[Zawgyi]

ႏူးကမ့္ဆုိတာက ဆမ္ဘာေတးသြားေတြ ခ်ိဳၿမိန္စြာ အၿမဲတမ္းလြင့္ပ်ံေနတဲ့ေနရာ

ဘာစီလုိနာအသင္းဆုိတာ ဘရာဇီးလ္ကစားသမားေတြအတြက္ ေအာင္ေျမတစ္ခုလုိ႔ ဆုိရမလား။ ႏူးကမ့္ေျမကုိ ေျခခ်ခဲ့ဖူးတဲ့ ဘရာဇီးလ္ကစားသမား အေတာ္မ်ားမ်ားက ဘာစီလုိနာအသင္းရဲ႕ ဂႏၳ၀င္စာရင္းထဲမွာ ထည့္သြင္းေဖာ္ျပခံခဲ့ရတဲ့အထိကုိ စြမ္းေဆာင္ႏုိင္ခဲ့ၾကတယ္။ ဒါေပမဲ့ ျခြင္းခ်က္အေနနဲ႔ Hit မျဖစ္ဘဲ Miss ျဖစ္ခဲ့တဲ့ ကစားသမားတခ်ိဳ႕ေတာ့ ရွိေကာင္းရွိတာေပ့ါ။ အခုေနာက္ပုိင္းႏွစ္ေတြမွာ ဘာစီလုိနာအသင္းက ဘရာဇီးလ္ကစားသမားေတြ ပုိၿပီး ေခၚယူလာတာကုိ ပရိသတ္ေတြ သတိျပဳမိမယ္။

Arthur

Arthur

ဒီေႏြရာသီမွာဆုိရင္ အာသာ Arthur ၊ မဲလ္ကြန္ Malcom တို႔ကုိ ေခၚယူခဲ့သလုိ ၿပီးခဲ့တဲ့ရာသီကလည္း မာလြန္ဆန္းတို႔စ္ Marlon Santos ၊ ေပၚလင္ဟုိ Paulinho ၊ ေကာ္တင္ဟုိ Coutinho စတဲ့ကစားသမားေတြက ႏူးကမ္းေျမကုိ စတင္ ေျခခ်ခဲ့တယ္။

Malcon

Malcon

သမုိင္းေၾကာင္းအရေျပာရရင္ေတာ့ ဒီေန႔အခ်ိန္အထိ ဘာစီလုိနာအသင္းမွာ ဘရာဇီးလ္ကစားသမား (၃၅)ဦးအထိ ကစားခဲ့/ကစားေနၾကၿပီး အခုေနာက္ဆုံး ဘာစီလုိနာအသင္းရဲ႕ တပ္ဖဲြ႕၀င္သစ္ေတြျဖစ္တဲ့ ဆမ္ဘာေတြကေတာ့ အာသာ၊ မဲလ္ကြန္တို႔ပါပဲ။ သူတို႔မတိုင္ခင္ ဘာစီလုိနာအသင္းနဲ႔အတူ ေအာင္ျမင္မႈေတြရယူခဲ့ၾကတဲ့ ဆမ္ဘာ ေနာင္ေတာ္ႀကီးေတြအေၾကာင္းကုိ ဗဟုသုတအေနနဲ႔ ေဖာ္ျပခ်င္ပါတယ္။ ဟုိးအရင္တုန္းကေတာ့ ႏူးကမ့္ေျမက ဆမ္ဘာေတြအတြက္ မဟုတ္ခဲ့ဘူး။

Romario

Romario

၁၉၃၀ ကေန ၁၉၉၀ ခုႏွစ္ေလာက္အထိ ဆမ္ဘာေတးသြားေတြက သိပ္ မခ်ိဳၿမိန္ခဲ့ပါဘူး။ ဘရာဇီးလ္ကစားသမားေတြရဲ႕ အခန္းက႑ကုိ စတင္ ျမႇင့္တင္ေပးခဲ့တာက ဘရာဇီးလ္ဂႏၳ၀င္တိုက္စစ္မွဴးႀကီး ႐ုိမာရီယုိ Romario ပါပဲ။ ၁၉၉၃ ကေန ၁၉၉၅ အထိကစားခဲ့ၿပီး အဲဒီကာလအတြင္း ဘရာဇီးလ္အသင္းနဲ႔ ကမၻာ႔ဖလားခ်န္ပီယံျဖစ္ခဲ့သလုိ ဘာစီလုိနာအသင္းအတြက္ (၈၂)ပဲြကစား၊ (၅၃)ဂုိးသြင္းခဲ့တ့ဲအျပင္ လာလီဂါခ်န္ပီယံဆု ဆြတ္ခူးခဲ့တယ္။ ဘရာဇီးလ္ေတြရဲ႕ ေရႊေရာင္ကာလကုိ အနားထပ္ကြန္႔ေပးတာက ေရာ္နယ္လ္ဒုိ Ronaldo ပါ။

