[Zawgyi]

ေဘာလုံးေလာကမွာ အနားေပးခဲ့တဲ့ အထင္ကရ ေက်ာနံပါတ္မ်ား (၂)

ကလပ္အသင္း တစ္သင္းအေနနဲ႔ ေက်ာနံပါတ္တစ္ခုကုိ အနားေပးတယ္ဆုိတာက အသင္းအတြက္ ႏွစ္ေပါင္းမ်ားစြာ ေပးဆပ္ခဲ့သူ၊ အသင္းရဲ႕ ပုံရိပ္၊ ပရိသတ္အခ်စ္ေတာ္ျဖစ္ခဲ့တဲ့ ကစားသမားတစ္ဦးကုိ ဂုဏ္ျပဳတဲ့ သေဘာပါပဲ။ ဒါေပမဲ့ အခုေနာက္ပုိင္းႏွစ္ေတြမွာေတာ့ ကလပ္အသင္းေတြမွာ ေက်ာနံပါတ္ကုိ အနားေပးတဲ့ လုပ္ရပ္ေတြ သိပ္မရွိေတာ့ပါဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သက္ဆုိင္ရာ ကလပ္အသင္းေတြဟာ အသင္းက လူငယ္ကစားသမားေတြအေနနဲ႔ အသင္းရဲ႕ ဂႏၳ၀င္ေက်ာနံပါတ္ကုိ ၀တ္ဆင္ခြင့္ရဖုိ႔ ႀကိဳးစားအားထုတ္ေစခ်င္တ့ဲ သေဘာ၊ တျခားနာမည္ႀကီး ကစားသမားေတြကုိ ေခၚယူခဲ့ရင္ ဒီ ဂႏၳ၀င္နံပါတ္ကုိ ဆက္ခံေစခ်င္တဲ့ သေဘာေတြေၾကာင့္လည္း ျဖစ္ပါတယ္။ ဥပမာ မန္ယူအသင္းမွာဆုိရင္ ေက်ာနံပါတ္(၇)ကုိ ဂႏၳ၀င္နံပါတ္အျဖစ္ သတ္မွတ္ထားေပမယ့္ အနားေပးဖုိ႔ အစီအစဥ္ မရွိသလုိပါပဲ။ ဒါေၾကာင့္ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ကလပ္အသင္းေတြ အနားေပးခဲ့တဲ့ အထင္ကရ ေက်ာနံပါတ္ေတြ အေၾကာင္း အပုိင္း(၁)ကုိ မေန႔က ေဖာ္ျပခဲ့ၿပီးတဲ့ေနာက္မွာ အခု အပုိင္း(၂)ကုိ ပရိသတ္ေတြအတြက္ ဆက္လက္ ေဖာ္ျပေပးလုိက္ပါတယ္။

ဘာရီစီ Baresi (၆- ေအစီမီလန္)

Baresi

Baresi

ေဘာလုံးေလာကမွာ ရွားရွားပါးပါး One Club Player စာရင္း၀င္ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ဘာရီစီဟာ ေအစီမီလန္အသင္းမွာ ၁၉၇၇ ကေန ၁၉၉၇ ခုႏွစ္အထိ ႏွစ္ေပါင္း(၂၀)ၾကာ ကစားခဲ့ၿပီး စီးရီးေအဖလား (၆)ႀကိမ္၊ ဥေရာပဖလား (ခ်န္ပီယံလိဂ္)(၃)ႀကိမ္ ရယူခဲ့သူပါ။ ေနာက္ၿပီး အဲဒီတုန္းက လူငယ္ကစားသမားေလး မာလ္ဒီနီ Maldini ကုိလည္း သူ႔လုိ ဂႏၳ၀င္စာရင္းေပါက္ေအာင္ ဦးေဆာင္ေပးႏုိင္ခဲ့ပါတယ္။ ေအစီမီလန္အသင္းဟာ သူတို႔ရဲ႕ ဂႏၳ၀င္ႀကီး ဘာရီစီကုိ ၂၀ ရာစု အေကာင္းဆုံးကစားသမား အျဖစ္ သတ္မွတ္ခဲ့သလုိ သူ ၀တ္ဆင္ကစားခဲ့တဲ့ ေက်ာနံပါတ္(၆)ကုိလည္း အနားေပးခဲ့ပါတယ္။

ယုိဟန္ခ႐ုိက္ Johan Cruyff (၁၄- ေအဂ်က္စ္)

