ဘောလုံးလောကမှာ ထင်ရှားခဲ့တဲ့ ညီအစ်ကို ကစားသမားများ

အားကစား ကဏ္ဍအသီးသီးမှာ အောင်မြင်ထင်ရှားခဲ့တဲ့ ညီအစ်ကိုတွေ၊ ညီအစ်အမတွေဆိုတာက အများကြီးပါ။ အခု ဖော်ပြချင်တာက ဘောလုံးလောက သမိုင်းတစ်လျှောက် ထင်ရှားခဲ့တဲ့ နာမည်ကြီး ညီအစ်ကို ကစားသမားတွေ အကြောင်းဖြစ်ပါတယ်။တချို့ကလည်း အစ်ကိုရော ညီပါ နာမည်ကြီးကြပေမယ့် တချို့ကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒါကြောင့် ဘောလုံးလောကမှာ လူသိများခဲ့တဲ့ ညီအစ်ကိုတွေ အကြောင်းကို ပရိသတ် တွေ သိရှိနိုင်အောင် ဖော်ပြပေးချင်ပါတယ် . . .

 

ဘော်ဘီချာလ်တန် Bobby Charlton နဲ့ ဂျက်ချာလ်တန် Jack Charlton

Bobby-Jack-Charlton

Bobby-Jack-Charlton

ဘောလုံးလောကမှာ အင်္ဂလန်နဲ့မန်ယူဂန္ထ၀င် ဘော်ဘီချာလ်တန်ကို လူသိများပေမယ့် ဂျက်ချာလ်တန်ကိုတော့ လူသိပ်မသိကြဘူး။ ဒါပေမဲ့ ဒီညီနောင်နှစ်ဦးက ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံ အင်္ဂလန်အသင်းရဲ့ သူရဲကောင်းတွေအဖြစ် ပါဝင်ခဲ့ကြတယ်။

မိုက်ကယ်လောဒရပ် Michael Laudrup နဲ့ ဘရိုင်ယန်လောဒရပ် Brian Laudrup

Michael-Brian-Laudrup

Michael-Brian-Laudrup

လောဒရပ်ညီနောင်ကတော့ ပရိသတ်တွေကို အထူး မိတ်ဆက်ပေးစရာ မလိုပါဘူး။ နှစ်ယောက်စလုံးဟာ ဘောလုံးသမားဘ၀မှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ကြတယ်။ မိုက်ကယ်လောဒရပ်အတွက် တစ်သက်တာ နောင်တရစရာတစ်ခုက ယူရို-၉၂ မှာ ဒိန်းမတ်ဗိုလ်စွဲတော့ အသင်းမှာ ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့တာပါပဲ။ အဲဒီအချိန်က ဒိန်းမတ်အသင်းဟာ ပြည်တွင်းစစ်ကြောင့် ပြိုင်ပွဲက အထုတ်ခံခဲ့ရတဲ့ ယူဂိုဆလားဗီးယားအသင်းရဲ့ နေရာမှာ အစားထိုး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မိုက်ကယ်လောဒရပ်က ဒီပြိုင်ပွဲမှာ ဒိန်းမတ် ဗိုလ်စွဲဖို့ ရာနှုန်းနည်းပါးတယ်လို့ ယူဆခဲ့လို့ အသင်းနဲ့အတူ မပါဝင်ခဲ့ဘဲ အပန်းဖြေအားလပ်ရက် သွားခဲ့တာဖြစ်ပါတယ်။

ဖရန့်ဒီဘိုးဝါး Frank De Boer နဲ့ ရော်နယ်လ်ဒီဘိုးဝါး Ronald De Boer

Frank-Ronald-De-Boer

Frank-Ronald-De-Boer

ဒီဘိုးဝါး ညီနောင်ကလည်း လောဒရပ်ညီနောင်နဲ့ ခေတ်ပြိုင်ပါပဲ။ ၁၉၉၀ ကျော်ကနေ ၂၀၀၀ အစောပိုင်း ကာလတွေမှာ ဒီဘိုးဝါးညီအစ်ကိုက နယ်သာလန်အသင်းရဲ့ အထင်ကရ ကစားသမားတွေထဲမှာ အပါအ၀င်ဖြစ်ခဲ့တယ်။ သူတို့နှစ်ဦးက ကလပ်အသင်းအတော်များများမှာ အတူတွဲကစားခဲ့ဖူးပြီး ဆုဖလားတွေ ရယူနိုင်ခဲ့ပေမယ့် နိုင်ငံအသင်းအတွက်တော့ အောင်ြမင်မှု ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ဂယ်ရီနဗီးလ် Gary Neville နဲ့ ဖီးလ်နဗီးလ် Phil Neville

