This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ျပင္သစ္-ခ႐ုိေအးရွားအသင္းတို႔ကစားမယ့္ ကမၻာ႔ဖလားဗုိလ္လုပဲြနဲ႔ပတ္သက္တဲ့ မွတ္တမ္းမ်ား

၂၀၁၈ ကမၻာ႔ဖလားဗုိလ္လုပဲြအျဖစ္ အခုည(၉း၃၀)အခ်ိန္က်ရင္ ဥေရာပထိပ္သီး ျပင္သစ္နဲ႔ နာမည္ႀကီး ခ႐ုိေအးရွားအသင္းတို႔ ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။ ႏွစ္သင္းစလုံးရဲ႕ ဒဏ္ရာ၊ ပဲြပယ္ျပႆနာ၊ ဒီပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မွတ္တမ္းေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . .

Croatia

Croatia

ဒဏ္ရာနဲ႔ပဲြပယ္ျပႆနာ
ဘယ္လ္ဂ်ီယံနဲ႔ကစားခဲ့တဲ့ဆီမီးဖုိင္နယ္ပဲြတုန္းက ဟာဇက္နဲ႔ထိခုိက္မိၿပီး လူစားလဲခံခဲ့ရတဲ့ ျပင္သစ္ကြင္းလယ္လူ မာတြီဒီဟာ အခုပဲြမွာ ပဲြထြက္ကစားအျဖစ္ပါ၀င္ကစားႏုိင္မွာပါ။ အဂၤလန္နဲ႔ပဲြတုန္းက ေျခစြမ္းျပကစားခဲ့တဲ့ ကြင္းလယ္လူ ဘ႐ုိဇုိဗစ္ကုိ နည္းျပဒါလစ္က ပထမကစားသမားအျဖစ္ အသုံးျပဳသြားဖုိ႔ရွိေနပါတယ္။ ႐ုရွားကုိ အႏုိင္ရခဲ့တဲ့ပဲြမွာ ယူကရိန္းကုိ အားေပးေထာက္ခံတဲ့ ႐ုပ္သံဖုိင္ကုိ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚ ထုတ္လႊင့္ျပသခဲ့တဲ့ ခ႐ုိေအးရွားေနာက္ခံလူ ဗီဒါကုိ ဖီဖာက အေရးယူမွာ မဟုတ္လုိ႔ အခုပဲြမွာ ပါ၀င္ကစားႏုိင္မွာျဖစ္ပါတယ္။ ဒါေပမဲ့ ခ႐ုိေအးရွားအသင္းရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ ၀ါရင့္ေတာင္ပံကစားသမား ပါရီဆစ္ ေပါင္ဒဏ္ရာရွိေနတာေၾကာင့္ ဒီပဲြမွာ ပဲြထြက္ကစားသမားအျဖစ္ ပါ၀င္ႏုိင္ဖုိ႔ရွိ၊ မရွိ မေသခ်ာေသးပါဘူး။

