အခုခေတ်က Bubble Tea ခေတ်လို့ ပြောလို့ရအောင်ကို Trend အရမ်းဖြစ်နေတာ Bubble Tea ပါပဲ။ Bubble Tea ဆို မကြိုက်တဲ့သူက တော်တော်ရှားရှားရယ်။

ကော်ဖီတွေ အချိုရည်တွေ နား၊ သောက်လို့လည်းကောင်း အမြင်လေးလည်းဆန်းနေတဲ့ Bubble Tea တွေက ရန်ကုန်မြို့မှာ ဆိုင်တွေတဖြည်းဖြည်း များလာနေပါပြီ။

ကောင်လေးတွေလည်း ကိုယ့်ကောင်မလေးကို “Bubble Tea ဝယ်တိုက်မယ်ဟေ့” ဆိုပြီးပြောကြည့်လိုက် ကောင်မလေး က မဟားတရားတွေ ပျော်သွားမှာ မြင်ယောင်တယ်နော်။

ဘာလို့ဆို Bubble Tea မကြိုက်တဲ့ မိန်းကလေးတွေက ရှိတော့ရှိတယ် ရှားမယ်ထင်တယ်ဗျ။ ဒါကြောင့် ရန်ကုန်မှာ အလွယ်တကူဝယ်လို့ရနိုင်ပေမယ့် ကိုယ့်ချစ်သူအကြိုက် ကိုယ်အကြိုက်တွေ တူညီဖို့က နည်းနည်းခက်မယ် ထင်ပါတယ်။

ဒါကြောင့် ရန်ကုန်မြို့မှာရှိတဲ့ လူကြိုက်အများဆုံး Bubble Tea ဆိုင်တွေရဲ့စာရင်းတွေနဲ့ Admin ရဲ့အမြင်လေးတွေကို ဒီပိုစ့်မှာ ပြောပြပေးမှာ။

Cha Thai

Cha Thai ရဲ့ အရသာက တခြား Bubble Tea တွေထက် နည်းနည်းလေးပိုပြီးအကျရည် အရသာများပါမယ်။ အခုနောက်ပိုင်း Normal Ice နဲ့ Normal Sugar ကိုတောင်မှ အရသာပေါ့ပြီး အရည်ကျဲတယ်လို့ ခံစားမိတယ်။ Cha Thai ရဲ့ထူးခြားချက်က Size တစ်မျိုးထဲကို ၂,၈၀၀ ကျပ်နဲ့ရောင်းပေးနေတာပါပဲ။ Size ကလည်း အကြီးဆိုတော့ ခဏလေးနဲ့ ကုန်ကုန်သွားတတ်တဲ့ Bubble Tea သရဲလေးတွေအတွက်တော့ အဆင်ပြေမှာပါ။

Sugar တို့၊ ရေခဲတို့ကို ကိုယ်လိုသလောက် ပြောပြီးထည့်ခိုင်းလို့ရပါတယ်။ Cha Thai ရဲ့ Packaging က တခြားဆိုင်တွေနဲ့ မတူတာက ပလက်စတစ်ခွက်အမာသားနဲ့ လုပ်ထားလို့ အိမ်မှာ Recycle ပြန်လုပ်လို့ရတယ်ဆိုတာရော သိကြရဲ့လား။ အိမ်မှာ သောက်ရေခွက်မျိုးပြန်သုံးတာဖြစ်ဖြစ်၊ အအေးခွက်ပဲ ဖြစ်ဖြစ် ပြန်လုပ်လို့ရသေးတယ်။ ဒါမှမဟုတ် အပင်စိုက်တဲ့ အိုးလေးတွေအနေနဲ့လည်း သုံးလို့ရသေးတယ်။ Bubble Tea လေးသောက် Recycle လုပ်ရင်း ကမ္ဘာကြီးကို ကယ်တင်ကြရအောင်။

Cha Thai ရဲ့ ကိုယ်သိသလောက်ဆိုင်ခွဲလေးတွေ ကတော့ –
Shop (1) – 3rd Floor Myanmar Plaza
Shop (2) – 2nd Floor Junction Square
Shop (3) – Ocean Ground Floor City Mall (St. John)
Shop (4) – Ground Floor, Building C, Pearl Condo
Shop (5) – No.150, Sanchaung Street, Myaynigone
Shop (6) – 4th Floor Junction City
Shop (7) – U Htun Lin Chan Street, Hleldan
Shop (8) – Feel 115 Mile

