အစားၾကဴးၿပီး ကြယ္လြန္ခဲ့ၾကတဲ့ ကမၻာေက်ာ္ပုဂၢိဳလ္မ်ား

famous-people-who-probably-died-from-overeating
famous-people-who-probably-died-from-overeating

[Zawgyi]

အစားၾကဴးၿပီး ကြယ္လြန္ခဲ့ၾကတဲ့ ကမၻာေက်ာ္ပုဂၢိဳလ္မ်ား

ေဂါတမဘုရားရွင္ ပြင့္ေတာ္မူတုန္းက ေကာသလမင္းႀကီးဟာ ဆန္တစ္အိတ္နဲ႔ ဆိတ္တစ္ေကာင္ေတာင္ ပြဲေတာ္တည္ခဲ့တယ္လုိ႔ သိရပါတယ္။ အစားအေသာက္ဆုိတာ သင့္တင့္ရုံသုံးေဆာင္မယ္ဆုိရင္ ေဆးဝါးသဖြယ္ က်န္းမာေရးကုိ အက်ိဳးျပဳေပမယ့္ လြန္ၾကဴးသြားရင္ေတာ့ ေဘးဒုကၡေရာက္တတ္ပါတယ္။ အခုေဆာင္းပါးမွာေတာ့ သမုိင္းအဆက္ဆက္မွာ အစားၾကဴးၿပီး ကြယ္လြန္သြားၾကတဲ့ ပုဂၢိဳလ္ေတြရဲ႕အေၾကာင္းကုိ ေဖာ္ျပလုိက္ပါတယ္။

HUAWEI Nova 2i
HUAWEI Nova 2i

 HUAWEI Nova 2i အေၾကာင္း အေသးစိတ္သိရွိရန္

(၁) မဟာ အလက္ဇန္းဒါးဘုရင္ (Alexander the Great)

ဘီစီ ၃၆၅ ခုႏွစ္မွာ ေမြးဖြားတဲ့ မဟာ အလက္ဇန္းဒါးဘုရင္ (Alexander the Great) ဟာ (၃ဝ) အရြယ္မွာ အႀကီးမားဆုံးအင္ပါယာတစ္ခုကုိ ခ်ဲ႕ထြင္ႏုိင္ခဲ့ၿပီး အုိင္အုိနီယန္ပင္လယ္ (Ionian Sea) မွ ဟိမဝႏၱာေတာင္တန္း (Himalayas) အထိ က်ယ္ျပန္႔ခဲ့ပါတယ္။ ဥေရာပတုိက္ေတာင္ပုိင္း ဂရိႏုိင္ငံ (Greece) မွာ အာရွတုိက္ အိႏၵိယႏုိင္ငံအေနာက္ေျမာက္ပုိင္းအထိ နယ္ပယ္ခ်ဲ႕ထြင္ႏုိင္ခဲ့ၿပီး တုိက္ပြဲတုိင္းမွာ ရႈံးနိမ့္ခဲ့ျခင္း မရွိေသာေၾကာင့္ အတုမရွိစစ္ေခါင္းေဆာင္အျဖစ္ ထင္ရွားခဲ့ပါတယ္။ ဒါေပမယ့္ ဘီစီ ၃၂၃ခုႏွစ္ အသက္ (၃၃) ႏွစ္မွာ နတ္ရြာစံခဲ့ပါတယ္။ သူဟာ အစားၾကဴးတဲ့ ဘုရင္တစ္ပါးျဖစ္ၿပီး ႏွစ္ရက္ဆက္တုိက္ မအိပ္ဘဲ စားေသာက္တဲ့အခါမွာ ဖ်ားနာၿပီး (၁ဝ) ရက္ၾကာတဲ့အခါ နတ္ရြာစံခဲ့ပါတယ္။

မဟာ အလက္ဇန္းဒါးဘုရင္ (Alexander the Great)
မဟာ အလက္ဇန္းဒါးဘုရင္ (Alexander the Great)

(၂) ဇက္ခရီ ေတလာ (Zachary Taylor)