Ronaldo

Ronaldo

၁၉၉၆-၉၇ တစ္ရာသီသာ ကစားခဲ့ရေပမယ့္ ေရာ္နယ္လ္ဒုိရဲ႕သြင္းဂုိးေတြ၊ ပဥၥလက္ဆန္တဲ့ကစားဟန္ေတြက အခုအခ်ိန္အထိ ေျပာစမွတ္ျဖစ္ေနဆဲပဲ။ ေနာက္တစ္ေယာက္က ရီဗယ္လ္ဒုိ Rivaldo ။ ဟာသဆန္ဆန္ေျပာရရင္ေတာ့ Rနဲ႔စတဲ့ ကစားသမား ေတြက ဘာစီလုိနာအသင္းမွာ ဘရာဇီးလ္ေတြရဲ႕ ေခတ္သစ္တစ္ခုကုိ စတင္ခဲ့တယ္လုိ႔ ဆုိရမယ္။

Ronaldinho messi-and-Etoo

Ronaldinho messi-and-Etoo

ဘာျဖစ္လုိ႔လဲေတာ့ ေရာ္နယ္လ္ဒင္ဟုိ Ronaldinho ေခတ္မွာ ဘာစီလုိနာအတြက္ အျမင့္ဆုံးေအာင္ျမင္မႈေတြ ဆုပ္ကုိင္ႏုိင္ခဲ့ၿပီး သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ ရီးယဲလ္ကုိ ေနာက္ေကာက္ခ်ႏုိင္ခဲ့လုိ႔ပဲ။ ေရာ္နယ္လ္ဒင္ဟုိေလာက္ Hit မျဖစ္ေပမယ့္ ဘယ္လက္တီ Belletti ၊ ဆယ္လ္ဗင္ဟုိ Sylvinho ၊ အက္ဒ္မီလ္ဆင္ Edmilson တို႔ကလည္း ဘာစီလုိနာရဲ႕ေအာင္ျမင္မႈမွာ ေဒါက္တိုင္ေတြအျဖစ္ ပါ၀င္ခဲ့ၾကတယ္။

Neymar

Neymar

ေနာက္ထပ္ ဆမ္ဘာေတြျဖစ္ၾကတဲ့ ဒန္နီအဲလ္ဗတ္စ္ Dani Alves ၊ မက္ဇ္၀ဲလ္ Maxwell တို႔အျပင္ အခု PSG ကစားသမား ေနမာ Neymar တို႔ေခတ္အထိ ႏူးကမ့္ကြင္းမွာ ဆမ္ဘာေတးသံေတြက ဖုံးလႊမ္းထားခဲ့တယ္။ အခုေနာက္ပုိင္းႏွစ္ေတြမွာ ဘာစီလုိနာအသင္း ဥေရာပေအာင္ျမင္မႈနဲ႔ နည္းနည္းအလွမ္းေ၀းေနေပမယ့္ ေပၚလင္ဟုိ Paulinho ၊ ေကာ္တင္ဟုိ Coutinho တို႔ကလည္း ျပည္တြင္းေအာင္ျမင္မႈေတြအတြက္ အဓိက အခန္းက႑မွာ ပါ၀င္ခဲ့တယ္။

Coutinho

Coutinho

အခုအခ်ိန္မွာ ဘာစီလုိနာအသင္းက ဆမ္ဘာမ်ိဳးဆက္သစ္ေတြျဖစ္တဲ့ မဲလ္ကြန္၊ အာသာ၊ မာလြန္ဆန္းတို႔စ္ တို႔လုိ ကစားသမားေတြနဲ႔ ေနာက္ထပ္ ေခတ္သစ္တစ္ခုကုိ တည္ေဆာက္ဖုိ႔ ေျခလွမ္းျပင္ေနၿပီ။ ေရွ႕က ေနာင္ေတာ္ႀကီးေတြ ရယူခဲ့တဲ့ ေအာင္ျမင္မႈမ်ိဳး အခု မ်ိဳးဆက္သစ္ေတြလက္ထက္မွာ ျပန္လည္ရယူႏုိင္မလားဆုိတာကေတာ့ . . . .

