[Zawgyi]

မန္ယူ-စပါးပဲြနဲ႔ ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

ဖိအားေတြ ရင္ဆုိင္ေနရတဲ့ မန္ယူအသင္းဟာ အုိးလ္ထရက္ဖုိ႔ဒ္မွာ စပါးအသင္းနဲ႔ ရင္ဆုိင္ရေတာ့မွာျဖစ္ပါတယ္။ ဒီပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္၊ ဘယ္သူေတြ ဒဏ္ရာျပႆနာရွိေနလဲဆုိတာနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . . .

Alli-against-Phil-Jones

Alli-against-Phil-Jones

ဒဏ္ရာျပႆနာ
ဒူးဒဏ္ရာရွိေနတဲ့ စပါးအသင္းကြင္းလယ္လူ ၀မ္ယာမာ Wanyama ဟာ အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ေပမယ့္ မန္ယူနဲ႔ပဲြမွာ ပါ၀င္ႏုိင္ဖုိ႔ မရွိေသးပါဘူး။ တျခား အဓိက ကစားသမားေတြကေတာ့ ဒဏ္ရာျပႆနာမရွိဘဲ တိုက္စစ္မွဴး ယန္ဆင္ Janssen (ေျခဖ၀ါး)၊ ဟြန္ဖြိဳက္သ္ Juan Foyth (ေပါင္ၿခံ)တို႔သာ ဒဏ္ရာနဲ႔ ရင္ဆုိင္ေနရပါတယ္။ ေတာင္ကုိရီးယားအသင္းနဲ႔အတူ အာရွအားကစားပဲြ ဆင္ႏဲႊေနတဲ့ ဆြန္ေဟာင္မင္ Son Heung-Min ကေတာ့ ဒီပဲြကုိ လဲြေခ်ာ္မွာပါ။ ေနာက္ၿပီး အရက္မူးကားေမာင္းခဲ့လုိ႔ ေ၀ဖန္ခံေနရတဲ့ ဂုိးသမား လုိရစ္ Lloris လည္း ပါ၀င္ဖုိ႔ မေသခ်ာပါဘူး။ မန္ယူအသင္းမွာေတာ့ မာတစ္ Matic ၊ ဗလင္စီယာ Valencia ၊ အလက္ဆစ္ဆန္းခ်က္ဇ္ Alexis Sanchez တို႔ အားလုံး အသင္းနဲ႔ ေလ့က်င့္ခန္းဆင္းေနပါၿပီ။ ႐ုိဟုိ Rojo နဲ႔ ဂုိးသမား ႐ုိမဲ႐ုိး Romero တို႔ကေတာ့ အနားယူရဦးမွာျဖစ္ပါတယ္။ လူငယ္ေနာက္ခံလူ ဒါေလာ့တ္ Dalot ကေတာ့ ဒူးဒဏ္ရာက ျပန္သက္သာလာၿပီျဖစ္ေပမယ့္ အခုပဲြမွာ ပါ၀င္ႏုိင္ဦးမွာ မဟုတ္ေသးပါဘူး။

ထူးျခားခ်က္မ်ား
– မန္ယူအသင္းဟာ အုိးလ္ထရက္ဖုိ႔ဒ္မွာ စပါးအသင္းနဲ႔ ေနာက္ဆုံးဆုံေတြ႕ခဲ့တဲ့ (၂၆)ပဲြမွာ (၂၁)ပဲြအထိ အႏုိင္ရခဲ့ၿပီး (၃)ပဲြသေရ (၂)ပဲြ႐ႈံးခဲ့တယ္။ မန္ယူအသင္းဟာ စပါးအသင္းကုိ အိမ္ကြင္း ေနာက္ဆုံး(၄)ပဲြဆက္ အႏုိင္ရခဲ့ၿပီး ေပးဂုိးလည္း မရွိခဲ့ဘူး။
– အိုးလ္ထရက္ဖုိ႔ဒ္မွာ (၂၁)ပဲြအထိ ႐ႈံးနိမ့္ခဲ့တာက စပါးအသင္းအတြက္ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အေ၀းကြင္း ႐ႈံးပဲြအမ်ားဆုံးျဖစ္ပါတယ္။
– ေနာက္ဆုံး ဆုံေတြ႕ခဲ့တဲ့ ပရီးမီးယားလိဂ္(၇)ပဲြမွာ မန္ယူနဲ႔စပါးအသင္းတို႔ဟာ ကုိယ့္ကြင္းမွာ ကုိယ္စီအႏုိင္ရခဲ့ပါတယ္။
– ၂၀၁၄ ႏွစ္သစ္ကူးေန႔က အုိးလ္ထရက္ဖုိ႔ဒ္မွာ စပါးအသင္း အႏုိင္ၿပီးေနာက္ပုိင္း လန္ဒန္ကလပ္ေတြ ေနာက္ထပ္ ႏုိင္ပဲြမရေတာ့ဘဲ ျဖစ္ႏုိင္ေျခရွိတဲ့ (၆၆)မွတ္မွာ (၇)မွတ္သာ ရယူႏုိင္ခဲ့သလုိ (၂၂)ပဲြကစား၊ (၁၅)ပဲြ႐ႈံး၊ (၇)ပဲြ သေရက်ခဲ့တယ္။
– မန္ယူကုိ ေမာ္ရင္ဟုိ Mourinho စတင္ကုိင္တြယ္ခဲ့တဲ့ ၂၀၁၆-၁၇ ရာသီက စလုိ႔ အခုအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ (၁၅၃)မွတ္ ရယူထားၿပီး စပါးအသင္းထက္ (၁၆)မွတ္၊ မန္စီးတီးအသင္းထက္ (၃၁)မွတ္အထိ ေလ်ာ႔နည္းခဲ့ပါတယ္။