အေမရိကန္ႏုိင္ငံရဲ႕ (၁၂) ေယာက္ေျမာက္ သမၼတႀကီး ဇက္ခရီ ေတလာ (Zachary Taylor) ကုိ ၁၉၈၄ခုႏွစ္ ႏုိဝင္ဘာလ (၂၄) ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ သူဟာ သမၼတမျဖစ္ခင္တုန္းက ဂုဏ္သတင္းေမႊးခဲ့တဲ့ စစ္ဗုိလ္ခ်ဳပ္ႀကီး (Major General) ျဖစ္ခဲ့ၿပီး မကၠဆီကုိစစ္ပြဲကုိ ေအာင္ႏုိင္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။ သူဟာ စစ္ေျမျပင္ေပၚမွာ သူရဲေကာင္းဗုိလ္ခ်ဳပ္အျဖစ္ မွတ္တမ္းတင္ခံရေပမယ့္ စားပြဲထုိင္သမၼတရာထူးမွာေတာ့ နာမည္မေကာင္းလွ။

ဇက္ခရီ ေတလာ (Zachary Taylor)
ဇက္ခရီ ေတလာ (Zachary Taylor)

၁၈၄၉ခုႏွစ္ မတ္လ (၄) ရက္ေန႔မွာ သမၼတျဖစ္ၿပီးမၾကာခင္ ၁၈၅ဝခုႏွစ္ ဇူလုိင္ (၅) ရက္ေန႔မွာပဲ ကြယ္လြန္ခဲ့ပါတယ္။ ဇူလုိင္လ (၄) ရက္ေန႔ က်င္းပတဲ့ အေမရိကန္ႏုိင္ငံ လြတ္လပ္ေရးေန႔ပြဲမွာ သမၼတႀကီးဟာ ႏုိ႔ေအးနဲ႔ ခ်ယ္ရီသီးေတြကုိ တဝႀကီး စားလုိက္တဲ့အတြက္ ညပုိင္းမွာ ဖ်ားနာၿပီး ေနာက္ေန႔မွာ ကြယ္လြန္သြားပါတယ္။ သမၼတသက္တမ္းဟာ တုိေတာင္းလွၿပီး အဆိပ္ခပ္ခံရတယ္လုိ႔ သံသယရွိေပမယ့္ ေနာက္ပုိင္းမွာ ရုပ္အေလာင္းကုိ ျပန္လည္တူးေဖာ္ၿပီး စစ္ေဆးၾကည့္တဲ့အခါမွာ အဆိပ္သင့္ေသဆုံးတာ မဟုတ္ေၾကာင္း ေကာက္ခ်က္ခ်ႏုိင္တဲ့အတြက္ ပထမဆုံးလုပ္ၾကံခံရတဲ့ အေမရိကန္သမၼတအျဖစ္ မွတ္တမ္းမဝင္ခဲ့ပါဘူး။ ပူျပင္းလွတဲ့ ရာသီဥတုမွာ အေအးစာေတြကုိ စားမိတဲ့အတြက္ အစာလမ္းေၾကာင္း ေရာင္ၿပီး ေသဆုံးတယ္လုိ႔ မွတ္တမ္းတင္ခဲ့ပါတယ္။

(၃) မုိးဇတ္ (Mozart)

ဂီတသမုိင္းမွာ ပါရဂူတစ္ဦးအျဖစ္ ထင္ရွားခဲ့တဲ့ ၾသစတီးယားႏုိင္ငံသား မုိးဇတ္ (Mozart) ဟာ အသက္မရွည္လွပါဘူး။ ေရွးစႏၵယားနဲ႔ တေယာတုိ႔ကုိ ကေလးဘဝတည္းက တီးခတ္ခဲ့ၿပီး (၅) ႏွစ္အရြယ္ကပဲ သီခ်င္းေရးသားခဲ့ရာ ကြယ္လြန္တဲ့အခ်ိန္ထိ သီခ်င္းေပါင္း (၆ဝဝ) ေက်ာ္ကုိ ေရးစပ္သီဆုိခဲ့ပါတယ္။ ၁၇၅၆ခုႏွစ္ ဇန္နဝါရီလ (၂၇) ရက္ေန႔မွာ ေမြးဖြားတဲ့ မုိးဇတ္ဟာ ၁၇၉၁ခုႏွစ္ ဒီဇင္ဘာလ (၅) ရက္ေန႔ (၃၅) ႏွစ္အရြယ္မွာ ကြယ္လြန္ခဲ့ပါတယ္။

မုိးဇတ္ (Mozart)
မုိးဇတ္ (Mozart)

