Facebook  ဟာ ကြာသာပတေးနေ့က သူတို့ရဲ့ Feature အသစ်တစ်ခုဖြစ်တဲ့ “Security Key” Feature ကို ကြေငြာခဲ့ပါတယ်။

ဒီ Feature ဟာ  Facebook ရဲ့ နောက်ဆုံး တိုးမြှင့်လိုက်တဲ့ Security System အသစ်ပါ။ Webstie ကို Login ၀င်တဲ့အခါမှာ ပါဝင်ရမယ့် Two-Factor Authentication ကိုလည်း သီးသန့်မိတ်ဆက်ခဲ့ပြီး Login Approvals အတွက် Security Code ကို SMS ဒါမှမဟုတ် ဖုန်းကနေတိုက်ရိုက် Facebook Apps ကို Generate လုပ်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် Hacker များရဲ့ တိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် FIDO U2F Security Key အထောက်အပံ့ပေးထားမယ်လို့ Facebook Securtiy Team က Blog Post တစ်ခုကို Announced လုပ်ခဲ့ပါသေးတယ်။ ဒါကတော့ Physical Key တစ်ခုပါပဲ။ Computer ရဲ့ USB Port နဲ့ Login ၀င်ဖို့ Password ကို Confirm လုပ်ပြီး အကောင့်ကို လုံခြုံစွာ ထားနိုင်ပါတယ်။

Security Team ရဲ့ ပြောကြားချက်တွေကတော့ Codes တွေဟာ Sms ကနေတစ်ဆင့် အသုံးပြုသူတွေကို ပို့ပေးခြင်းက ယုံကြည်စိတ်ချရတဲ့ အခြေအနေမရှိသေးဘူးလို့သိရပါတယ်။ Physical Security Key လို့ခေါ်ဆိုတဲ့ USB အသုံးပြုပြီး Login Approval လုပ်တာက ပိုစိတ်ချရတဲ့ အနေအထားမှာ ရှိတယ်လို့သိရပါတယ်။ တစ်ချို့ အသုံးပြုသူတွေ ကတော့ ဒီ Physical Devie ရဲ့ တခြားလိုအပ်ချက်တွေက အနည်းနဲ့ အများ ပြသနာရှိမယ် လို့ခံစားရပေမယ့် Facebook ကတော့ သူတို့ရဲ့ Public Data တွေကို  Hacker တွေရဲ့ တိုက်ခိုက်တာကနေ ကင်းဝေးစေဖို့ လုံခြုံရေးကို အဓိကရည်ရွယ်ထားပါတယ်။ ဒီFeature ဟာ Chrome ဒါမှ မဟုတ် Opera Browser နဲ့ ပိုအဆင်ပြေတယ်လို့ သိရပါတယ်။

Facebook Login အတွက်အသုံးပြုနိုင်မယ့် Security Key ဟာ လောလောဆယ်မှာတော့ Web Browsers နဲ့ တချို့ Mobile Devies အတွက်ပဲ အသုံးဝင်ပါသေးတယ်။ဒီတော့ Register လုပ်တဲ့အခါမှာ Approval Method အရ   ဖုန်း ဒါမှမဟုတ် Code Generator သုံးပြီးဝင်မလားဆိုတာ မေးမှာဖြစ်ပါတယ်။

Security Key ကို ထည့်ဖို့ Computer မှာ Chrome ဒါမှမဟုတ် Opera ရဲ့ နောက်ဆုံးထွက်တဲ့ Version လိုပါလိမ့်မယ်။ ဒီ Feature ဟာ Mobile Facebook Apps မှာ တော့ အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ တကယ်လို့ “NFC-capable Adroid Device ( NFC – Near Field Communication )  နဲ့ latest version Chrome and Google Authenticator ကို install လုပ်ထားရင်တော့ ဒီ Key System ကို Mobile Website မှာ သုံးနိုင်မယ်လို့သိရပါတယ်။

Facebook က သူတို့ရဲ့ User တွေအတွက် ကုမ္ပဏီရဲ့ Privacy Basic အသစ်ကိုကြေငြာခဲ့ပါသေးတယ်။ ဒီ Interactive Guides မှာပါဝင်တာကတော့ သတင်းအချက်အလက် ထိန်းချုပ်တာနဲ့ Sharing အသုံးပြုတာတွေ ဖြစ်ပါတယ်။ Facebook ဟာ Security နဲ့ Privacy နဲ့ ပတ်သတ်တဲ့ Feature တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ခဲ့ပါတယ်။  Privacy Basics ကို ဘာသာစကား 44 မျိုး နဲ့ Launched လုပ်ခဲ့ပြီး Account ကို လုံခြုံစွာ ထားရှိနိုင်မယ့် နည်းလမ်းတွေကိုလည်း ဖော်ပြထားပါတယ်။

Ref : hakread