[Zawgyi]

အာဆင္နယ္-မန္စီးတီးပဲြနဲ႔ ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းကေတာ့ ခ်န္ပီယံကာကြယ္ပဲြအျဖစ္ အာဆင္နယ္အသင္းနဲ႔ ပဲြဦးထြက္ ကစားရေတာ့မွာျဖစ္ပါတယ္။ ဒီရာသီမွာ ျပင္ဆင္မႈႀကီးႀကီးမားမား မလုပ္ထားေပမယ့္ ဂြါဒီယုိလာရဲ႕ မန္စီးတီးအသင္းဟာ ေတာင့္တင္းေနဆဲျဖစ္ၿပီး အရံကစားသမားေတြကအစ ထိပ္တန္းအဆင့္ရွိေနတာေၾကာင့္ First Line Up (၁၁)ဦးနဲ႔ ဘာမွ ကြာျခားမႈမရွိဘူး။ (၂၂)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ နည္းျပအေျပာင္းအလဲ လုပ္ထားတဲ့ အာဆင္နယ္အသင္းအတြက္ နည္းျပသစ္ အူႏုိင္းအမ္မရီ Unai Emery လက္ထက္မွာ ဘယ္ေလာက္အထိ ေျပာင္းလဲသြားမလဲဆုိတာ ေစာင့္ၾကည့္ရမယ္။ အသင္းရဲ႕ ေနရာအလုိက္မွာ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္ထားတာေၾကာင့္ ဒီရာသီမွာ အာဆင္နယ္အသင္းက တစ္ေက်ာ႔ျပန္ ေအာင္ျမင္မႈမႈေတြ ရယူဖုိ႔ အသင့္ရွိေနၿပီလားဆုိတာ စိတ္၀င္စားစရာပါပဲ။ အာဆင္နယ္နဲ႔ မန္စီးတီးပဲြမတိုင္ခင္ ဒီပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္ေတြကုိ ပရိသတ္ေတြအတြက္ ေဖာ္ျပလုိက္ပါတယ္ . . .

Arsenal-Players

Arsenal-Players

ႏွစ္သင္းစလုံးရဲ႕ဒဏ္ရာအေနအထား
ၿပီးခဲ့တဲ့ ရက္တုန္းက အာဆင္နယ္အသင္း ေလ့က်င့္ခန္းအစီအစဥ္မွာ အေသးစား ေျခသလုံးဒဏ္ရာရရွိခဲ့တဲ့ ကြင္းလယ္လူ ရမ္ေဆး Ramsey ဒီပဲြမွာ ပါ၀င္ႏုိင္ဖုိ႔ အေျခအေနေကာင္းေနတယ္။ ဒါေပမဲ့ ကုိလာရွီနက္ Kolasinac (ဒူး)၊ ကုိစီယဲလ္နီ Koscielny (ေျခဖေနာင့္ေက်ာ) တို႔ကေတာ့ မန္စီးတီးနဲ႔ပဲြကုိ လဲြေခ်ာ္မွာပါ။ ကစားသမားသစ္ေတြျဖစ္တဲ့ ေလႏုိ Leno ၊ လစ္ခ်္စတုိင္နာ Lichtsteiner ၊ ဆုိကေရတစ္ Sokratis တို႔ဟာ အာဆင္နယ္ကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ္ပဲြကုိ ဆင္ႏႊဲၾကမွာျဖစ္ပါတယ္။ မန္စီးတီးေနာက္ခံလူ ဒန္နီလုိ Danilo ဟာ ကမၻာ႔ဖလားတုန္းက ရရွိခဲ့တဲ့ ေျခခ်င္း၀တ္ဒဏ္ရာေၾကာင့္ လဲြေခ်ာ္ဖုိ႔မ်ားေနၿပီး ေဒးဗစ္ေဆးလ္ဗား David Silva ကလည္း ဒဏ္ရာရွိေနတယ္။ ဒါေပမဲ့ စတာလင္ Sterling ၊ ဒီဘ႐ုိင္းနား De Bruyne တို႔ကေတာ့ ဒီပဲြမွာ အင္ျပည့္အားျပည့္ ပါ၀င္ကစားႏုိင္မွာပါ။

