[Zawgyi]

မန္ယူ-ဂ်ဴဗင္တပ္စ္ပဲြနဲ႔ ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

ဒီေန႔ (အဂၤါ)မွာ ကစားမယ့္ ခ်န္ပီယံလိဂ္ပဲြေတြထဲက ပရိသတ္ စိတ္၀င္စားမႈ အမ်ားဆုံးက မန္ယူ-ဂ်ဴဗင္တပ္စ္ပဲြပါပဲ။ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္မွဴး စီေရာ္နယ္လ္ဒုိ Cristiano Ronaldo မန္ခ်က္စတာေျမကုိ ျပန္လာမွာ၊ မန္ယူကြင္းလယ္လူ ေပ့ါဘာ Pogba အသင္းေဟာင္း ဂ်ဴဗင္တပ္စ္ကုိ ျပန္ရင္ဆုိင္ရမွာ စတဲ့အခ်က္ေတြေၾကာင့္ ဒီပဲြက ဆဲြေဆာင္မႈရွိေနတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ မန္ယူ-ဂ်ဴဗင္တပ္စ္တို႔ ကစားမယ့္ပဲြမွာ ဘယ္လုိ ထူးျခားခ်က္ေတြရွိလဲ၊ ဒဏ္ရာရကစားသမားစာရင္းနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ရပါတယ္ . . .

Pogba

Pogba

ဒဏ္ရာကစားသမား
မန္ယူနည္းျပေမာ္ရင္ဟုိ Mourinho ဟာ အလက္ဆစ္ဆန္းခ်က္ဇ္ Alexis Sanchez ကုိ ဒီပဲြအတြက္ လူစာရင္းမွာ မထည့္သြင္းခဲ့ပါဘူး။ ဖယ္ေလနီ Marouane Fellaini ၊ ဖီးလ္ဂ်ံဳးစ္ Phil Jones ၊ တြမ္မီေနး Scott McTominay ၊ လင္ဂတ္ Jesse Lingard ၊ ဒါေလာ့တ္ Diogo Dalot တို႔ အားလုံး ရာႏႈန္းျပည့္ႀကံ့ခုိင္မႈ မရိွေသးလုိ႔ ဒီပဲြကို လဲြေခ်ာ္ဖုိ႔ မ်ားပါတယ္။ ဂ်ဴဗင္တပ္စ္ကြင္းလယ္လူ အမ္မရီခ်န္ Emre Can ဟာ အခုပဲြကုိ လဲြေခ်ာ္မွာျဖစ္သလုိ ေလ့က်င့္ခန္းအစီအစဥ္မွာ ဘယ္ဘက္ေျခခ်င္း၀တ္ ဒဏ္ရာရခဲ့တဲ့ မန္ဇူကစ္ Mario Mandzukic လည္း ပါ၀င္ႏုိင္မွာ မဟုတ္ပါဘူး။

Manchester-United-Vs-Juventus

Manchester-United-Vs-Juventus

ထူးျခားခ်က္မ်ား
– ဒီႏွစ္သင္းဟာ ၂၀၀၂-၀၃ ရာသီ ေနာက္ပုိင္း ပထမဆုံးအႀကိမ္ တစ္အုပ္စုတည္း က်ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးေတြ႕ဆုံခဲ့တုန္းက မန္ယူအသင္းဟာ အိမ္ကြင္းမွာ (၂-၁)ဂုိး၊ အေ၀းကြင္းမွာ (၃-၀)ဂုိးေတြနဲ႔ အႏုိင္ရခဲ့တယ္။
– မန္ယူအသင္းဟာ ၿပိဳင္ပဲြစုံေနာက္ဆုံး (၃)ႀကိမ္မွာ ဂ်ဴဗင္တပ္စ္ကုိ ပဲြတိုင္းအႏုိင္ရခဲ့တယ္။
– မန္ယူနဲ႔ ဂ်ဴဗင္တပ္စ္တို႔ဟာ စုစုေပါင္း (၁၂)ႀကိမ္ ဆုံေတြ႕ခဲ့ဖူးၿပီး ဒါဟာ ဥေရာပၿပိဳင္ပဲြတစ္ေလွ်ာက္ အႀကိမ္အမ်ားဆုံး ဆုံေတြ႕တဲ့ ႏွစ္သင္းျဖစ္သလုိ မန္ယူက (၅)ပဲြႏုိင္၊ ဂ်ဴဗင္တပ္စ္က (၅)ပဲြႏုိင္ (၂)ပဲြ သေရက်ခဲ့တယ္။
– ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ေနာက္ဆုံး(၂၃)ပဲြမွာ (၂)ပဲြပဲ ႐ႈံးနိမ့္ခဲ့ၿပီး (၁၄)ပဲြႏုိင္၊ (၇)ပဲြသေရက်ခဲ့သလုိ ႐ႈံးခဲ့တဲ့ (၂)ပဲြက စပိန္ကလပ္ေတြကုိ ႐ႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။
– ဒီရာသီ ခ်န္ပီယံလိဂ္မွာ မန္ယူတိုက္စစ္မွွဴး ရပ္ရွ္ဖုိ႔ဒ္ Marcus Rashford ရဲ႕ ဂုိးေပါက္ကန္သြင္းတ့ဲအႀကိမ္က (၉)ႀကိမ္အထိရွိေနၿပီး သူ႔ထက္ပုိမ်ားတာဆုိလုိ႔ ေအဂ်က္စ္ကစားသမား Hakim Ziyech (၁၂ႀကိမ္)ပဲ ရွိပါတယ္။
– စီေရာ္နယ္လ္ဒုိဟာ အသင္းေဟာင္း(လစၥဘြန္း၊ မန္ယူ)ေတြနဲ႔ ဆုံေတြ႕ခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြ (၆)ပဲြမွာ (၅)ဂုိးသြင္း ဂုိးဖန္တီးမႈ (၂)ႀကိမ္ ျပဳလုပ္ခဲ့တယ္။

