ေအာင္ျမင္မႈေတြကုိ ရယူႏုိင္ခဲ့တယ္။ Honved AC အသင္းက ပြတ္ရွ္ကပ္စ္ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ေက်ာနံပါတ္(၁၀)ကုိ အနားေပးခဲ့သလုိ ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္ (FIFA)ကလည္း အေကာင္းဆုံးသြင္းဂုိးဆု (Puskas Award) ကုိ ခ်ီးျမႇင့္ေနၿပီျဖစ္ပါတယ္။

REF:sportskeeda
Photo:Pinterest,These Football Times,You Tube,Sportskeeda
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကမှာ အနားပေးခဲ့တဲ့ အထင်ကရ ကျောနံပါတ်များ (၁)

ကလပ်အသင်း တစ်သင်းအနေနဲ့ ကျောနံပါတ်တစ်ခုကို အနားပေးတယ်ဆိုတာက အသင်းအတွက် နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့သူ၊ အသင်းရဲ့ ပုံရိပ်၊ ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ ကစားသမားတစ်ဦးကို ဂုဏ်ပြုတဲ့ သဘောပါပဲ။ ဒါပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာတော့ ကလပ်အသင်းတွေမှာ ကျောနံပါတ်ကို အနားပေးတဲ့ လုပ်ရပ်တွေ သိပ်မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သက်ဆိုင်ရာ ကလပ်အသင်းတွေဟာ အသင်းက လူငယ်ကစားသမားတွေအနေနဲ့ အသင်းရဲ့ ဂန္ထဝင်ကျောနံပါတ်ကို ဝတ်ဆင်ခွင့်ရဖို့ ကြိုးစားအားထုတ်စေချင်တဲ့ သဘော၊ တခြားနာမည်ကြီး ကစားသမားတွေကို ခေါ်ယူခဲ့ရင် ဒီ ဂန္ထဝင်နံပါတ်ကို ဆက်ခံစေချင်တဲ့ သဘောတွေကြောင့်လည်း ဖြစ်ပါတယ်။ဥပမာ မန်ယူအသင်းမှာဆိုရင် ကျောနံပါတ်(၇)ကို ဂန္ထဝင်နံပါတ်အဖြစ် သတ်မှတ်ထားပေမယ့် အနားပေးဖို့ အစီအစဉ် မရှိသလိုပါပဲ။ ဒါကြောင့် ဘောလုံးသမိုင်းတစ်လျှောက် ကလပ်အသင်းတွေ အနားပေးခဲ့တဲ့ အထင်ကရ ကျောနံပါတ်တွေ အကြောင်း အပိုင်း(၁)ကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ဟာဗီယာဇနက်တီ Javier Zanetti – (၄-အင်တာမီလန်)

Javier-Zanetti

Javier-Zanetti

အသင်းအတွက် (၁၉)နှစ်ကြာ ကစားခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဇနက်တီကို ဂုဏ်ပြုတဲ့အနေနဲ့ အင်တာမီလန်အသင်းဟ သူဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ်(၄)ကို အနားပေးခဲ့တယ်။ ဇနက်တီဟာ အင်တာမီလန်အသင်းမှာ ၁၉၉၅ ကနေ ၂၀၁၄ ခုနှစ်အထိ ကစားခဲ့ပြီး (၈၅၈)ပွဲကစားခဲ့သလို အမှတ်ပေးဖလား (၅)ကြိမ်၊ ကိုပါအီတာလီယာဖလား (၄)ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား (၁)ကြိမ်စီ ရယူနိုင်ခဲ့တယ်။ အခုအချိန်မှာတော့ ဇနက်တီဟာ အင်တာမီလန်အသင်းရဲ့ ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေပါပြီ။

မာရာဒိုနာ Maradona (၁၀- နာပိုလီ)

