[Zawgyi]

အာဆင္နယ္-လီဗာပူးလ္ပဲြနဲ႔ ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပဲြစဥ္ (၁၁)မွာ ရလဒ္ေကာင္းေတြ ရယူေနတဲ့ အာဆင္နယ္နဲ႔ လီဗာပူးလ္အသင္းတို႔ ထိပ္တုိက္ေတြ႕ၾကမွာျဖစ္ပါတယ္။ ရာသီအစ (၂)ပဲြဆက္ ႐ႈံးနိမ့္ခဲ့ၿပီးကတည္းက ႐ႈံးပဲြမရွိေတာ့တဲ့ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္မွာ လုံး၀ ႐ႈံးပဲြမရွိေသးတဲ့ လီဗာပူးလ္တို႔ပဲြက ဘယ္လုိရလဒ္ထြက္လာမလဲဆုိတာ စိတ္၀င္စားစရာပါပဲ။ ဒါေၾကာင့္ ဒီပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္ေတြ၊ ဒဏ္ရာရ ကစားသမားေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာျ္ပလုိက္ပါတယ္ . . .

Arsenal-Players

Arsenal-Players

ဒဏ္ရာရ ကစားသမားစာရင္း
အိမ္ရွင္ အာဆင္နယ္အသင္းရဲ႕ ခံစစ္မွာ ဒဏ္ရာရသူေတြ မ်ားျပားေနတယ္။ ဘယ္လာရင္ Hector Bellerin ဟာ ေပါင္ဒဏ္ရာရရွိေနၿပီး မြန္ရီယဲလ္ Nacho Monreal နဲ႔ ကုိလာရွီနက္ Sead Kolasinac တို႔ကေတာ့ တံေကာက္ေၾကာဒဏ္ရာကေန အခုမွ ျပန္သက္သာလာတာျဖစ္ပါတယ္။ ဆုိကေရးတစ္ Sokratis Papastathopoulos မွာလည္း ေျခခ်င္း၀တ္ ဒဏ္ရာရွိေနတယ္။ ေျခဖေနာင့္ေက်ာ ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူေနရတဲ့ ကုိစီယဲလ္နီ Laurent Koscielny ဒီပဲြကုိ လဲြေခ်ာ္မွာျဖစ္ၿပီး ကြင္းလယ္လူေတြျဖစ္တဲ့ ဂြမ္ဒူဇီ Matteo Guendouzi (ပဲြပယ္)၊ အယ္လ္နန္နီ Mohamed Elneny (ေပါင္)တို႔လည္း ပါ၀င္ႏုိင္မွာ မဟုတ္ပါဘူး။ လီဗာပူးလ္အသင္းမွာေတာ့ ဒဏ္ရာႀကီးႀကီးမားမား ရတဲ့သူ မရွိဘဲ ၿပီးခဲ့တဲ့တစ္ပတ္က မပါ၀င္ခဲ့တဲ့ ဘယ္ေနာက္ခံလူ ေရာ္ဘတ္ဆန္ Andrew Robertson ဒီပဲြမွာ ပါ၀င္လာမွာပါ။

