This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အဂၤလန္-ဘယ္လ္ဂ်ီယံတို႔ကစားမယ့္ တတိယေနရာလုပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

၂၀၁၈ ကမၻာ႔ဖလား တတိယေနရာလုပဲြအျဖစ္ အဂၤလန္နဲ႔ဘယ္လ္ဂ်ီယံတို႔ဟာ အခုည ၈း၃၀ မွာ ယွဥ္ၿပိဳင္ကစားၾကမွာပါ။ ဒီပဲြမတိုင္ခင္ ပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္ေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . .

– အုပ္စုတြင္းမွာ ဘယ္လ္ဂ်ီယံကုိ (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တဲ့ပဲြမတိုင္ခင္ ေနာက္ဆုံး(၂၁)ပဲြဆုံေတြ႕ခဲ့တာမွာ အဂၤလန္အသင္းဟာ တစ္ပဲြသာ႐ႈံးနိမ့္ခဲ့ၿပီး (၁၅)ပဲြႏုိင္၊ (၅)ပဲြသေရက်ခဲ့တယ္။
– ၂၀၀၂ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက တူရကီနဲ႔ ဘရာဇီးလ္အသင္း အုပ္စုတြင္း၊ တတိယေနရာလုပဲြ ႏွစ္ႀကိမ္ဆုံေတြ႕ခဲ့ၿပီးေနာက္ပုိင္း အဂၤလန္နဲ႔ဘယ္လ္ဂ်ီယံတို႔ဟာ ဒုတိယအႀကိမ္ေျမာက္ ၿပိဳင္ပဲြတစ္ခုတည္းမွာ ႏွစ္ႀကိမ္ဆုံေတြ႕ခဲ့တာျဖစ္ပါတယ္။

England-vs-Belgium-Group-Match

England-vs-Belgium-Group-Match

– ဘယ္လ္ဂ်ီယံအသင္းဟာ ၁၉၈၆ ကမၻာ႔ဖလားတုန္းက တတိယေနရာလုပဲြအျဖစ္ ျပင္သစ္နဲ႔ဆုံေတြ႕ခဲ့ဖူးၿပီး (၄-၂)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့ပါတယ္။
– ဘယ္လ္ဂ်ီယံအသင္းကုိ ၂၀၁၆၊ စက္တင္ဘာတုန္းက စတင္ကုိင္တြယ္ခ့ဲတဲ့ နည္းျပမာတီနက္ဇ္ဟာ သူကုိင္တြယ္ခဲ့တဲ့ (၂၆)ပဲြမွာ ႐ႈံးပဲြ(၂)ပဲြသာရွိခဲ့ၿပီး ပထမဆုံး စပိန္နဲ႔ပဲြမွာ (၂-၀)ဂုိး၊ ၿပီးခဲ့တဲ့ ဆီမီးဖုိင္နယ္တုန္းက ျပင္သစ္ကုိ(၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တာပါ။
– အဂၤလန္အသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားအုပ္စုႏွစ္ပဲြမွာ ဂုိးေပါက္ကန္သြင္းမႈ (၁၅)ႀကိမ္ (တူနီးရွား-၈ ႀကိမ္၊ ပနားမား-၇ႀကိမ္)အထိရွိခဲ့ေပမယ့္ အဲဒီေနာက္ပုိင္း(၄)ပဲြမွာ ဂုိးေပါက္ကန္သြင္းမႈက စုစုေပါင္း(၈)ႀကိမ္သာရွိခဲ့တာေၾကာင့္ တစ္ပဲြကုိ ပ်မ္းမွ်(၂)ႀကိမ္စီပဲရွိခဲ့တာပါ။
– အဂၤလန္အသင္းဟာ ၁၉၉၀ ကမၻာ႔ဖလားမွာ တတိယေနရာလုပဲြအျဖစ္ အီတလီနဲ႔ဆုံေတြ႕ခဲ့ၿပီး (၂-၁)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တယ္။