Johan-Cruyff

Johan-Cruyff

ယုိဟန္ခ႐ုိက္ဖ္ ဆုိတာက နယ္သာလန္ ေဘာလုံးေလာကမွာသာမကဘဲ ကမၻာ႔ေဘာလုံးေလာကအတြက္ပါ လူတိုင္း ေလးစားအားက်ရတဲ့ ဂႏၳ၀င္တစ္ဦးပါ။ နယ္သာလန္အသင္း “Total-football” ကစားဟန္နဲ႔ ေဘာလုံးဇာတ္ခုံေပၚမွာ တင့္တယ္ေနတဲ့အခ်ိန္တုန္းက ယုိဟန္ခ႐ုိက္ဖ္ဟာ အေကာင္းဆုံး အသုံးေတာ္ခံခဲ့သူျဖစ္ပါတယ္။ အသက္(၁၀)ႏွစ္အရြယ္ကတည္းက ေအဂ်က္စ္လူငယ္အသင္းကုိ စတင္ေျခခ်ခဲ့ၿပီး စီနီယာအသင္းနဲ႔အတူ ဥေရာပဖလား (ခ်န္ပီယံလိဂ္) (၃)ႀကိမ္အပါအ၀င္ ဆုဖလား အမ်ားႀကီး ရယူႏုိင္ခ့ဲတယ္။ ေအဂ်က္စ္အသင္း ကစားသမားဘ၀မွာသာမက နည္းျပဘ၀မွာပါ ေအာင္ျမင္မႈ ရယူခဲ့သူျဖစ္ၿပီး ယုိဟန္ခ႐ုိက္ဖ္ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ေအဂ်က္စ္အသင္းက သူ၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ (၁၄)ကို ၂၀၀၇ ခုႏွစ္မွာ အနားေပးခဲ့တယ္။

ဘက္ဂီယုိ Roberto Baggio (၁၀- ဘရက္စီယာ)

Roberto-Baggio

Roberto-Baggio

“Ponytail”ပုံစံ ဆံပင္စတုိင္လ္နဲ႔ တစ္ခ်ိန္က ေဘာလုံးေလာကကုိ လႊမ္းမုိခဲ့သူ အီတလီဂႏၳ၀င္ ဘက္ဂီယုိဟာ အင္တာမီလန္၊ ေအစီမီလန္၊ ဂ်ဴဗင္တပ္စ္၊ ဖီအုိရင္တီးနား စတဲ့ စီးရီးေအ ထိပ္သီးအသင္းေတြမွာ ကစားခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့ သူ ၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ကို အနားေပးခဲ့တဲ့အသင္းက ဘက္ဂီယုိရဲ႕ ေဘာလုံးသမားဘ၀ ေနာက္ဆုံးကလပ္ျဖစ္တဲ့ ဘရက္စီယာအသင္းပါပဲ။ ဘရက္စီယာအသင္းအတြက္ ၂၀၀၀ ကေန ၂၀၀၄ ခုႏွစ္အထိ ကစားခဲ့ၿပီး ဆုဖလားမရခဲ့ေပမယ့္ ဘရက္စီယာပရိသတ္ေတြရဲ႕ ႏွလုံးသားကုိ သိမ္းပုိက္ႏုိင္ခဲ့ပါတယ္။

မာလ္ဒီနီ Paolo Maldini (၃ – ေအစီမီလန္)

Maldini

Maldini

ေအစီမီလန္ရဲ႕ ေနာက္ထပ္ ဂႏၳ၀င္ေနာက္ခံလူ တစ္ဦးျဖစ္ပါတယ္။ သူ႔စီနီယာ ဘာရီစီလုိ One Club Player စာရင္း၀င္ ကစားသမားတစ္ဦးျဖစ္ၿပီး ေအစီမီလန္တစ္သငး္တည္းမွာပဲ ၁၉၈၄ ကေန ၂၀၀၉ ခုႏွစ္အထိ ကစားခဲ့သူပါ။ ေအစီမီလန္အသင္းနဲ႔အတူ စီးရီးေအ (၇)ႀကိမ္၊ ခ်န္ပီယံလိဂ္ (၅)ႀကိမ္ ရယူခဲ့ၿပီး ႀကီးက်ယ္ခမ္းနားတဲ့ ေအာင္ျမင္မႈေတြ ပုိင္ဆုိင္ခဲ့တယ္။ ေအစီမီလန္အသင္းဟာ မာလ္ဒီနီ ၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္(၃)ကုိ အနားေပးခဲ့ေပမယ့္ တကယ္လုိ႔ သူ႔ သားတစ္ဦးဦးသာ ေအစီမီလန္အသင္းမွာ ကစားမယ္ဆုိရင္ အဲဒီနံပါတ္ ၀တ္ဆင္ခြင့္ေပးသြားမွာျဖစ္ပါတယ္။

