
Using Facebook




Facebook


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google နဲ့ Apple တို့က သူတို့ရဲ့ စမတ်ဖုန်း Operating System တွေဖြစ်တဲ့ Android P နဲ့ iOS 12 တို့မှာ ဘယ် Applications တွေကို တစ်ရက်အတွင်းမှာ ဘယ်လောက်အသုံးပြုနေဖြစ်လဲဆိုတာကို ပြန်သိနိုင်မယ့် Features တွေကို အသီးသီးထည့်သွင်းလာကြပြီပဲဖြစ်ပါတယ်။

Using Facebook

အခုလိုမျိုး Applications အသုံးပြုမှုကို ပြန်ပြီးတိုင်းတာသိရှိနိုင်တဲ့ Feature ကို ထည့်သွင်းလာတာက Apple နဲ့ Google လိုမျိုး ကုမ္ပဏီကြီးတွေကနေ အသုံးပြုသူတွေကို ဒီ စမတ်ဖုန်းကို စွဲလမ်းမှုကို လျော့ကျစေဖို့ရည်ရွယ်တာဖြစ်ပြီးတော့ အခုအချိန်မှာ Facebook ကလည်း အလားတူ Feature တစ်ခုကို ထည့်သွင်းပေးတော့မှာပါ။

Facebook ကတော့ အခုထည့်သွင်းလာမယ့် Feature ကို “Your Time on Facebook” လို့ နာမည်ပေးထားပြီးတော့ အဆိုပါ Feature ဟာ တစ်ရက်ကို ဘယ်လောက်အသုံးပြုထားသလဲဆိုတာကို အသိပေးနေမှာဖြစ်သလို တပတ်စာအနေနဲ့လည်း Report ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ကိုယ်သုံးချင်တဲ့အချိန်ကိုလည်း ကန့်သတ်နိုင်သလို အဆိုပါ ကန့်သတ်ချက်ပြည့်သွားရင်လည်း အသိပေးသွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး Facebook ဟာ လူသုံးအများဆုံး Social Network တစ်ခုဖြစ်နေသလိုပဲ Facebook ကိုလည်း တစ်ရက်အတွင်းမှာတင် မသုံးရမနေနိုင်အောင် စွဲနေတဲ့သူတွေရှိနေတဲ့အတွက် အခု Facebook ကိုယ်တိုင်က အခုလိုမျိုး Feature ကို ပြုလုပ်လာတာက ကောင်းမွန်တဲ့အချက်တစ်ခုလို့ ပြောရမှာပါ။

Facebook

Facebook ကိုယ်တိုင်ကလည်း အခု “Your Time on Facebook” Feature ကို စမ်းသပ်နေတယ်ဆိုတာ အတည်ပြုပေးခဲ့ပြီး ဘယ်အချိန်မှာ အသုံးပြုသူတွေဆီကို ထုတ်ပေးမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com