[Zawgyi]

Fake News ေတြေၾကာင့္ Facebook အစား Fakebook လို႔ သုံးႏႈန္းလိုက္တဲ့ UK

Facebook ကို မဟုတ္မမွန္သတင္း ထုတ္လႊင့္ေနတယ္ဆိုၿပီး Fakebook လို႔ UK ႏိုင္ငံေရးသမားတခ်ိဳ႕က နာမည္တပ္ေပးလိုက္ပါၿပီ။ ၁၈ လ တာကလလုံး စုံစမ္းစစ္ေဆးၿပီးတဲ့အခါမွာေတာ့ အခုလိုနာမည္ဆိုး တပ္ခံလိုက္ရတာျဖစ္ၿပီး သတင္းအမ်ားစုက ႏိုင္ငံေရးနဲ႔သြားညႇိေနခဲ့လို႔ပါ။ သိၾကၿပီးတဲ့အတိုင္း Facebook လို Social Media မ်ိဳးဟာ တိုက္ခိုက္လို႔ အရမ္းေကာင္းတာမလို႔ DCMS အဖြဲ႕အစည္း ေဖာ္ျပထားခ်က္မွာ ျမန္မာႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ ႐ိုဟင္ဂ်ာအေရးအခင္းလည္း ပါဝင္ေနခဲ့ပါတယ္။ ေနာက္ၿပီး ႏိုင္ငံေရးပဋိပကၡျဖစ္ေစခဲ့တဲ့ ႐ု႐ုားသတင္းလည္းပါဝင္ေနခဲ့ၿပီး အဆိုပါ သတင္းႏွစ္ရပ္လုံးဟာ အမွန္တရားထက္ ေသြးထိုးထားတဲ့ပုံစံမ်ိဳး အေရးအသားေတြ ပါဝင္ခဲ့လို႔ပါ။

It has been said Faker of some news

သုံးစြဲသူ ဘီလီယံေက်ာ္ ရွိေနၿပီျဖစ္တဲ့ Facebook အေနနဲ႔လည္း နိင္ငံေရးနဲ႔ သြားညႇိေနမယ့္ အေရးအသားမ်ိဳး ပိုက္စိပ္တိုက္ မစစ္ေဆးႏိုင္သလို အကာအကြယ္ မေပးႏိုင္ခဲ့ဘူးလို႔ ကနဦးေျပာၾကားခ်က္အရ သိရပါတယ္။ ဒါနဲ႔ စပ္လ်ဥ္းၿပီး မဟုတ္မမွန္ သြားပုပ္ေလလႊင့္ေနတဲ့ အေရးအသားမ်ိဳး ထည့္မသုံးေစဖို႔နဲ႔ ႏိုင္ငံေရးႏြယ္ေနတဲ့ ေၾကာ္ျငာမ်ိဳးပါဝင္လာခဲ့ရင္ ဥပေဒအရ အေရးယူသြားဖို႔ Facebook ကို အႀကံျပဳထားပါတယ္။ ဒါေၾကာင့္ Publisher ေတြ ဘယ္လိုပဲ Media Creation Tool ပဲသုံးသုံး ၿဗိတိန္ေ႐ြးေကာက္ပြဲေကာ္မရွင္က တိုက္ခိုက္သြားေတာ့မွာျဖစ္ၿပီး “အခုလို မဟုတ္မမွန္သတင္းျပန္႔ပြားခဲ့တဲ့ ကိစၥနဲ႔ပတ္သက္လို႔ ေ႐ြးေကာက္ပြဲ ေကာ္မတီမွာ လာေရာက္ေျဖရွင္းပါလို႔” Mark Zuckerberg ကို အလိုရွိေနပုံရပါတယ္။

