


တကယ်တော့ Facebook ရဲ့ Content Business ထဲကို ဝင်ဖို့ ဆုံးဖြတ်ချက်ဟာ ခုနည်းပညာကုမ္ပဏီတွေ လုပ်ဖို့ ကြိုးစားနေတဲ့ Platform ကိုတင် မဟုတ်ဘဲ Platform ပေါ်က Content Streaming ကိုပါ ထိန်းချုပ်ဖို့ ကြိုးစားတဲ့ နောက်ဆုံးပေါ် Trend နောက်ကို လိုက်တာသာ ဖြစ်ပါတယ်။


 

Unicode Version

 

Facebook ဟာ ကုမ္ပဏီရဲ့ ရှေ့လာမယ့် လုပ်ငန်းစဉ်တွေမှာ Video ဟာ သူတို့ရဲ့ ဦးစားပေးဖြစ်ကြောင်း မကြာခဏထုတ်ဖော်ပြောကြားခဲ့ပြီးပါပြီ။ အခုတော့ သူတို့ရဲ့ နောက်လာမယ့် အစီအစဉ် Facebook TV ဟာ ဘယ်လိုမျိုး ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ အသေးစိတ် မျက်ဝါးထင်ထင် မြင်ရပါတော့မယ်။

ဒီ Social Network ဘီလူးကြီးဟာ TV Shows တွေလို Line Up Style နဲ့ လာမယ့် Shows တွေကို လာမယ့် ဇွန်လမှာ Facebook မှာ ထုတ်လွှင့်ပြသဖို့ ရှိနေပါတယ်။ အခုထိ Show နာမည်တွေနဲ့ ပါဝင်မယ့် ကြယ်ပွင့်တွေကို မကြေညာသေးပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့က Business Insider က သတင်းအရတော့ Shows အရေအတွက်ဟာ ၂ ဒါဇင်လောက်ကို ရှိမယ်လို့ သိရပါတယ်။

နီးစပ်တဲ့ သတင်းအရစ်အမြစ်တွေက ထွက်လာတာအရတော့ Facebook ဟာ Shows အမျိုးအစားနှစ်ခုထွက်ဖို့ကို အာရုံစိုက်နေပြီး တစ်မျိုးက အစဉ်အလာပိုဆန်တဲ့ Budget များများသုံးထားတဲ့ TV-style Scripted Shows တွေနဲ့ နောက်တစ်ခုကတော့ နေ့စဉ် Update လုပ်ပေးနေမယ့် Shows အတိုလေးတွေ ဖြစ်ပါတယ်။

တကယ်တော့ Facebook ရဲ့ Content Business ထဲကို ဝင်ဖို့ ဆုံးဖြတ်ချက်ဟာ ခုနည်းပညာကုမ္ပဏီတွေ လုပ်ဖို့ ကြိုးစားနေတဲ့ platform ကိုတင် မဟုတ်ဘဲ Platform ပေါ်က Content streaming ကိုပါ ထိန်းချုပ်ဖို့ ကြိုးစားတဲ့ နောက်ဆုံးပေါ် Trend နောက်ကို လိုက်တာသာ ဖြစ်ပါတယ်။

Facebook လို ကမ္ဘာ့အကြီးဆုံး Social Network တစ်ခုရဲ့ ခုလို တဖြည်းဖြည်း ချဲ့ထွင်လာမှုနဲ့ဆိုရင် ကျွန်တော်တို့ဟာ နောက်ထပ်လာမယ့် Game of Thrones ဒါမှ မဟုတ် Walking Dead ရုပ်ရှင်ကားတွေကို TV ကနေ ဒါမှမဟုတ် Cable Line တွေနေ လာရုံတင်မဟုတ်ဘဲ ကျွန်တော်တို့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ စကားစမြည်ပြောလို့ရတဲ့ ဒီ Facebook ကြီးကနေပါ မြင်တွေ့ရဖွယ်ရှိပါတော့တယ်။

 

Yoe Lu (Akhayar)

www.akhayar.com

Ref : Mashable