Gary-Phil-Neville

Gary-Phil-Neville

ဘောလုံးလောကရဲ့ ထင်ရှားတဲ့ ညီနောင်တွေထဲမှာ ဂယ်ရီနဲ့ဖီးလ်နဗီးလ်တို့ ညီအစ်ကိုတွေကလည်း မပါမဖြစ်ပါဘဲ။ ဆာ အဲလက်စ်ဖာဂူဆန် Sir Alex Ferguson ခေတ်မှာ မန်ယူအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ဖလားတွေ ရယူခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဖြစ်ခဲ့တယ်။

ရော်နယ်လ်ကိုးမန်း Ronaldo Koeman နဲ့ အာဝင်ကိုးမန်း Erwin Koeman

Ronald-Erwin-Koeman

Ronald-Erwin-Koeman

ရော်နယ်လ်ကိုးမန်းကို ပရိသတ်တွေ သိပြီးသားဖြစ်ပေမယ့် အာဝင်ကိုးမန်းကတော့ သူ့ညီလောက် သိပ် မထင်ရှားခဲ့ဘူး။ ဒါပေမဲ့နှစ်ဦးစလုံးဟာ နယ်သာလန်အသင်းနဲ့အတူ ယူရို-၈၈ ချန်ပီယံဆုရယူခဲ့ပြီး နယ်သာလန် ဘောလုံးလောကရဲ့ ဂန္ထ၀င်တွေအဖြစ် သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။

ဖိလစ်ပိုအင်ဇာဂီ Filippo Inzaghi နဲ့ ဆီမြွန်နီအင်ဇာဂီ Simone Inzaghi

Filippo-Simone-Inzaghi

Filippo-Simone-Inzaghi

တစ်ချိန်က အီတလီဘောလုံးလောကမှာ အင်ဇာဂီ ညီနောင်ဆိုပြီး ထင်ရှားခဲ့သူတွေပါ။ ကစားသမားဘ၀တုန်းက ဂျူဗင်တပ်စ်တိုက်စစ်မှူး ဖိလစ်ပိုနဲ့ လာဇီယိုတိုက်စစ်မှူး ဆီမြွန်နီတို့ဟာ ကွင်းထဲမှာ ပြိုင်ဘက်တွေဖြစ်ခဲ့ကြတယ်။ အခုလည်း ဖိလစ်ပိုအင်ဇာဂီက လာဇီယို၊ ဆီမြွန်နီအင်ဇာဂီက ဘိုလော့ဂ်နာအသင်း နည်းပြတွေအဖြစ် ဆောင်ရွက်နေတာကြောင့် နည်းပြဘ၀မှာလည်း ပြိုင်ဘက်တွေဖြစ်နေဆဲပါပဲ။

 

ဒီ ညီနောင်တွေကတော့ ဘောလုံးလောကမှာ ထင်ရှားခဲ့တဲ့ ညီအစ်ကိုတွေထဲက ရွေးထုတ်ထားတဲ့ သူတွေပါ။ သူတို့လို ထင်ရှားတဲ့ ညီအစ်ကိုတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ လက်ရှိ ဘောလုံးလောကမှာလည်း ဟာဇက် Hazard တို့ ညီအစ်ကိုလို နာမည်ကျော်တွေ ရှိနေဆဲပါ။ ပရိသတ်တွေလည်း ကိုယ် ကြိုက်နှစ်သက်တဲ့ ဘောလုံးညီနောင်တွေက ဘယ်သူလဲဆိုတာ ပြောခဲ့ပေးပါလား . . .

ဘောလုံးလောကရဲ့ နာမည်ကြီး ညီအစ်ကိုများ

Sócrates & Raí (ဘရာဇီးလ်)
Giuseppe & Franco Baresi (အီတလီ)
Gabriel & Diego Milito (အာဂျင်တီးနား)
Yaya & Kolo Toure (အိုင်ဗရီကို့စ်)
Paolo & Fabio Cannavaro (အီတလီ)
Jerome & Kevin-Prince Boateng (ဂျာမနီ/ဂါနာ)
Rafael & Fabio da Silva (ဘရာဇီးလ်)
Lars & Sven Bender (ဂျာမနီ)
Rafael & Thiago Alcantara (စပိန်)
Andre & Jordan Ayew (ဂါနာ)
Anton & Rio Ferdinand (အင်္ဂလန်)
Jonathan & Giovani Dos Santos (မက္ကဆီကို)
Mikel & Xabi Alonso (စပိန်)
Hamit & Halil Altintop (တူရကီ)

REF:mirror
Photo:Pinterest,mirror
Naiing Linn(Akhayar)
www.akhayar.com