This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

႐ုရွား-စပိန္တို႔ကစားမယ့္ ႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြနဲ႔ပတ္သက္တဲ့ မွတ္တမ္းမ်ား

၂၀၁၈ ကမၻာ႔ဖလား႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြအျဖစ္ အိမ္ရွင္႐ုရွားနဲ႔ စပိန္အသင္းတို႔ဟာ ည ၈း၃၀ မွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ အဲဒီပဲြစဥ္နဲ႔ပတ္သက္တဲ့ မွတ္တမ္း ထူးျခားခ်က္ေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . .

Spain-Football-Team

Spain-Football-Team

ဒဏ္ရာနဲ႔ ပဲြပယ္ျပႆနာ
႐ုရွားအသင္းရဲ႕ ၀ါရင့္ကြင္းလယ္လူ ဇာဂုိယက္ Dzagoev ဟာ တံေကာက္ေၾကာဒဏ္ရာကေန ျပန္လည္သက္သာလာၿပီျဖစ္လုိ႔ အသင္းနဲ႔အတူပူးေပါင္းႏုိင္ၿပီျဖစ္ပါတယ္။ ဒါေပမဲ့ ဥ႐ုေဂြးနဲ႔ပဲြတုန္းက အနီကတ္ျပသခံခဲ့ရတဲ့ ညာေနာက္ခံလူ စေမာ္နီေကာ့ဗ္ Smolnikov ကေတာ့ ပဲြပယ္ျပစ္ဒဏ္ေၾကာင့္ စပိန္နဲ႔ပဲြကုိ လဲြေခ်ာ္မွာျဖစ္ၿပီး သူ႔ေနရာမွာ မာရီယုိဖာနန္ဒက္ဇ္ Mario Fernandes ပါ၀င္လာဖုိ႔ရွိပါတယ္။ ေနာက္ၿပီး အဓိက ကစားသမားေတြျဖစ္တဲ့ ဂုိလုိဗင္ Golovin ၊ စမုိေလာ့ဗ္ Smolo ၊ ဂါဇင္စကီး Gazinsky တို႔ဟာ အ၀ါကတ္တစ္ႀကိမ္စီ ျပသခံခဲ့ရၿပီးျဖစ္တာေၾကာင့္ ပဲြပယ္ျပစ္ဒဏ္မခံရဖုိ႔ အခုပဲြမွာ အ၀ါကတ္မထိေအာင္ သတိထားကစားရမွာပါ။ စပိန္အသင္းမွာေတာ့ ဒဏ္ရာျပႆနာမရွိပါဘူး။ ပုံမွန္လက္စြမ္းမရွိလုိ႔ ေ၀ဖန္ခံေနရတဲ့ ဂုိးသမားဒီဂီယာ De Gea ပဲြထြက္ကစားသမားအျဖစ္ ဆက္လက္ပါ၀င္လာဖုိ႔ရွိေနၿပီး နည္းျပဟီယာ႐ုိ Hierro က ေဒးဗစ္ေဆးလ္ဗား David Silva ရဲ႕ ေနရာမွာ ရီးယဲလ္လူငယ္တိုက္စစ္ကစားသမား အဆန္စီယုိ Asensio ကုိ ပဲြထြက္အသုံးျပဳဖုိ႔ ရွိေနတယ္။

Russia-Football-Team

Russia-Football-Team

မွတ္တမ္းမ်ား
– စပိန္အသင္းဟာ ႐ုရွားနဲ႔ ေနာက္ဆုံးဆုံေတြ႕ခဲ့တဲ့ (၃)ပဲြမွာ (၁၀)ဂုိး(ယူ႐ုိ-၂၀၀၈ ႏွစ္ပဲြမွာ ၇ ဂုိး၊ ၂၀၁၇ ေျခစမ္းပဲြမွာ ၃ ဂုိး)အထိ သြင္းယူခဲ့တယ္။
– ေနာက္ဆုံး(၂၃)ပဲြမွာ စပိန္အသင္း လုံး၀႐ႈံးပဲြမရွိဘဲ လက္ရွိကမၻာ႔ဖလားၿပိဳင္ပဲြ၀င္အသင္းေတြထဲမွာ မွတ္တမ္းအေကာင္းဆုံးအျဖစ္ ရပ္တည္ေနတယ္။ စပိန္အသင္း ေနာက္ဆုံး႐ႈံးပဲြေတြခဲ့တာက ယူ႐ုိ-၂၀၁၆ ႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြျဖစ္ၿပီး အီတလီကုိ (၀-၂)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တာပါ။
– ဆုိဗီယက္ကေန ခဲြထြက္ၿပီးေနာက္ပုိင္း ႐ုရွားအသင္း ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပထမဆုံး ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ခဲ့တာျဖစ္တယ္။ ယူ႐ုိ-၂၀၀၈ ၿပိဳင္ပဲြတုန္းကလည္း ဆီမီးဖုိင္နယ္ကုိ ပထမဆုံးအႀကိမ္တက္ေရာက္ခဲ့ေပမယ့္ စပိန္ကုိ ႐ႈံးနိမ့္ခဲ့ပါတယ္။
– ဥ႐ုေဂြးနဲ႔ပဲြမွာ ဂုိးေပါက္ကန္သြင္းမႈ (၃)ႀကိမ္သာ ျပဳလုပ္ခဲ့တဲ့ ႐ုရွားအသင္း ၁၉၉၄ ေနာက္ပုိင္း ဂုိးေပါက္ကန္သြင္းမႈ အနည္းဆုံး အိမ္ရွင္အသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ ၁၉၉၄ တုန္းက အိမ္ရွင္အေမရိကန္အသင္းဟာ ဘရာဇီးလ္နဲ႔ပဲြမွာ ဂုိးေပါက္ကန္သြင္းခ်က္ (၃)ႀကိမ္သာရွိခဲ့ပါတယ္။