Lukaku

Lukaku

– ဘယ္လ္ဂ်ီယံတိုက္စစ္မွဴး လူကာကူ Lukaku ဟာ နည္းျပမာတီနက္ဇ္လက္ထက္ (၂၃)ပြဲမွာ (၂၃)ဂုိးအထိ သြင္းယူခဲ့တယ္။ ဒါေပမဲ့ ေနာက္ဆုံး(၃)ပဲြဆက္ ဂုိးမသြင္းႏုိင္ခဲ့တဲ့အျပင္ မာတီနက္ဇ္အသင္းကုိ ကုိင္တြယ္စဥ္ကစၿပီး လက္ရွိအခ်ိန္ လူကာကူဂုိးမသြင္းႏုိင္တာက (၄)ပဲြရွိခဲ့ပါၿပီ။
– အဂၤလန္အသင္းတိုက္စစ္မွဴး ဟာရီကိန္း Harry Kane ဟာ ကမၻာ႔ဖလားေနာက္ဆုံး(၃)ပဲြမွာ ဂုိးေပါက္တည့္မႈက တစ္ႀကိမ္သာရွိခဲ့တယ္။ အဲဒါကလည္း ကုိလံဘီယာနဲ႔ပဲြတုန္းက ပယ္နယ္တီကန္သြင္းတဲ့တစ္ႀကိမ္သာျဖစ္ၿပီး ဂုိးေပါက္တည့္မႈမရွိတာက (၄)နာရီ (၃၃)မိနစ္အထိ ၾကာျမင့္ေနၿပီျဖစ္ပါတယ္။

Harry-Kane

Harry-Kane

– ခ႐ုိေအးရွားကုိ ႐ႈံးနိမ့္ခဲ့တာက အဂၤလန္အသင္းရဲ႕ပဲြ(၁၀၀)ေျမာက္ ႐ႈံးပဲြျဖစ္ခဲ့ပါတယ္။ အဂၤလန္အသင္းရဲ႕ ေနာက္ဆုံး႐ႈံးပဲြ(၆)ပဲြက အဓိကႏုိင္ငံတကာၿပိဳင္ပဲြေတြမွာ ႐ႈံးနိမ့္ခဲ့တာျဖစ္ၿပီး ကမၻာ႔ဖလားမွာ (၅)ႀကိမ္၊ ယူ႐ုိမွာ (၁)ႀကိမ္႐ႈံးနိမ့္ခဲ့တာပါ။

REF:Opta
Photo:Fox Sports,japantimes,thenational,The Sun
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အင်္ဂလန်-ဘယ်လ်ဂျီယံတို့ကစားမယ့် တတိယနေရာလုပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ

၂၀၁၈ ကမ္ဘာ့ဖလား တတိယနေရာလုပွဲအဖြစ် အင်္ဂလန်နဲ့ဘယ်လ်ဂျီယံတို့ဟာ အခုည ၈း၃၀ မှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ဒီပွဲမတိုင်ခင် ပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်တွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . .

– အုပ်စုတွင်းမှာ ဘယ်လ်ဂျီယံကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမတိုင်ခင် နောက်ဆုံး(၂၁)ပွဲဆုံတွေ့ခဲ့တာမှာ အင်္ဂလန်အသင်းဟာ တစ်ပွဲသာရှုံးနိမ့်ခဲ့ပြီး (၁၅)ပွဲနိုင်၊ (၅)ပွဲသရေကျခဲ့တယ်။
– ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက တူရကီနဲ့ ဘရာဇီးလ်အသင်း အုပ်စုတွင်း၊ တတိယနေရာလုပွဲ နှစ်ကြိမ်ဆုံတွေ့ခဲ့ပြီးနောက်ပိုင်း အင်္ဂလန်နဲ့ဘယ်လ်ဂျီယံတို့ဟာ ဒုတိယအကြိမ်မြောက် ပြိုင်ပွဲတစ်ခုတည်းမှာ နှစ်ကြိမ်ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။

