[Zawgyi]

MBA မတက္ခင္ ဘာေတြစဥ္းစားသင့္လဲ

MBA ရဲ႕အရွည္စာလုံးက Master of Business Administration ျဖစ္ၿပီး စီးပြားေရးစီမံခန္႔ခြဲမႈမဟာဘြဲ႕ လုိ႔ အဓိပၸာယ္ရပါတယ္။ ဘယ္နယ္ပယ္မွာပဲ ရပ္တည္ေနပါေစ စီးပြားေရးလုပ္ၿပီဆုိတာနဲ႔ MBA တက္လာၾကတယ္။ MBA တက္မယ္ဆုိရင္ လုပ္ငန္းနဲ႔ ပတ္သက္ၿပီး အသိအကြ်မ္းမ်ားလာမယ္။ ဝန္ထမ္းလုပ္မယ္ဆုိရင္ေတာင္ MBA သမားေတြက လစာေကာင္းတယ္။ ဒါေပမယ့္ MBA မတက္ခင္ ဘယ္လုိအခ်က္ေတြကုိ စဥ္းစားသင့္လဲဆုိတဲ့အေၾကာင္းကုိ ေျပာျပခ်င္တယ္။

MBA တက္ေတာ့မယ္ဆုိရင္ ပထမဆုံးစဥ္းစားရမွာက အခ်ိန္ဘယ္ေလာက္တက္ရမွာလဲဆုိတာပဲ။ ပ်မ္းမ်ွအားျဖင့္ (၂) ႏွစ္ပဲ တက္ရတယ္ဆုိေပမယ့္ တခ်ိဳ႕ အတန္းေတြက (၃) ႏွစ္နီးပါး ၾကာတတ္တယ္။ အဲဒါေၾကာင့္မုိ႔ တက္ရမယ့္ၾကာခ်ိန္ကုိ ရင္းႏွီးျမွဳပ္ႏွံႏုိင္လားဆုိတဲ့ ေမးခြန္းပါ။ လူမႈေရး၊ စီးပြားေရးေတြကုိ ပစ္ခြာၿပီး ပညာေရးကုိ အခ်ိန္ေပးရမွာမု႔ိ အခ်ိန္တအားၾကာေနရင္လည္း တျခားနယ္ပယ္မွာ လစ္ဟာသြားႏုိင္သလုိ လပုိင္းပဲ ၾကာမယ္ဆုိရင္လည္း ပညာေရးမွာ ထိေရာက္မႈမရွိျပန္ဘူး။

ဒုတိယစဥ္းစားရမွာက ေငြေၾကးဘယ္ေလာက္ကုန္မွာလဲ။ အခုစာဖတ္သူကမ်ိဳးရုိးစဥ္ဆက္ခ်မ္းသာလာတဲ့ မုိးက်ေရႊကုိယ္ဆုိရင္ေတာ့ ဒီအခ်က္ကုိ ေက်ာ္သြားႏုိင္ပါတယ္။ သာမန္လူတန္းစားဆုိရင္ေတာ့ ကုန္က်စရိတ္ကုိ စဥ္းစားရမွာပဲ။ အေမရိကန္မွာဆုိရင္ ေဒၚလာတစ္သိန္းေလာက္ ကုန္ႏုိင္တယ္။ အခုဆုိရင္ ျမန္မာႏုိင္ငံမွာ ကုန္က်စရိတ္မမ်ားဘဲ MBA Program ေတြ တက္ႏုိင္ၿပီမုိ႔ သာမန္အေျခအေနမွာကုိ အဆင္ေျပေနပါၿပီ။ ကုန္က်စရိတ္ကေတာ့ ဟုတ္ပါၿပီ။ Cost Vs Benefit ျပန္တြက္ရမယ္ေလ။ ဘယ္လုိအက်ိဳးေက်းဇူးျပန္ရမွာလဲ။ Fortune မဂၢဇင္းရဲ႕ အေကာင္းဆုံးကုမၸဏီ (၁ဝဝ) ကုိ ဦးေဆာင္ေနတဲ့ CEO (Chief Executive Officer) ေတြမွာ (၃၉) ဦးက MBA ဘြဲ႕ရေတြပါ။ ရာထူးႀကီးေတြကုိ ပုိင္ဆုိင္ခ်င္ရင္ေတာ့ MBA ဘြဲ႕က ခြန္အားတစ္မ်ိဳးပါ။ ဆုိေတာ့ ကုန္က်စရိတ္နဲ႔စာရင္ အက်ိဳးေက်းဇူးကလည္း မဆုိးပါဘူး။