Lukaku-Try-To-Score

Lukaku-Try-To-Score

– ႀကီး(၆)ႀကီးကုိ ဂုိးသြင္းခဲ့တဲ့မွတ္တမ္းမွာ ဟာရီကိန္း Harry Kane က လူကာကူ Lukaku ထက္ (၂)ဂုိးအသာရထားၿပီး ဟာရီကိန္းက (၁၈)ဂုိး၊ လူကာကူက (၁၆)ဂုိးသြင္းယူခဲ့တယ္။ ဒါေတာင္ ဟာရီကိန္းဟာ လူကာကူထက္ ပဲြကစားခ်ိန္ မိနစ္ေပါင္း (၂၀၀၈)မိနစ္အထိ ေလ်ာ႔နည္းခဲ့သလုိ ဂုိးေပါက္ကန္သြင္းမႈမွာလည္း (၃၁)ႀကိမ္အထိ နည္းပါးခဲ့တယ္။
– ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြက စလုိ႔ ဒီဂီယာ De Gea ဟာ ႏုိင္ငံနဲ႔ ကလပ္ႏွစ္သင္းေပါင္း ဂုိးေပါက္ကန္သြင္းခ်က္ (၁၄)ႀကိမ္မွာ ဂုိးေပးရမႈက (၁၀)ဂုိးအထိရွိခဲ့တယ္။
– စပါးအသင္းနည္းျပ ပုိခ်က္တီႏုိ Pochettino ဟာ နည္းျပဘ၀တစ္ေလွ်ာက္ ၿပိဳင္ပဲြစုံမွာ (၁၉၉)ပဲြ (ပယ္နယ္တီအဆုံးအျဖတ္ ပဲြမ်ားမပါ၀င္)ရရွိခဲ့ၿပီး အဲဒီထဲက (၁၂၃)ပဲြက စပါးအသင္းနဲ႔အတူ ရရွိခဲ့တာပါ။

REF:Sky Sports
Photo:thetimes,getty-images,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူ-စပါးပွဲနဲ့ ပတ်သက်တဲ့ ထူးခြားချက်များ

ဖိအားတွေ ရင်ဆိုင်နေရတဲ့ မန်ယူအသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ စပါးအသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်၊ ဘယ်သူတွေ ဒဏ်ရာပြဿနာရှိနေလဲဆိုတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . . .

Alli-against-Phil-Jones

Alli-against-Phil-Jones

ဒဏ်ရာပြဿနာ
ဒူးဒဏ်ရာရှိနေတဲ့ စပါးအသင်းကွင်းလယ်လူ ဝမ်ယာမာ Wanyama ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပေမယ့် မန်ယူနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မရှိသေးပါဘူး။ တခြား အဓိက ကစားသမားတွေကတော့ ဒဏ်ရာပြဿနာမရှိဘဲ တိုက်စစ်မှူး ယန်ဆင် Janssen (ခြေဖဝါး)၊ ဟွန်ဖွိုက်သ် Juan Foyth (ပေါင်ခြံ)တို့သာ ဒဏ်ရာနဲ့ ရင်ဆိုင်နေရပါတယ်။ တောင်ကိုရီးယားအသင်းနဲ့အတူ အာရှအားကစားပွဲ ဆင်နွဲှနေတဲ့ ဆွန်ဟောင်မင် Son Heung-Min ကတော့ ဒီပွဲကို လွဲချော်မှာပါ။ နောက်ပြီး အရက်မူးကားမောင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ ဂိုးသမား လိုရစ် Lloris လည်း ပါဝင်ဖို့ မသေချာပါဘူး။ မန်ယူအသင်းမှာတော့ မာတစ် Matic ၊ ဗလင်စီယာ Valencia ၊ အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez တို့ အားလုံး အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေပါပြီ။ ရိုဟို Rojo နဲ့ ဂိုးသမား ရိုမဲရိုး Romero တို့ကတော့ အနားယူရဦးမှာဖြစ်ပါတယ်။ လူငယ်နောက်ခံလူ ဒါလော့တ် Dalot ကတော့ ဒူးဒဏ်ရာက ပြန်သက်သာလာပြီဖြစ်ပေမယ့် အခုပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်သေးပါဘူး။

