This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဘရာဇီးလ္ – ဘယ္လ္ဂ်ီယံတို႔ကစားမယ့္ ကြာတားဖုိင္နယ္ပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မွတ္တမ္းမ်ား

ဒဏ္ရာႏွင့္ပဲြပယ္ျပႆနာ
ေပါင္ဒဏ္ရာရေနတဲ့ ဘရာဇီးလ္ကြင္းလယ္တိုက္စစ္ကစားသမား ေဒါက္ဂလပ္စ္ေကာ္စတာ Douglas Costa ေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္ေပမယ့္ ဒန္နီလုိ Danilo ကေတာ့ ေျခခ်င္း၀တ္ဒဏ္ရာကေန ရာႏႈန္းျပည့္ ျပန္မေကာင္းေသးပါဘူး။ ကြင္းလယ္လူ ကတ္စ္မဲ႐ုိး Casemiro ကေတာ့ ပဲြပယ္ျပစ္ဒဏ္ေၾကာင့္ ဒီပဲြကုိ လဲြေခ်ာ္မွာပါ။ ဒဏ္ရာက ျပန္သက္သာလာတ့ဲ မာဆယ္လုိ Marcelo နဲ႔ ဖာနန္ဒင္ဟုိ Fernandinho တို႔ ပါ၀င္ကစားဖုိ႔ရွိေနတယ္။ ဘယ္လ္ဂ်ီယံအသင္းမွာေတာ့ ဒဏ္ရာပဲြပယ္ျပႆနာ မရွိပါဘူး။

Brazil-football-team

Brazil-football-team

မွတ္တမ္းမ်ား
-ေတာင္အေမရိကအသင္းေတြနဲ႔ ဆုံေတြ႕ခဲ့တဲ့ (၄)ပဲြမွာ ဘယ္လ္ဂ်ီယံအသင္း (၃)ပဲြအထိ ႐ႈံးနိမ့္ခဲ့တယ္။
-ဘရာဇီးလ္အသင္းဟာ ကမၻာ႔ဖလား(၇)ႀကိမ္ဆက္ ကြာတားဖုိင္နယ္တက္ေရာက္ခဲ့ၿပီး (၂)ႀကိမ္သာ(၂၀၀၆ – ျပင္သစ္၊ ၂၀၁၀ – နယ္သာလန္) ႐ႈံးနိမ္ခဲ့ပါတယ္။
-ၿပီးခဲ့တဲ့ကမၻာ႔ဖလား(၃)ႀကိမ္မွာ ဥေရာပအသင္းတစ္သင္းကုိ ႐ႈံးနိမ့္ၿပီး ဘရာဇီးလ္ ၿပိဳင္ပဲြက ထြက္ခဲ့ရတာ (၃)ႀကိမ္ရွိခဲ့ၿပီး ၂၀၀၆ ကြာတားဖုိင္နယ္မွာ ျပင္သစ္၊ ၂၀၁၀ ကြာတားဖုိင္နယ္မွာ နယ္သာလန္၊ ၂၀၁၄ ဆီမီးဖုိင္နယ္မွာ ဂ်ာမနီတို႔ကုိ ႐ႈံးနိမ့္ခဲ့တာပါ။
-ကမၻာ႔ဖလားမွာ (၂)ႀကိမ္ဆက္ ကြာတားဖုိင္နယ္တက္ခဲ့တာက ဘယ္လ္ဂ်ီယံအသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ျဖစ္ခဲ့ၿပီး ၂၀၁၄ ကြာတားဖုိင္နယ္မွာ အာဂ်င္တီးနားကုိ ႐ႈံးနိမ့္ခဲ့တယ္။
-အခုႏွစ္ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဘယ္လ္ဂ်ီယံအသင္း (၁၂)ဂုိးအထိသြင္းယူထားၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ ၁၉၈၆ ကမၻာ႔ဖလားမွာ သြင္းယူခဲ့တဲ့ အသင္းရဲ႕စံခ်ိန္ကုိ အမီလုိက္ႏုိင္ၿပီျဖစ္သလုိ စံခ်ိန္သစ္တင္ဖုိ႔ အေျခအေနေကာင္းေနပါၿပီ။

Belgium-Football-Team

Belgium-Football-Team

-ဘယ္လ္ဂ်ီယံအသင္းဟာ ေနာက္ဆုံး(၂၃)ပဲြမွာ လုံး၀႐ႈံးပဲြမရွိဘဲ (၁၈)ပဲြႏုိင္၊ (၅)ပဲြသေရက်ခဲ့ၿပီး ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္အသင္းေတြထဲမွာ ႐ႈံးပဲြမရွိ ပဲြအမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနပါတယ္။
-နညးျပမာတီနက္ဇ္ Martinez လက္ထက္ (၁၈)ပဲြမွာ ဟာဇက္ Hazard တိုက္႐ုိက္ပါ၀င္ပတ္သက္ခဲ့တာက (၁၉)ဂုိးအထိရွိၿပီး (၁၀)ဂုိးသြင္းယူ၊ ဂုိးဖန္တီးမႈ(၉)ႀကိမ္ရွိခဲ့တယ္။
-ဘယ္လ္ဂ်ီယံတိုက္စစ္မွဴး လူကာကူ Lukaku ဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဂုိးေပါက္တည့္မႈ (၅)ႀကိမ္ရွိခဲ့ၿပီး (၄)ဂုိးသြင္းခဲ့တယ္။
– ဘရာဇီးလ္တိုက္စစ္မွဴး ေနမာ Neymar ဟာ သူ႔ရဲ႕ေနာက္ဆုံးပဲြ(၂၀)မွာ ပါ၀င္ပတ္သက္ခဲ့တာက ဂုိး(၂၀)ရွိခဲ့ၿပီး (၁၁)ဂုိးသြင္း ဂုိးဖန္တီးမႈ(၉)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