MBA ဘြဲ႕ရထားတာတူမယ္ဆုိရင္ တကၠသုိလ္ရဲ႕ အဆင့္အတန္းအေပၚမူတည္ၿပီး အရည္အေသြးက ကြာသြားမွာပဲ။ ကမၻာ့အဆင့္ (၁) တကၠသုိလ္ျဖစ္တဲ့ University of Oxford မွာ MBA ယူလာတယ္ဆုိရင္ တျခားတကၠသုိလ္ေတြနဲ႔ ကြာဦးမွာပဲ။ ကုိယ္ယူမယ့္ MBA ဘယ္တကၠသုိလ္က ေပးမွာလဲဆုိတာ အရင္စုံစမ္းသင့္တယ္။ တကၠသုိလ္ရဲ႕ အဆင့္အတန္းဟာ အရမ္းနိမ့္ေနရင္ မေကာင္းဘူး။ တကၠသုိလ္ရဲ႕အဆင့္အတန္းကုိ Times Higher Education မွာ ၾကည့္လုိ႔ရတယ္။

ေနာက္ဆုံးတစ္ခ်က္က MBA ဘြဲ႕ရလာရင္ ကုိယ့္အသက္ေမြးေၾကာင္းမွာ အေထာက္အကူျဖစ္မွာလားဆုိတဲ့ ေမးခြန္းပါ။ အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းေျပာင္းမယ္ဆုိရင္လည္း MBA ဘဲြ႕ က ကိစၥမရွိဘူး။ ဥပမာ – အင္ဂ်င္နီယာဘြဲ႕တစ္ေယာက္က သူ႕နယ္ပယ္မွာ လုပ္ေနရာကေန ဖက္ရွင္နယ္ပယ္ေျပာင္းမယ္ဆုိရင္ ဒုကၡေရာက္မွာေလ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူ႕အတြက္ အသစ္အဆန္းျဖစ္ေနလုိ႔။ MBA ဘြဲ႕ က ဒီလုိမဟုတ္ပါဘူး။ စီးပြားေရးလုပ္ငန္းတစ္ခုလုံးကုိ ျခံဳငုံသင္ၾကားထားတာျဖစ္တဲ့အတြက္ နယ္ပယ္အသီးသီးမွာ လက္မေထာင္ႏုိင္တာပါပဲ။ ဆုိေတာ့ MBA ဘြဲ႕က အေထာက္အကူျပဳပါတယ္လုိ႔ ဆုိခ်င္ပါတယ္။ ႏုိင္ငံျခားမွာဆုိ MBA သမားေတြဟာ တစ္ႏွစ္လစာ (၈ဝ,ဝဝဝ) ေပါင္အထိ ရၾကတယ္။ ျမန္မာႏုိင္ငံမွာဆုိရင္ေတာင္ MBA သမားေတြက အနည္းဆုံးလစာ ဆယ္သိန္းေလာက္ေတာ့ ရၾကပါတယ္။

ရင္းႏွီးျမွဳပ္ႏွံမႈေတြထဲမွာ ပညာေရးအေပၚ ရင္းႏွီးျမွဳပ္ႏွံတာက အေကာင္းဆုံးပါပဲ။ (၂) ႏွစ္ဆုိတဲ့ အခ်ိန္အပုိင္းအျခားမွာ စီးပြားေရးပညာေတြကုိ သင္ၾကားရမယ္၊ ေက်ာင္းၿပီးရင္လည္း သာသာယာယာပဲ ျဖတ္သန္းရမယ္။ ဒီလုိအားသာခ်က္ေတြ ရွိေနေပမယ့္လည္း အရင္တုန္းကဆုိရင္ MBA ဘြဲ႕တစ္ခုရဖုိ႔က မလြယ္ပါဘူး။ ႏုိင္ငံရပ္ျခားကုိ သြားေရာက္ပညာသင္ရတယ္၊ ေက်ာင္းလခအျပင္ စားစရိတ္ပါ အပုိကုန္ခဲ့တယ္။ ကမၻာေက်ာ္တကၠသုိလ္ေတြဟာ ျမန္မာႏုိင္ငံကုိ ေရာက္ရွိလာတာေၾကာင့္ ျပည္တြင္းမွာ ေနထုိင္ရင္း ႏုိင္ငံတကာအဆင့္မီဘြဲ႕ေတြကုိ အရယူႏုိင္မယ့္အခြင့္အေရးျဖစ္လာတာပါ။

