[Zawgyi]

ဘယ္အခ်က္ေတြေၾကာင့္ မ်က္ကြင္းညိဳေနရေသးတာလဲ

သခြားသီးေတြကပ္လည္း မ်က္ကြင္းညိဳေနတုန္း၊ အိပ္ေရး၀၀ အိပ္လည္း မ်က္ကြင္းညိဳေနတုန္း၊ ဘယ္ေလာက္ပဲ Eye Cream သံုးသံုး မထူးျခားဘဲ မ်က္ကြင္းညိဳေနတုန္း ျဖစ္ေနဆဲပဲလား။ တကယ္ေတာ့ မ်က္ကြင္းညိဳတယ္ဆုိတာ မ်ိဳးရိုးဗီဇေၾကာင့္လည္း ျဖစ္တတ္သလို တစ္ခါတေလမွာ ကုိယ္လုပ္ေလ့ရွိတဲ့ အခ်က္ေလးေတြကလည္း မ်က္ကြင္းညိဳဖို႔ အေၾကာင္းဖန္လာေစပါတယ္။ အထူးသျဖင့္ ေအာက္မွာ ေျပာျပထားတဲ့ အခ်က္ေတြက မ်က္ကြင္းညိဳျခင္းကို ျဖစ္ေပၚေစတဲ့အခ်က္ေတြပါ။

Dark Circle under eyes

Dark Circle under eyes

၁ – Concealer ေရြးခ်ယ္မႈမွားယြင္းတာ

တစ္ခါတေလမွာ Concealer  ေရြးခ်ယ္တဲ့အခ်ိန္ မ်က္ကြင္းညိဳတာကို ဖံုးကြယ္ဖို႔ ကိုယ့္အသားအေရနဲ႔ အေရာင္ တအားကြာတဲ့ Shade ကို ေရြးခ်ယ္မိတတ္ၾကပါတယ္။ ဒီလို ေရြးခ်ယ္မႈမွားယြင္းတာက မ်က္ကြင္းညိဳတာကို ပိုသိသာေစသလို Concealer ကို ခပ္ထူထူ လိမ္းတာကလည္း  ပိုဆိုးရြားေစပါတယ္။ Concealer သံုးမယ္ဆိုရင္ ကိုယ္လိမ္းမယ့္ Foundation ထက္ တစ္ဆင့္ သုိ႔မဟုတ္ ႏွစ္ဆင့္ေဖ်ာ့တဲ့  Shade ကုိ ေရြးခ်ယ္သင့္သလို အ၀ါေဖာက္တဲ့ Shade ေတြက အသားအေရာင္ကို ပိုၿပီး လင္းေစပါတယ္။

၂ – Eye Cream အမ်ားအျပားသံုးတာ

မ်က္ကြင္းညိဳတာကို ေလ်ာ့ပါးသြားေစဖို႔ တစ္ခါတေလမွာ Eye Cream ေတြ သံုးရတတ္ပါတယ္။ ဒါေပမယ့္ Eye Cream ဆုိတာ သံုးတုိင္းေကာင္းမြန္တယ္လို႔ေတာ့ မဟုတ္ပါဘူး။ သံုးတဲ့ နည္းစနစ္မွန္မွန္နဲ႔ လံုေလာက္သင့္တင့္တဲ့ ပမာဏကို လိမ္းဖို႔ လိုအပ္ပါတယ္။ ကိုယ္နဲ႔ သင့္ေတာ္တဲ့ ပမာဏကို ယူၿပီး မ်က္လံုးေအာက္နားတစ္၀ုိက္ကို အသာအယာစိမ့္၀င္ေအာင္ လက္ေခ်ာင္းေလးေတြနဲ႔ ပုတ္လိမ္းေပးရင္ အေကာင္းဆံုးျဖစ္ပါတယ္။

Dark Circle under eyes

၃- မ်က္လံုးနားတစ္၀ိုက္က မိတ္ကပ္ေတြကုိေသခ်ာမဖ်က္တာ

တစ္ခါတစ္ရံမွာ မ်က္နွာက မိတ္ကပ္ေတြကို ဖ်က္ေပမယ့္ က်န္ခဲ့တဲ့ မိတ္ကပ္အၾကြင္းအက်န္ေတြကလည္း မ်က္ကြင္းညိဳတာကို ျဖစ္ေပၚေစတတ္ပါတယ္။ မိတ္ကပ္ဖ်က္မယ္ဆုိရင္ သံလြင္ဆီ၊ အုန္းဆီ သို႔မဟုတ္ ေသခ်ာေျပာင္စင္ေအာင္ ဖ်က္ႏုိင္မယ့္ Makeup Remover ကို သံုးေပးပါ။ ဒါ့အျပင္ မ်က္ႏွာအေရးအေၾကာင္းေတြ မထင္ေအာင္ ခပ္ဖြဖြအသာအယာဖ်က္ေပးဖို႔ လိုအပ္ပါတယ္။

Dark Circle under eyes

Dark Circle under eyes

၄- Eyeshadow အေရာင္ေရြးခ်ယ္မႈ မွားယြင္းတာ

တခ်ဳိ႕ေတြက မ်က္ကြင္းညိဳလို႔ Eyeshadow ကို အေရာင္မိႈင္းမႈိင္းရင့္ရင့္၊ အနက္ေရာင္၊ မီးခိုးေရာင္စတာေတြ ျခယ္ေလ့ရွိပါတယ္။ တကယ္ေတာ့ အဲလိုအေရာင္ေတြက မ်က္လံုးကို ပိုမိႈင္းသြားေစၿပီးေတာ့ မ်က္တြင္းပိုနက္သြားေစတာပါ။ တကယ္ေတာ့ ကိုယ္က မ်က္ကြင္းညိဳတယ္၊ မ်က္တြင္းက်တယ္ဆိုရင္ အလင္းေဖာက္တဲ့ အေရာင္ေလးေတြ သံုးတာအေကာင္းဆံုးျဖစ္ပါတယ္။

