[Zawgyi]







Stella(Akhayar)

www.Akhayar.com 

[Unicode]

လူမှုကွန်ရက်မှာ ရေပန်းစားနေပြန်တဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်များ

အဝတ်အစားဝတ်ဆင်မှုအပိုင်းမှာ အမြဲတမ်းလိုလို ခေတ်ရှေ့ပြေးနေတတ်ပြီး Sexy ကျတဲ့အလှတရားကို ပိုင်ဆိုင်ထားသူဆိုရင်တော့ သင်ဇာဝင့်ကျော်ကိုပဲ ပြေးမြင်မိမှာပါ။ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင်တဲ့ သင်ဇာဝင့်ကျော်ဟာ သြဂုတ်လ(၂)ရက်နေ့က ရန်ကုန်၊ ကျိုက်ဝိုင်းမသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာ မှာ စားသောက်ဖွယ်ရာတွေ ထောက်ပံ့လှုဒါန်းထားတာဖြစ်ပါတယ်။

ကုသိုလ်ရေးမှာလည်း လက်မနှေးတဲ့ သင်ဇာရဲ့ ပရဟိတလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။ပန်းဆီရောင်ဝတ်စုံလေးကို ရိုးရိုးရှင်းရှင်းလေး ဝတ်ဆင်ထားတဲ့ သူမကို အချို့သောပရိသတ်တွေကတော့ ဝေဖန်တိုက်ခိုက်ထားကြပေမယ့် သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်အရေအတွက်က ပိုများနေတာပါ။


အနုပညာလောကမှာနေရာတစ်နေရာအခိုင်အမာရရှိထားတဲ့ သူမရဲ့ ချစ်စရာကောင်းတဲ့အလှပုံရိပ်တွေကတော့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်။

Photos Credit – Thinzar Wint Kyaw facebook

Stella(Akhayar)

www.Akhayar.com