France-Players-in-Training

France-Players-in-Training

ထူးျခားခ်က္မ်ား
-ျပင္သစ္နဲ႔ ခ႐ုိေအးရွားအသင္းတို႔ဟာ စုစုေပါင္း(၅)ႀကိမ္ဆုံေတြ႕ခဲ့ဖူးၿပီး ျပင္သစ္အသင္းက ႐ႈံးပဲြမရွိခဲ့ဘဲ (၃)ပဲြႏုိင္၊ ႏွစ္ပဲြသေရက်ခဲ့တယ္။
-အဲဒီ(၅)ႀကိမ္ထဲက (၂)ပဲြဟာ အဓိက ႏုိင္ငံတကာၿပိဳင္ပဲြႀကီးေတြျဖစ္တဲ့ ကမၻာ႔ဖလား၊ ယူ႐ုိၿပိဳင္ပဲြေတြမွာ ဆုံေတြ႕ခဲ့တာပါ။ ၁၉၉၈ ကမၻာ႔ဖလားဆီမီးဖုိင္နယ္မွာ ဆုံေတြ႕ခဲ့စဥ္က ျပင္သစ္အသင္းဟာ (၂-၁)ဂုိးနဲ႔အႏုိင္ရခဲ့ၿပီး ယူ႐ုိ-၂၀၀၄ အုပ္စုအဆင့္မွာေတာ့ (၂)ဂုိးစီသေရက်ခဲ့တယ္။
-ေနာက္ဆုံး ကမၻာ႔ဖလားဗုိလ္လုပဲြ(၃)ႀကိမ္(၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)စလုံး သာမန္ပဲြကစားခ်ိန္မိနစ္(၉၀)မွာ အေျဖမေပၚခဲ့ဘဲ အခ်ိန္ပုိဆက္ကစားခဲ့ရပါတယ္။ ဒါေပမဲ့ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္မွာေတာ့ ပယ္နယ္တီအဆုံးအျဖတ္ ခံခဲ့ရတဲ့ ဗုိလ္လုပဲြေတြက ၁၉၉၄၊ ၂၀၀၆ ႏွစ္ႀကိမ္တည္းသာရွိၿပီး ဘရာဇီးလ္၊ အီတလီအသင္းေတြ ဗုိလ္စဲြခ့ဲတယ္။
-ျပင္သစ္အသင္းဟာ ႐ႈံးထြက္(၁၆)သင္းကေန ဆီမီးဖုိင္နယ္အထိ ၿပိဳင္ဘက္ကုိ ဦးေဆာင္ဂုိးေပးခဲ့ရတာ အာဂ်င္တီးနားနဲ႔တစ္ပဲြသာရွိခဲ့ေပမယ့္ ခ႐ုိေအးရွားအသင္းကေတာ့ ပဲြတုိင္း ၿပိဳင္ဘက္ကုိ ဦးေဆာင္ဂုိးေပးခဲ့ရၿပီးမွ ေနာက္ကလုိက္ကစားခဲ့ရတယ္။
-ျပင္သစ္အသင္းရဲ႕တိုက္စစ္မွဴးဂရစ္ဇ္မန္းဟာ ကမၻာ႔ဖလား၊ ယူ႐ုိ ၿပိဳင္ပဲြေတြရဲ႕ ႐ႈံးထြက္အဆင့္ပဲြစဥ္(၉)ပဲြမွာ သူပါ၀င္ပတ္သက္ခဲ့တဲ့ ဂုိးက(၁၁)ဂုိးအထိရွိၿပီး ႏွစ္ေပါင္း(၅၀)အတြင္း ဇီဒန္း(၈ႀကိမ္)၊ ပလာတီနီ(၆ႀကိမ္)တို႔ထက္ ပုိမုိမ်ားျပားခဲ့ပါတယ္။
-ျပင္သစ္အသင္း လူငယ္ၾကယ္ပြင့္ကစားသမား ဘာေပဟာ အခုဗုိလ္လုပဲြမွာသာ ဂုိးသြင္းႏုိင္ခဲ့ရင္ ပီလီ(၁၉၅၈)ေနာက္ပုိင္း ကမၻာ႔ဖလားဗုိလ္ုပဲြမွာ အသက္အငယ္ဆုံးဂုိးသြင္းခဲ့တဲ့ ဒုတိယေျမာက္ကစားသမားျဖစ္လာမွာပါ။ ဒါ့အျပင္ ဘာေပဟာ ၂၀၁၈ ကမၻာ႔ဖလားမွာ (၃)ဂုိးသြင္းထားတာေၾကာင့္ ၁၉၅၈ ကမၻာ႔ဖလားမွာ ပီလီ (၆)ဂုိးသြင္းခဲ့ၿပီးေနာက္ပုိင္း သြင္းဂုိးအမ်ားဆုံးဆယ္ေက်ာ္သက္ကစားသမားအျဖစ္ မွတ္တမ္း၀င္ေနပါတယ္။
-ျပင္သစ္အသင္းဟာ ကမၻာ႔ဖလားဗုိလ္လုပဲြကုိ (၃)ႀကိမ္ေျမာက္ေရာက္ရွိခဲ့ၿပီး ဘရာဇီးလ္၊ ဂ်ာမနီ၊ အီတလီ၊ အာဂ်င္တီးနား၊ နယ္သာလန္တို႔ရဲ႕မွတ္တမ္းနဲ႔ တူညီသြားခဲ့ပါၿပီ။
-ခရုိေအးရွားအသင္းဟာ ကမၻာ႔ဖလားဗုိလ္လုပဲြကုိ တက္ေရာက္ခဲ့တဲ့ (၁၃)သင္းေျမာက္ျဖစ္ၿပီး ကမၻာ႔ဖလားဗုိလ္လုပဲြကုိ ပထမဆုံးအႀကိမ္တက္ေရာက္ခဲ့တ့ဲႏွစ္သင္း(စပိန္၊ အဂၤလန္)စလုံး ဗုိလ္စဲြခဲ့တယ္။
-တကယ္လုိ႔ ခ႐ုိေအးရွားအသင္းသာ ဗုိလ္လုပဲြမွာ အခ်ိန္ပုိထိကစားၿပီး အႏုိင္ရခဲ့မယ္ဆုိရင္ ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ႐ႈံးထြက္(၁၆)သင္းကစၿပီး ဗုိလ္လုပဲြအထိ အခ်ိန္ပုိ(၄)ပဲြဆက္ကစားၿပီးမွ ဗုိလ္စဲြခဲ့တဲ့ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္း၀င္မွာပါ။
-၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ျပင္သစ္ေနာက္ခံလူေတြ သြင္းယူခဲ့တဲ့ဂုိးအေရအတြက္က (၃)ဂုိးရွိၿပီး ၁၉၉၈ ကမၻာ႔ဖလားေနာက္ပုိင္း ပထမဆုံးအႀကိမ္ျဖစ္ခဲ့တယ္။