သူဟာ ဂီတမွာ ကဝိတစ္ပါးျဖစ္သေလာက္ ဇနီးသည္ဟာ အိမ္ေထာင္ကိစၥမႏုိင္နင္းတဲ့အတြက္ စီးပြားေရးမေျပလည္လွေပ။ မိသားစုဝမ္းေရးအတြက္ သီခ်င္းေတြ ေရးသားေနတဲ့ မုိးဇတ္ဟာ က်န္းမာေရးလည္း ထိခုိက္လာခဲ့ပါတယ္။ သူဟာ မက်က္ေသးတဲ့ ဝက္သားျပားေတြကုိ စားသုံးမိတဲ့အတြက္ အူေရာင္ငန္းဖ်ားေရာဂါနဲ႔ ကြယ္လြန္ခဲ့ပါတယ္။

(၄) အေဒါ့ ဖရက္ဒရစ္ (Adolf Fredrik)

အေဒါ့ ဖရက္ဒရစ္ (Adolf Fredrik) ဟာ ဆီြဒင္ဘုရင္တစ္ပါးျဖစ္ၿပီး ၁၇၇၁ခုႏွစ္မွာ နတ္ရြာစံခဲ့ပါတယ္။ သူဟာ ၁၇၅၁ခုႏွစ္မွာ ဘုရင္ျဖစ္လာၿပီး ႏွစ္ (၂ဝ) နီးပါး အုပ္ခ်ဳပ္သြားပါတယ္။

အေဒါ့ ဖရက္ဒရစ္ (Adolf Fredrik)
အေဒါ့ ဖရက္ဒရစ္ (Adolf Fredrik)

အစားၾကဴးတဲ့ ဘုရင္တစ္ပါးျဖစ္ၿပီး ပြဲေတာ္တည္ေနတဲ့အခ်ိန္မွာ အေစခံ (၁၄) ေယာက္က အဆင္သင့္ေစာင့္ၾကည့္ရပါတယ္။ ဂဏန္း၊ ပုစြန္၊ ပင္လယ္ငါးသေလာက္နဲ႔ ရွိန္ပိန္ေတြကုိ အားရပါးရသုံးေဆာင္ၿပီး အစာအိမ္ေရာဂါနဲ႔ ကြယ္လြန္ခဲ့ပါတယ္။ တုိင္းေရးျပည္ေရးကုိ စိတ္မဝင္စားဘဲ အစားအေသာက္ၾကဴးတဲ့ မင္းဆုိးမင္းညံ့အျဖစ္ ထင္ရွားခဲ့ပါတယ္။

(၅) ပထမ ဟင္နရီဘုရင္ (Henry I of England)

ပထမ ဟင္နရီဘုရင္ (Henry I of England) ဟာ အဂၤလန္ႏုိင္ငံကုိ ၁၁ဝဝခုႏွစ္မွ ၁၁၃၅ခုႏွစ္အထိ အုပ္ခ်ဳပ္ခဲ့ပါတယ္။ ၁ဝ၆၈ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ သူဟာ အစားၾကဴးလွၿပီး ငါးလင္ပန္းေတြကုိ စားမိၿပီး နတ္ရြာစံခဲ့ပါတယ္။

ပထမ ဟင္နရီဘုရင္ (Henry I of England)
ပထမ ဟင္နရီဘုရင္ (Henry I of England)

နတ္ရြာစံတဲ့အခ်ိန္မွာ သက္ေတာ္ (၆၇) ႏွစ္ရွိေနပါၿပီ။ ကဲ . . . ဒီေလာက္ဆုိရင္ အစားမၾကဳးသင့္မွန္း သိေလာက္ပါၿပီေနာ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အစားကြူးပြီး ကွယ်လွန်ခဲ့ကြတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ

ဂေါတမဘုရားရှင် ပွင့်တော်မူတုန်းက ကောသလမင်းကြီးဟာ ဆန်တစ်အိတ်နဲ့ ဆိတ်တစ်ကောင်တောင် ပွဲတော်တည်ခဲ့တယ်လို့ သိရပါတယ်။ အစားအသောက်ဆိုတာ သင့်တင့်ရုံသုံးဆောင်မယ်ဆိုရင် ဆေးဝါးသဖွယ် ကျန်းမာရေးကို အကျိုးပြုပေမယ့် လွန်ကြူးသွားရင်တော့ ဘေးဒုက္ခရောက်တတ်ပါတယ်။ အခုဆောင်းပါးမှာတော့ သမိုင်းအဆက်ဆက်မှာ အစားကြူးပြီး ကွယ်လွန်သွားကြတဲ့ ပုဂ္ဂိုလ်တွေရဲ့အကြောင်းကို ဖော်ပြလိုက်ပါတယ်။

