Comic Sans Font ကုိသိတဲ့သူေတြ အမ်ားအျပား ရွိၾကမွာပါ။ ဒီ Font ဟာ ကမၻာတစ္၀ွမ္းလုံးမွာ လူသိအမ်ားဆုံး Font တစ္ခုလည္းျဖစ္ပါတယ္။ Comic Sans Font ဟာတကယ္ေတာ့ Marmite – Esque Thing ကုိအစြဲျပဳျပီး ေခၚေ၀ၚတာျဖစ္ပါတယ္။ တခ်ဳိ႕ကေတာ့ ဒီFont ဟာ လူမုန္းမ်ားတယ္လုိ႕လညး္ဆုိထားၾကျပန္ပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ Comic Sans Font ရဲ႕ စိတ္၀င္စားဖြယ္ေကာင္းတဲ့ အခ်က္အလက္တခ်ဳိ႕ပဲျဖစ္ပါတယ္။

၁။ Comic Sans Font ရဲ႕တည္ရွိမႈ ၊ ဖန္တီးမႈေတြဟာ အရင္က ထုတ္လုပ္ျပီး မေအာင္ျမင္ခဲ့တဲ့ Microsoft Bob နဲ႕ဆင္တူေနပါတယ္။ Microsoft Bob ဟာ Microsoft ရဲ႕ Software Product တစ္ခုျဖစ္ျပီးေတာ့ မတ္လ ၁၁ရက္ ၁၉၉၅ မွာထုတ္လုပ္ခဲ့ျပီး ၁၉၉၆ အေစာပုိင္းမွာ ေတာ့အသုံးျပဳတာကုိရပ္နားခဲ့တာပါ။ Bob ဟာအ၀ါေရာင္ကာတြန္းေလးျဖစ္ျပီးေတာ့ Bill Gates ဟာ ကြန္ပ်ဴတာအသုံးျပဳသူေတြကုိ အကူအညီေပးႏုိင္ဖုိ႕အတြက္ User Guide အျဖစ္ ဒီဇုိင္းထြင္ခဲ့တာလည္းျဖစ္ပါတယ္။ Bob ရဲ႕စကားေျပာတဲ့ Bubbles Box မွာအသုံးျပဳထားတဲ့ Font ဒီဇုိင္းကေတာ့ Times New Roam ပဲျဖစ္ပါတယ္။ ဒါေပမယ့္ Designer Vincent Connare ကေတာ့ Bob မွာအသုံးျပဳထားတဲ့စာသား Font ေတြဟာကာတြန္းအတြက္ဆုိရင္ အဓိပၸာယ္မရွိဘူးလုိ႕ ေတြးခဲ့ပါတယ္။ ဒါေၾကာင့္ Vincent ဟာကေလးေတြအတြက္ ပုိျပီးရင္းႏွီးကြ်မ္း၀င္ေစမယ့္ Font တစ္ခုကုိတီထြင္ခဲ့ပါတယ္။ အဲဒါကေတာ့ Comic Sans Font ကုိဖန္တီးခဲ့တာပါပဲ။

microsoft-bob

၂။ Vincent Connare ရဲ႕ ၀န္ခံခ်က္အရ သူ ဒီ Font ကုိဖန္တီးေနတဲ့အခ်ိန္တစ္ျပဳိင္နက္တည္းမွာပဲ သူ႕မွာ အလုပ္လုပ္လက္စ Comics (၂) ခုရွိပါတယ္တဲ့။ အဲဒါေတြကေတာ့ The Dark Knight Returns နဲ႕ Watchmen ပဲျဖစ္ပါတယ္။ ဒီ Comics ေတြကုိ Print ထုတ္ခါနီး သူၾကည့္ျပီးတဲ့အခါမွာ သူဟာ ဒီ (၂) ခုအတြက္ Font ေတြကုိ Comic Sans နဲ႕သင့္ေတာ္ေအာင္ျပဳျပင္မယ္လုိ႕ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။