Fake news that sued former MI6 Agent

အခုခ်ိန္မွာ မ်က္ႏွာမရ ေျခေထာက္ရသလို ျဖစ္ေနတဲ့ Facebook အေနနဲ႔ ဂုဏ္သိကၡာအေတာ္ေလး ညိဳႏြမ္းေနရပါၿပီ။ မၾကာေသးခင္က ျဖစ္ပြားခဲ့တဲ့ Cambridge Analytica ေဒတာေပါက္ၾကားခဲ့တဲ့ ကိစၥနဲ႔ပတ္သက္ကိုလည္း ေကာ္မရွင္ အေတာ္ေလး သံသယျဖစ္ေနေသးပုံရပါတယ္။ ဘာလို႔လဲဆိုရင္ ၿဗိတိန္အစိုးရ လွ်ိဳ႕ဝွက္ထားတယ္ဆိုတဲ့ ဂ်ာနယ္လစ္ Daphne Caruana Galizia ေသဆုံးခဲ့မႈနဲ႔ သြားပတ္သက္ေနလို႔ပါ။ Daphne ဟာ ကားဗုံးေပါက္တဲ့ထဲ ပါသြားတယ္ဆိုမယ့္ လုပ္ႀကံသတ္ျဖတ္မႈျဖစ္တယ္လို႔ လူအမ်ား လက္ခံထားတာပါ။ ဒါမယ့္လည္း ေနာက္ကြယ္မွာ Malta ကုမၸဏီနဲ႔ ၿဗိတိန္အစိုးရပူးေပါင္းၿပီး ႏိုင္ငံကူးလက္မွတ္ ေမွာင္ခိုေရာင္းခ်ေနတယ္ဆိုတာကို  Daphne ေထာက္လွမ္းေနခဲ့တာၿပီး အဲ့ဒါေၾကာင့္လည္း တမင္လုပ္ႀကံခဲ့တာျဖစ္တယ္လို႔ Facebook မွာ သတင္းျပန္႔သြားခဲ့လို႔ပါ။

Injustice elsewhere

မၾကာခင္ က်င္းပသြားေတာ့မယ့္ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔လည္း ႐ု႐ုားနဲ႔ အျငင္းပြားဖြယ္ မျဖစ္ျဖစ္ေအာင္ ဂုန္းဆင္ဆင္ထားတယ္လို႔ ေကာ္မတီဥကၠဌ Damina Collins ထည့္သြင္း ေျပာၾကားထားပါေသးတယ္။ ဒီလို အျငင္းပြားစရာကိစၥမ်ိဳး ရွ႐ုားလို အင္အားႀကီးႏိုင္ငံက သေဘာေခြ႕ေနတာလည္း ပါမွာပါ။ သမိုင္းတစ္ေလွ်ာက္မွာလည္း ရန္ဖက္ျဖစ္ေနခဲ့သလို ဂုန္းဆင္းဖို႔ ႐ု႐ုားပါပရာဇီေတြ ဂြင္ဆင္ခဲ့ပုံရပါတယ္။။ အဲ့ဒါေၾကာင့္ ႏွစ္ႏိုင္ငံေရးဆက္ဆံေရး အစဥ္မေျပျဖစ္ေနၿပီး ေ႐ြးေကာက္ပြဲအစီအစဥ္ကို ထိခိုက္လာမွာစိုးတာေၾကာင့္ က်င္းပေရးေကာ္မရွင္ အေနနဲ႔ အေတာ္ေလး ေခါင္းစားေနရပါၿပီ။

Digital, Culture, Media & Sport (DCMS Group)

အခုခ်ိန္မွာ DCMS အေနနဲ႔ Washington DC ရဲ႕ အထက္လႊတ္ေတာ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနပါၿပီ။ ရည္႐ြယ္ခ်က္အေသးစိတ္ကိုေတာ့ ေဖာ္မျပထားေပမယ့္ ႏိုင္ငံေရးႏြယ္ေနတဲ့ ကိစၥမ်ိဳးေတြမွာ မွန္ကန္တဲ့သတင္းမ်ိဳးကိုသာ နားစြင့္ေနဖို႔ျဖစ္မယ္လို႔ သုံးသပ္ရပါတယ္။ ၿဗိတိန္အစိုးရအေနနဲ႔လည္း Facebook လို နည္းပညာကုမၸဏီေတြကို မ်က္ခုံးလႈပ္ေနၿပီး ႏိုင္ငံေရးပဋိပကၡျဖစ္ပြားေစမယ့္ သတင္းမ်ိဳးမေပၚထြက္ေစဖို႔ စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္ေပးသြားဖို႔ ေမွ်ာ္လင့္ေနပုံရပါတယ္။ ဒါမွလည္း မဟုတ္မမွန္သတင္းေရးသားဖို႔ အခြင့္အလမ္းနည္းပါးသြားႏိုင္သလို Facebook ကလည္း ဒီလိုကိစၥမ်ိဳး ထိထိမိမိကိုင္တြယ္ဖို႔ A.I နည္းပညာသုံးသြားမယ္လို႔ ေျပာၾကားလိုက္ပါတယ္။ တစ္ဆက္ထဲမွာလည္း တိုက္ခိုက္ထားတဲ့ စကားလုံးမ်ိဳး ၂.၅ သန္းေလာက္ ပယ္ဖ်က္ခဲ့သလို Fake Account ေပါင္း သန္း ၆၀၀ နီးပါး ဖယ္ရွားပစ္ခဲ့တယ္လို႔ သိရပါတယ္။

