[Zawgyi] 

Huawei ကေတာ့ ေနာက္ထပ္ Flagship ျဖစ္တဲ့ Mate 20 ကို လာမယ့္ ေအာက္တိုဘာလမွာ ထုတ္ျပဖို႔စီစဥ္ေနၿပီလို႔ သိရပါတယ္။ Mate 20 နဲ႔ ပတ္သက္လို႔လည္း သတင္းေပါက္ၾကားမႈေတြအမ်ားႀကီးရွိလာၿပီျဖစ္တာေၾကာင့္ ဖုန္းနဲ႔ပတ္သက္တဲ့အေသးစိတ္အခ်က္အလက္ေတြ အားလံုးနီးပါးကို သိႏုိင္ေနပါၿပီ။ 

Mate 20 Leaked Render

သတင္းေပါက္ၾကားလာတဲ့ ဓာတ္ပံုေတြကေတာ့ ဖုန္းအစစ္မဟုတ္ဘဲ Render ေတြပဲျဖစ္ပါတယ္။ ဖုန္းအစစ္ကေတာ့ တကယ္ထြက္လာတဲ့အခ်ိန္မွ ဘယ္လို Design နဲ႔ျဖစ္မလဲဆုိတာ ေသခ်ာသိရမွာပါ။ Huawei ကေတာ့ Mate Series အတြက္ သိသာတဲ့ Design အေျပာင္းအလဲကိုယူလာေပးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Notch ကို P20 ဖုန္းေတြမွာ ေသးေအာင္လုပ္ေပးထားၿပီးသားျဖစ္ေပမယ့္ အခု Render ေတြအရ  အခု Mate 20 မွာေတာ့ ပိုေသးသြားေအာင္လုပ္ထားမယ္လို႔ ယူဆရပါတယ္။ 

Full Screen Display With Teardrop Notch

Design ပိုင္းမွာေတာ့ သိသိသာသာေျပာင္းလဲမႈရွိႏိုင္ၿပီး ေနာက္ေက်ာဖက္မွာလည္း Camera သံုးလံုးကို Flash နဲ႔အတူတစ္ေနရာတည္းမွာ စုေပးထားတဲ့ Design ကိုေတြ႕ရပါတယ္။ P20 မွာလိုမ်ိဳး Camera သံုးလံုးကို ေထာင္လိုက္ထားေပးထားတာမ်ိဳးမဟုတ္ေတာ့တဲ့အျပင္ အရင္ Mate Serires ဖုန္းေတြနဲ႔လည္း ကြဲထြက္ေနတဲ့ Design ေျပာင္းလဲမႈမ်ိဳးျဖစ္ေနပါတယ္။ ဖုန္းရဲ႕ Body ကိုလည္း ေရွ႕ေရာေနာက္ပါ Glass ကိုသံုးေပးထားမွာျဖစ္တယ္လို႔ သတင္းေပါက္ထားတာပါ။ 

Triple Camera Design

Mate 20 မွာေတာ့ 6.3 Inch AMOLED Display ကိုသံုးေပးထားမွာျဖစ္ၿပီး Notch ကိုေတာ့ Camera အတြက္ပဲထားေပးထားေတာ့တာပါ။ P20 ဖုန္းေတြမွာထက္ Notch က ပိုေသးသြားတာေၾကာင့္ အျမင္ပိုင္းမွာေတာ့ ပိုလွလာပါတယ္။ Huawei ရဲ႕ကုိယ္ပိုင္ Chip ျဖစ္တဲ့ Kirin 980 ကိုသံုးေပးထားမွာျဖစ္ၿပီး 6GB RAM ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။ Battery ကေတာ့ 4200mAh ပါဝင္မွာျဖစ္ၿပီး Fast Charging နဲ႔ Wireless Charging အသံုးျပဳလို႔ရမွာပါ။ EMUI 9 ကို Android Pie နဲ႔အတူေတြ႕ရမွာျဖစ္ၿပီး Mate Series ဖုန္းေတြထဲမွာ အျမန္ဆံုးဖုန္းျဖစ္လာဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Headphone Port on Top

3.5mm Headphone ေပါက္ကိုလည္း ထည့္ေပးထားဦးမယ္လို႔ သတင္းေပါက္ထားတာေၾကာင့္ နားၾကတ္သံုးခ်င္သူေတြအတြကေတာ့ သေဘာက်စရာအခ်က္တစ္ခ်က္ပါပဲ။ 

USB-C and Speaker at the Bottom

Mate 20 ကိုေတာ့ လာမယ့္ ေအာက္တိုဘာလမွာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး တကယ္ထြက္လာတဲ့အခ်ိန္မွာေတာ့ အခုသတင္းေပါက္တဲ့ Design နဲ႔လာမလား၊ ဘာေတြေျပာင္းလဲမႈရွိဦးမလဲဆိုတာကို ေတြ႕ရမွာျဖစ္ပါတယ္။ Mate ပရိသတ္အတြက္ေတာ့ Mate 20 က ဘယ္လိုဆြဲေဆာင္ႏိုင္တဲ့ဖုန္းျဖစ္လာဦးမလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းတဲ့အခ်ိန္ကိုေရာက္ေနပါၿပီ။ သင္ေရာ Mate ပရိသတ္လား။ 