REF:Daily Mail
Photo:Youtube,AFP,AS,Ekow Asmah Sports,Eurosport
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နူးကမ့်ဆိုတာက ဆမ်ဘာတေးသွားတွေ ချိုမြိန်စွာ အမြဲတမ်းလွင့်ပျံနေတဲ့နေရာ

ဘာစီလိုနာအသင်းဆိုတာ ဘရာဇီးလ်ကစားသမားတွေအတွက် အောင်မြေတစ်ခုလို့ ဆိုရမလား။ နူးကမ့်မြေကို ခြေချခဲ့ဖူးတဲ့ ဘရာဇီးလ်ကစားသမား အတော်များများက ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်စာရင်းထဲမှာ ထည့်သွင်းဖော်ပြခံခဲ့ရတဲ့အထိကို စွမ်းဆောင်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ခြွင်းချက်အနေနဲ့ Hit မဖြစ်ဘဲ Miss ဖြစ်ခဲ့တဲ့ ကစားသမားတချို့တော့ ရှိကောင်းရှိတာပေ့ါ။ အခုနောက်ပိုင်းနှစ်တွေမှာ ဘာစီလိုနာအသင်းက ဘရာဇီးလ်ကစားသမားတွေ ပိုပြီး ခေါ်ယူလာတာကို ပရိသတ်တွေ သတိပြုမိမယ်။

Arthur

Arthur

ဒီနွေရာသီမှာဆိုရင် အာသာ Arthur ၊ မဲလ်ကွန် Malcom တို့ကို ခေါ်ယူခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း မာလွန်ဆန်းတို့စ် Marlon Santos ၊ ပေါ်လင်ဟို Paulinho ၊ ကော်တင်ဟို Coutinho စတဲ့ကစားသမားတွေက နူးကမ်းမြေကို စတင် ခြေချခဲ့တယ်။

Malcon

Malcon

သမိုင်းကြောင်းအရပြောရရင်တော့ ဒီနေ့အချိန်အထိ ဘာစီလိုနာအသင်းမှာ ဘရာဇီးလ်ကစားသမား (၃၅)ဦးအထိ ကစားခဲ့/ကစားနေကြပြီး အခုနောက်ဆုံး ဘာစီလိုနာအသင်းရဲ့ တပ်ဖွဲ့ဝင်သစ်တွေဖြစ်တဲ့ ဆမ်ဘာတွေကတော့ အာသာ၊ မဲလ်ကွန်တို့ပါပဲ။ သူတို့မတိုင်ခင် ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတွေရယူခဲ့ကြတဲ့ ဆမ်ဘာ နောင်တော်ကြီးတွေအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြချင်ပါတယ်။ ဟိုးအရင်တုန်းကတော့ နူးကမ့်မြေက ဆမ်ဘာတွေအတွက် မဟုတ်ခဲ့ဘူး။

Romario

Romario

၁၉၃၀ ကနေ ၁၉၉၀ ခုနှစ်လောက်အထိ ဆမ်ဘာတေးသွားတွေက သိပ် မချိုမြိန်ခဲ့ပါဘူး။ ဘရာဇီးလ်ကစားသမားတွေရဲ့ အခန်းကဏ္ဍကို စတင် မြှင့်တင်ပေးခဲ့တာက ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူးကြီး ရိုမာရီယို Romario ပါပဲ။ ၁၉၉၃ ကနေ ၁၉၉၅ အထိကစားခဲ့ပြီး အဲဒီကာလအတွင်း ဘရာဇီးလ်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သလို ဘာစီလိုနာအသင်းအတွက် (၈၂)ပွဲကစား၊ (၅၃)ဂိုးသွင်းခဲ့တဲ့အပြင် လာလီဂါချန်ပီယံဆု ဆွတ်ခူးခဲ့တယ်။ ဘရာဇီးလ်တွေရဲ့ ရွှေရောင်ကာလကို အနားထပ်ကွန့်ပေးတာက ရော်နယ်လ်ဒို Ronaldo ပါ။

