[Zawgyi]
Kendall Jenner
Hilary Duff
Cindy Crawford
Nick Jonas
Amanda Seyfried
ကြည်သာ (Akhayar)
Photo Credit:ELLE
www.akhayar.com
[Unicode]
သာမန်လူတွေလိုပေါ့ပေါ့ပါးပါးပုံစံနဲ့ တွေ့ရတဲ့ နာမည်ကြီးအနုပညာရှင်များ
တကယ်ကို နာမည်ကြီးကြတဲ့ဆယ်လီတွေဟာလည်း သာမန်လူတွေပဲပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါး နေထိုင်ကြတဲ့ အချိန်တွေရှိကြပါတယ်။ သူတို့တွေအားကစားလုပ်ရင်း လှုပ်ရှားသွားလာနေတဲ့ ပုံတချို့ ကိုပရိသတ်တွေ အတွက်ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီအထဲမှာ ပရိသတ်ချစ်တဲ့ အနုပညာရှင် ဘယ်နှစ်ယောက်ပါမလဲ ပြီးတော့ သူတို့ရဲ့ပေါ့ပေါ့ပါးပါး ပုံစံလေးတွေကဘယ်လိုများဖြစ်နေမလဲ ဆိုတာကို ကြည့်လိုက်ပါဦးနော်။
Kendall Jenner
အခုတွေ့ရတာကတော့ Kendall Jenner ပဲဖြစ်ပါတယ်။ သူမရဲ့ပုံမှန်ပေါ့ပေ့ါပါးပါးဝတ်ဆင်ထားတဲ့ ပုံစံနဲ့ တောင်တက်ရင်း အားကစားလုပ်နေတာဖြစ်ပါတယ်။ ဒီပုံ ကတော့ ၂၀၁၅ ခုနှစ်ဧပြီလ၊ Los Angeles မှာ တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
Hilary Duff
Hilary Duff ကဆိုရင် ခွေးကိုချစ်တတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို တောင်တက်ရတာကိုလည်း နှစ်သက်သူဖြစ်ပါတယ်။ သူမနဲ့အတူတွေ့ရတဲ့ခွေးလေးကတော့ Dubois ဖြစ်ပြီး ဒီပုံထဲကနေရာကတော့ ၂၀၁၃ ခုနှစ် ၊ California မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။
Cindy Crawford
Cindy Crawford ဟာ တောင်တက်ဖို့အတွက်သူမရဲ့သားနဲ့အတူတူတွေ့ရတဲ့ ပုံဖြစ်ပါတယ်။ ဒီပုံကတော့ ၁၉၉၉ခုနှစ်လောက်အောက်တိုဘာလ ကပုံဖြစ်ပါတယ်။ အခုလိုလမ်းလျှောက်ရင်းတောင်တက်တာကလည်း ရင်သားကင်ဆာဖြစ်ပွားမှုတွေကို လျော့ချနိုင်ရန်အတွက် စိတ်ဓါတ်ခွန်အားရရှိအောင်လို့ ပြလုပ်တဲ့ ပွဲမှာတွေ့ရတာလည်း ဖြစ်ပါတယ်။
Taylor Swift and Gigi Hadid
Taylor Swift နဲ့ Gigi Hadid တို့နှစ်ယောက်ကိုလည်း ပေါ့ပေါ့ပါးပါး ပုံစံလေးနဲ့တွေ့ရတာရှားတဲ့ အတွက် ဖော်ပြလိုက်တာဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ ဆယ်ကျော်သက်အရွယ် နာမည်ကြီးဆယ်လီတွေဖြစ်ကြပေမယ့်လည်း ကျန်းမာရေးလိုက်စားရင်း လမ်းလျှောက်နေတဲ့ ပုံကိုအခုလိုတွေ့ရပါတယ်။ ဒီပုံကတော့ ၂၀၁၅ ခုနှစ် မေလ က ပုံဖြစ်ပါတယ်။
Nick Jonas
Nick Jonas ကတော့ အနက်ရောင်ဝမ်းဆက်နဲ့အားကစားလုပ်ဖို့တွေ့ရတဲ့ ပုံဖြစ်ပါတယ်။ ဒီပုံကတော့ ၂၀၁၇ ခုနှစ်ကပုံဖြစ်ပါတယ်။
Vanessa Hudgens and Austin Butler
သူတို့ အတွဲ အတူတူတောင်တက်ဖို့အတွက် ပြင်ဆင်နေတဲ့ ပုံကို Los Angeles မှာ ၂၀၁၄ ခုနှစ်ဇွန်လ ကတွေ့ခဲ့ရတာဖြစ်ပါတယ်။
Amanda Seyfried
Amanda Seyfride ကိုတော့ သူမရဲ့သူငယ်ချင်းဖြစ်တဲ့ ခွေးနဲ့အတူတူ အားကစားလုပ်ဖို့လမ်းလျှောက်နေတဲ့ပုံ ကိုတွေ့ရတာဖြစ်ပါတယ်။ ဒီပုံကတော့ ၂၀၁၄ ခုနှစ်အောက်တိုဘာလကပုံ ဖြစ်ပါတယ်။
ပရိသတ်ကြီးချစ်တဲ့ ဆယ်လီတွေရဲ့ အားကစားကို ချစ်ပြီးသွေးလေလည်ပတ်မှုကောင်းအောင်နေထိုင်ကြတဲ့ ပုံတချို့ပဲဖြစ်ပါတယ်။ မိတ်ကပ်မလိမ်း အလှတွေပြင်မထားကြဘဲ အပြင်အဆင်မရှိတဲ့ သူတို့ရဲ့ပေါ့ပေါ့ပါးပါး ပုံတွေကိုကြည့်လိုက်တော့လည်း သာမန်လူတွေလိုပါပဲ။
ကြည်သာ (Akhayar)
Photo Credit:ELLE
www.akhayar.com