REF:Opta,Sportskeeda
Photo:Sky Sports,Bismarck,Youtube
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပြင်သစ်-ခရိုအေးရှားအသင်းတို့ကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲနဲ့ပတ်သက်တဲ့ မှတ်တမ်းများ

၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် အခုည(၉း၃၀)အချိန်ကျရင် ဥရောပထိပ်သီး ပြင်သစ်နဲ့ နာမည်ကြီး ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ ဒဏ်ရာ၊ ပွဲပယ်ပြဿနာ၊ ဒီပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်မှတ်တမ်းတွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . .

Croatia

Croatia

ဒဏ်ရာနဲ့ပွဲပယ်ပြဿနာ
ဘယ်လ်ဂျီယံနဲ့ကစားခဲ့တဲ့ဆီမီးဖိုင်နယ်ပွဲတုန်းက ဟာဇက်နဲ့ထိခိုက်မိပြီး လူစားလဲခံခဲ့ရတဲ့ ပြင်သစ်ကွင်းလယ်လူ မာတွီဒီဟာ အခုပွဲမှာ ပွဲထွက်ကစားအဖြစ်ပါဝင်ကစားနိုင်မှာပါ။ အင်္ဂလန်နဲ့ပွဲတုန်းက ခြေစွမ်းပြကစားခဲ့တဲ့ ကွင်းလယ်လူ ဘရိုဇိုဗစ်ကို နည်းပြဒါလစ်က ပထမကစားသမားအဖြစ် အသုံးပြုသွားဖို့ရှိနေပါတယ်။ ရုရှားကို အနိုင်ရခဲ့တဲ့ပွဲမှာ ယူကရိန်းကို အားပေးထောက်ခံတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်စာမျက်နှာတွေပေါ် ထုတ်လွှင့်ပြသခဲ့တဲ့ ခရိုအေးရှားနောက်ခံလူ ဗီဒါကို ဖီဖာက အရေးယူမှာ မဟုတ်လို့ အခုပွဲမှာ ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ခရိုအေးရှားအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဝါရင့်တောင်ပံကစားသမား ပါရီဆစ် ပေါင်ဒဏ်ရာရှိနေတာကြောင့် ဒီပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ဖို့ရှိ၊ မရှိ မသေချာသေးပါဘူး။