Ref: GSM Arena, XDA Developers 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Huawei ရဲ့နောက်ထွက်မယ့် Mate 20 နဲ့ပတ်သက်တဲ့သတင်းတွေ ပေါက်ကြားလာပြီ

Huawei ကတော့ နောက်ထပ် Flagship ဖြစ်တဲ့ Mate 20 ကို လာမယ့် အောက်တိုဘာလမှာ ထုတ်ပြဖို့စီစဉ်နေပြီလို့ သိရပါတယ်။ Mate 20 နဲ့ ပတ်သက်လို့လည်း သတင်းပေါက်ကြားမှုတွေအများကြီးရှိလာပြီဖြစ်တာကြောင့် ဖုန်းနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေ အားလုံးနီးပါးကို သိနိုင်နေပါပြီ။ 

Mate 20 Leaked Render

သတင်းပေါက်ကြားလာတဲ့ ဓာတ်ပုံတွေကတော့ ဖုန်းအစစ်မဟုတ်ဘဲ Render တွေပဲဖြစ်ပါတယ်။ ဖုန်းအစစ်ကတော့ တကယ်ထွက်လာတဲ့အချိန်မှ ဘယ်လို Design နဲ့ဖြစ်မလဲဆိုတာ သေချာသိရမှာပါ။ Huawei ကတော့ Mate Series အတွက် သိသာတဲ့ Design အပြောင်းအလဲကိုယူလာပေးမယ်လို့ မျှော်လင့်ရပါတယ်။ Notch ကို P20 ဖုန်းတွေမှာ သေးအောင်လုပ်ပေးထားပြီးသားဖြစ်ပေမယ့် အခု Render တွေအရ  အခု Mate 20 မှာတော့ ပိုသေးသွားအောင်လုပ်ထားမယ်လို့ ယူဆရပါတယ်။ 

Full Screen Display With Teardrop Notch

Design ပိုင်းမှာတော့ သိသိသာသာပြောင်းလဲမှုရှိနိုင်ပြီး နောက်ကျောဖက်မှာလည်း Camera သုံးလုံးကို Flash နဲ့အတူတစ်နေရာတည်းမှာ စုပေးထားတဲ့ Design ကိုတွေ့ရပါတယ်။ P20 မှာလိုမျိုး Camera သုံးလုံးကို ထောင်လိုက်ထားပေးထားတာမျိုးမဟုတ်တော့တဲ့အပြင် အရင် Mate Serires ဖုန်းတွေနဲ့လည်း ကွဲထွက်နေတဲ့ Design ပြောင်းလဲမှုမျိုးဖြစ်နေပါတယ်။ ဖုန်းရဲ့ Body ကိုလည်း ရှေ့ရောနောက်ပါ Glass ကိုသုံးပေးထားမှာဖြစ်တယ်လို့ သတင်းပေါက်ထားတာပါ။ 

Triple Camera Design

Mate 20 မှာတော့ 6.3 Inch AMOLED Display ကိုသုံးပေးထားမှာဖြစ်ပြီး Notch ကိုတော့ Camera အတွက်ပဲထားပေးထားတော့တာပါ။ P20 ဖုန်းတွေမှာထက် Notch က ပိုသေးသွားတာကြောင့် အမြင်ပိုင်းမှာတော့ ပိုလှလာပါတယ်။ Huawei ရဲ့ကိုယ်ပိုင် Chip ဖြစ်တဲ့ Kirin 980 ကိုသုံးပေးထားမှာဖြစ်ပြီး 6GB RAM ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Battery ကတော့ 4200mAh ပါဝင်မှာဖြစ်ပြီး Fast Charging နဲ့ Wireless Charging အသုံးပြုလို့ရမှာပါ။ EMUI 9 ကို Android Pie နဲ့အတူတွေ့ရမှာဖြစ်ပြီး Mate Series ဖုန်းတွေထဲမှာ အမြန်ဆုံးဖုန်းဖြစ်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။

Headphone Port on Top

3.5mm Headphone ပေါက်ကိုလည်း ထည့်ပေးထားဦးမယ်လို့ သတင်းပေါက်ထားတာကြောင့် နားကြတ်သုံးချင်သူတွေအတွကတော့ သဘောကျစရာအချက်တစ်ချက်ပါပဲ။ 

USB-C and Speaker at the Bottom

Mate 20 ကိုတော့ လာမယ့် အောက်တိုဘာလမှာ စောင့်ကြည့်ရမှာဖြစ်ပြီး တကယ်ထွက်လာတဲ့အချိန်မှာတော့ အခုသတင်းပေါက်တဲ့ Design နဲ့လာမလား၊ ဘာတွေပြောင်းလဲမှုရှိဦးမလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ Mate ပရိသတ်အတွက်တော့ Mate 20 က ဘယ်လိုဆွဲဆောင်နိုင်တဲ့ဖုန်းဖြစ်လာဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့အချိန်ကိုရောက်နေပါပြီ။ သင်ရော Mate ပရိသတ်လား။ 

Ref: GSM Arena, XDA Developers 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။