Gong Cha

Gong Cha ကတော့ အရသာက အနေတော်ပေမယ့် အရည်တော်တော်လေးကို ကျဲလာပါတယ်။ တစ်ခါတစ်လေ Bubble မရတာမျိုးတွေ မာနေတာမျိုးတွေလည်း Admin ကြုံဖူးတယ်။ အကြံပြုချင်တာကတော့ ရေခဲကိုလျှော့ထည့်ခိုင်းပေါ့။ ကျဲတောက်ကြီးဆို သောက်မကောင်းဘူးလေနော်။ သူက အချိုသိပ်မကြိုက်သူတွေ၊ ကျန်းမာရေးကြောင့် အချိုရှောင်သူတွေအတွက်တော့ တော်တော်လေးအဆင်ပြေနိုင်ပါတယ်။ သကြားပမာဏကို လိုသလောက်ပြောပြီး ထည့်ခိုင်းပါနော်။

Gong Cha မှာ Bubble Tea တွေကို Size သုံးမျိုးနဲ့လုပ်ပေးထားတယ်။ Small Size ကတော့ ၂,၀၀၀ ဝန်းကျင် လောက်ရှိပြီးတော့၊ Large Size တွေကတော့ ၅,၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။ ဒါကြောင့် တခြား Bubble Tea ကိုသောက်နေကျကနေ Gong Cha ကို ပြောင်းသောက်မယ်ဆိုရင်တော့။ Small Size နဲ့စမ်းသောက်ကြည့်ပါနော်။ နောက်တစ်ခု ပြောစရာရှိတာက သူ့ရဲ့ခွက်က တစ်ခါသုံး ပလတ်စတစ် အပျော့သားမို့ လမ်းသွားရင်းသောက်ရင် သတိထားပါ။ မှောက်ကျ ဖိတ်ကျတာတွေ ဖြစ်ပြီး တိုင်ပတ်နေလိမ့်မယ်။ အပေါ်က အဖုံးကိုလည်း ပလတ်စတစ်အပူပေးပြီး ကပ်ပိတ်ထားတာဆိုတော့ ပိုက်ဖောက်ထားတဲ့ နေရာကနေလည်း Bubble Tea တွေဖိတ်ကျနိုင်ပါတယ်။

Gong Cha  က ဖွင်ထားတဲ့ ကိုယ်သိသလောက်ဆိုင်ခွဲတွေကတော့ –

Shop (1) – Dagon Center 2, Myaynigone
Shop (2) – Secret Garden, Junction Square
Shop (3) – Alan Pya Pagoda Road. Ground Floor, Opposite of Park Royal Hotel
Shop (4) – Level 3, Myanmar Plaza Center
Shop (5) – Terminal (1), between Gate (7) & (8), Near Arrival Gate, Yangon International Airport
Shop (6) – Hledan Center
Shop (7) – Level-1, Junction Mawtin
Shop (8) – Terminal 3, Yangon International Airport တို့ပဲဖြစ်ပါတယ်။

KOI The’

Myanmar Plaza နဲ့ Junction City က အလန်းစား Bubble Tea ဆိုင်လေး။ KOI The’ ရဲ့ထူးခြားချက်ကတော့ Bubble လေးတွေက ရွှေရောင်လေး ဖြစ်နေတာပါပဲ။ ဒီက Bubble လေးတွေက တွေ့နေကျ Bubble တွေထပ်ေတာ့ သေးတယ်။ အရသာကတော့ ချိုချိုလေးမို့ အချိုကြိုက်တဲ့သူတွေအတွက် Ok လောက်တယ်။ KOI The’ ရဲ့ထူးခြားတဲ့ နောက်တစ်ချက် ကတော့ သကြားပမာဏကို Percentage နဲ့ ထည့်ခိုင်းလို့ရလို့ အချိုက ကိုယ်လိုသလောက် အတိအကျ ထည့်နိုင်တာပေါ့။

