Facebook ဟာ News Feed ရဲ့ Reaction လုပ်ဆောင်ချက်ကို ယမန်နှစ်ရဲ့ ဒီလိုအချိန်မှာ စတင် ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအခါမှာ ကုမ္ပဏီအနေနဲ့ Messenger မှာလည်း Reaction ကို ထည့်သွင်းဖို့ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ လူမှုကွန်ယက်ရဲ့ TechCrunch ကို အတည်ပြုပေးခဲ့ချက်တစ်ခုအရ Messages တွေမှာ Reaction တွေကို ထည့်သွင်းဖို့ စတင်စမ်းသပ်နေပြီး Apple ရဲ့ iMessage စနစ် ဒါမှမဟုတ် Slack ရဲ့ အုပ်စုချက်လိုမျိုး စတေကာတွေကို ထည့သွင်းဖို့ လုပ်ဆောင်နေတာပါ။

ဒါကြောင့် Facebook Post တွေက icon တွေလို (Emotion ငါးခုနဲ့ လက်မထောင်တဲ့ icon အပါအဝင်) ထည့်သွင်းဖို့အတွက် မျှော်လင့်ရတာပါ။ Facebook အနေနဲ့ “Dislike” Button ကိုလည်း ထည့်သွင်းပေးဖို့ တောင်းဆိုခံနေရပါတယ်။

Facebook က ဒီလုပ်ဆောင်ချက်က များမကြာမီမှာ ထွက်လာဖို့ရှိနေပြီး ယခုပမာဏအနည်းငယ်သာ စမ်းသပ်ရသေးကြောင်းသိရပါတယ်။ ဒီ Reaction တွေကို Messenger, Workplace တွေမှာထည့်သွင်းဖို့ ရှိနေပါတယ်။

Ref: Engadget