[Zawgyi]

မန္စီးတီး-ခ်ယ္လ္ဆီးတို႔ကစားမယ့္ ကြန္ျမဴနတီဒုိငး္ပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

၂၀၁၈-၁၉ ရာသီအဖြင့္ပဲြျဖစ္တဲ့ ကြန္ျမဴနတီဒုိင္းအျဖစ္ မန္စီးတီးနဲ႔ခ်ယ္လ္ဆီးအသင္းတို႔ ဒီေန႔(တနဂၤေႏြ) ျမန္မာစံေတာ္ခ်ိန္ ည(၈း၃၀)အခ်ိန္က်ရင္ ၀င္ဘေလကြင္းသစ္ႀကီးမွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီပဲြနဲ႔ပတ္သတ္တဲ့ ထူးျခားခ်က္ေတြ၊ ပဲြထြက္ကစားသမားစာရင္းနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကုိ ပရိသတ္ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . . .

Chelsea-vs-Mancity-Record

Chelsea-vs-Mancity-Record

ပဲြထြက္စာရင္း

ၿပီးခဲ့တဲ့တစ္ပတ္က ဘုိင္ယန္ျမဴးနစ္နဲ႔ကစားခဲ့တဲ့ ေျခစမ္းပဲြမွာ ေျခခ်င္း၀တ္ဒဏ္ရာရခဲ့တဲ့ မန္စီးတီးေတာင္ပံ ကစားသမား မာရက္ဇ္ Mahrez ဟာ ဒဏ္ရာက ျပန္သက္သာလာၿပီျဖစ္လုိ႔ အခုပြဲမွာ ပါ၀င္ကစားဖုိ႔ ရွိေနတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ ဆင္ႏဲႊခဲ့ၾကတဲ့ ဒီဘ႐ုိင္းနား De Bruyne ၊ စတာလင္ Sterling တို႔ကုိ ဂြါဒီယုိလာ Guardiola က အနားေပးဖုိ႔ရွိေနတာေၾကာင့္ ဒီပဲြကုိ လဲြေခ်ာ္မယ့္အေနအထားပါ။ ခ်ယ္လ္ဆီးအသင္းရဲ႕ အဂၤလန္လက္ေရြးစင္ ကြင္းလယ္လူ ေလာ့ဖ္တက္ခ်ိဖ္ Loftus-Cheek အသင္းနဲ႔ အျပည့္အ၀ေလ့က်င့္ခန္း ဆင္းေနၿပီျဖစ္တာေၾကာင့္ အခုပဲြမွာ ပဲြထြက္ဖုိ႔ မ်ားေနသလုိ အနာဂတ္ မတည္မၿငိမ္ျဖစ္ေနတဲ့ ၀ီလီယံ Willian လည္း အသင္းနဲ႔ ပူးေပါင္းေနပါၿပီ။