ႏုိင္ငံေပါင္း (၃ဝ) ေက်ာ္မွာ ေက်ာင္းခြဲေပါင္း (၄ဝဝ) ေက်ာ္ ဖြင့္လွစ္ထားၿပီး သမုိင္းေၾကာင္းခုိင္မာတဲ့ Kaplan Education Group ပညာေရးအဖြဲ႕အစည္းဟာ Kaplan Myanmar University College (KMUC) ေက်ာင္းခြဲကုိ ျမန္မာႏုိင္ငံမွာလည္း ဖြင့္လွစ္လုိက္ပါၿပီ။ Kaplan Myanmar University College ဟာ သင္ၾကားေရးသုေတသနနဲ႔ အလုပ္အကုိင္ရရွိမႈ အခြင့္အလမ္းေတြမွာ ေက်ာ္ေစာထင္ရွားတဲ့ ၾသစေတးလ်ႏုိင္ငံ အေျခစုိက္ Murdoch University နဲ႔ ခ်ိတ္ဆက္ထားၿပီး Australia Murdoch MBA Program ကုိ ဖြင့္လွစ္လုိက္ပါၿပီ။ Murdoch University ကုိ ၁၉၇၅ခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး ႏွစ္ေပါင္း (၅ဝ) သက္တမ္းရွိတဲ့ ကမၻာ့အေကာင္းဆုံးတကၠသုိလ္ (၇ဝ) ထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။

ျပည္တြင္းမွာပဲ အုိးမကြာ အိမ္မကြာေနရင္း ႏုိင္ငံတကာအဆင့္မီ MBA ဘြဲ႕ကုိ ရယူခ်င္ရင္ေတာ့ 09 777 63 6000 နဲ႔ 09 777 68 6000 ကုိ ဆက္သြယ္ႏုိင္္ပါတယ္။ အေစာဆုံးအပ္ႏွံမယ့္ ေက်ာင္းသား၊ ေက်ာင္းသူ (၂ဝ) ကုိေတာ့ ေဒၚလာ၅ေထာင္အထိ ပညာသင္ဆုေပးမယ့္ “US$ 5000 Scholarship Rebate” အစီအစဥ္လည္း ရွိေသးတာမုိ႔ အခုပဲ ဆက္သြယ္လုိက္ပါစုိ႔။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

MBA မတက်ခင် ဘာတွေစဉ်းစားသင့်လဲ

MBA ရဲ့အရှည်စာလုံးက Master of Business Administration ဖြစ်ပြီး စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ လို့ အဓိပ္ပာယ်ရပါတယ်။ ဘယ်နယ်ပယ်မှာပဲ ရပ်တည်နေပါစေ စီးပွားရေးလုပ်ပြီဆိုတာနဲ့ MBA တက်လာကြတယ်။ MBA တက်မယ်ဆိုရင် လုပ်ငန်းနဲ့ ပတ်သက်ပြီး အသိအကျွမ်းများလာမယ်။ ဝန်ထမ်းလုပ်မယ်ဆိုရင်တောင် MBA သမားတွေက လစာကောင်းတယ်။ ဒါပေမယ့် MBA မတက်ခင် ဘယ်လိုအချက်တွေကို စဉ်းစားသင့်လဲဆိုတဲ့အကြောင်းကို ပြောပြချင်တယ်။