REF:Sky Sports
Photo:Pinterest,YouTube
Naing Linn(Akhayar)
www.akhayar.com

[Zawgyi]

မန်ယူ-ဂျူဗင်တပ်စ်ပွဲနဲ့ ပတ်သက်တဲ့ ထူးခြားချက်များ

ဒီနေ့ (အင်္ဂါ)မှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲတွေထဲက ပရိသတ် စိတ်ဝင်စားမှု အများဆုံးက မန်ယူ-ဂျူဗင်တပ်စ်ပွဲပါပဲ။ ဂျူဗင်တပ်စ်အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo မန်ချက်စတာမြေကို ပြန်လာမှာ၊ မန်ယူကွင်းလယ်လူ ပေ့ါဘာ Pogba အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြန်ရင်ဆိုင်ရမှာ စတဲ့အချက်တွေကြောင့် ဒီပွဲက ဆွဲဆောင်မှုရှိနေတာဖြစ်ပါတယ်။ အဲဒါကြောင့် မန်ယူ-ဂျူဗင်တပ်စ်တို့ ကစားမယ့်ပွဲမှာ ဘယ်လို ထူးခြားချက်တွေရှိလဲ၊ ဒဏ်ရာရကစားသမားစာရင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ရပါတယ် . . .

Pogba

Pogba

ဒဏ်ရာကစားသမား
မန်ယူနည်းပြမော်ရင်ဟို Mourinho ဟာ အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez ကို ဒီပွဲအတွက် လူစာရင်းမှာ မထည့်သွင်းခဲ့ပါဘူး။ ဖယ်လေနီ Marouane Fellaini ၊ ဖီးလ်ဂျုံးစ် Phil Jones ၊ တွမ်မီနေး Scott McTominay ၊ လင်ဂတ် Jesse Lingard ၊ ဒါလော့တ် Diogo Dalot တို့ အားလုံး ရာနှုန်းပြည့်ကြံ့ခိုင်မှု မရှိသေးလို့ ဒီပွဲကို လွဲချော်ဖို့ များပါတယ်။ ဂျူဗင်တပ်စ်ကွင်းလယ်လူ အမ်မရီချန် Emre Can ဟာ အခုပွဲကို လွဲချော်မှာဖြစ်သလို လေ့ကျင့်ခန်းအစီအစဉ်မှာ ဘယ်ဘက်ခြေချင်းဝတ် ဒဏ်ရာရခဲ့တဲ့ မန်ဇူကစ် Mario Mandzukic လည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

Manchester-United-Vs-Juventus

Manchester-United-Vs-Juventus

ထူးခြားချက်များ
– ဒီနှစ်သင်းဟာ ၂၀၀၂-၀၃ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် တစ်အုပ်စုတည်း ကျခဲ့တာဖြစ်ပြီး နောက်ဆုံးတွေ့ဆုံခဲ့တုန်းက မန်ယူအသင်းဟာ အိမ်ကွင်းမှာ (၂-၁)ဂိုး၊ အဝေးကွင်းမှာ (၃-ဝ)ဂိုးတွေနဲ့ အနိုင်ရခဲ့တယ်။
– မန်ယူအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး (၃)ကြိမ်မှာ ဂျူဗင်တပ်စ်ကို ပွဲတိုင်းအနိုင်ရခဲ့တယ်။
– မန်ယူနဲ့ ဂျူဗင်တပ်စ်တို့ဟာ စုစုပေါင်း (၁၂)ကြိမ် ဆုံတွေ့ခဲ့ဖူးပြီး ဒါဟာ ဥရောပပြိုင်ပွဲတစ်လျှောက် အကြိမ်အများဆုံး ဆုံတွေ့တဲ့ နှစ်သင်းဖြစ်သလို မန်ယူက (၅)ပွဲနိုင်၊ ဂျူဗင်တပ်စ်က (၅)ပွဲနိုင် (၂)ပွဲ သရေကျခဲ့တယ်။
– ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံး(၂၃)ပွဲမှာ (၂)ပွဲပဲ ရှုံးနိမ့်ခဲ့ပြီး (၁၄)ပွဲနိုင်၊ (၇)ပွဲသရေကျခဲ့သလို ရှုံးခဲ့တဲ့ (၂)ပွဲက စပိန်ကလပ်တွေကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
– ဒီရာသီ ချန်ပီယံလိဂ်မှာ မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် Marcus Rashford ရဲ့ ဂိုးပေါက်ကန်သွင်းတဲ့အကြိမ်က (၉)ကြိမ်အထိရှိနေပြီး သူ့ထက်ပိုများတာဆိုလို့ အေဂျက်စ်ကစားသမား Hakim Ziyech (၁၂ကြိမ်)ပဲ ရှိပါတယ်။
– စီရော်နယ်လ်ဒိုဟာ အသင်းဟောင်း(လစ္စဘွန်း၊ မန်ယူ)တွေနဲ့ ဆုံတွေ့ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ (၆)ပွဲမှာ (၅)ဂိုးသွင်း ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ခဲ့တယ်။

REF:Sky Sports
Photo:Pinterest,YouTube
Naing Linn(Akhayar)
www.akhayar.com