[Zawgyi]

ခ်ယ္လ္ဆီး-အာဆင္နယ္ပဲြနဲ႔ ပတ္သတ္တဲ့ ထူးျခားခ်က္မ်ား

လန္ဒန္ဒါဘီပဲြျဖစ္တဲ့ ခ်ယ္လ္ဆီး-အာဆင္နယ္ပဲြကေတာ့ ဒီေန႔(စေန)ည ျမန္မာစံေတာ္ခ်ိန္ ည(၁၁း၀၀)နာရီက်ရင္ ခ်ယ္လ္ဆီးအသင္းရဲ႕ စတမ္းဖုိ႔ဒ္ဘရစ္ခ်္ကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာပါ။ ဒီပဲြမွာ ႏွစ္ဖက္အသင္းရဲ႕ ဒဏ္ရာရ ကစားသမားေတြ၊ ပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္ေတြ ဘယ္လုိရွိလဲဆုိတာကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . . .

Chelsea-Players-Celebrate

Chelsea-Players-Celebrate

ႏွစ္သင္းစလုံးရဲ႕ ဒဏ္ရာျပႆနာ
ခ်ယ္လ္ဆီးမွာေရာ အာဆင္နယ္မွာပါ ဒဏ္ရာျပႆနာေတြရွိေနၿပီး အထူးသျဖင့္ အာဆင္နယ္အသင္းရဲ႕ ခံစစ္မွာ ဒဏ္ရာရ ကစားသမားေတြ မ်ားေနတယ္။ ကုိစီယဲလ္နီ Koscielny (ေျခသလုံး) ၊ ကုိလာရွီနက္ Kolasinac (ဒူး) ၊ မြန္ရီယဲလ္ Monreal (ဒူး)တို႔အျပင္ လူငယ္ေနာက္ခံလူ မစ္လန္းႏုိင္းစ္ Maitland-Niles ကလည္း ၿပီးခဲ့တဲ့ မန္စီးတီးနဲ႔ပဲြမွာ ေျခသလုံးဒဏ္ရာရခဲ့တယ္။ ခ်ယ္လ္ဆီးအသင္းမွာေတာ့ ဒူးဒဏ္ရာရွိေနတဲ့ ကြင္းလယ္လူ ဖာဘရီဂတ္စ္ Fabregas အခုပဲြ ပါ၀င္ဖုိ႔ မေသခ်ာေသးသလုိ ကစားသမားသစ္ ကုိဗာခ်စ္ Kovacic လည္း ႀကံ့ခုိင္မႈ ျပႆနာရွိေနပါတယ္။ ဒါ့အျပင္ ေနာက္ခံလူ ကာေဟးလ္ Cahill ရာႏႈန္းျပည့္ ႀကံ့ခုိင္မႈ မရွိလုိ႔ နည္းျပဆာရီ Sarri က ပဲြထြက္အသုံးျပဳဖုိ႔ ရွိ၊ မရွိ မေသခ်ာေသးပါဘူး။

Arsenal-Players-Celebrate

Arsenal-Players-Celebrate

ထူးျခားခ်က္မ်ား
-ခ်ယ္လ္ဆီးအသင္းဟာ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္း ေနာက္ဆုံး(၆)ပဲြမွာ (၅)ပဲြအထိ အႏုိင္ရခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက ဂုိးမရွိသေရက်ခဲ့တယ္။
-စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ အာဆင္နယ္အသင္းကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၅)ပဲြမွာ (၄)ပဲြက ဂုိးမသြင္းႏုိင္ခဲ့ဘူး။
-ၿပီးခဲ့တဲ့ရာသီမတိုင္ခင္ ဒီႏွစ္သင္း စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ ၿပိဳင္ပဲြစုံေနာက္ဆုံး(၁၂)ႀကိမ္ ရင္ဆုိင္ခဲ့တာမွာ ခ်ယ္လ္ဆီးအသင္းက ပဲြတိုင္း ဂုိးသြင္းႏုိင္ခဲ့တယ္။
-၂၀၁၇-၁၈ ရာသီတုန္းက စတမ္းဖုိ႔ဒ္ဘရစ္ခ်္ကြင္းမွာ အာဆင္နယ္အသင္း လိဂ္ဖလားဆီမီးဖုိင္နယ္၊ ပရီးမီးယားလိဂ္ ႏွစ္ပဲြစလုံး ဂုိးမရွိသေရက်ခဲ့ၿပီး ၁၉၂၄၊ ဇန္န၀ါရီေနာက္ပုိင္း စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ အာဆင္နယ္ (၃)ပဲြဆက္ Clean Sheet တစ္ခါမွ မရခဲ့ဖူးပါဘူး။
– ၁၉၉၂-၉၃ ရာသီတုန္းက အဖြင့္ႏွစ္ပဲြ(ေနာ၀စ္ခ်္၊ ဘလက္ဘန္း)ဆက္တိုက္ ႐ႈံးနိမ့္ခဲ့ၿပီးေနာက္ပုိင္း အာဆင္နယ္အသင္း ရာသီအဖြင့္ႏွစ္ပဲြဆက္တိုက္ မ႐ႈံးေသးပါဘူး။
– တကယ္လုိ႔ အာဆင္နယ္တိုက္စစ္မွဴး အူဘာမီယန္း Aubameyang သာ ဂုိးသြင္းႏုိင္ခဲ့ရင္ သူ႔အတြက္ လိဂ္ၿပိဳင္ပဲြ(၁၅၀)ေျမာက္ သြင္းဂုိးအျဖစ္ မွတ္တမ္း၀င္မွာပါ။