France-Players-in-Training

France-Players-in-Training

ထူးခြားချက်များ
-ပြင်သစ်နဲ့ ခရိုအေးရှားအသင်းတို့ဟာ စုစုပေါင်း(၅)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး ပြင်သစ်အသင်းက ရှုံးပွဲမရှိခဲ့ဘဲ (၃)ပွဲနိုင်၊ နှစ်ပွဲသရေကျခဲ့တယ်။
-အဲဒီ(၅)ကြိမ်ထဲက (၂)ပွဲဟာ အဓိက နိုင်ငံတကာပြိုင်ပွဲကြီးတွေဖြစ်တဲ့ ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲတွေမှာ ဆုံတွေ့ခဲ့တာပါ။ ၁၉၉၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ဆုံတွေ့ခဲ့စဉ်က ပြင်သစ်အသင်းဟာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ယူရို-၂၀၀၄ အုပ်စုအဆင့်မှာတော့ (၂)ဂိုးစီသရေကျခဲ့တယ်။
-နောက်ဆုံး ကမ္ဘာ့ဖလားဗိုလ်လုပွဲ(၃)ကြိမ်(၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)စလုံး သာမန်ပွဲကစားချိန်မိနစ်(၉၀)မှာ အဖြေမပေါ်ခဲ့ဘဲ အချိန်ပိုဆက်ကစားခဲ့ရပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာတော့ ပယ်နယ်တီအဆုံးအဖြတ် ခံခဲ့ရတဲ့ ဗိုလ်လုပွဲတွေက ၁၉၉၄၊ ၂၀၀၆ နှစ်ကြိမ်တည်းသာရှိပြီး ဘရာဇီးလ်၊ အီတလီအသင်းတွေ ဗိုလ်စွဲခဲ့တယ်။
-ပြင်သစ်အသင်းဟာ ရှုံးထွက်(၁၆)သင်းကနေ ဆီမီးဖိုင်နယ်အထိ ပြိုင်ဘက်ကို ဦးဆောင်ဂိုးပေးခဲ့ရတာ အာဂျင်တီးနားနဲ့တစ်ပွဲသာရှိခဲ့ပေမယ့် ခရိုအေးရှားအသင်းကတော့ ပွဲတိုင်း ပြိုင်ဘက်ကို ဦးဆောင်ဂိုးပေးခဲ့ရပြီးမှ နောက်ကလိုက်ကစားခဲ့ရတယ်။
-ပြင်သစ်အသင်းရဲ့တိုက်စစ်မှူးဂရစ်ဇ်မန်းဟာ ကမ္ဘာ့ဖလား၊ ယူရို ပြိုင်ပွဲတွေရဲ့ ရှုံးထွက်အဆင့်ပွဲစဉ်(၉)ပွဲမှာ သူပါဝင်ပတ်သက်ခဲ့တဲ့ ဂိုးက(၁၁)ဂိုးအထိရှိပြီး နှစ်ပေါင်း(၅၀)အတွင်း ဇီဒန်း(၈ကြိမ်)၊ ပလာတီနီ(၆ကြိမ်)တို့ထက် ပိုမိုများပြားခဲ့ပါတယ်။
-ပြင်သစ်အသင်း လူငယ်ကြယ်ပွင့်ကစားသမား ဘာပေဟာ အခုဗိုလ်လုပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့ရင် ပီလီ(၁၉၅၈)နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်ုပွဲမှာ အသက်အငယ်ဆုံးဂိုးသွင်းခဲ့တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာမှာပါ။ ဒါ့အပြင် ဘာပေဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ (၃)ဂိုးသွင်းထားတာကြောင့် ၁၉၅၈ ကမ္ဘာ့ဖလားမှာ ပီလီ (၆)ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း သွင်းဂိုးအများဆုံးဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်နေပါတယ်။
-ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို (၃)ကြိမ်မြောက်ရောက်ရှိခဲ့ပြီး ဘရာဇီးလ်၊ ဂျာမနီ၊ အီတလီ၊ အာဂျင်တီးနား၊ နယ်သာလန်တို့ရဲ့မှတ်တမ်းနဲ့ တူညီသွားခဲ့ပါပြီ။
-ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ (၁၃)သင်းမြောက်ဖြစ်ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့တဲ့နှစ်သင်း(စပိန်၊ အင်္ဂလန်)စလုံး ဗိုလ်စွဲခဲ့တယ်။
-တကယ်လို့ ခရိုအေးရှားအသင်းသာ ဗိုလ်လုပွဲမှာ အချိန်ပိုထိကစားပြီး အနိုင်ရခဲ့မယ်ဆိုရင် ပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးထွက်(၁၆)သင်းကစပြီး ဗိုလ်လုပွဲအထိ အချိန်ပို(၄)ပွဲဆက်ကစားပြီးမှ ဗိုလ်စွဲခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်မှာပါ။
-၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်နောက်ခံလူတွေ သွင်းယူခဲ့တဲ့ဂိုးအရေအတွက်က (၃)ဂိုးရှိပြီး ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့တယ်။

REF:Opta,Sportskeeda
Photo:Sky Sports,Bismarck,Youtube
Naing Linn(Akhayar)
www.akhayar.com