REF:Sky Sports
Photo:The Independent,Goner News
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရုရှား-စပိန်တို့ကစားမယ့် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲနဲ့ပတ်သက်တဲ့ မှတ်တမ်းများ

၂၀၁၈ ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်ပွဲအဖြစ် အိမ်ရှင်ရုရှားနဲ့ စပိန်အသင်းတို့ဟာ ည ၈း၃၀ မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အဲဒီပွဲစဉ်နဲ့ပတ်သက်တဲ့ မှတ်တမ်း ထူးခြားချက်တွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . .

Spain-Football-Team

Spain-Football-Team

ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာ
ရုရှားအသင်းရဲ့ ဝါရင့်ကွင်းလယ်လူ ဇာဂိုယက် Dzagoev ဟာ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ အသင်းနဲ့အတူပူးပေါင်းနိုင်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဥရုဂွေးနဲ့ပွဲတုန်းက အနီကတ်ပြသခံခဲ့ရတဲ့ ညာနောက်ခံလူ စမော်နီကော့ဗ် Smolnikov ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် စပိန်နဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး သူ့နေရာမှာ မာရီယိုဖာနန်ဒက်ဇ် Mario Fernandes ပါဝင်လာဖို့ရှိပါတယ်။ နောက်ပြီး အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုလိုဗင် Golovin ၊ စမိုလော့ဗ် Smolo ၊ ဂါဇင်စကီး Gazinsky တို့ဟာ အဝါကတ်တစ်ကြိမ်စီ ပြသခံခဲ့ရပြီးဖြစ်တာကြောင့် ပွဲပယ်ပြစ်ဒဏ်မခံရဖို့ အခုပွဲမှာ အဝါကတ်မထိအောင် သတိထားကစားရမှာပါ။ စပိန်အသင်းမှာတော့ ဒဏ်ရာပြဿနာမရှိပါဘူး။ ပုံမှန်လက်စွမ်းမရှိလို့ ဝေဖန်ခံနေရတဲ့ ဂိုးသမားဒီဂီယာ De Gea ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ပါဝင်လာဖို့ရှိနေပြီး နည်းပြဟီယာရို Hierro က ဒေးဗစ်ဆေးလ်ဗား David Silva ရဲ့ နေရာမှာ ရီးယဲလ်လူငယ်တိုက်စစ်ကစားသမား အဆန်စီယို Asensio ကို ပွဲထွက်အသုံးပြုဖို့ ရှိနေတယ်။

Russia-Football-Team

Russia-Football-Team

မှတ်တမ်းများ
– စပိန်အသင်းဟာ ရုရှားနဲ့ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ (၃)ပွဲမှာ (၁၀)ဂိုး(ယူရို-၂၀၀၈ နှစ်ပွဲမှာ ၇ ဂိုး၊ ၂၀၁၇ ခြေစမ်းပွဲမှာ ၃ ဂိုး)အထိ သွင်းယူခဲ့တယ်။
– နောက်ဆုံး(၂၃)ပွဲမှာ စပိန်အသင်း လုံးဝရှုံးပွဲမရှိဘဲ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေထဲမှာ မှတ်တမ်းအကောင်းဆုံးအဖြစ် ရပ်တည်နေတယ်။ စပိန်အသင်း နောက်ဆုံးရှုံးပွဲတွေခဲ့တာက ယူရို-၂၀၁၆ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲဖြစ်ပြီး အီတလီကို (ဝ-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
– ဆိုဗီယက်ကနေ ခွဲထွက်ပြီးနောက်ပိုင်း ရုရှားအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့တာဖြစ်တယ်။ ယူရို-၂၀၀၈ ပြိုင်ပွဲတုန်းကလည်း ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့ပေမယ့် စပိန်ကို ရှုံးနိမ့်ခဲ့ပါတယ်။
– ဥရုဂွေးနဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု (၃)ကြိမ်သာ ပြုလုပ်ခဲ့တဲ့ ရုရှားအသင်း ၁၉၉၄ နောက်ပိုင်း ဂိုးပေါက်ကန်သွင်းမှု အနည်းဆုံး အိမ်ရှင်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ၁၉၉၄ တုန်းက အိမ်ရှင်အမေရိကန်အသင်းဟာ ဘရာဇီးလ်နဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းချက် (၃)ကြိမ်သာရှိခဲ့ပါတယ်။

REF:Sky Sports
Photo:The Independent,Goner News
Naing Linn(Akhayar)
www.akhayar.com