Mancity-Players

Mancity-Players

ထူးျခားခ်က္မ်ား
– ၂၀၀၉ ခုႏွစ္တုန္းက မန္ယူကုိ ပယ္နယ္တီအဆုံးအျဖတ္ (၄-၁)ဂုိးနဲ႔အႏုိင္ရခဲ့တဲ့ေနာက္ ခ်ယ္လ္ဆီးအသင္းဟာ ကြန္ျမဴနတီဒုိင္း(၄)ပဲြဆက္ အႏုိင္မရခဲ့တဲ့ မွတ္တမ္းဆုိးကို ရပ္တန္႔ႏုိင္ဖုိ႔ ႀကိဳးစားရမွာျဖစ္ပါတယ္။
– မန္စီးတီးအသင္းဟာ ၂၀၁၂ ခုႏွစ္တုန္းက ခ်ယ္လ္ဆီးကုိ (၃-၂)ဂုိးနဲ႔အႏုိင္ယူၿပီး ကြန္ျမဴနတီဒုိင္းကုိ ဆြတ္ခူးခဲ့ပါတယ္။
– ၀င္ဘေလကြင္းမွာ ဒီႏွစ္သင္း (၃)ႀကိမ္ေျမာက္ ဆုံေတြ႕တာျဖစ္ၿပီး ေနာက္ဆုံးဆုံေတြ႕ခဲ့တဲ့ ၂၀၁၃ FA ဖလား ဆီမီးဖုိင္နယ္မွာေတာ့ မန္စီးတီးအသင္းက (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။
– မန္စီးတီးကုိ ေနာက္ဆုံး(၂)ပဲြဆက္ ႐ႈံးပဲြခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၀ ေနာက္ပုိင္း မန္စီးတီးကုိ (၃)ပဲြဆက္ မ႐ႈံးေအာင္ ႀကိဳးပမ္းရမွာပါ။
– ဂြါဒီယုိလာဟာ ၀င္ဘေလကြင္းမွာ သူ႔အသင္းကစားခဲ့တဲ့(၄)ပဲြစလုံး ႐ႈံးပဲြမရွိေအာင္ စြမ္းေဆာင္ခဲ့ၿပီး ၂၀၁၁ ခ်န္ပီယံလိဂ္၊ ၂၀၁၇ FA ဖလား ၊ ၂၀၁၈ လိဂ္ဖလားနဲ႔ ပရီးမီးယားလိဂ္ပဲြေတြမွာ (၃)ပဲြႏုိင္ (၁)ပဲြသေရက်ခဲ့တယ္။
– ၂၀၁၃ မွာ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ယူအသင္း ကြန္ျမဴနတီဒုိင္းဖလား ဆြတ္ခူးခဲ့ၿပီးေနာက္ပုိင္း (၄)ႏွစ္မွာ FA ဖလား ခ်န္ပီယံေတြပဲ အႏုိင္ရခဲ့တယ္။
– မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီက ၀င္ဘေလကြင္းမွာ စပါးနဲ႔ ပရီးမီးယားလိဂ္၊ အာဆင္နယ္နဲ႔ လိဂ္ဖလား ဗုိလ္လုပဲြေတြ ကစားခဲ့ၿပီး ႏွစ္ပဲြစလုံး အႏုိင္ရခဲ့ပါတယ္။

Chelsea-Players

Chelsea-Players

– ၀င္ဘေလကြင္းမွာ ခ်ယ္လ္ဆီးအသင္းအႏုိင္ရခ့ဲတာက စုစုေပါင္းပဲြ(၂၀)အထိရွိခဲ့ၿပီး သူတို႔ထက္ ပုိမ်ားတာက စပါး(၃၂ပဲြ)၊ မန္ယူ(၂၃ပဲြ)၊ အာဆင္နယ္(၂၁ပဲြ)တို႔ပဲ ရွိတာပါ။
– မန္စီးတီးအသင္းတိုက္စစ္မွဴး အဂြဲ႐ုိး Aguero ဟာ ခ်ယ္လ္ဆီးနဲ႔ ေနာက္ဆုံးဆုံေတြ႕ခဲ့တဲ့(၅)ပဲြမွာ (၅)ဂုိးသြင္းယူႏုိင္ခဲ့တယ္။
– လက္ရွိ မန္စီးတီးကစားသမားထဲမွာ ၀င္ဘေလကြင္းမွာ ဂုိးသြင္းႏုိင္မႈအမ်ားဆုံးက အဂြဲ႐ုိး(၃ဂုိး)ျဖစ္ၿပီး မန္စီးတီးကစားသမားေဟာင္း ယာယာတိုေရး Yaya Toure ကလည္း (၃)ဂုိးသြင္းယူခဲ့တယ္

မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးအသင္း ေနာက္ဆုံးဆုံေတြ႕ခဲ့တဲ့ ရလဒ္မ်ား
Manchester City 1-0 Chelsea -Premier League 2017/18
Chelsea 0-1 Manchester City -Premier League 2017/18
Chelsea 2-1 Manchester City -Premier League 2016/17
Manchester City 1-3 Chelsea – Premier League 2016/17
Chelsea 0-3 Manchester City -Premier League 2015/16
Chelsea 5-1 Manchester City L16 – FA Cup 15/16
Manchester City 3-0 Chelsea – Premier League 2015/16
Chelsea 1-1 Manchester City – Premier League 2014/15
Manchester City 1-1 Chelsea – Premier League 2014/15