2B (Akhayar)

www.akhayar.com

Credit: Steve Dent

Source: Engadget

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Fake News တွေကြောင့် Facebook အစား Fakebook လို့ သုံးနှုန်းလိုက်တဲ့ UK

Facebook ကို မဟုတ်မမှန်သတင်း ထုတ်လွှင့်နေတယ်ဆိုပြီး Fakebook လို့ UK နိုင်ငံရေးသမားတချို့က နာမည်တပ်ပေးလိုက်ပါပြီ။ ၁၈ လ တာကလလုံး စုံစမ်းစစ်ဆေးပြီးတဲ့အခါမှာတော့ အခုလိုနာမည်ဆိုး တပ်ခံလိုက်ရတာဖြစ်ပြီး သတင်းအများစုက နိုင်ငံရေးနဲ့သွားညှိနေခဲ့လို့ပါ။ သိကြပြီးတဲ့အတိုင်း Facebook လို Social Media မျိုးဟာ တိုက်ခိုက်လို့ အရမ်းကောင်းတာမလို့ DCMS အဖွဲ့အစည်း ဖော်ပြထားချက်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးအခင်းလည်း ပါဝင်နေခဲ့ပါတယ်။ နောက်ပြီး နိုင်ငံရေးပဋိပက္ခဖြစ်စေခဲ့တဲ့ ရုရုားသတင်းလည်းပါဝင်နေခဲ့ပြီး အဆိုပါ သတင်းနှစ်ရပ်လုံးဟာ အမှန်တရားထက် သွေးထိုးထားတဲ့ပုံစံမျိုး အရေးအသားတွေ ပါဝင်ခဲ့လို့ပါ။

It has been said Faker of some news

သုံးစွဲသူ ဘီလီယံကျော် ရှိနေပြီဖြစ်တဲ့ Facebook အနေနဲ့လည်း နိင်ငံရေးနဲ့ သွားညှိနေမယ့် အရေးအသားမျိုး ပိုက်စိပ်တိုက် မစစ်ဆေးနိုင်သလို အကာအကွယ် မပေးနိုင်ခဲ့ဘူးလို့ ကနဦးပြောကြားချက်အရ သိရပါတယ်။ ဒါနဲ့ စပ်လျဥ်းပြီး မဟုတ်မမှန် သွားပုပ်လေလွှင့်နေတဲ့ အရေးအသားမျိုး ထည့်မသုံးစေဖို့နဲ့ နိုင်ငံရေးနွယ်နေတဲ့ ကြော်ငြာမျိုးပါဝင်လာခဲ့ရင် ဥပဒေအရ အရေးယူသွားဖို့ Facebook ကို အကြံပြုထားပါတယ်။ ဒါကြောင့် Publisher တွေ ဘယ်လိုပဲ Media Creation Tool ပဲသုံးသုံး ဗြိတိန်ရွေးကောက်ပွဲကော်မရှင်က တိုက်ခိုက်သွားတော့မှာဖြစ်ပြီး “အခုလို မဟုတ်မမှန်သတင်းပြန့်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မတီမှာ လာရောက်ဖြေရှင်းပါလို့” Mark Zuckerberg ကို အလိုရှိနေပုံရပါတယ်။

