This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ခ႐ုိေအးရွားနဲ႔ဒိန္းမတ္တို႔ ကစားမယ့္ ႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြနဲ႔ပတ္သက္တဲ့ မွတ္တမ္းမ်ား

၂၀၁၈ ကမၻာ႔ဖလား႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြအျဖစ္ ခ႐ုိေအးရွားနဲ႔ဒိန္းမတ္အသင္းတို႔ ျမန္မာစံေတာ္ခ်ိန္ တနဂၤေႏြနံနက္ ၁၂း၃၀ အခ်ိန္မွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။ ဒီပဲြနဲ႔ပတ္သက္တဲ့ မွတ္တမ္းေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . .

Croatia-Football-Team

Croatia-Football-Team

ဒဏ္ရာနဲ႔ ပဲြပယ္ျပႆနာ

ခ႐ုိေအးရွားအသင္းနည္းျပ ဒါလစ္ Dalic ဟာ အုိက္စလန္နဲ႔ပဲြတုန္းက အနားေပးခဲတ့ဲ့ အဓိကကစားသမားေတြျဖစ္ၾကတဲ့ ရာကီတစ္ Rakitic ၊ လုိဗရန္ Lovren ၊ မန္ဇူကစ္ Mandzukic တို႔ အားလုံးကုိ ပဲြထြက္ကစားသမားအျဖစ္ အသုံးသြားမွာပါ။ နံ႐ုိးက်ိဳးဒဏ္ရာေၾကာင့္ အနားယူခဲ့ရတဲ့ ဒိန္းမတ္ကြင္းလယ္လူ ခါဗစ္ Kvist ေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္ၿပီး ဒီပဲြမွာ ပါ၀င္ကစားဖုိ႔ နီးစပ္ေနတယ္။ ကြင္းလယ္လူ ေသာမတ္စ္ဒီလာေနး Thomas Delaney နဲ႔ ေနာက္ခံလူ ဆဗီယက္ခ်န္ကုိ Sviatchenko တို႔ကေတာ့ ပါ၀င္ဖုိ႔ မေသခ်ာပါဘူး။ ပဲြပယ္ျပစ္ဒဏ္က်ခံခ့ဲရတဲ့ တိုက္စစ္ကစားသမား ယူဆက္ဖ္ေပါလ္ဆင္ Yussuf Poulsen ျပစ္ဒဏ္ေစ့သြားၿပီျဖစ္တာေၾကာင့္ ပါ၀င္ကစားႏုိင္မွာပါ။ ခ႐ုိေအးရွားအသင္းမွာေတာ့ ေတာင္ပံကစားသမား မာကုိယာဆာ Marko Pjaca ေျခသလုံးဒဏ္ရာကေန ျပန္သက္သာလာၿပီး ေလ့က်င့္ခန္းေနပါၿပီ။

Denmark-Football-Team

Denmark-Football-Team

မွတ္တမ္းမ်ား

– အဓိက ႏုိင္ငံတကာၿပိဳင္ပဲြမွာ ခ႐ုိေအးရွားနဲ႔ ဒိန္းမတ္အသင္းတို႔ ေနာက္ဆုံးဆုံေတြ႕ခဲ့တာက ယူ႐ုိ-၁၉၉၆ အုပ္စုအဆင့္ပဲြျဖစ္ပါတယ္။ အဲဒီတုန္းက ခ႐ုိေအးရွားအသင္းက ဂႏၳ၀င္ကစားသမားေတြျဖစ္တဲ့ ေဒေဗာ္ဆူကာ Davor Suker(၂ဂုိး) ၊ ဘုိဘန္ Boban တို႔ရဲ႕ ဂုိးေတြ နဲ႔ အႏုိင္ရခဲ့တယ္။
– ၁၉၉၈ ကမၻာ႔ဖလားမွာ ႐ံႈံးထြက္(၁၆)သင္းအဆင့္ တက္ေရာက္ခဲ့ၿပီးေနာက္ပုိင္း ခ႐ုိးေအရွားအသင္း ဒုတိယအႀကိမ္ေျမာက္အျဖစ္ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ ျပန္လည္ တက္လွမ္းခဲ့တာပါ။ ၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ခ႐ုိေအးရွားအသင္း တတိယရခဲ့ၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးရပ္တည္မႈျဖစ္ခဲ့တယ္။
– ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ အုပ္စုပဲြစဥ္(၃)ပဲြစလုံး အႏုိင္ရခဲ့တာက ခ႐ုိေအးရွားအသင္းရဲ႕ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ပဲြဆက္အမ်ားဆုံးအႏုိင္ရခဲ့တာျဖစ္ပါတယ္။ ခ႐ုိေအးရွားအသင္း သြင္းခဲ့တဲ့ (၇)ဂုိးမွာ (၆)ဂုိးက ဒုတိယပုိင္းေရာက္မွ သြင္းခဲ့တာပါ။
– ဒိန္းမတ္အသင္းဟာ ၁၉၈၆၊ ၁၉၉၈၊ ၂၀၀၂ ခုႏွစ္ေတြတုန္းက ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ခဲ့ၿပီး အခု စတုတၳအႀကိမ္ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အရင္(၃)ႀကိမ္တုန္းက ၁၉၉၈ ကမၻာ႔ဖလားတစ္ႀကိမ္သာ ကြာတားဖုိင္နယ္အဆင့္ထိ တက္ေရာက္ႏုိင္ခဲ့တယ္။