Packaging အနေနဲ့ကတော့ အပေါ်က Gong Cha လိုပဲ ပလတ်စတစ်အပျော့သားလေးနဲ့ ပိတ်ထား လို့ လမ်းသွားရင်း သောက်ရင် တိုင်တွေပတ်နိုင်ပါတယ်။ Medium Size နဲ့ Large Size ဆိုပြီး နှစ်မျိုးလာပါတယ်။ Medium Size ကတော့ ၂,၀၀၀ ဝန်းကျင်လောက်ရှိပြီးတော့ Large Size ကတော့ ၃,၀၀၀/၃,၅၀၀ ဝန်းကျင်လောက်ရှိပါတယ်။

Chapayom

Chapayom ဆိုတာ ခုနောက်ပိုင်းခေတ်စားနေတဲ့ ဆိုင်လေး။ ဖွင့်ထားတာသိပ်မကြာသေးပေမယ့် ဆိုင်ခွဲတွေဖွင့် လာနိုင်နေပြီ။ ဈေးကတော့ ကိုယ်သောက်ဖူးသမျှတွေထဲ အသက်သာဆုံးလို့ပြောလို့ရတဲ့ဆိုင်မျိုး။ ခွက်အကြီးနဲ့ ဖျော်ပေး ထားတာတောင် တစ်ခွက်မှ ၁,၅၀၀ ပဲရှိတော့ ရုံးသမား၊ ကျောင်းသမားတွေအတွက် သောက်ပျော်တယ်။ အရသာကလည်း မိုက်နေတာကတော့ ပြောနေစရာကို မလိုတော့ဘူး။ Packaging ကတော့ နည်းနည်းသိပ် အဆင်မပြေသေးဘူး။ အပေါ်ကအဖုံးက အလုံးပုံဆိုတော့ ခွက်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့အခါမျိုးမှာ အခက်တွေ့နိုင်တယ်။ ဒီဆိုင်လေး ကလည်း သကြားပမာဏကို Percentage နဲ့ရွေးထည့်လို့ရတယ်။ Chapayom က ခဏခဏ Discount တွေ Promotion တွေလုပ်ပေးနေတယ် လို့တော့ကြားတယ်။

ကိုယ်သိတဲ့ Chapayom ဆိုင်ခွဲလေးတွေက
Shop(1)-Junction Mawtin
Shop(2)-Yay Kyaw Market
Shop(3)-Capital Hypermarket

Cheese O’ Tea

Cheese O’ Tea ရဲ့ Bubble Tea က အရမ်းကြီး ချိုနေတာမျိုးမဟုတ်ဘဲ အနေတော်လောက်ပဲ။ အရမ်းကြီးလည်းမကျဲတော့ သောက်လို့ကောင်းတယ်။ သကြားညိုအရသာမျိုးလေးတွေထည့်ပေးထားတော့ ပုံမှန်သောက်နေကျ Bubble Tea အရသာတွေနဲ့ အနည်းငယ်ကွဲလွဲနိုင်လို့ တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်းတူချင်မှ တူနိုင်ပါလိမ့်မယ်နော်။ Packaging က တော်တော်လေးမိုက်တယ်။ ခွက်လေးက အပျော့ပေမယ့် အဖုံးလေးမှာ မော့သောက်လို့ရတဲ့ အပေါက်လေးရော ပိုက်ထည့်ပြီး Bubble သောက်လို့ရတဲ့ ပုံစံလေးပါ၊ နှစ်ခုလုံးလုပ်ထားပေးထားတာလေး တော်တော်သဘောကျတယ်။

Cheese O’ Tea ကိုတော့ နဝဒေးလမ်း၊ ဒဂုံ(၁) ကျောင်းရှေ့ မှာရနိုင်ပါတယ်။ အခုဆို City Mall မှာ ဆိုင်ခွဲထပ်ဖွင့်ထားတယ်လို့ ကြားပါတယ်နော်။

ဒီဆိုင်လေးတွေက Admin လမ်းကြုံတိုင်းသောက်ဖြစ်နေတဲ့ ဆိုင်လေးတွေမို့ ကိုယ်ကြိုက်တတ်တဲ့ ဆိုင်လေးတွေမှာ ဝင်သောက်ကြည့်နော်။ သောက်ဖူးပြီးရင်လည်း ကိုယ်ရခဲ့တဲ့ အတွေ့အကြုံလေးတွေ ပြန်လည်ဝေမျှပေးခဲ့ဦးနော်။

ချစ်သော
Lwin Moe Htyke ( Akhayar )