Liverpool-Players

Liverpool-Players

ထူးျခားခ်က္မ်ား
– အာဆင္နယ္ဟာ လီဗာပူးလ္နဲ႔ ဆုံေတြ႕ခဲ့တဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံး(၆)ပဲြမွာ (၃)ပဲြသေရ၊ (၃)ပဲြ႐ႈံးခဲ့ၿပီး ဒါဟာ ၁၉၉၄ ကေန ၂၀၀၀ ခုႏွစ္တုန္းက (၁၂)ပဲြဆက္ ႏိုင္ပဲြမရခဲ့တဲ့ေနာက္ပုိင္း အဆုိးရြားဆုံး မွတ္တမ္းပါပဲ။
– လီဗာပူးလ္အသင္းဟာ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္ အေ၀းကြင္း (၁၈)ပဲြမွာ (၂)ပဲြသာ အႏုိင္ရခဲ့ၿပီး (၈)ပဲြသေရ၊ (၈)ပဲြ႐ႈံးနိမ့္ခဲ့တယ္။
– အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ေနာက္ဆုံး (၅)ပဲြမွာ လီဗာပူးလ္အသင္း တစ္ပဲြကုိ အနည္းဆုံး (၃)ဂုိးသြင္းခဲ့ၿပီး ႏွစ္သင္းေပါင္းသြင္းဂုိးက (၂၇)ဂုိးအထိ ရွိခဲ့လုိ႔ တစ္ပဲြပ်မ္းမွ် (၅.၄)ဂုိးအထိ ရွိခဲ့တယ္။
– အာဆင္နယ္နဲ႔ ေနာက္ဆုံးဆုံေတြ႕ခဲ့တဲ့ ပရီးမီးယားလိဂ္ (၃)ပဲြဆက္မွာ ေဖမီႏုိ Roberto Firmino ဟာ ဂုိးသြင္းခဲ့သလုိ ဂုိးဖန္တီးမႈလည္း ျပဳလုပ္ႏုိင္ခဲ့တယ္။ ဆာလာ Mohamed Salah ကလည္း အာဆင္နယ္နဲ႔ ဆုံေတြ႕တဲ့ (၃)ပဲြစလုံး ဂုိးသြင္းခဲ့ၿပီး (ခ်ယ္လ္ဆီး-၁ ဂုိး၊ လီဗာပူးလ္ -၂ဂုိး) အာဆင္နယ္ဘက္ကုိ (၄)ဂုိးအထိ သြင္းယူခဲ့တာက ခ်ာလီေအာ္စတင္ Charlie Austin တစ္ဦးတည္းရွိပါတယ္။

Firmino-Strikes-For-Liverpool

Firmino-Strikes-For-Liverpool

– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ဟာ အာဆင္နယ္နဲ႔ ဆုံေတြ႕တဲ့ ပရီးမီးယားလိဂ္ (၅)ပဲြ စလုံး ႐ႈံးပဲြမရွိေသးပါဘူး။ သူ႔မတိုင္ခင္ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ကုိ ပဲြအမ်ားဆုံး ႐ႈံးပဲြမရွိတာက ဖာဂူဆန္ Alex Ferguson (၆ပဲြ)၊ ဂယ္ရီဖရန္႔စစ္ Gerry Francis (၈ပဲြ)၊ ေမာ္ရင္ဟုိ Jose Mourinho (၁၂ပဲြ)တို႔သာ ရွိပါတယ္။
– အူႏုိင္းအမ္မရီ Unai Emery နဲ႔ ယာဂန္ကေလာ့ပ္ Jurgen Klopp တို႔ဟာ ၂၀၁၆ ယူ႐ုိပါလိဂ္ ဗုိလ္လုပဲြမွာ ပထမဆုံး ဆုံေတြ႕ခဲ့ၿပီး အူႏုိင္းအမ္မရီရဲ႕ ဆီဗီလာအသင္းက (၃-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။

REF:Sky Sports
Photo:starspost,SEKDRIVE,IBTimes
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အာဆင်နယ်-လီဗာပူးလ်ပွဲနဲ့ ပတ်သက်တဲ့ ထူးခြားချက်များ

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)မှာ ရလဒ်ကောင်းတွေ ရယူနေတဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ ထိပ်တိုက်တွေ့ကြမှာဖြစ်ပါတယ်။ ရာသီအစ (၂)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးကတည်းက ရှုံးပွဲမရှိတော့တဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်မှာ လုံး၀ ရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ်တို့ပွဲက ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒါကြောင့် ဒီပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်တွေ၊ ဒဏ်ရာရ ကစားသမားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖောြ်ပလိုက်ပါတယ် . . .

