This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဘရာဇီးလ္-မကၠဆီကုိတို႔ကစားမယ့္ပဲြနဲ႔ပတ္သက္တဲ့ မွတ္တမ္းမ်ား

ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ ေအာင္ျမင္မႈအမ်ားဆုံး ဘရာဇီးလ္နဲ႔ ကြန္ကာကပ္ဖ္ ထိပ္သီး မကၠဆီကုိအသင္းတို႔ဟာ ဒီေန႔(တနလၤာ) ျမန္မာစံေတာ္ခ်ိန္ ည ၈း၃၀ အခ်ိန္မွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။ ဒီပဲြနဲ႔ပတ္သက္တဲ့ ထူးျခားမွတ္တမ္းေတြ၊ ႏွစ္သင္းစလုံးရဲ႕ ပဲြပယ္၊ ဒဏ္ရာအေျခအေနေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . .

Brazil-football-team

Brazil-football-team

ပဲြပယ္ႏွင့္ဒဏ္ရာအေျခအေန
ဆားဘီးယားနဲ႔ပဲြတုန္းက ဒဏ္ရာရခဲ့တဲ့ ဘရာဇီးလ္အသင္း အဓိက ဘယ္ေနာက္ခံလူ မာဆယ္လုိ Marcelo ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔တုန္းက အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနၿပီျဖစ္တာေၾကာင့္ ဒီပဲြရဲ႕လူစာရင္းမွာ ပါ၀င္လာဖုိ႔ရွိပါတယ္။ တျခားေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဒန္နီလုိ Danilo ကလည္း ေပါင္ဒဏ္ရာကေန သက္သာလာၿပီျဖစ္ေပမယ့္ ညာေနာက္ခံလူေနရာမွာ ဖက္ဂ္နာ Fagner ပဲ ပဲြထြက္လာဖုိ႔မ်ားေနတယ္။ မကၠဆီကုိအသင္းမွာေတာ့ အားထားရတဲ့ ေနာက္ခံလူ ဟက္တာေမာ္ရီႏုိ Hector Moreno ႏွစ္၀ါထိထားတာေၾကာင့္ ပဲြပယ္ခံရမွာျဖစ္လုိ႔ အခုပဲြမွာ ပါ၀င္ႏုိင္မွာ မဟုတ္ဘဲ သူ႔ေနရာမွာ ဟူဂုိအာယာလာ Hugo Ayala ပါ၀င္ကစားဖုိ႔ရွိေနပါတယ္။

Mexico-Football-Team

Mexico-Football-Team

မွတ္တမ္းမ်ား
– ဘရာဇီးလ္နဲ႔မကၠဆီကုိအသင္းတို႔ဟာ ပဲြ(၄၀)ဆုံေတြ႕ခဲ့ၿပီး ဘရာဇီးလ္က (၂၃)ပဲြႏုိင္၊ (၇)ပဲြသေရ မကၠဆီကုိက (၁၀)ပဲြႏုိင္ခဲ့တယ္။
– မကၠဆီကုိအသင္းဟာ ဘရာဇီးလ္နဲ႔ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ (၄)ႀကိမ္ဆုံေတြ႕ခဲ့ၿပီး (၁)ပဲြသေရ၊ (၄)ပဲြ႐ႈံးရလဒ္ထြက္ေပၚခဲ့သလုိ အဲဒီ(၄)ပဲြစလုံး တစ္ဂုိးမွမသြင္းႏုိင္ဘဲ ေပးဂုိး(၁၁)ဂုိးရွိခဲ့တယ္။
– ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဘရာဇီးလ္နဲ႔ မကၠဆီတို႔ (၅)ႀကိမ္ေျမာက္ဆုံေတြ႕တာျဖစ္ၿပီး ဘရာဇီးလ္-ဆြီဒင္(၇ႀကိမ္)၊ အာဂ်င္တီးနား-ဂ်ာမနီ(၇ႀကိမ္)၊ ဂ်ာမနီ-ယူဂုိဆလားဗီးယား(၆ႀကိမ္)တို႔ေနာက္ပုိင္း အႀကိမ္အမ်ားဆုံးဆုံေတြ႕တာလည္းျဖစ္ပါတယ္။
– ၁၉၉၀ ကမၻာ႔ဖလားမွာ ႐ႈံးထြက္(၁၆)သင္းအဆင့္က ထြက္ခဲ့ရတဲ့ေနာက္ပုိင္း ဘရာဇီးလ္အသင္းဟာ ကြာတားဖုိင္နယ္အဆင့္ကုိ ပုံမွန္တက္ေရာက္ႏုိင္ခဲ့တယ္။
– ၂၀၀၆ ကမၻာ႔ဖလားမွာ ဘရာဇီးလ္အသင္း (၃)ပဲြဆက္ႏုိင္ခဲ့ၿပီးေနာက္ပုိင္း အဲဒီလုိ မစြမ္းေဆာင္ႏုိင္ေတာ့ပါဘူး။
– ဘရာဇီးလ္အသင္းဟာ ၂၀၁၇၊ ဇြန္လတုန္းက အာဂ်င္တီးနားကုိ ႐ႈံးနိမ့္ခဲ့ၿပီးေနာက္ ေနာက္ဆုံး(၁၄)ပဲြမွာ ႐ႈံးပဲြမရွိေတာ့ဘဲ (၁၀)ပဲြႏုိင္၊ (၄)ပဲြသေရက်ခဲ့တယ္။
– မကၠဆီကုိအသင္းအေနနဲ႔ ေနာက္ဆုံးကမၻာ႔ဖလား(၆)ႀကိမ္စလုံး ႐ႈံးထြက္(၁၆)သင္းအဆင့္က ထြက္ခဲ့ရတယ္။