HUAWEI Nova 2i
HUAWEI Nova 2i

 HUAWEI Nova 2i အကြောင်း အသေးစိတ်သိရှိရန်

(၁) မဟာ အလက်ဇန်းဒါးဘုရင် (Alexander the Great)

ဘီစီ ၃၆၅ ခုနှစ်မှာ မွေးဖွားတဲ့ မဟာ အလက်ဇန်းဒါးဘုရင် (Alexander the Great) ဟာ (၃ဝ) အရွယ်မှာ အကြီးမားဆုံးအင်ပါယာတစ်ခုကို ချဲ့ထွင်နိုင်ခဲ့ပြီး အိုင်အိုနီယန်ပင်လယ် (Ionian Sea) မှ ဟိမဝန္တာတောင်တန်း (Himalayas) အထိ ကျယ်ပြန့်ခဲ့ပါတယ်။ ဥရောပတိုက်တောင်ပိုင်း ဂရိနိုင်ငံ (Greece) မှာ အာရှတိုက် အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းအထိ နယ်ပယ်ချဲ့ထွင်နိုင်ခဲ့ပြီး တိုက်ပွဲတိုင်းမှာ ရှုံးနိမ့်ခဲ့ခြင်း မရှိသောကြောင့် အတုမရှိစစ်ခေါင်းဆောင်အဖြစ် ထင်ရှားခဲ့ပါတယ်။ ဒါပေမယ့် ဘီစီ ၃၂၃ခုနှစ် အသက် (၃၃) နှစ်မှာ နတ်ရွာစံခဲ့ပါတယ်။ သူဟာ အစားကြူးတဲ့ ဘုရင်တစ်ပါးဖြစ်ပြီး နှစ်ရက်ဆက်တိုက် မအိပ်ဘဲ စားသောက်တဲ့အခါမှာ ဖျားနာပြီး (၁ဝ) ရက်ကြာတဲ့အခါ နတ်ရွာစံခဲ့ပါတယ်။

မဟာ အလက်ဇန်းဒါးဘုရင် (Alexander the Great)
မဟာ အလက်ဇန်းဒါးဘုရင် (Alexander the Great)

(၂) ဇက်ခရီ တေလာ (Zachary Taylor)

အမေရိကန်နိုင်ငံရဲ့ (၁၂) ယောက်မြောက် သမ္မတကြီး ဇက်ခရီ တေလာ (Zachary Taylor) ကို ၁၉၈၄ခုနှစ် နိုဝင်ဘာလ (၂၄) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ သမ္မတမဖြစ်ခင်တုန်းက ဂုဏ်သတင်းမွှေးခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး (Major General) ဖြစ်ခဲ့ပြီး မက္ကဆီကိုစစ်ပွဲကို အောင်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူဟာ စစ်မြေပြင်ပေါ်မှာ သူရဲကောင်းဗိုလ်ချုပ်အဖြစ် မှတ်တမ်းတင်ခံရပေမယ့် စားပွဲထိုင်သမ္မတရာထူးမှာတော့ နာမည်မကောင်းလှ။

ဇက်ခရီ တေလာ (Zachary Taylor)
ဇက်ခရီ တေလာ (Zachary Taylor)

၁၈၄၉ခုနှစ် မတ်လ (၄) ရက်နေ့မှာ သမ္မတဖြစ်ပြီးမကြာခင် ၁၈၅ဝခုနှစ် ဇူလိုင် (၅) ရက်နေ့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဇူလိုင်လ (၄) ရက်နေ့ ကျင်းပတဲ့ အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ပွဲမှာ သမ္မတကြီးဟာ နို့အေးနဲ့ ချယ်ရီသီးတွေကို တဝကြီး စားလိုက်တဲ့အတွက် ညပိုင်းမှာ ဖျားနာပြီး နောက်နေ့မှာ ကွယ်လွန်သွားပါတယ်။ သမ္မတသက်တမ်းဟာ တိုတောင်းလှပြီး အဆိပ်ခပ်ခံရတယ်လို့ သံသယရှိပေမယ့် နောက်ပိုင်းမှာ ရုပ်အလောင်းကို ပြန်လည်တူးဖော်ပြီး စစ်ဆေးကြည့်တဲ့အခါမှာ အဆိပ်သင့်သေဆုံးတာ မဟုတ်ကြောင်း ကောက်ချက်ချနိုင်တဲ့အတွက် ပထမဆုံးလုပ်ကြံခံရတဲ့ အမေရိကန်သမ္မတအဖြစ် မှတ်တမ်းမဝင်ခဲ့ပါဘူး။ ပူပြင်းလှတဲ့ ရာသီဥတုမှာ အအေးစာတွေကို စားမိတဲ့အတွက် အစာလမ်းကြောင်း ရောင်ပြီး သေဆုံးတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။

