[Zawgyi]


















ကြည်သာ (Akhayar)

Photo Credit:ELLE

www.akhayar.com

 

[Unicode]

ကမ္ဘာကျော်နာမည်ကြီးများနဲ့ သူတို့ရဲ့အဖေတူသားများ

ဇွန်လ ၁၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အဖေများနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝှမ်းထင်ရှားကျော်ကြား သူတွေငယ်စဉ်အခါက ပုံတွေနဲ့ သူတို့ရဲ့သားဖြစ်သူတွေ ရုပ်ချင်းဆင်တာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကမ္ဘာကျော်နာမည်ကြီးသူတွေငယ်စဉ်က ပုံတွေကလည်း သူတို့ရဲ့သားတွေနဲ့ တော်တော်ကိုတူပါတယ်။

Prince Charles and Prince Harry

ဝေလမြို့စား ဖြစ်တဲ့ ချားလ်မင်းသား ငယ်စဉ်က ပုံနဲ့ သူ့ရဲ့သားအငယ်ဖြစ်တဲ့ ဟယ်ရီ တို့နှစ်ယောက်ဟာ ရုပ်ချင်းဆင်တာကို အခုလိုတွေ့မြင်ရပါတယ်။

Prince Charles and Prince William

ကိန်းဘရစ်မြို့စားဖြစ်သူ မင်းသားဝီလီယံ ကလးဘဝကပုံနဲ့ ဝီလီယံရဲ့သားဖြစ်သူမင်းသားချာလီ ရဲ့ လက်ရှိပုံကို တွေ့မြင်ရတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ငယ်စဉ်က ပုံ နှစ်ပုံဟာတော်တော်ဆင်ပါတယ်။

Will Smith and Jaden Smith

Jaden Smith ကို ၁၉၉၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာမွေးခဲ့တာဖြစ်လို့ အခုဆိုရင် အသက် ၁၉ နှစ်ရှိနေပါပြီ။ သူဟာငယ်ငယ်ကလေးတည်းက ဟောလီးဝုဒ်ရဲ့ ကလေးသရုပ်ဆောင်တစ်ဦးအနေနဲ့ နာမည်ကြီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်တစ်ဦးအပြင် Rapper အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

Clint Eastwood and Scott Eastwood

Scott Eastwood ကတော့ဟောလီးဝုဒ်နာမည်ကျော်ဒါရိုက်တာမင်းသားကြီး Clint Eastwood ရဲ့ သားဖြစ်ပါတယ်။ Scott Eastwood ကို ၁၉၈၆ခုနှစ် မတ်လ ၂၁ ရက်နေ့မှာမွေးခဲ့တဲ့ အတွက် အခုဆိုရင် အသက်၃၂ နှစ်ရှိနေပါပြီ။ သူကတော့ အမေရိကန်နိုင်ငံရဲ့ မော်ဒယ်တစ်ဦးဖြစ်သလို မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ သူ့အသက်အရွယ်မှာ မင်းသားကြီး Clint Eastwood ငယ်စဉ်က ပုံနဲ့တော်တော်တူတာကိုတွေ့ရတဲ့ အတွက်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

Kirk Douglas and Michael Douglas

ဟောလီးဝုဒ်ရဲ့နာမည်ကြီး မင်းသား ၊ ပရိုဂျူဆာ ကြီး Kirk Douglas နဲ့ Michael Douglas တို့သားအဖနှစ်ဦးပဲဖြစ်ပါတယ်။ Kirk Douglas မှာ ကလေး ၄ ယောက်ရှိပြီး Michael Douglas ကတော့ အကြီးဆုံးသားဖြစ်ပါတယ်။

Tom Hanks and Colin Hanks

Colin Hanks ကို ၁၉၇၇ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှာမွေးခဲ့တာဖြစ်လို့ အခုဆိုရင် အသက်၄၀ ရှိပါပြီ။ သူကတော့ဟောလီးဝုဒ်နာမည်ကျော် မင်းသားကြီး Tom Hanks ရဲ့သား အကြီးဆုံးဖြစ်ပါတယ်။ သူကတော့ မင်းသားတစ်ယောက်ဖြစ်ပြီး King Kong (2005 ) ၊ The House of Bunny(2008) နဲ့ The Great Buck Howard(2008) အစရှိတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Arnold Schwarzenegger and Patrick Schwarzenegger

Patrick Schwarzenegger ကိုတော့ ၁၉၉၃ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာမွေးဖွားခဲ့တဲ့ အတွက် အခုဆိုရင်တော့ သူ့အသက်ဟာ ၂၄ နှစ်ရှိနေပါပြီ။ အမေရိကန်နိုင်ငံရဲ့ မော်ဒယ်နဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်ပါတယ်။ Arnold Schwarzenegger နဲ့ Maria Shriver တို့ရဲ့ သားအကြီးဆုံးလည်း ဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:ELLE

www.akhayar.com