Su Yi Htet (Akhayar)

[Unicode]

ဘယ်အချက်တွေကြောင့် မျက်ကွင်းညိုနေရသေးတာလဲ

သခွားသီးတွေကပ်လည်း မျက်ကွင်းညိုနေတုန်း၊ အိပ်ရေး၀၀ အိပ်လည်း မျက်ကွင်းညိုနေတုန်း၊ ဘယ်လောက်ပဲ Eye Cream သုံးသုံး မထူးခြားဘဲ မျက်ကွင်းညိုနေတုန်း ဖြစ်နေဆဲပဲလား။ တကယ်တော့ မျက်ကွင်းညိုတယ်ဆိုတာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်သလို တစ်ခါတလေမှာ ကိုယ်လုပ်လေ့ရှိတဲ့ အချက်လေးတွေကလည်း မျက်ကွင်းညိုဖို့ အကြောင်းဖန်လာစေပါတယ်။ အထူးသဖြင့် အောက်မှာ ပြောပြထားတဲ့ အချက်တွေက မျက်ကွင်းညိုခြင်းကို ဖြစ်ပေါ်စေတဲ့အချက်တွေပါ။

Dark Circle under eyes

Dark Circle under eyes

၁ – Concealer ရွေးချယ်မှုမှားယွင်းတာ

တစ်ခါတလေမှာ Concealer ရွေးချယ်တဲ့အချိန် မျက်ကွင်းညိုတာကို ဖုံးကွယ်ဖို့ ကိုယ့်အသားအရေနဲ့ အရောင် တအားကွာတဲ့ Shade ကို ရွေးချယ်မိတတ်ကြပါတယ်။ ဒီလို ရွေးချယ်မှုမှားယွင်းတာက မျက်ကွင်းညိုတာကို ပိုသိသာစေသလို Concealer ကို ခပ်ထူထူ လိမ်းတာကလည်း ပိုဆိုးရွားစေပါတယ်။ Concealer သုံးမယ်ဆိုရင် ကိုယ်လိမ်းမယ့် Foundation ထက် တစ်ဆင့် သို့မဟုတ် နှစ်ဆင့်ဖျော့တဲ့ Shade ကို ရွေးချယ်သင့်သလို အဝါဖောက်တဲ့ Shade တွေက အသားအရောင်ကို ပိုပြီး လင်းစေပါတယ်။

၂ – Eye Cream အများအပြားသုံးတာ

မျက်ကွင်းညိုတာကို လျော့ပါးသွားစေဖို့ တစ်ခါတလေမှာ Eye Cream တွေ သုံးရတတ်ပါတယ်။ ဒါပေမယ့် Eye Cream ဆိုတာ သုံးတိုင်းကောင်းမွန်တယ်လို့တော့ မဟုတ်ပါဘူး။ သုံးတဲ့ နည်းစနစ်မှန်မှန်နဲ့ လုံလောက်သင့်တင့်တဲ့ ပမာဏကို လိမ်းဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့ ပမာဏကို ယူပြီး မျက်လုံးအောက်နားတစ်ဝိုက်ကို အသာအယာစိမ့်ဝင်အောင် လက်ချောင်းလေးတွေနဲ့ ပုတ်လိမ်းပေးရင် အကောင်းဆုံးဖြစ်ပါတယ်။

Dark Circle under eyes

၃- မျက်လုံးနားတစ်ဝိုက်က မိတ်ကပ်တွေကိုသေချာမဖျက်တာ

တစ်ခါတစ်ရံမှာ မျက်နှာက မိတ်ကပ်တွေကို ဖျက်ပေမယ့် ကျန်ခဲ့တဲ့ မိတ်ကပ်အကြွင်းအကျန်တွေကလည်း မျက်ကွင်းညိုတာကို ဖြစ်ပေါ်စေတတ်ပါတယ်။ မိတ်ကပ်ဖျက်မယ်ဆိုရင် သံလွင်ဆီ၊ အုန်းဆီ သို့မဟုတ် သေချာပြောင်စင်အောင် ဖျက်နိုင်မယ့် Makeup Remover ကို သုံးပေးပါ။ ဒါ့အပြင် မျက်နှာအရေးအကြောင်းတွေ မထင်အောင် ခပ်ဖွဖွအသာအယာဖျက်ပေးဖို့ လိုအပ်ပါတယ်။

Dark Circle under eyes

Dark Circle under eyes

၄- Eyeshadow အရောင်ရွေးချယ်မှု မှားယွင်းတာ

တချို့တွေက မျက်ကွင်းညိုလို့ Eyeshadow ကို အရောင်မှိုင်းမှိုင်းရင့်ရင့်၊ အနက်ရောင်၊ မီးခိုးရောင်စတာတွေ ခြယ်လေ့ရှိပါတယ်။ တကယ်တော့ အဲလိုအရောင်တွေက မျက်လုံးကို ပိုမှိုင်းသွားစေပြီးတော့ မျက်တွင်းပိုနက်သွားစေတာပါ။ တကယ်တော့ ကိုယ်က မျက်ကွင်းညိုတယ်၊ မျက်တွင်းကျတယ်ဆိုရင် အလင်းဖောက်တဲ့ အရောင်လေးတွေ သုံးတာအကောင်းဆုံးဖြစ်ပါတယ်။

Su Yi Htet (Akhayar)