ပြီးခဲ့တဲ့တနင်္ဂနွေတုန်းက တရုတ်ဖုန်းကုမ္ပဏီကြီး Xiaomi ကနေ နှုတ်ထွက်ပြီးတော့ အမေရိကကိုပြန်လာတော့မယ်လို့ Hugo Barra က ကြေငြာခဲ့ပါတယ်။အခုတော့ ကျွန်တော်တို့ အကြောင်းရင်းကိုသိရပါပြီ။ Facebook က Oculus အပါအဝင် ကုမ္ပဏီရဲ့ Virtual Reality (VR) ကဏ္ဍအတွက် Barra ကိုခေါ်ယူလိုက်ပြီလို့ ဒီမနက် ၁၀နာရီခွဲမှာ CEO Mark Zuckerberg ကသူ့ရဲ့ Facebook အကောင့်ကနေ တရားဝင်ကြေငြာလိုက်ပါတယ်။

အခုလိုဆိုရင်တော့ သူ့ရဲ့ ရာထူးက VR ကဏ္ဍအတွက် Vice President ဆိုပေမယ့် Barra အနေနဲ့ Oculus ရဲ့ CEO လည်း ဖြစ်လာနိုင်ပါတယ်။ ဒီဇင်ဘာတုန်းက Oculus ရဲ့အရင် CEO Brendan Iribe က သူ့အနေနဲ့ကုမ္ပဏီရဲ့ ပီစီကဏ္ဍကို ဦးဆောင်ရမယ်လို့ပြောခဲ့ဖူးပါတယ်။Facebook အနေနဲ့ Barra ကို ကြေးကြီးကြီးပေးပြီးခေါ်ယူခဲ့တာပါ။ နည်းပညာအသိုင်းအဝိုင်းမှာ Harra ဟာ နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်တဲ့အပြင် Google ရဲ့ Android Operation System ကို ဦးဆောင်ခဲ့ဖူးတဲ့အပြင် ၂၀၁၃ ခုနှစ်ကစပြီးတော့ Xiaomi နဲ့အတူ တောက်လျှောက်အောင်မြင်မှုရခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကပဲ Barra က အမေရိကန်ကိုပြန်လာပြီး Sillicon Valley မှာစွန့်စားချင်တယ်လို့ ဆိုထားပါတယ်။အခုတော့သူ့ဆန္ဒတွေပြည့်ဝသွားပါပြီ။

You May Also Like: “Xiaomi ကနေ နှုတ်ထွက်ပြီး Silicon Valley ကိုပြန်လာမယ့် Hugo Barra”

မနက် ၁၀နာရီခွဲက Zuckerberg ရဲ့တရားဝင် Facebook က ကြေငြာချက်

Zuckerberg ပြောထားတာကတော့ Hugo Barra ကို ကျွန်တော့်တို့ရဲ့ Oculus Team အပါအဝင် ဖေ့ဘွတ်ရဲ့ Virtual Reality (VR) ကဏ္ဍဖွံ့ဖြိုးဖို့အတွက် ခေါ်ယူနိုင်ခဲ့အတွက် ဝမ်းသားမဆုံးဖြစ်ရပါတယ်။ Hugo ကတော့ အခုတရုတ်ကိုရောက်နေပါတယ်။ မကြာခင် VR ကဏ္ဍအတွက် အတူတကွလုပ်ဆောင်သွားမှာပါ။

ကျွန်တော် Hugo ကိုသိခဲ့တာအချိန်အတော်ကြာပါပြီ။ သူဟာ Android Operation System စတင်တဲ့အချိန်တုန်းကလည်း ပါဝင်ခဲ့ပြီးတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ဘေဂျင်းကနေ တီထွင်ဆန်းသစ်မှုအပြည့်နဲ့ Xiaomi ဖုန်းတွေကို သန်းနဲ့ချီတဲ့လူသားတွေဆီကို အရောက်ပို့ပေးခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

နောင်တစ်ခေတ် ကွန်ပြူတာလောကရဲ့ ရှေ့ဆောင်ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ယုံကြည်ထားတဲ့ Vritual နဲ့ Augmented Reality ကဏ္ဍမှာ Hugo ကအပြည့်အဝအကူအညီပေးနိုင်မှာပါ။ အသစ်အဆန်းတွေကို ဖန်တီးနိုင်ဖို့ အတွေ့အကြုံအသစ်တွေကို ဝေမျှပေးမယ့်အပြင် အရင်ထက်ဖန်တီးနိုင်စွမ်းမြင့်လာမှာပါ။ Hugo ဟာကျွန်တော့်တို့ရဲ့ အနာဂတ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ Team အနေနဲ့ကလည်း Hugo ရောက်မယ့်နေ့ကို စောင့်မျှော်နေပါတယ်” ။

မင်းသုခ (အခရာ)

(www.akhayar.com)

Ref: Zuckerberg Facebook, Recode