MBA တက်တော့မယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာက အချိန်ဘယ်လောက်တက်ရမှာလဲဆိုတာပဲ။ ပျမ်းမျှအားဖြင့် (၂) နှစ်ပဲ တက်ရတယ်ဆိုပေမယ့် တချို့ အတန်းတွေက (၃) နှစ်နီးပါး ကြာတတ်တယ်။ အဲဒါကြောင့်မို့ တက်ရမယ့်ကြာချိန်ကို ရင်းနှီးမြှုပ်နှံနိုင်လားဆိုတဲ့ မေးခွန်းပါ။ လူမှုရေး၊ စီးပွားရေးတွေကို ပစ်ခွာပြီး ပညာရေးကို အချိန်ပေးရမှာမု့ိ အချိန်တအားကြာနေရင်လည်း တခြားနယ်ပယ်မှာ လစ်ဟာသွားနိုင်သလို လပိုင်းပဲ ကြာမယ်ဆိုရင်လည်း ပညာရေးမှာ ထိရောက်မှုမရှိပြန်ဘူး။

ဒုတိယစဉ်းစားရမှာက ငွေကြေးဘယ်လောက်ကုန်မှာလဲ။ အခုစာဖတ်သူကမျိုးရိုးစဉ်ဆက်ချမ်းသာလာတဲ့ မိုးကျရွှေကိုယ်ဆိုရင်တော့ ဒီအချက်ကို ကျော်သွားနိုင်ပါတယ်။ သာမန်လူတန်းစားဆိုရင်တော့ ကုန်ကျစရိတ်ကို စဉ်းစားရမှာပဲ။ အမေရိကန်မှာဆိုရင် ဒေါ်လာတစ်သိန်းလောက် ကုန်နိုင်တယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ကုန်ကျစရိတ်မများဘဲ MBA Program တွေ တက်နိုင်ပြီမို့ သာမန်အခြေအနေမှာကို အဆင်ပြေနေပါပြီ။ ကုန်ကျစရိတ်ကတော့ ဟုတ်ပါပြီ။ Cost Vs Benefit ပြန်တွက်ရမယ်လေ။ ဘယ်လိုအကျိုးကျေးဇူးပြန်ရမှာလဲ။ Fortune မဂ္ဂဇင်းရဲ့ အကောင်းဆုံးကုမ္ပဏီ (၁ဝဝ) ကို ဦးဆောင်နေတဲ့ CEO (Chief Executive Officer) တွေမှာ (၃၉) ဦးက MBA ဘွဲ့ရတွေပါ။ ရာထူးကြီးတွေကို ပိုင်ဆိုင်ချင်ရင်တော့ MBA ဘွဲ့က ခွန်အားတစ်မျိုးပါ။ ဆိုတော့ ကုန်ကျစရိတ်နဲ့စာရင် အကျိုးကျေးဇူးကလည်း မဆိုးပါဘူး။

MBA ဘွဲ့ရထားတာတူမယ်ဆိုရင် တက္ကသိုလ်ရဲ့ အဆင့်အတန်းအပေါ်မူတည်ပြီး အရည်အသွေးက ကွာသွားမှာပဲ။ ကမ္ဘာ့အဆင့် (၁) တက္ကသိုလ်ဖြစ်တဲ့ University of Oxford မှာ MBA ယူလာတယ်ဆိုရင် တခြားတက္ကသိုလ်တွေနဲ့ ကွာဦးမှာပဲ။ ကိုယ်ယူမယ့် MBA ဘယ်တက္ကသိုလ်က ပေးမှာလဲဆိုတာ အရင်စုံစမ်းသင့်တယ်။ တက္ကသိုလ်ရဲ့ အဆင့်အတန်းဟာ အရမ်းနိမ့်နေရင် မကောင်းဘူး။ တက္ကသိုလ်ရဲ့အဆင့်အတန်းကို Times Higher Education မှာ ကြည့်လို့ရတယ်။