ထူးခြားချက်များ
– မန်ယူအသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ စပါးအသင်းနဲ့ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ (၂၆)ပွဲမှာ (၂၁)ပွဲအထိ အနိုင်ရခဲ့ပြီး (၃)ပွဲသရေ (၂)ပွဲရှုံးခဲ့တယ်။ မန်ယူအသင်းဟာ စပါးအသင်းကို အိမ်ကွင်း နောက်ဆုံး(၄)ပွဲဆက် အနိုင်ရခဲ့ပြီး ပေးဂိုးလည်း မရှိခဲ့ဘူး။
– အိုးလ်ထရက်ဖို့ဒ်မှာ (၂၁)ပွဲအထိ ရှုံးနိမ့်ခဲ့တာက စပါးအသင်းအတွက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဝေးကွင်း ရှုံးပွဲအများဆုံးဖြစ်ပါတယ်။
– နောက်ဆုံး ဆုံတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲမှာ မန်ယူနဲ့စပါးအသင်းတို့ဟာ ကိုယ့်ကွင်းမှာ ကိုယ်စီအနိုင်ရခဲ့ပါတယ်။
– ၂၀၁၄ နှစ်သစ်ကူးနေ့က အိုးလ်ထရက်ဖို့ဒ်မှာ စပါးအသင်း အနိုင်ပြီးနောက်ပိုင်း လန်ဒန်ကလပ်တွေ နောက်ထပ် နိုင်ပွဲမရတော့ဘဲ ဖြစ်နိုင်ခြေရှိတဲ့ (၆၆)မှတ်မှာ (၇)မှတ်သာ ရယူနိုင်ခဲ့သလို (၂၂)ပွဲကစား၊ (၁၅)ပွဲရှုံး၊ (၇)ပွဲ သရေကျခဲ့တယ်။
– မန်ယူကို မော်ရင်ဟို Mourinho စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆-၁၇ ရာသီက စလို့ အခုအချိန်အထိ ပရီးမီးယားလိဂ်မှာ (၁၅၃)မှတ် ရယူထားပြီး စပါးအသင်းထက် (၁၆)မှတ်၊ မန်စီးတီးအသင်းထက် (၃၁)မှတ်အထိ လျော့နည်းခဲ့ပါတယ်။

Lukaku-Try-To-Score

Lukaku-Try-To-Score

– ကြီး(၆)ကြီးကို ဂိုးသွင်းခဲ့တဲ့မှတ်တမ်းမှာ ဟာရီကိန်း Harry Kane က လူကာကူ Lukaku ထက် (၂)ဂိုးအသာရထားပြီး ဟာရီကိန်းက (၁၈)ဂိုး၊ လူကာကူက (၁၆)ဂိုးသွင်းယူခဲ့တယ်။ ဒါတောင် ဟာရီကိန်းဟာ လူကာကူထက် ပွဲကစားချိန် မိနစ်ပေါင်း (၂၀၀၈)မိနစ်အထိ လျော့နည်းခဲ့သလို ဂိုးပေါက်ကန်သွင်းမှုမှာလည်း (၃၁)ကြိမ်အထိ နည်းပါးခဲ့တယ်။
– ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက စလို့ ဒီဂီယာ De Gea ဟာ နိုင်ငံနဲ့ ကလပ်နှစ်သင်းပေါင်း ဂိုးပေါက်ကန်သွင်းချက် (၁၄)ကြိမ်မှာ ဂိုးပေးရမှုက (၁၀)ဂိုးအထိရှိခဲ့တယ်။
– စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino ဟာ နည်းပြဘဝတစ်လျှောက် ပြိုင်ပွဲစုံမှာ (၁၉၉)ပွဲ (ပယ်နယ်တီအဆုံးအဖြတ် ပွဲများမပါဝင်)ရရှိခဲ့ပြီး အဲဒီထဲက (၁၂၃)ပွဲက စပါးအသင်းနဲ့အတူ ရရှိခဲ့တာပါ။

REF:Sky Sports
Photo:thetimes,getty-images,Goal.com
Naing Linn(Akhayar)
www.akhayar.com