Arsenal-Players

Arsenal-Players

ဒဏ်ရာရ ကစားသမားစာရင်း
အိမ်ရှင် အာဆင်နယ်အသင်းရဲ့ ခံစစ်မှာ ဒဏ်ရာရသူတွေ များပြားနေတယ်။ ဘယ်လာရင် Hector Bellerin ဟာ ပေါင်ဒဏ်ရာရရှိနေပြီး မွန်ရီယဲလ် Nacho Monreal နဲ့ ကိုလာရှီနက် Sead Kolasinac တို့ကတော့ တံကောက်ကြောဒဏ်ရာကနေ အခုမှ ပြန်သက်သာလာတာဖြစ်ပါတယ်။ ဆိုကရေးတစ် Sokratis Papastathopoulos မှာလည်း ခြေချင်းဝတ် ဒဏ်ရာရှိနေတယ်။ ခြေဖနောင့်ကျော ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ ကိုစီယဲလ်နီ Laurent Koscielny ဒီပွဲကို လွဲချော်မှာဖြစ်ပြီး ကွင်းလယ်လူတွေဖြစ်တဲ့ ဂွမ်ဒူဇီ Matteo Guendouzi (ပွဲပယ်)၊ အယ်လ်နန်နီ Mohamed Elneny (ပေါင်)တို့လည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးလ်အသင်းမှာတော့ ဒဏ်ရာကြီးကြီးမားမား ရတဲ့သူ မရှိဘဲ ပြီးခဲ့တဲ့တစ်ပတ်က မပါဝင်ခဲ့တဲ့ ဘယ်နောက်ခံလူ ရော်ဘတ်ဆန် Andrew Robertson ဒီပွဲမှာ ပါဝင်လာမှာပါ။

Liverpool-Players

Liverpool-Players

ထူးခြားချက်များ
– အာဆင်နယ်ဟာ လီဗာပူးလ်နဲ့ ဆုံတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး(၆)ပွဲမှာ (၃)ပွဲသရေ၊ (၃)ပွဲရှုံးခဲ့ပြီး ဒါဟာ ၁၉၉၄ ကနေ ၂၀၀၀ ခုနှစ်တုန်းက (၁၂)ပွဲဆက် နိုင်ပွဲမရခဲ့တဲ့နောက်ပိုင်း အဆိုးရွားဆုံး မှတ်တမ်းပါပဲ။
– လီဗာပူးလ်အသင်းဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း (၁၈)ပွဲမှာ (၂)ပွဲသာ အနိုင်ရခဲ့ပြီး (၈)ပွဲသရေ၊ (၈)ပွဲရှုံးနိမ့်ခဲ့တယ်။
– အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲမှာ လီဗာပူးလ်အသင်း တစ်ပွဲကို အနည်းဆုံး (၃)ဂိုးသွင်းခဲ့ပြီး နှစ်သင်းပေါင်းသွင်းဂိုးက (၂၇)ဂိုးအထိ ရှိခဲ့လို့ တစ်ပွဲပျမ်းမျှ (၅.၄)ဂိုးအထိ ရှိခဲ့တယ်။
– အာဆင်နယ်နဲ့ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် (၃)ပွဲဆက်မှာ ဖေမီနို Roberto Firmino ဟာ ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့တယ်။ ဆာလာ Mohamed Salah ကလည်း အာဆင်နယ်နဲ့ ဆုံတွေ့တဲ့ (၃)ပွဲစလုံး ဂိုးသွင်းခဲ့ပြီး (ချယ်လ်ဆီး-၁ ဂိုး၊ လီဗာပူးလ် -၂ဂိုး) အာဆင်နယ်ဘက်ကို (၄)ဂိုးအထိ သွင်းယူခဲ့တာက ချာလီအော်စတင် Charlie Austin တစ်ဦးတည်းရှိပါတယ်။

Firmino-Strikes-For-Liverpool

Firmino-Strikes-For-Liverpool

– လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ဟာ အာဆင်နယ်နဲ့ ဆုံတွေ့တဲ့ ပရီးမီးယားလိဂ် (၅)ပွဲ စလုံး ရှုံးပွဲမရှိသေးပါဘူး။ သူ့မတိုင်ခင် ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို ပွဲအများဆုံး ရှုံးပွဲမရှိတာက ဖာဂူဆန် Alex Ferguson (၆ပွဲ)၊ ဂယ်ရီဖရန့်စစ် Gerry Francis (၈ပွဲ)၊ မော်ရင်ဟို Jose Mourinho (၁၂ပွဲ)တို့သာ ရှိပါတယ်။
– အူနိုင်းအမ်မရီ Unai Emery နဲ့ ယာဂန်ကလော့ပ် Jurgen Klopp တို့ဟာ ၂၀၁၆ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပထမဆုံး ဆုံတွေ့ခဲ့ပြီး အူနိုင်းအမ်မရီရဲ့ ဆီဗီလာအသင်းက (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။

REF:Sky Sports
Photo:starspost,SEKDRIVE,IBTimes
Naing Linn(Akhayar)
www.akhayar.com