နောက်ဆုံးတစ်ချက်က MBA ဘွဲ့ရလာရင် ကိုယ့်အသက်မွေးကြောင်းမှာ အထောက်အကူဖြစ်မှာလားဆိုတဲ့ မေးခွန်းပါ။ အသက်မွေးဝမ်းကြောင်းလုပ်ငန်းပြောင်းမယ်ဆိုရင်လည်း MBA ဘွဲ့ က ကိစ္စမရှိဘူး။ ဥပမာ – အင်ဂျင်နီယာဘွဲ့တစ်ယောက်က သူ့နယ်ပယ်မှာ လုပ်နေရာကနေ ဖက်ရှင်နယ်ပယ်ပြောင်းမယ်ဆိုရင် ဒုက္ခရောက်မှာလေ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် အသစ်အဆန်းဖြစ်နေလို့။ MBA ဘွဲ့ က ဒီလိုမဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို ခြုံငုံသင်ကြားထားတာဖြစ်တဲ့အတွက် နယ်ပယ်အသီးသီးမှာ လက်မထောင်နိုင်တာပါပဲ။ ဆိုတော့ MBA ဘွဲ့က အထောက်အကူပြုပါတယ်လို့ ဆိုချင်ပါတယ်။ နိုင်ငံခြားမှာဆို MBA သမားတွေဟာ တစ်နှစ်လစာ (၈ဝ,ဝဝဝ) ပေါင်အထိ ရကြတယ်။ မြန်မာနိုင်ငံမှာဆိုရင်တောင် MBA သမားတွေက အနည်းဆုံးလစာ ဆယ်သိန်းလောက်တော့ ရကြပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ပညာရေးအပေါ် ရင်းနှီးမြှုပ်နှံတာက အကောင်းဆုံးပါပဲ။ (၂) နှစ်ဆိုတဲ့ အချိန်အပိုင်းအခြားမှာ စီးပွားရေးပညာတွေကို သင်ကြားရမယ်၊ ကျောင်းပြီးရင်လည်း သာသာယာယာပဲ ဖြတ်သန်းရမယ်။ ဒီလိုအားသာချက်တွေ ရှိနေပေမယ့်လည်း အရင်တုန်းကဆိုရင် MBA ဘွဲ့တစ်ခုရဖို့က မလွယ်ပါဘူး။ နိုင်ငံရပ်ခြားကို သွားရောက်ပညာသင်ရတယ်၊ ကျောင်းလခအပြင် စားစရိတ်ပါ အပိုကုန်ခဲ့တယ်။ ကမ္ဘာကျော်တက္ကသိုလ်တွေဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတာကြောင့် ပြည်တွင်းမှာ နေထိုင်ရင်း နိုင်ငံတကာအဆင့်မီဘွဲ့တွေကို အရယူနိုင်မယ့်အခွင့်အရေးဖြစ်လာတာပါ။

နိုင်ငံပေါင်း (၃ဝ) ကျော်မှာ ကျောင်းခွဲပေါင်း (၄ဝဝ) ကျော် ဖွင့်လှစ်ထားပြီး သမိုင်းကြောင်းခိုင်မာတဲ့ Kaplan Education Group ပညာရေးအဖွဲ့အစည်းဟာ Kaplan Myanmar University College (KMUC) ကျောင်းခွဲကို မြန်မာနိုင်ငံမှာလည်း ဖွင့်လှစ်လိုက်ပါပြီ။ Kaplan Myanmar University College ဟာ သင်ကြားရေးသုတေသနနဲ့ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းတွေမှာ ကျော်စောထင်ရှားတဲ့ သြစတေးလျနိုင်ငံ အခြေစိုက် Murdoch University နဲ့ ချိတ်ဆက်ထားပြီး Australia Murdoch MBA Program ကို ဖွင့်လှစ်လိုက်ပါပြီ။ Murdoch University ကို ၁၉၇၅ခုနှစ်မှာ တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၅ဝ) သက်တမ်းရှိတဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၇ဝ) ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ပြည်တွင်းမှာပဲ အိုးမကွာ အိမ်မကွာနေရင်း နိုင်ငံတကာအဆင့်မီ MBA ဘွဲ့ကို ရယူချင်ရင်တော့ 09 777 63 6000 နဲ့ 09 777 68 6000 ကို ဆက်သွယ်နိုင်ပါတယ်။ အစောဆုံးအပ်နှံမယ့် ကျောင်းသား၊ ကျောင်းသူ (၂ဝ) ကိုတော့ ဒေါ်လာ၅ထောင်အထိ ပညာသင်ဆုပေးမယ့် “US$ 5000 Scholarship Rebate” အစီအစဉ်လည်း ရှိသေးတာမို့ အခုပဲ ဆက်သွယ်လိုက်ပါစို့။

ကျော်စိုးအောင် (အခရာ)

www.akhayar.com