လက္ရွိေဘာလုံးေလာကမွာ အသင္းတစ္သင္းအတြက္ ႏွစ္ေတြ အမ်ားႀကီး ကစားခ့ဲသူ၊ အသင္းရဲ႕ ဂႏၳ၀င္ စာရင္းေပါက္တဲ့အထိ ကစားတဲ့သူဆုိတာ တျဖည္းျဖည္း လက္ခ်ိဳးေရလုိ႔ ရေနပါၿပီ။ အခုေဖာ္ျပခဲ့တဲ့ ဂႏၳ၀င္ေတြဟာ သက္ဆုိင္ရင္ ကလပ္ေတြအတြက္ ရာႏႈန္းျပည့္ေပးဆပ္ခဲ့ၾကတဲ့၊ သမုိင္း၀င္ ေအာင္ျမင္မႈေတြ ရယူႏုိင္ခဲ့ၾကသူေတြျဖစ္ၿပီး သူတို႔၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ကုိ အနားေပးခဲ့တာက ထုိက္တန္တဲ့ ဂုဏ္ျပဳမႈလုိ႔ သတ္မွတ္ရမွာပဲျဖစ္ပါတယ္ . . .

REF:sportskeeda
Photo:YouTube,The Independent,Listal1,Corriere dello Sport,AC Milan News
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကမှာ အနားပေးခဲ့တဲ့ အထင်ကရ ကျောနံပါတ်များ (၂)

ကလပ်အသင်း တစ်သင်းအနေနဲ့ ကျောနံပါတ်တစ်ခုကို အနားပေးတယ်ဆိုတာက အသင်းအတွက် နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့သူ၊ အသင်းရဲ့ ပုံရိပ်၊ ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ ကစားသမားတစ်ဦးကို ဂုဏ်ပြုတဲ့ သဘောပါပဲ။ ဒါပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာတော့ ကလပ်အသင်းတွေမှာ ကျောနံပါတ်ကို အနားပေးတဲ့ လုပ်ရပ်တွေ သိပ်မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သက်ဆိုင်ရာ ကလပ်အသင်းတွေဟာ အသင်းက လူငယ်ကစားသမားတွေအနေနဲ့ အသင်းရဲ့ ဂန္ထဝင်ကျောနံပါတ်ကို ဝတ်ဆင်ခွင့်ရဖို့ ကြိုးစားအားထုတ်စေချင်တဲ့ သဘော၊ တခြားနာမည်ကြီး ကစားသမားတွေကို ခေါ်ယူခဲ့ရင် ဒီ ဂန္ထဝင်နံပါတ်ကို ဆက်ခံစေချင်တဲ့ သဘောတွေကြောင့်လည်း ဖြစ်ပါတယ်။ ဥပမာ မန်ယူအသင်းမှာဆိုရင် ကျောနံပါတ်(၇)ကို ဂန္ထဝင်နံပါတ်အဖြစ် သတ်မှတ်ထားပေမယ့် အနားပေးဖို့ အစီအစဉ် မရှိသလိုပါပဲ။ ဒါကြောင့် ဘောလုံးသမိုင်းတစ်လျှောက် ကလပ်အသင်းတွေ အနားပေးခဲ့တဲ့ အထင်ကရ ကျောနံပါတ်တွေ အကြောင်း အပိုင်း(၁)ကို မနေ့က ဖော်ပြခဲ့ပြီးတဲ့နောက်မှာ အခု အပိုင်း(၂)ကို ပရိသတ်တွေအတွက် ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။

ဘာရီစီ Baresi (၆- အေစီမီလန်)

Baresi

Baresi

ဘောလုံးလောကမှာ ရှားရှားပါးပါး One Club Player စာရင်းဝင် ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘာရီစီဟာ အေစီမီလန်အသင်းမှာ ၁၉၇၇ ကနေ ၁၉၉၇ ခုနှစ်အထိ နှစ်ပေါင်း(၂၀)ကြာ ကစားခဲ့ပြီး စီးရီးအေဖလား (၆)ကြိမ်၊ ဥရောပဖလား (ချန်ပီယံလိဂ်)(၃)ကြိမ် ရယူခဲ့သူပါ။ နောက်ပြီး အဲဒီတုန်းက လူငယ်ကစားသမားလေး မာလ်ဒီနီ Maldini ကိုလည်း သူ့လို ဂန္ထဝင်စာရင်းပေါက်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ သူတို့ရဲ့ ဂန္ထဝင်ကြီး ဘာရီစီကို ၂၀ ရာစု အကောင်းဆုံးကစားသမား အဖြစ် သတ်မှတ်ခဲ့သလို သူ ဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ်(၆)ကိုလည်း အနားပေးခဲ့ပါတယ်။

ယိုဟန်ခရိုက် Johan Cruyff (၁၄- အေဂျက်စ်)