(၃) မိုးဇတ် (Mozart)

ဂီတသမိုင်းမှာ ပါရဂူတစ်ဦးအဖြစ် ထင်ရှားခဲ့တဲ့ သြစတီးယားနိုင်ငံသား မိုးဇတ် (Mozart) ဟာ အသက်မရှည်လှပါဘူး။ ရှေးစန္ဒယားနဲ့ တယောတို့ကို ကလေးဘဝတည်းက တီးခတ်ခဲ့ပြီး (၅) နှစ်အရွယ်ကပဲ သီချင်းရေးသားခဲ့ရာ ကွယ်လွန်တဲ့အချိန်ထိ သီချင်းပေါင်း (၆ဝဝ) ကျော်ကို ရေးစပ်သီဆိုခဲ့ပါတယ်။ ၁၇၅၆ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့မှာ မွေးဖွားတဲ့ မိုးဇတ်ဟာ ၁၇၉၁ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့ (၃၅) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

မိုးဇတ် (Mozart)
မိုးဇတ် (Mozart)

သူဟာ ဂီတမှာ ကဝိတစ်ပါးဖြစ်သလောက် ဇနီးသည်ဟာ အိမ်ထောင်ကိစ္စမနိုင်နင်းတဲ့အတွက် စီးပွားရေးမပြေလည်လှပေ။ မိသားစုဝမ်းရေးအတွက် သီချင်းတွေ ရေးသားနေတဲ့ မိုးဇတ်ဟာ ကျန်းမာရေးလည်း ထိခိုက်လာခဲ့ပါတယ်။ သူဟာ မကျက်သေးတဲ့ ဝက်သားပြားတွေကို စားသုံးမိတဲ့အတွက် အူရောင်ငန်းဖျားရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

(၄) အဒေါ့ ဖရက်ဒရစ် (Adolf Fredrik)

အဒေါ့ ဖရက်ဒရစ် (Adolf Fredrik) ဟာ ဆွီဒင်ဘုရင်တစ်ပါးဖြစ်ပြီး ၁၇၇၁ခုနှစ်မှာ နတ်ရွာစံခဲ့ပါတယ်။ သူဟာ ၁၇၅၁ခုနှစ်မှာ ဘုရင်ဖြစ်လာပြီး နှစ် (၂ဝ) နီးပါး အုပ်ချုပ်သွားပါတယ်။

အဒေါ့ ဖရက်ဒရစ် (Adolf Fredrik)
အဒေါ့ ဖရက်ဒရစ် (Adolf Fredrik)

အစားကြူးတဲ့ ဘုရင်တစ်ပါးဖြစ်ပြီး ပွဲတော်တည်နေတဲ့အချိန်မှာ အစေခံ (၁၄) ယောက်က အဆင်သင့်စောင့်ကြည့်ရပါတယ်။ ဂဏန်း၊ ပုစွန်၊ ပင်လယ်ငါးသလောက်နဲ့ ရှိန်ပိန်တွေကို အားရပါးရသုံးဆောင်ပြီး အစာအိမ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိုင်းရေးပြည်ရေးကို စိတ်မဝင်စားဘဲ အစားအသောက်ကြူးတဲ့ မင်းဆိုးမင်းညံ့အဖြစ် ထင်ရှားခဲ့ပါတယ်။

(၅) ပထမ ဟင်နရီဘုရင် (Henry I of England)

ပထမ ဟင်နရီဘုရင် (Henry I of England) ဟာ အင်္ဂလန်နိုင်ငံကို ၁၁ဝဝခုနှစ်မှ ၁၁၃၅ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။ ၁ဝ၆၈ခုနှစ်မှာ မွေးဖွားခဲ့တဲ့ သူဟာ အစားကြူးလှပြီး ငါးလင်ပန်းတွေကို စားမိပြီး နတ်ရွာစံခဲ့ပါတယ်။

ပထမ ဟင်နရီဘုရင် (Henry I of England)
ပထမ ဟင်နရီဘုရင် (Henry I of England)

နတ်ရွာစံတဲ့အချိန်မှာ သက်တော် (၆၇) နှစ်ရှိနေပါပြီ။ ကဲ . . . ဒီလောက်ဆိုရင် အစားမကြုးသင့်မှန်း သိလောက်ပါပြီနော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။