Man-City-Against-Chelsea

Man-City-Against-Chelsea

ေနာက္ဆုံး(၆)ႏွစ္အတြင္း ကြန္ျမဴနတီဒုိင္းရလဒ္မ်ား
2012 Manchester City 3–2 Chelsea
2013 Manchester United 2–0 Wigan
2014 Arsenal 3–0 Manchester City
2015 Arsenal 1–0 Chelsea
2016 Manchester United 2–1 Leicester City
2017 Arsenal 1–1 Chelsea

REF:Sky Sports,Wikipedia
Photo:Football Fancast,Getty Images,Squawka,The Times
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်စီးတီး-ချယ်လ်ဆီးတို့ကစားမယ့် ကွန်မြူနတီဒိုင်းပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ

၂၀၁၈-၁၉ ရာသီအဖွင့်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းအဖြစ် မန်စီးတီးနဲ့ချယ်လ်ဆီးအသင်းတို့ ဒီနေ့(တနင်္ဂနွေ) မြန်မာစံတော်ချိန် ည(၈း၃၀)အချိန်ကျရင် ဝင်ဘလေကွင်းသစ်ကြီးမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲနဲ့ပတ်သတ်တဲ့ ထူးခြားချက်တွေ၊ ပွဲထွက်ကစားသမားစာရင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပရိသတ် သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . . .

Chelsea-vs-Mancity-Record

Chelsea-vs-Mancity-Record

ပွဲထွက်စာရင်း

ပြီးခဲ့တဲ့တစ်ပတ်က ဘိုင်ယန်မြူးနစ်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရခဲ့တဲ့ မန်စီးတီးတောင်ပံ ကစားသမား မာရက်ဇ် Mahrez ဟာ ဒဏ်ရာက ပြန်သက်သာလာပြီဖြစ်လို့ အခုပွဲမှာ ပါဝင်ကစားဖို့ ရှိနေတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွဲှခဲ့ကြတဲ့ ဒီဘရိုင်းနား De Bruyne ၊ စတာလင် Sterling တို့ကို ဂွါဒီယိုလာ Guardiola က အနားပေးဖို့ရှိနေတာကြောင့် ဒီပွဲကို လွဲချော်မယ့်အနေအထားပါ။ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ လော့ဖ်တက်ချိဖ် Loftus-Cheek အသင်းနဲ့ အပြည့်အဝလေ့ကျင့်ခန်း ဆင်းနေပြီဖြစ်တာကြောင့် အခုပွဲမှာ ပွဲထွက်ဖို့ များနေသလို အနာဂတ် မတည်မငြိမ်ဖြစ်နေတဲ့ ဝီလီယံ Willian လည်း အသင်းနဲ့ ပူးပေါင်းနေပါပြီ။