Manchester-City-Players

Manchester-City-Players

ထူးျခားခ်က္မ်ား
-အာဆင္နယ္အသင္းဟာ အမွတ္ေပးၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ လက္ရွိခ်န္ပီယံနဲ႔ အဖြင့္ပဲြကစားရတာက ၁၉၇၀-၇၁ ရာသီေနာက္ပုိင္း ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ ၁၉၇၀-၇၁ ရာသီက အဲဗာတန္နဲ႔ကစားခဲ့ရၿပီး (၂)ဂုိးစီ သေရက်ခဲ့တယ္။
-မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ရာသီအဖြင့္ ေနာက္ဆုံး(၉)ပဲြမွာ ႐ႈံးပဲြလုံး၀မရွိဘဲ (၈)ပဲြႏုိင္၊ (၁)ပဲြသေရက်ခဲ့ၿပီး အဲဒီ(၉)ပဲြမွာ (၇)ပဲြဆက္ သေရက်ခဲ့တယ္။
-အာဆင္နယ္အသင္းဟာ မန္စီးတီးနဲ႔ ေနာက္ဆုံးပရီးမီးယားလိဂ္(၅)ပဲြမွာ ႏုိင္ပဲြမရွိဘဲ (၂)ပဲြသေရ၊ (၃)ပဲြ ႐ႈံးခဲ့သလုိ ေနာက္ဆုံး(၁၂)ပဲြမွာလည္း (၂)ပဲြသာ အႏုိင္ရခဲ့တယ္။
-အီမရိတ္စ္ကြင္း ေနာက္ဆုံးလိဂ္(၆)ပဲြမွာလည္း (၁)ပဲြသာႏုိင္ခဲ့ၿပီး (၂)ပဲြသေရ၊ (၃)ပဲြ႐ႈံးနိမ့္ခဲ့တယ္။
-ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံအသင္းေတြ ၿပီးခဲ့တဲ့ (၂)ရာသီဆက္ ရာသီအဖြင့္ပဲြမွာ ႐ႈံးနိမ့္ခဲ့ၿပီး အဂၤလိပ္ေဘာလုံးသမုိင္းတစ္ေလွ်ာက္မွာ လက္ရွိခ်န္ပီယံအသင္း အဖြင့္ပဲြ (၃)ရာသီဆက္ ႐ႈံးနိမ့္ခဲ့တာ တစ္ခါမွ မရွိခဲ့ဘူး။
-အာဆင္နယ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္အဖြင့္ပဲြကုိ အိမ္ကြင္း (၇)ရာသီဆက္ ကစားခြင့္ရခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့(၆)ပဲြမွာ (၂)ပဲြႏုိင္၊ (၁)ပဲြသေရ၊ (၃)ပဲြ႐ႈံးခဲ့တယ္။

Facts-For-Arsenal-Vs-Manchester-City

Facts-For-Arsenal-Vs-Manchester-City

-အာဆင္နယ္အသင္းဟာ တနဂၤေႏြေန႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပဲြေတြမွာ အနီကတ္(၆)ႀကိမ္အထိ ျပသခံခဲ့ရၿပီး အမ်ားဆုံးျဖစ္ေနတယ္။
-ဂြါဒီယုိလာနဲ႔ အူႏုိင္းအမ္မရီတို႔ဟာ စပိန္ေျမမွာ စုစုေပါင္း(၁၀)ပဲြဆုံေတြ႕ခဲ့ၿပီး ဂြါဒီယုိလာက တစ္ပဲြမွ မ႐ႈံးဘဲ (၆)ပဲြႏုိင္ (၄)ပဲြသေရက်ခဲ့တယ္။

REF:Sky Sports,Opta
Photo:vivaronews,EatFootball,Premier League
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အာဆင်နယ်-မန်စီးတီးပွဲနဲ့ ပတ်သက်တဲ့ ထူးခြားချက်များ

လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ ချန်ပီယံကာကွယ်ပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ ပွဲဦးထွက် ကစားရတော့မှာဖြစ်ပါတယ်။ ဒီရာသီမှာ ပြင်ဆင်မှုကြီးကြီးမားမား မလုပ်ထားပေမယ့် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ တောင့်တင်းနေဆဲဖြစ်ပြီး အရံကစားသမားတွေကအစ ထိပ်တန်းအဆင့်ရှိနေတာကြောင့် First Line Up (၁၁)ဦးနဲ့ ဘာမှ ကွာခြားမှုမရှိဘူး။ (၂၂)နှစ်အတွင်း ပထမဆုံးအကြိမ် နည်းပြအပြောင်းအလဲ လုပ်ထားတဲ့ အာဆင်နယ်အသင်းအတွက် နည်းပြသစ် အူနိုင်းအမ်မရီ Unai Emery လက်ထက်မှာ ဘယ်လောက်အထိ ပြောင်းလဲသွားမလဲဆိုတာ စောင့်ကြည့်ရမယ်။ အသင်းရဲ့ နေရာအလိုက်မှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားတာကြောင့် ဒီရာသီမှာ အာဆင်နယ်အသင်းက တစ်ကျော့ပြန် အောင်မြင်မှုမှုတွေ ရယူဖို့ အသင့်ရှိနေပြီလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ အာဆင်နယ်နဲ့ မန်စီးတီးပွဲမတိုင်ခင် ဒီပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်တွေကို ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ် . . .