REF:Sky Sports
Photo:Sports Illustrated,Getty Images,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီး-အာဆင်နယ်ပွဲနဲ့ ပတ်သတ်တဲ့ ထူးခြားချက်များ

လန်ဒန်ဒါဘီပွဲဖြစ်တဲ့ ချယ်လ်ဆီး-အာဆင်နယ်ပွဲကတော့ ဒီနေ့(စနေ)ည မြန်မာစံတော်ချိန် ည(၁၁း၀၀)နာရီကျရင် ချယ်လ်ဆီးအသင်းရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ဒီပွဲမှာ နှစ်ဖက်အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေ၊ ပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်တွေ ဘယ်လိုရှိလဲဆိုတာကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . . .

Chelsea-Players-Celebrate

Chelsea-Players-Celebrate

နှစ်သင်းစလုံးရဲ့ ဒဏ်ရာပြဿနာ
ချယ်လ်ဆီးမှာရော အာဆင်နယ်မှာပါ ဒဏ်ရာပြဿနာတွေရှိနေပြီး အထူးသဖြင့် အာဆင်နယ်အသင်းရဲ့ ခံစစ်မှာ ဒဏ်ရာရ ကစားသမားတွေ များနေတယ်။ ကိုစီယဲလ်နီ Koscielny (ခြေသလုံး) ၊ ကိုလာရှီနက် Kolasinac (ဒူး) ၊ မွန်ရီယဲလ် Monreal (ဒူး)တို့အပြင် လူငယ်နောက်ခံလူ မစ်လန်းနိုင်းစ် Maitland-Niles ကလည်း ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာ ခြေသလုံးဒဏ်ရာရခဲ့တယ်။ ချယ်လ်ဆီးအသင်းမှာတော့ ဒူးဒဏ်ရာရှိနေတဲ့ ကွင်းလယ်လူ ဖာဘရီဂတ်စ် Fabregas အခုပွဲ ပါဝင်ဖို့ မသေချာသေးသလို ကစားသမားသစ် ကိုဗာချစ် Kovacic လည်း ကြံ့ခိုင်မှု ပြဿနာရှိနေပါတယ်။ ဒါ့အပြင် နောက်ခံလူ ကာဟေးလ် Cahill ရာနှုန်းပြည့် ကြံ့ခိုင်မှု မရှိလို့ နည်းပြဆာရီ Sarri က ပွဲထွက်အသုံးပြုဖို့ ရှိ၊ မရှိ မသေချာသေးပါဘူး။

Arsenal-Players-Celebrate

Arsenal-Players-Celebrate

ထူးခြားချက်များ
-ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး(၆)ပွဲမှာ (၅)ပွဲအထိ အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဂိုးမရှိသရေကျခဲ့တယ်။
-စတမ်းဖို့ဒ်ဘရစ်ချ်မှာ အာဆင်နယ်အသင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ (၄)ပွဲက ဂိုးမသွင်းနိုင်ခဲ့ဘူး။
-ပြီးခဲ့တဲ့ရာသီမတိုင်ခင် ဒီနှစ်သင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပြိုင်ပွဲစုံနောက်ဆုံး(၁၂)ကြိမ် ရင်ဆိုင်ခဲ့တာမှာ ချယ်လ်ဆီးအသင်းက ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့တယ်။
-၂၀၁၇-၁၈ ရာသီတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ အာဆင်နယ်အသင်း လိဂ်ဖလားဆီမီးဖိုင်နယ်၊ ပရီးမီးယားလိဂ် နှစ်ပွဲစလုံး ဂိုးမရှိသရေကျခဲ့ပြီး ၁၉၂၄၊ ဇန်နဝါရီနောက်ပိုင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ အာဆင်နယ် (၃)ပွဲဆက် Clean Sheet တစ်ခါမှ မရခဲ့ဖူးပါဘူး။
– ၁၉၉၂-၉၃ ရာသီတုန်းက အဖွင့်နှစ်ပွဲ(နောဝစ်ချ်၊ ဘလက်ဘန်း)ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အာဆင်နယ်အသင်း ရာသီအဖွင့်နှစ်ပွဲဆက်တိုက် မရှုံးသေးပါဘူး။
– တကယ်လို့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း Aubameyang သာ ဂိုးသွင်းနိုင်ခဲ့ရင် သူ့အတွက် လိဂ်ပြိုင်ပွဲ(၁၅၀)မြောက် သွင်းဂိုးအဖြစ် မှတ်တမ်းဝင်မှာပါ။

REF:Sky Sports
Photo:Sports Illustrated,Getty Images,
Naing Linn(Akhayar)
www.akhayar.com