Ronaldo

Ronaldo

၁၉၉၆-၉၇ တစ်ရာသီသာ ကစားခဲ့ရပေမယ့် ရော်နယ်လ်ဒိုရဲ့သွင်းဂိုးတွေ၊ ပဉ္စလက်ဆန်တဲ့ကစားဟန်တွေက အခုအချိန်အထိ ပြောစမှတ်ဖြစ်နေဆဲပဲ။ နောက်တစ်ယောက်က ရီဗယ်လ်ဒို Rivaldo ။ ဟာသဆန်ဆန်ပြောရရင်တော့ Rနဲ့စတဲ့ ကစားသမား တွေက ဘာစီလိုနာအသင်းမှာ ဘရာဇီးလ်တွေရဲ့ ခေတ်သစ်တစ်ခုကို စတင်ခဲ့တယ်လို့ ဆိုရမယ်။

Ronaldinho messi-and-Etoo

Ronaldinho messi-and-Etoo

ဘာဖြစ်လို့လဲတော့ ရော်နယ်လ်ဒင်ဟို Ronaldinho ခေတ်မှာ ဘာစီလိုနာအတွက် အမြင့်ဆုံးအောင်မြင်မှုတွေ ဆုပ်ကိုင်နိုင်ခဲ့ပြီး သူတို့ရဲ့အဓိကပြိုင်ဘက် ရီးယဲလ်ကို နောက်ကောက်ချနိုင်ခဲ့လို့ပဲ။ ရော်နယ်လ်ဒင်ဟိုလောက် Hit မဖြစ်ပေမယ့် ဘယ်လက်တီ Belletti ၊ ဆယ်လ်ဗင်ဟို Sylvinho ၊ အက်ဒ်မီလ်ဆင် Edmilson တို့ကလည်း ဘာစီလိုနာရဲ့အောင်မြင်မှုမှာ ဒေါက်တိုင်တွေအဖြစ် ပါဝင်ခဲ့ကြတယ်။

Neymar

Neymar

နောက်ထပ် ဆမ်ဘာတွေဖြစ်ကြတဲ့ ဒန်နီအဲလ်ဗတ်စ် Dani Alves ၊ မက်ဇ်ဝဲလ် Maxwell တို့အပြင် အခု PSG ကစားသမား နေမာ Neymar တို့ခေတ်အထိ နူးကမ့်ကွင်းမှာ ဆမ်ဘာတေးသံတွေက ဖုံးလွှမ်းထားခဲ့တယ်။ အခုနောက်ပိုင်းနှစ်တွေမှာ ဘာစီလိုနာအသင်း ဥရောပအောင်မြင်မှုနဲ့ နည်းနည်းအလှမ်းဝေးနေပေမယ့် ပေါ်လင်ဟို Paulinho ၊ ကော်တင်ဟို Coutinho တို့ကလည်း ပြည်တွင်းအောင်မြင်မှုတွေအတွက် အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်။

Coutinho

Coutinho

အခုအချိန်မှာ ဘာစီလိုနာအသင်းက ဆမ်ဘာမျိုးဆက်သစ်တွေဖြစ်တဲ့ မဲလ်ကွန်၊ အာသာ၊ မာလွန်ဆန်းတို့စ် တို့လို ကစားသမားတွေနဲ့ နောက်ထပ် ခေတ်သစ်တစ်ခုကို တည်ဆောက်ဖို့ ခြေလှမ်းပြင်နေပြီ။ ရှေ့က နောင်တော်ကြီးတွေ ရယူခဲ့တဲ့ အောင်မြင်မှုမျိုး အခု မျိုးဆက်သစ်တွေလက်ထက်မှာ ပြန်လည်ရယူနိုင်မလားဆိုတာကတော့ . . . .

REF:Daily Mail
Photo:Youtube,AFP,AS,Ekow Asmah Sports,Eurosport
Naing Linn(Akhayar)
www.akhayar.com