Arsenal-Players

Arsenal-Players

နှစ်သင်းစလုံးရဲ့ဒဏ်ရာအနေအထား
ပြီးခဲ့တဲ့ ရက်တုန်းက အာဆင်နယ်အသင်း လေ့ကျင့်ခန်းအစီအစဉ်မှာ အသေးစား ခြေသလုံးဒဏ်ရာရရှိခဲ့တဲ့ ကွင်းလယ်လူ ရမ်ဆေး Ramsey ဒီပွဲမှာ ပါဝင်နိုင်ဖို့ အခြေအနေကောင်းနေတယ်။ ဒါပေမဲ့ ကိုလာရှီနက် Kolasinac (ဒူး)၊ ကိုစီယဲလ်နီ Koscielny (ခြေဖနောင့်ကျော) တို့ကတော့ မန်စီးတီးနဲ့ပွဲကို လွဲချော်မှာပါ။ ကစားသမားသစ်တွေဖြစ်တဲ့ လေနို Leno ၊ လစ်ချ်စတိုင်နာ Lichtsteiner ၊ ဆိုကရေတစ် Sokratis တို့ဟာ အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ်ပွဲကို ဆင်နွှဲကြမှာဖြစ်ပါတယ်။ မန်စီးတီးနောက်ခံလူ ဒန်နီလို Danilo ဟာ ကမ္ဘာ့ဖလားတုန်းက ရရှိခဲ့တဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် လွဲချော်ဖို့များနေပြီး ဒေးဗစ်ဆေးလ်ဗား David Silva ကလည်း ဒဏ်ရာရှိနေတယ်။ ဒါပေမဲ့ စတာလင် Sterling ၊ ဒီဘရိုင်းနား De Bruyne တို့ကတော့ ဒီပွဲမှာ အင်ပြည့်အားပြည့် ပါဝင်ကစားနိုင်မှာပါ။

Manchester-City-Players

Manchester-City-Players

ထူးခြားချက်များ
-အာဆင်နယ်အသင်းဟာ အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် လက်ရှိချန်ပီယံနဲ့ အဖွင့်ပွဲကစားရတာက ၁၉၇၀-၇၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ၁၉၇၀-၇၁ ရာသီက အဲဗာတန်နဲ့ကစားခဲ့ရပြီး (၂)ဂိုးစီ သရေကျခဲ့တယ်။
-မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရာသီအဖွင့် နောက်ဆုံး(၉)ပွဲမှာ ရှုံးပွဲလုံးဝမရှိဘဲ (၈)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့ပြီး အဲဒီ(၉)ပွဲမှာ (၇)ပွဲဆက် သရေကျခဲ့တယ်။
-အာဆင်နယ်အသင်းဟာ မန်စီးတီးနဲ့ နောက်ဆုံးပရီးမီးယားလိဂ်(၅)ပွဲမှာ နိုင်ပွဲမရှိဘဲ (၂)ပွဲသရေ၊ (၃)ပွဲ ရှုံးခဲ့သလို နောက်ဆုံး(၁၂)ပွဲမှာလည်း (၂)ပွဲသာ အနိုင်ရခဲ့တယ်။
-အီမရိတ်စ်ကွင်း နောက်ဆုံးလိဂ်(၆)ပွဲမှာလည်း (၁)ပွဲသာနိုင်ခဲ့ပြီး (၂)ပွဲသရေ၊ (၃)ပွဲရှုံးနိမ့်ခဲ့တယ်။
-ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းတွေ ပြီးခဲ့တဲ့ (၂)ရာသီဆက် ရာသီအဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အင်္ဂလိပ်ဘောလုံးသမိုင်းတစ်လျှောက်မှာ လက်ရှိချန်ပီယံအသင်း အဖွင့်ပွဲ (၃)ရာသီဆက် ရှုံးနိမ့်ခဲ့တာ တစ်ခါမှ မရှိခဲ့ဘူး။
-အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကို အိမ်ကွင်း (၇)ရာသီဆက် ကစားခွင့်ရခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့(၆)ပွဲမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံးခဲ့တယ်။

Facts-For-Arsenal-Vs-Manchester-City

Facts-For-Arsenal-Vs-Manchester-City

-အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အနီကတ်(၆)ကြိမ်အထိ ပြသခံခဲ့ရပြီး အများဆုံးဖြစ်နေတယ်။
-ဂွါဒီယိုလာနဲ့ အူနိုင်းအမ်မရီတို့ဟာ စပိန်မြေမှာ စုစုပေါင်း(၁၀)ပွဲဆုံတွေ့ခဲ့ပြီး ဂွါဒီယိုလာက တစ်ပွဲမှ မရှုံးဘဲ (၆)ပွဲနိုင် (၄)ပွဲသရေကျခဲ့တယ်။

REF:Sky Sports,Opta
Photo:vivaronews,EatFootball,Premier League
Naing Linn(Akhayar)
www.akhayar.com