၃။ ဒီလုိ သင့္ေတာ္ေအာင္ျပဳျပင္မယ္ဆုိျပီး ေျပာင္းလဲခဲ့တာက Comic San Font ကုိ လူမုန္းအမ်ားဆုံးျဖစ္လာေစတဲ့ အေၾကာင္းအရင္းတစ္ခ်က္ ပါပဲ။ အဲဒီအခ်ိန္မွာ ပဲ Comic Sans Font ကုိ ပိတ္ပစ္ဖုိ႕အတြက္အြန္လုိင္းကေန လက္မွတ္ေရးထုိးေတာင္းခံတဲ့ ေထာက္ခံမႈေပါင္း ၅၀၀၀ ေက်ာ္ရရွိခဲ့တယ္လုိ႕သိရပါတယ္။

၄။ Connare ဟာ Comic Sans Font နဲ႕ပတ္သတ္ျပီး ဒီလုိအဓိပၸာယ္မရွိ မုန္းတီးေနတဲ့ ဟာသဆန္ဆန္လုပ္ရပ္ေတြ ဘယ္လုိထြက္ေပၚလာလည္းဆုိတာသူမသိပါဘူး။ သူေျပာခဲ့တာကေတာ့ “ လူေတြဟာ ဘာေၾကာင့္ဒီ Font ကုိျပဳလုပ္လည္းဆုိတာကုိသူတုိ႕ မသိႏုိင္ပါဘူး။ တကယ္လုိ႕သာ ဒီဇုိင္းကုိ သူတုိ႕ ကုိ္တုိင္ျပဳလုပ္ရတာဆုိရင္ ဒီလူေတြဟာ ဒီဇုိင္းနဲ႕ ထုတ္ကုန္အတြက္သင့္ေတာ္တဲ့ Font ကုိဖန္တီးရတယ္ဆုိတာ သူတုိ႕နားလည္ပါလိမ့္မယ္။ Times New Roman သုံးလုိ႕မရပါဘူး။ ဒီလုိေျပာတဲ့သူေတြအေနနဲ႕ သူတုိ႕ရဲ႕ေခါင္းေတြကုိ ျမည္းေတြလုိ အေ၀းကုိျမင့္ျမင့္ၾကည့္တတ္ဖုိ႕လုိပါလိမ့္မယ္။ ဒီကိစၥက ကြ်န္ေတာ့္ကုိေတာ္ေတာ္စိတ္ဆုိးေစပါတယ္” လုိ႕ Connare ကေျပာခဲ့ပါတယ္။

၅။ Connare ဟာ တျခားနာမည္ၾကီးတဲ့ Font ေတြကုိလည္းတီထြင္ခဲ့ပါေသးတယ္။ ဒါ့အျပင္သူဟာ Trebuchet ၊ Marlett ၊ Magpie နဲ႕ တခ်ဳိ႕ Webdings Font ေတြအတြက္ တာ၀န္ရွိသူတစ္ေယာက္လည္းျဖစ္ပါတယ္။

၆။ ၂၀၀၄ ခုႏွစ္မွာေတာ့ Comic Sans ကုိ ေက်ာင္းသားေတြဟာ “Childlish” Font လုိ႕ေခၚခဲ့ပါတယ္။ Princeton University ရဲ႕ ၂၀၁၀ မွာ ေက်ာင္းသားေတြကုိ ေကာက္ယူခဲ့တဲ့ စစ္တမ္းအရ Materials ကုိေလ့လာသင္ၾကားေနတဲ့ ေက်ာင္းသားေတြဟာ ခက္ခဲတဲ့ Font ေတြ (ဥပမာ – Comic Sans Font ) ကုိေလ့လာသင္ၾကားရတဲ့ အခ်က္အလက္ေတြကုိ ေတြ႕ရိွခဲ့ရပါတယ္။