Johan-Cruyff

Johan-Cruyff

ယိုဟန်ခရိုက်ဖ် ဆိုတာက နယ်သာလန် ဘောလုံးလောကမှာသာမကဘဲ ကမ္ဘာ့ဘောလုံးလောကအတွက်ပါ လူတိုင်း လေးစားအားကျရတဲ့ ဂန္ထဝင်တစ်ဦးပါ။ နယ်သာလန်အသင်း “Total-football” ကစားဟန်နဲ့ ဘောလုံးဇာတ်ခုံပေါ်မှာ တင့်တယ်နေတဲ့အချိန်တုန်းက ယိုဟန်ခရိုက်ဖ်ဟာ အကောင်းဆုံး အသုံးတော်ခံခဲ့သူဖြစ်ပါတယ်။ အသက်(၁၀)နှစ်အရွယ်ကတည်းက အေဂျက်စ်လူငယ်အသင်းကို စတင်ခြေချခဲ့ပြီး စီနီယာအသင်းနဲ့အတူ ဥရောပဖလား (ချန်ပီယံလိဂ်) (၃)ကြိမ်အပါအဝင် ဆုဖလား အများကြီး ရယူနိုင်ခဲ့တယ်။ အေဂျက်စ်အသင်း ကစားသမားဘဝမှာသာမက နည်းပြဘဝမှာပါ အောင်မြင်မှု ရယူခဲ့သူဖြစ်ပြီး ယိုဟန်ခရိုက်ဖ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အေဂျက်စ်အသင်းက သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၄)ကို ၂၀၀၇ ခုနှစ်မှာ အနားပေးခဲ့တယ်။

ဘက်ဂီယို Roberto Baggio (၁၀- ဘရက်စီယာ)

Roberto-Baggio

Roberto-Baggio

“Ponytail”ပုံစံ ဆံပင်စတိုင်လ်နဲ့ တစ်ချိန်က ဘောလုံးလောကကို လွှမ်းမိုခဲ့သူ အီတလီဂန္ထဝင် ဘက်ဂီယိုဟာ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်၊ ဖီအိုရင်တီးနား စတဲ့ စီးရီးအေ ထိပ်သီးအသင်းတွေမှာ ကစားခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို အနားပေးခဲ့တဲ့အသင်းက ဘက်ဂီယိုရဲ့ ဘောလုံးသမားဘ၀ နောက်ဆုံးကလပ်ဖြစ်တဲ့ ဘရက်စီယာအသင်းပါပဲ။ ဘရက်စီယာအသင်းအတွက် ၂၀၀၀ ကနေ ၂၀၀၄ ခုနှစ်အထိ ကစားခဲ့ပြီး ဆုဖလားမရခဲ့ပေမယ့် ဘရက်စီယာပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မာလ်ဒီနီ Paolo Maldini (၃ – အေစီမီလန်)

Maldini

Maldini

အေစီမီလန်ရဲ့ နောက်ထပ် ဂန္ထဝင်နောက်ခံလူ တစ်ဦးဖြစ်ပါတယ်။ သူ့စီနီယာ ဘာရီစီလို One Club Player စာရင်းဝင် ကစားသမားတစ်ဦးဖြစ်ပြီး အေစီမီလန်တစ်သင်းတည်းမှာပဲ ၁၉၈၄ ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့သူပါ။ အေစီမီလန်အသင်းနဲ့အတူ စီးရီးအေ (၇)ကြိမ်၊ ချန်ပီယံလိဂ် (၅)ကြိမ် ရယူခဲ့ပြီး ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့တယ်။ အေစီမီလန်အသင်းဟာ မာလ်ဒီနီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၃)ကို အနားပေးခဲ့ပေမယ့် တကယ်လို့ သူ့ သားတစ်ဦးဦးသာ အေစီမီလန်အသင်းမှာ ကစားမယ်ဆိုရင် အဲဒီနံပါတ် ဝတ်ဆင်ခွင့်ပေးသွားမှာဖြစ်ပါတယ်။

လက်ရှိဘောလုံးလောကမှာ အသင်းတစ်သင်းအတွက် နှစ်တွေ အများကြီး ကစားခဲ့သူ၊ အသင်းရဲ့ ဂန္ထဝင် စာရင်းပေါက်တဲ့အထိ ကစားတဲ့သူဆိုတာ တဖြည်းဖြည်း လက်ချိုးရေလို့ ရနေပါပြီ။ အခုဖော်ပြခဲ့တဲ့ ဂန္ထဝင်တွေဟာ သက်ဆိုင်ရင် ကလပ်တွေအတွက် ရာနှုန်းပြည့်ပေးဆပ်ခဲ့ကြတဲ့၊ သမိုင်းဝင် အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြသူတွေဖြစ်ပြီး သူတို့ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို အနားပေးခဲ့တာက ထိုက်တန်တဲ့ ဂုဏ်ပြုမှုလို့ သတ်မှတ်ရမှာပဲဖြစ်ပါတယ် . . .

REF:sportskeeda
Photo:YouTube,The Independent,Listal1,Corriere dello Sport,AC Milan News
Naing Linn(Akhayar)
www.akhayar.com