REF:Sky Sports
Photo:MensXP.com,ESPN,Youtube
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ခရိုအေးရှားနဲ့ဒိန်းမတ်တို့ ကစားမယ့် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲနဲ့ပတ်သက်တဲ့ မှတ်တမ်းများ

၂၀၁၈ ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်ပွဲအဖြစ် ခရိုအေးရှားနဲ့ဒိန်းမတ်အသင်းတို့ မြန်မာစံတော်ချိန် တနင်္ဂနွေနံနက် ၁၂း၃၀ အချိန်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . .

Croatia-Football-Team

Croatia-Football-Team

ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာ

ခရိုအေးရှားအသင်းနည်းပြ ဒါလစ် Dalic ဟာ အိုက်စလန်နဲ့ပွဲတုန်းက အနားပေးခဲတဲ့ အဓိကကစားသမားတွေဖြစ်ကြတဲ့ ရာကီတစ် Rakitic ၊ လိုဗရန် Lovren ၊ မန်ဇူကစ် Mandzukic တို့ အားလုံးကို ပွဲထွက်ကစားသမားအဖြစ် အသုံးသွားမှာပါ။ နံရိုးကျိုးဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ဒိန်းမတ်ကွင်းလယ်လူ ခါဗစ် Kvist လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး ဒီပွဲမှာ ပါဝင်ကစားဖို့ နီးစပ်နေတယ်။ ကွင်းလယ်လူ သောမတ်စ်ဒီလာနေး Thomas Delaney နဲ့ နောက်ခံလူ ဆဗီယက်ချန်ကို Sviatchenko တို့ကတော့ ပါဝင်ဖို့ မသေချာပါဘူး။ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရတဲ့ တိုက်စစ်ကစားသမား ယူဆက်ဖ်ပေါလ်ဆင် Yussuf Poulsen ပြစ်ဒဏ်စေ့သွားပြီဖြစ်တာကြောင့် ပါဝင်ကစားနိုင်မှာပါ။ ခရိုအေးရှားအသင်းမှာတော့ တောင်ပံကစားသမား မာကိုယာဆာ Marko Pjaca ခြေသလုံးဒဏ်ရာကနေ ပြန်သက်သာလာပြီး လေ့ကျင့်ခန်းနေပါပြီ။

Denmark-Football-Team

Denmark-Football-Team

မှတ်တမ်းများ

– အဓိက နိုင်ငံတကာပြိုင်ပွဲမှာ ခရိုအေးရှားနဲ့ ဒိန်းမတ်အသင်းတို့ နောက်ဆုံးဆုံတွေ့ခဲ့တာက ယူရို-၁၉၉၆ အုပ်စုအဆင့်ပွဲဖြစ်ပါတယ်။ အဲဒီတုန်းက ခရိုအေးရှားအသင်းက ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ဒေဗော်ဆူကာ Davor Suker(၂ဂိုး) ၊ ဘိုဘန် Boban တို့ရဲ့ ဂိုးတွေ နဲ့ အနိုင်ရခဲ့တယ်။
– ၁၉၉၈ ကမ္ဘာ့ဖလားမှာ ရှုံံးထွက်(၁၆)သင်းအဆင့် တက်ရောက်ခဲ့ပြီးနောက်ပိုင်း ခရိုးအေရှားအသင်း ဒုတိယအကြိမ်မြောက်အဖြစ် ရှုံးထွက်(၁၆)သင်းအဆင့်ကို ပြန်လည် တက်လှမ်းခဲ့တာပါ။ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်း တတိယရခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးရပ်တည်မှုဖြစ်ခဲ့တယ်။
– ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်(၃)ပွဲစလုံး အနိုင်ရခဲ့တာက ခရိုအေးရှားအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲဆက်အများဆုံးအနိုင်ရခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှားအသင်း သွင်းခဲ့တဲ့ (၇)ဂိုးမှာ (၆)ဂိုးက ဒုတိယပိုင်းရောက်မှ သွင်းခဲ့တာပါ။
– ဒိန်းမတ်အသင်းဟာ ၁၉၈၆၊ ၁၉၉၈၊ ၂၀၀၂ ခုနှစ်တွေတုန်းက ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့ပြီး အခု စတုတ္ထအကြိမ် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အရင်(၃)ကြိမ်တုန်းက ၁၉၉၈ ကမ္ဘာ့ဖလားတစ်ကြိမ်သာ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တယ်။

REF:Sky Sports
Photo:MensXP.com,ESPN,Youtube
Naing Linn(Akhayar)
www.akhayar.com