၇။ 2013 မွာ Dutch Airline မွာဆရာတစ္ဆူျဖစ္တဲ့ KLM ဟာ အေပ်ာ္သေဘာလုပ္တဲ့အေနနဲ႕ သူတုိ႕ရဲ႕ Website မွာ Comic Sans Font ကုိေျပာင္းလဲခဲ့ျပီး နာမည္မွာ C. Sans ပါတဲ့သူေတြကုိ ေလယာဥ္လက္မွတ္ အခမဲ့ေပးမယ့္ အစီအစဥ္ျပဳလုပ္ခဲ့ပါေသးတယ္။

၈။ Comic Sans Font ဟာ Windows Computer ေတြမွာ  ၉၉.၁၃% အသုံးျပဳလ်က္ရွိျပီး  ၉၀.၉၁% ကေတာ့ Macs မွာအသုံးျပဳတာျဖစ္ပါတယ္။ Linux အသုံးျပဳသူေတြကေတာ့ ၆၁% ရွိတယ္လုိ႕သိရပါတယ္။

၉။ ၂၀၀၉ ကတည္းကေန ခုအခ်ိန္ထိ Dutch Radio Staions ဟာ July လရဲ႕ ပထမဆုံး ေသာၾကာေန႕တုိင္းကုိ Comic Sans Day လုိ႕သတ္မွတ္ျပီး DJs နဲ႕ ဂုဏ္ျပဳေပးခဲ့ပါတယ္။ သူတုိ႕ Radio ရဲ႕ သီခ်င္းနားေထာင္သူေတြကုိ “ သင္တုိ႕ရဲ႕ Email ေတြအားလုံး ၊ Report ေတြအားလုံးကုိ Comic Sans Font နဲ႕အသုံးျပဳၾကဖုိ႕ “ အဲဒီေန႕မွာတုိက္တြန္းခဲ့ပါတယ္။

အခုေဖာ္ျပသြားတဲ့ အေၾကာင္းအရာေတြကေတာ့ Comic Sans Font နဲ႕ပတ္သတ္ျပီး လူအမ်ားအစု မသိၾကေသးတဲ့ အခ်က္အလက္ေတြျဖစ္ပါတယ္။ ေဖာ္ျပထားတဲ့ အေၾကာင္းအရာေတြမွာ မသိေသးတဲ့ အေၾကာင္းအရာေတြ ရွိခဲ့ရင္ Comment ျပန္ေပးလုိ႕ရပါတယ္ေနာ္။

Ref : techfactsite

Jan : Akhayar

[Unicode]

Comic Sans Font ကိုသိတဲ့သူတွေ အများအပြား ရှိကြမှာပါ။ ဒီ Font ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ လူသိအများဆုံး Font တစ်ခုလည်းဖြစ်ပါတယ်။ Comic Sans Font ဟာတကယ်တော့ Marmite – Esque Thing ကိုအစွဲပြုပြီး ခေါ်ဝေါ်တာဖြစ်ပါတယ်။ တချို့ကတော့ ဒီFont ဟာ လူမုန်းများတယ်လို့လည်းဆိုထားကြပြန်ပါတယ်။ အခုဖော်ပြပေးမှာကတော့ Comic Sans Font ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်အလက်တချို့ပဲဖြစ်ပါတယ်။