REF:Sky Sports
Photo: wordpress.com,FanSided
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဘရာဇီးလ်-မက္ကဆီကိုတို့ကစားမယ့်ပွဲနဲ့ပတ်သက်တဲ့ မှတ်တမ်းများ

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အောင်မြင်မှုအများဆုံး ဘရာဇီးလ်နဲ့ ကွန်ကာကပ်ဖ် ထိပ်သီး မက္ကဆီကိုအသင်းတို့ဟာ ဒီနေ့(တနင်္လာ) မြန်မာစံတော်ချိန် ည ၈း၃၀ အချိန်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်တဲ့ ထူးခြားမှတ်တမ်းတွေ၊ နှစ်သင်းစလုံးရဲ့ ပွဲပယ်၊ ဒဏ်ရာအခြေအနေတွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . .

Brazil-football-team

Brazil-football-team

ပွဲပယ်နှင့်ဒဏ်ရာအခြေအနေ
ဆားဘီးယားနဲ့ပွဲတုန်းက ဒဏ်ရာရခဲ့တဲ့ ဘရာဇီးလ်အသင်း အဓိက ဘယ်နောက်ခံလူ မာဆယ်လို Marcelo ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်တာကြောင့် ဒီပွဲရဲ့လူစာရင်းမှာ ပါဝင်လာဖို့ရှိပါတယ်။ တခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ ဒန်နီလို Danilo ကလည်း ပေါင်ဒဏ်ရာကနေ သက်သာလာပြီဖြစ်ပေမယ့် ညာနောက်ခံလူနေရာမှာ ဖက်ဂ်နာ Fagner ပဲ ပွဲထွက်လာဖို့များနေတယ်။ မက္ကဆီကိုအသင်းမှာတော့ အားထားရတဲ့ နောက်ခံလူ ဟက်တာမော်ရီနို Hector Moreno နှစ်ဝါထိထားတာကြောင့် ပွဲပယ်ခံရမှာဖြစ်လို့ အခုပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘဲ သူ့နေရာမှာ ဟူဂိုအာယာလာ Hugo Ayala ပါဝင်ကစားဖို့ရှိနေပါတယ်။

Mexico-Football-Team

Mexico-Football-Team

မှတ်တမ်းများ
– ဘရာဇီးလ်နဲ့မက္ကဆီကိုအသင်းတို့ဟာ ပွဲ(၄၀)ဆုံတွေ့ခဲ့ပြီး ဘရာဇီးလ်က (၂၃)ပွဲနိုင်၊ (၇)ပွဲသရေ မက္ကဆီကိုက (၁၀)ပွဲနိုင်ခဲ့တယ်။
– မက္ကဆီကိုအသင်းဟာ ဘရာဇီးလ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် (၄)ကြိမ်ဆုံတွေ့ခဲ့ပြီး (၁)ပွဲသရေ၊ (၄)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့သလို အဲဒီ(၄)ပွဲစလုံး တစ်ဂိုးမှမသွင်းနိုင်ဘဲ ပေးဂိုး(၁၁)ဂိုးရှိခဲ့တယ်။
– ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်နဲ့ မက္ကဆီတို့ (၅)ကြိမ်မြောက်ဆုံတွေ့တာဖြစ်ပြီး ဘရာဇီးလ်-ဆွီဒင်(၇ကြိမ်)၊ အာဂျင်တီးနား-ဂျာမနီ(၇ကြိမ်)၊ ဂျာမနီ-ယူဂိုဆလားဗီးယား(၆ကြိမ်)တို့နောက်ပိုင်း အကြိမ်အများဆုံးဆုံတွေ့တာလည်းဖြစ်ပါတယ်။
– ၁၉၉၀ ကမ္ဘာ့ဖလားမှာ ရှုံးထွက်(၁၆)သင်းအဆင့်က ထွက်ခဲ့ရတဲ့နောက်ပိုင်း ဘရာဇီးလ်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်ကို ပုံမှန်တက်ရောက်နိုင်ခဲ့တယ်။
– ၂၀၀၆ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်း (၃)ပွဲဆက်နိုင်ခဲ့ပြီးနောက်ပိုင်း အဲဒီလို မစွမ်းဆောင်နိုင်တော့ပါဘူး။
– ဘရာဇီးလ်အသင်းဟာ ၂၀၁၇၊ ဇွန်လတုန်းက အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ဆုံး(၁၄)ပွဲမှာ ရှုံးပွဲမရှိတော့ဘဲ (၁၀)ပွဲနိုင်၊ (၄)ပွဲသရေကျခဲ့တယ်။
– မက္ကဆီကိုအသင်းအနေနဲ့ နောက်ဆုံးကမ္ဘာ့ဖလား(၆)ကြိမ်စလုံး ရှုံးထွက်(၁၆)သင်းအဆင့်က ထွက်ခဲ့ရတယ်။

REF:Sky Sports
Photo: wordpress.com,FanSided
Naing Linn(Akhayar)
www.akhayar.com