Mancity-Players

Mancity-Players

ထူးခြားချက်များ
– ၂၀၀၉ ခုနှစ်တုန်းက မန်ယူကို ပယ်နယ်တီအဆုံးအဖြတ် (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့နောက် ချယ်လ်ဆီးအသင်းဟာ ကွန်မြူနတီဒိုင်း(၄)ပွဲဆက် အနိုင်မရခဲ့တဲ့ မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
– မန်စီးတီးအသင်းဟာ ၂၀၁၂ ခုနှစ်တုန်းက ချယ်လ်ဆီးကို (၃-၂)ဂိုးနဲ့အနိုင်ယူပြီး ကွန်မြူနတီဒိုင်းကို ဆွတ်ခူးခဲ့ပါတယ်။
– ဝင်ဘလေကွင်းမှာ ဒီနှစ်သင်း (၃)ကြိမ်မြောက် ဆုံတွေ့တာဖြစ်ပြီး နောက်ဆုံးဆုံတွေ့ခဲ့တဲ့ ၂၀၁၃ FA ဖလား ဆီမီးဖိုင်နယ်မှာတော့ မန်စီးတီးအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။
– မန်စီးတီးကို နောက်ဆုံး(၂)ပွဲဆက် ရှုံးပွဲခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ၂၀၁၀ နောက်ပိုင်း မန်စီးတီးကို (၃)ပွဲဆက် မရှုံးအောင် ကြိုးပမ်းရမှာပါ။
– ဂွါဒီယိုလာဟာ ဝင်ဘလေကွင်းမှာ သူ့အသင်းကစားခဲ့တဲ့(၄)ပွဲစလုံး ရှုံးပွဲမရှိအောင် စွမ်းဆောင်ခဲ့ပြီး ၂၀၁၁ ချန်ပီယံလိဂ်၊ ၂၀၁၇ FA ဖလား ၊ ၂၀၁၈ လိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ (၃)ပွဲနိုင် (၁)ပွဲသရေကျခဲ့တယ်။
– ၂၀၁၃ မှာ ပရီးမီးယားလိဂ်ချန်ပီယံ မန်ယူအသင်း ကွန်မြူနတီဒိုင်းဖလား ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း (၄)နှစ်မှာ FA ဖလား ချန်ပီယံတွေပဲ အနိုင်ရခဲ့တယ်။
– မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဝင်ဘလေကွင်းမှာ စပါးနဲ့ ပရီးမီးယားလိဂ်၊ အာဆင်နယ်နဲ့ လိဂ်ဖလား ဗိုလ်လုပွဲတွေ ကစားခဲ့ပြီး နှစ်ပွဲစလုံး အနိုင်ရခဲ့ပါတယ်။

Chelsea-Players

Chelsea-Players

– ဝင်ဘလေကွင်းမှာ ချယ်လ်ဆီးအသင်းအနိုင်ရခဲ့တာက စုစုပေါင်းပွဲ(၂၀)အထိရှိခဲ့ပြီး သူတို့ထက် ပိုများတာက စပါး(၃၂ပွဲ)၊ မန်ယူ(၂၃ပွဲ)၊ အာဆင်နယ်(၂၁ပွဲ)တို့ပဲ ရှိတာပါ။
– မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုး Aguero ဟာ ချယ်လ်ဆီးနဲ့ နောက်ဆုံးဆုံတွေ့ခဲ့တဲ့(၅)ပွဲမှာ (၅)ဂိုးသွင်းယူနိုင်ခဲ့တယ်။
– လက်ရှိ မန်စီးတီးကစားသမားထဲမှာ ဝင်ဘလေကွင်းမှာ ဂိုးသွင်းနိုင်မှုအများဆုံးက အဂွဲရိုး(၃ဂိုး)ဖြစ်ပြီး မန်စီးတီးကစားသမားဟောင်း ယာယာတိုရေး Yaya Toure ကလည်း (၃)ဂိုးသွင်းယူခဲ့တယ်

မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်း နောက်ဆုံးဆုံတွေ့ခဲ့တဲ့ ရလဒ်များ
Manchester City 1-0 Chelsea -Premier League 2017/18
Chelsea 0-1 Manchester City -Premier League 2017/18
Chelsea 2-1 Manchester City -Premier League 2016/17
Manchester City 1-3 Chelsea – Premier League 2016/17
Chelsea 0-3 Manchester City -Premier League 2015/16
Chelsea 5-1 Manchester City L16 – FA Cup 15/16
Manchester City 3-0 Chelsea – Premier League 2015/16
Chelsea 1-1 Manchester City – Premier League 2014/15
Manchester City 1-1 Chelsea – Premier League 2014/15

Man-City-Against-Chelsea

Man-City-Against-Chelsea

နောက်ဆုံး(၆)နှစ်အတွင်း ကွန်မြူနတီဒိုင်းရလဒ်များ
2012 Manchester City 3–2 Chelsea
2013 Manchester United 2–0 Wigan
2014 Arsenal 3–0 Manchester City
2015 Arsenal 1–0 Chelsea
2016 Manchester United 2–1 Leicester City
2017 Arsenal 1–1 Chelsea

REF:Sky Sports,Wikipedia
Photo:Football Fancast,Getty Images,Squawka,The Times
Naing Linn(Akhayar)
www.akhayar.com