Fake news that sued former MI6 Agent

အခုချိန်မှာ မျက်နှာမရ ခြေထောက်ရသလို ဖြစ်နေတဲ့ Facebook အနေနဲ့ ဂုဏ်သိက္ခာအတော်လေး ညိုနွမ်းနေရပါပြီ။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ Cambridge Analytica ဒေတာပေါက်ကြားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ကိုလည်း ကော်မရှင် အတော်လေး သံသယဖြစ်နေသေးပုံရပါတယ်။ ဘာလို့လဲဆိုရင် ဗြိတိန်အစိုးရ လျှို့ဝှက်ထားတယ်ဆိုတဲ့ ဂျာနယ်လစ် Daphne Caruana Galizia သေဆုံးခဲ့မှုနဲ့ သွားပတ်သက်နေလို့ပါ။ Daphne ဟာ ကားဗုံးပေါက်တဲ့ထဲ ပါသွားတယ်ဆိုမယ့် လုပ်ကြံသတ်ဖြတ်မှုဖြစ်တယ်လို့ လူအများ လက်ခံထားတာပါ။ ဒါမယ့်လည်း နောက်ကွယ်မှာ Malta ကုမ္ပဏီနဲ့ ဗြိတိန်အစိုးရပူးပေါင်းပြီး နိုင်ငံကူးလက်မှတ် မှောင်ခိုရောင်းချနေတယ်ဆိုတာကို  Daphne ထောက်လှမ်းနေခဲ့တာပြီး အဲ့ဒါကြောင့်လည်း တမင်လုပ်ကြံခဲ့တာဖြစ်တယ်လို့ Facebook မှာ သတင်းပြန့်သွားခဲ့လို့ပါ။

Injustice elsewhere

မကြာခင် ကျင်းပသွားတော့မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ရုရုားနဲ့ အငြင်းပွားဖွယ် မဖြစ်ဖြစ်အောင် ဂုန်းဆင်ထားတယ်လို့ ကော်မတီဥက္ကဌ Damina Collins ထည့်သွင်း ပြောကြားထားပါသေးတယ်။ ဒီလို အငြင်းပွားစရာကိစ္စမျိုး ရှရုားလို အင်အားကြီးနိုင်ငံက သဘောခွေ့နေတာလည်း ပါမှာပါ။ သမိုင်းတစ်လျှောက်မှာလည်း ရန်ဖက်ဖြစ်နေခဲ့သလို ဂုန်းဆင်းဖို့ ရုရုားပါပရာဇီတွေ ဂွင်ဆင်ခဲ့ပုံရပါတယ်။။ အဲ့ဒါကြောင့် နှစ်နိုင်ငံရေးဆက်ဆံရေး အစဥ်မပြေဖြစ်နေပြီး ရွေးကောက်ပွဲအစီအစဥ်ကို ထိခိုက်လာမှာစိုးတာကြောင့် ကျင်းပရေးကော်မရှင် အနေနဲ့ အတော်လေး ခေါင်းစားနေရပါပြီ။

Digital, Culture, Media & Sport (DCMS Group)

အခုချိန်မှာ DCMS အနေနဲ့ Washington DC ရဲ့ အထက်လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်နေပါပြီ။ ရည်ရွယ်ချက်အသေးစိတ်ကိုတော့ ဖော်မပြထားပေမယ့် နိုင်ငံရေးနွယ်နေတဲ့ ကိစ္စမျိုးတွေမှာ မှန်ကန်တဲ့သတင်းမျိုးကိုသာ နားစွင့်နေဖို့ဖြစ်မယ်လို့ သုံးသပ်ရပါတယ်။ ဗြိတိန်အစိုးရအနေနဲ့လည်း Facebook လို နည်းပညာကုမ္ပဏီတွေကို မျက်ခုံးလှုပ်နေပြီး နိုင်ငံရေးပဋိပက္ခဖြစ်ပွားစေမယ့် သတင်းမျိုးမပေါ်ထွက်စေဖို့ စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ပေးသွားဖို့ မျှော်လင့်နေပုံရပါတယ်။ ဒါမှလည်း မဟုတ်မမှန်သတင်းရေးသားဖို့ အခွင့်အလမ်းနည်းပါးသွားနိုင်သလို Facebook ကလည်း ဒီလိုကိစ္စမျိုး ထိထိမိမိကိုင်တွယ်ဖို့ A.I နည်းပညာသုံးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ တစ်ဆက်ထဲမှာလည်း တိုက်ခိုက်ထားတဲ့ စကားလုံးမျိုး ၂.၅ သန်းလောက် ပယ်ဖျက်ခဲ့သလို Fake Account ပေါင်း သန်း ၆၀၀ နီးပါး ဖယ်ရှားပစ်ခဲ့တယ်လို့ သိရပါတယ်။

2B (Akhayar)

www.akhayar.com

Credit: Steve Dent

Source: Engadget

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။