England-vs-Belgium-Group-Match

England-vs-Belgium-Group-Match

– ဘယ်လ်ဂျီယံအသင်းဟာ ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက တတိယနေရာလုပွဲအဖြစ် ပြင်သစ်နဲ့ဆုံတွေ့ခဲ့ဖူးပြီး (၄-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
– ဘယ်လ်ဂျီယံအသင်းကို ၂၀၁၆၊ စက်တင်ဘာတုန်းက စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြမာတီနက်ဇ်ဟာ သူကိုင်တွယ်ခဲ့တဲ့ (၂၆)ပွဲမှာ ရှုံးပွဲ(၂)ပွဲသာရှိခဲ့ပြီး ပထမဆုံး စပိန်နဲ့ပွဲမှာ (၂-ဝ)ဂိုး၊ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်တုန်းက ပြင်သစ်ကို(၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
– အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုနှစ်ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု (၁၅)ကြိမ် (တူနီးရှား-၈ ကြိမ်၊ ပနားမား-၇ကြိမ်)အထိရှိခဲ့ပေမယ့် အဲဒီနောက်ပိုင်း(၄)ပွဲမှာ ဂိုးပေါက်ကန်သွင်းမှုက စုစုပေါင်း(၈)ကြိမ်သာရှိခဲ့တာကြောင့် တစ်ပွဲကို ပျမ်းမျှ(၂)ကြိမ်စီပဲရှိခဲ့တာပါ။
– အင်္ဂလန်အသင်းဟာ ၁၉၉၀ ကမ္ဘာ့ဖလားမှာ တတိယနေရာလုပွဲအဖြစ် အီတလီနဲ့ဆုံတွေ့ခဲ့ပြီး (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။

Lukaku

Lukaku

– ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ Lukaku ဟာ နည်းပြမာတီနက်ဇ်လက်ထက် (၂၃)ပွဲမှာ (၂၃)ဂိုးအထိ သွင်းယူခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး(၃)ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တဲ့အပြင် မာတီနက်ဇ်အသင်းကို ကိုင်တွယ်စဉ်ကစပြီး လက်ရှိအချိန် လူကာကူဂိုးမသွင်းနိုင်တာက (၄)ပွဲရှိခဲ့ပါပြီ။
– အင်္ဂလန်အသင်းတိုက်စစ်မှူး ဟာရီကိန်း Harry Kane ဟာ ကမ္ဘာ့ဖလားနောက်ဆုံး(၃)ပွဲမှာ ဂိုးပေါက်တည့်မှုက တစ်ကြိမ်သာရှိခဲ့တယ်။ အဲဒါကလည်း ကိုလံဘီယာနဲ့ပွဲတုန်းက ပယ်နယ်တီကန်သွင်းတဲ့တစ်ကြိမ်သာဖြစ်ပြီး ဂိုးပေါက်တည့်မှုမရှိတာက (၄)နာရီ (၃၃)မိနစ်အထိ ကြာမြင့်နေပြီဖြစ်ပါတယ်။

Harry-Kane

Harry-Kane

– ခရိုအေးရှားကို ရှုံးနိမ့်ခဲ့တာက အင်္ဂလန်အသင်းရဲ့ပွဲ(၁၀၀)မြောက် ရှုံးပွဲဖြစ်ခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ နောက်ဆုံးရှုံးပွဲ(၆)ပွဲက အဓိကနိုင်ငံတကာပြိုင်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားမှာ (၅)ကြိမ်၊ ယူရိုမှာ (၁)ကြိမ်ရှုံးနိမ့်ခဲ့တာပါ။

REF:Opta
Photo:Fox Sports,japantimes,thenational,The Sun
Naing Linn(Akhayar)
www.akhayar.com