REF:Sky Sports
Photo:Mirror,Goal.com
Naing Linn(Akhayar)
http://www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဘရာဇီးလ် – ဘယ်လ်ဂျီယံတို့ကစားမယ့် ကွာတားဖိုင်နယ်ပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်မှတ်တမ်းများ

ဒဏ်ရာနှင့်ပွဲပယ်ပြဿနာ
ပေါင်ဒဏ်ရာရနေတဲ့ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ဒေါက်ဂလပ်စ်ကော်စတာ Douglas Costa လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပေမယ့် ဒန်နီလို Danilo ကတော့ ခြေချင်းဝတ်ဒဏ်ရာကနေ ရာနှုန်းပြည့် ပြန်မကောင်းသေးပါဘူး။ ကွင်းလယ်လူ ကတ်စ်မဲရိုး Casemiro ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို လွဲချော်မှာပါ။ ဒဏ်ရာက ပြန်သက်သာလာတဲ့ မာဆယ်လို Marcelo နဲ့ ဖာနန်ဒင်ဟို Fernandinho တို့ ပါဝင်ကစားဖို့ရှိနေတယ်။ ဘယ်လ်ဂျီယံအသင်းမှာတော့ ဒဏ်ရာပွဲပယ်ပြဿနာ မရှိပါဘူး။

Brazil-football-team

Brazil-football-team

မှတ်တမ်းများ
-တောင်အမေရိကအသင်းတွေနဲ့ ဆုံတွေ့ခဲ့တဲ့ (၄)ပွဲမှာ ဘယ်လ်ဂျီယံအသင်း (၃)ပွဲအထိ ရှုံးနိမ့်ခဲ့တယ်။
-ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလား(၇)ကြိမ်ဆက် ကွာတားဖိုင်နယ်တက်ရောက်ခဲ့ပြီး (၂)ကြိမ်သာ(၂၀၀၆ – ပြင်သစ်၊ ၂၀၁၀ – နယ်သာလန်) ရှုံးနိမ်ခဲ့ပါတယ်။
-ပြီးခဲ့တဲ့ကမ္ဘာ့ဖလား(၃)ကြိမ်မှာ ဥရောပအသင်းတစ်သင်းကို ရှုံးနိမ့်ပြီး ဘရာဇီးလ် ပြိုင်ပွဲက ထွက်ခဲ့ရတာ (၃)ကြိမ်ရှိခဲ့ပြီး ၂၀၀၆ ကွာတားဖိုင်နယ်မှာ ပြင်သစ်၊ ၂၀၁၀ ကွာတားဖိုင်နယ်မှာ နယ်သာလန်၊ ၂၀၁၄ ဆီမီးဖိုင်နယ်မှာ ဂျာမနီတို့ကို ရှုံးနိမ့်ခဲ့တာပါ။
-ကမ္ဘာ့ဖလားမှာ (၂)ကြိမ်ဆက် ကွာတားဖိုင်နယ်တက်ခဲ့တာက ဘယ်လ်ဂျီယံအသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး ၂၀၁၄ ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တယ်။
-အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်း (၁၂)ဂိုးအထိသွင်းယူထားပြီး အသင်းသမိုင်းတစ်လျှောက် ၁၉၈၆ ကမ္ဘာ့ဖလားမှာ သွင်းယူခဲ့တဲ့ အသင်းရဲ့စံချိန်ကို အမီလိုက်နိုင်ပြီဖြစ်သလို စံချိန်သစ်တင်ဖို့ အခြေအနေကောင်းနေပါပြီ။

Belgium-Football-Team

Belgium-Football-Team

-ဘယ်လ်ဂျီယံအသင်းဟာ နောက်ဆုံး(၂၃)ပွဲမှာ လုံးဝရှုံးပွဲမရှိဘဲ (၁၈)ပွဲနိုင်၊ (၅)ပွဲသရေကျခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေထဲမှာ ရှုံးပွဲမရှိ ပွဲအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
-နညးပြမာတီနက်ဇ် Martinez လက်ထက် (၁၈)ပွဲမှာ ဟာဇက် Hazard တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တာက (၁၉)ဂိုးအထိရှိပြီး (၁၀)ဂိုးသွင်းယူ၊ ဂိုးဖန်တီးမှု(၉)ကြိမ်ရှိခဲ့တယ်။
-ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ Lukaku ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးပေါက်တည့်မှု (၅)ကြိမ်ရှိခဲ့ပြီး (၄)ဂိုးသွင်းခဲ့တယ်။
– ဘရာဇီးလ်တိုက်စစ်မှူး နေမာ Neymar ဟာ သူ့ရဲ့နောက်ဆုံးပွဲ(၂၀)မှာ ပါဝင်ပတ်သက်ခဲ့တာက ဂိုး(၂၀)ရှိခဲ့ပြီး (၁၁)ဂိုးသွင်း ဂိုးဖန်တီးမှု(၉)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

REF:Sky Sports
Photo:Mirror,Goal.com
Naing Linn(Akhayar)
http://www.akhayar.com