၁။ Comic Sans Font ရဲ့တည်ရှိမှု ၊ ဖန်တီးမှုတွေဟာ အရင်က ထုတ်လုပ်ပြီး မအောင်မြင်ခဲ့တဲ့ Microsoft Bob နဲ့ဆင်တူနေပါတယ်။ Microsoft Bob ဟာ Microsoft ရဲ့ Software Product တစ်ခုဖြစ်ပြီးတော့ မတ်လ ၁၁ရက် ၁၉၉၅ မှာထုတ်လုပ်ခဲ့ပြီး ၁၉၉၆ အစောပိုင်းမှာ တော့အသုံးပြုတာကိုရပ်နားခဲ့တာပါ။ Bob ဟာအဝါရောင်ကာတွန်းလေးဖြစ်ပြီးတော့ Bill Gates ဟာ ကွန်ပျူတာအသုံးပြုသူတွေကို အကူအညီပေးနိုင်ဖို့အတွက် User Guide အဖြစ် ဒီဇိုင်းထွင်ခဲ့တာလည်းဖြစ်ပါတယ်။ Bob ရဲ့စကားပြောတဲ့ Bubbles Box မှာအသုံးပြုထားတဲ့ Font ဒီဇိုင်းကတော့ Times New Roam ပဲဖြစ်ပါတယ်။ ဒါပေမယ့် Designer Vincent Connare ကတော့ Bob မှာအသုံးပြုထားတဲ့စာသား Font တွေဟာကာတွန်းအတွက်ဆိုရင် အဓိပ္ပာယ်မရှိဘူးလို့ တွေးခဲ့ပါတယ်။ ဒါကြောင့် Vincent ဟာကလေးတွေအတွက် ပိုပြီးရင်းနှီးကျွမ်းဝင်စေမယ့် Font တစ်ခုကိုတီထွင်ခဲ့ပါတယ်။ အဲဒါကတော့ Comic Sans Font ကိုဖန်တီးခဲ့တာပါပဲ။

၂။ Vincent Connare ရဲ့ ဝန်ခံချက်အရ သူ ဒီ Font ကိုဖန်တီးနေတဲ့အချိန်တစ်ပြိုင်နက်တည်းမှာပဲ သူ့မှာ အလုပ်လုပ်လက်စ Comics (၂) ခုရှိပါတယ်တဲ့။ အဲဒါတွေကတော့ The Dark Knight Returns နဲ့ Watchmen ပဲဖြစ်ပါတယ်။ ဒီ Comics တွေကို Print ထုတ်ခါနီး သူကြည့်ပြီးတဲ့အခါမှာ သူဟာ ဒီ (၂) ခုအတွက် Font တွေကို Comic Sans နဲ့သင့်တော်အောင်ပြုပြင်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

၃။ ဒီလို သင့်တော်အောင်ပြုပြင်မယ်ဆိုပြီး ပြောင်းလဲခဲ့တာက Comic San Font ကို လူမုန်းအများဆုံးဖြစ်လာစေတဲ့ အကြောင်းအရင်းတစ်ချက် ပါပဲ။ အဲဒီအချိန်မှာ ပဲ Comic Sans Font ကို ပိတ်ပစ်ဖို့အတွက်အွန်လိုင်းကနေ လက်မှတ်ရေးထိုးတောင်းခံတဲ့ ထောက်ခံမှုပေါင်း ၅၀၀၀ ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။

၄။ Connare ဟာ Comic Sans Font နဲ့ပတ်သတ်ပြီး ဒီလိုအဓိပ္ပာယ်မရှိ မုန်းတီးနေတဲ့ ဟာသဆန်ဆန်လုပ်ရပ်တွေ ဘယ်လိုထွက်ပေါ်လာလည်းဆိုတာသူမသိပါဘူး။ သူပြောခဲ့တာကတော့ “ လူတွေဟာ ဘာကြောင့်ဒီ Font ကိုပြုလုပ်လည်းဆိုတာကိုသူတို့ မသိနိုင်ပါဘူး။ တကယ်လို့သာ ဒီဇိုင်းကို သူတို့ ကိုတိုင်ပြုလုပ်ရတာဆိုရင် ဒီလူတွေဟာ ဒီဇိုင်းနဲ့ ထုတ်ကုန်အတွက်သင့်တော်တဲ့ Font ကိုဖန်တီးရတယ်ဆိုတာ သူတို့နားလည်ပါလိမ့်မယ်။ Times New Roman သုံးလို့မရပါဘူး။ ဒီလိုပြောတဲ့သူတွေအနေနဲ့ သူတို့ရဲ့ခေါင်းတွေကို မြည်းတွေလို အဝေးကိုမြင့်မြင့်ကြည့်တတ်ဖို့လိုပါလိမ့်မယ်။ ဒီကိစ္စက ကျွန်တော့်ကိုတော်တော်စိတ်ဆိုးစေပါတယ်” လို့ Connare ကပြောခဲ့ပါတယ်။