Maradona

Maradona

၁၉၈၀ ကျော်ကာလတွေမှာ နာပိုလီအသင်းရဲ့ Super Star ဖြစ်ခဲ့သူက အာဂျင်တီးနား ဂန္ထဝင် မာရာဒိုနာပါ။ နံပါတ်(၁၀)ဂျာစီနဲ့ ပဉ္စလက်ဆန်တဲ့ ခြေစွမ်းတွေ ပြသပြီး နေပယ်လ်မြို့ရဲ့ အချစ်တော်ဖြစ်ခဲ့သူ မာရာဒိုနာဟာ ၁၉၈၄ ကနေ ၁၉၉၁ အထိ ကစားခဲ့တဲ့ကာလအတွင်းမှာ နာပိုလီအသင်းအတွက် စီးရီးအေ (၂)ကြိမ်၊ ကိုပါအီတာလီယာဖလား၊ UEFA ဖလား၊ အီတလီစူပါဖလား တို့ကို ဆွတ်ခူးခဲ့တယ်။ ဘောလုံးသမားဘဝမှာ မူးယစ်ဆေးကိစ္စကြောင့် နာမည်ပျက်ခဲ့ရဖူးပေမယ့် နာပိုလီအသင်းကတော့ သူတို့အတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ နံပါတ်(၁၀)ဂျာစီကို အနားပေးခဲ့ပါတယ်။

ပီလီ Pele (၁၀- နယူးယောက်ကော့စ်မို့စ်)

Pele

Pele

၂၀ ရာစုရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဘရာဇီးလ်ဂန္ထဝင် ပီလီဟာ ဘောလုံးသမားဘဝကို အမေရိကန်ကလပ် နယူးယောက်ကော့စ်မို့စ်အသင်းနဲ့ ဖြတ်သန်းခဲ့သူပါ။ ၁၉၇၅ ကနေ ၁၉၇၇ ခုနှစ်အထိ (၂)နှစ်သာ ကစားခဲ့ပေမယ့် နယူးယောက်ကော့စ်မို့စ်အသင်းက ပီလီ ဝတ်ဆင်ကစားခဲ့တဲ့ နံပါတ်(၁၀)ဂျာစီကို အနားပေးခဲ့တယ်။ ထူးဆန်းတာက ပီလီရဲ့ ကစားသမားဘ၀ စတင်ခဲ့တဲ့ ၁၉၅၆ ကနေ ၁၉၇၄ အထိ နှစ်ပေါင်း(၂၀)နီးပါး ကျင်လည်ခဲ့တဲ့ ဆန်းတို့စ်အသင်းကတောင် နံပါတ်(၁၀)ကို အနားမပေးခဲ့တာပါပဲ။

ဘော်ဘီမိုး Bobby Moore (၆ – ဝက်စ်ဟမ်း)

Bobby-Moore

Bobby-Moore

ဘော်ဘီမိုးကတော့ အင်္ဂလန်နဲ့ ဝက်စ်ဟမ်းအသင်းတို့အတွက် ဘယ်တော့မှ အစားထိုးလို့ မရတဲ့ ကစားသမားတစ်ဦးပါပဲ။ ဝက်စ်ဟမ်းအသင်းအတွက် (၁၆)နှစ်ကြာ ကစားခဲ့ပြီး အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တယ်။ ဘော်ဘီမိုး ကွယ်လွန်ပြီး (၁၅)နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ ဝက်စ်ဟမ်းအသင်းက ဘော်ဘီမိုးဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၆)ကို အနားပေးခဲ့ပါတယ်။

ပွတ်ရှ်ကပ်စ် Puskas (၁၀ – Honved AC )

Puskas

Puskas

ဟန်ဂေရီဘောလုံးလောကအတွက် ထာဝရအကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပွတ်ရှ်ကပ်စ်ဟာ ဘူဒါဘတ်ကလပ်အသင်း Honved AC အသင်းမှာ ၁၉၄၃ ကနေ ၁၉၅၆ ခုနှစ်အထိ ကစားခဲ့ပြီး (၃၄၁)ပွဲကစား၊ ဂိုး(၃၀၀)ကျော် သွင်းယူခဲ့သူပါ။ အဲဒီနောက်မှာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ရီးယဲလ်အသင်းမှာလည်း သမိုင်းဝင်အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တယ်။ Honved AC အသင်းက ပွတ်ရှ်ကပ်စ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောနံပါတ်(၁၀)ကို အနားပေးခဲ့သလို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ကလည်း အကောင်းဆုံးသွင်းဂိုးဆု (Puskas Award) ကို ချီးမြှင့်နေပြီဖြစ်ပါတယ်။

REF:sportskeeda
Photo:Pinterest,These Football Times,You Tube,Sportskeeda
Naing Linn(Akhayar)
www.akhayar.com