၅။ Connare ဟာ တခြားနာမည်ကြီးတဲ့ Font တွေကိုလည်းတီထွင်ခဲ့ပါသေးတယ်။ ဒါ့အပြင်သူဟာ Trebuchet ၊ Marlett ၊ Magpie နဲ့ တချို့ Webdings Font တွေအတွက် တာဝန်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။

၆။ ၂၀၀၄ ခုနှစ်မှာတော့ Comic Sans ကို ကျောင်းသားတွေဟာ “Childlish” Font လို့ခေါ်ခဲ့ပါတယ်။ Princeton University ရဲ့ ၂၀၁၀ မှာ ကျောင်းသားတွေကို ကောက်ယူခဲ့တဲ့ စစ်တမ်းအရ Materials ကိုလေ့လာသင်ကြားနေတဲ့ ကျောင်းသားတွေဟာ ခက်ခဲတဲ့ Font တွေ (ဥပမာ – Comic Sans Font ) ကိုလေ့လာသင်ကြားရတဲ့ အချက်အလက်တွေကို တွေ့ရှိခဲ့ရပါတယ်။

၇။ 2013 မှာ Dutch Airline မှာဆရာတစ်ဆူဖြစ်တဲ့ KLM ဟာ အပျော်သဘောလုပ်တဲ့အနေနဲ့ သူတို့ရဲ့ Website မှာ Comic Sans Font ကိုပြောင်းလဲခဲ့ပြီး နာမည်မှာ C. Sans ပါတဲ့သူတွေကို လေယာဉ်လက်မှတ် အခမဲ့ပေးမယ့် အစီအစဉ်ပြုလုပ်ခဲ့ပါသေးတယ်။

၈။ Comic Sans Font ဟာ Windows Computer တွေမှာ  ၉၉.၁၃% အသုံးပြုလျက်ရှိပြီး  ၉၀.၉၁% ကတော့ Macs မှာအသုံးပြုတာဖြစ်ပါတယ်။ Linux အသုံးပြုသူတွေကတော့ ၆၁% ရှိတယ်လို့သိရပါတယ်။

၉။ ၂၀၀၉ ကတည်းကနေ ခုအချိန်ထိ Dutch Radio Staions ဟာ July လရဲ့ ပထမဆုံး သောကြာနေ့တိုင်းကို Comic Sans Day လို့သတ်မှတ်ပြီး DJs နဲ့ ဂုဏ်ပြုပေးခဲ့ပါတယ်။ သူတို့ Radio ရဲ့ သီချင်းနားထောင်သူတွေကို “ သင်တို့ရဲ့ Email တွေအားလုံး ၊ Report တွေအားလုံးကို Comic Sans Font နဲ့အသုံးပြုကြဖို့ “ အဲဒီနေ့မှာတိုက်တွန်းခဲ့ပါတယ်။

အခုဖော်ပြသွားတဲ့ အကြောင်းအရာတွေကတော့ Comic Sans Font နဲ့ပတ်သတ်ပြီး လူအများအစု မသိကြသေးတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ ဖော်ပြထားတဲ့ အကြောင်းအရာတွေမှာ မသိသေးတဲ့ အကြောင်းအရာတွေ ရှိခဲ့ရင် Comment ပြန်ပေးလို့ရပါတယ်နော်။

Ref : techfactsite

Jan : Akhayar