ဒီေန႔ Facebook ကေန ခရမ္းေရာင္ပန္းပြင္႔ေလးနဲ႔ Thankful ဆိုတဲ႔ Reaction ေလးကို စမ္းသပ္မိတ္ဆက္ေပးထားတယ္ေနာ္။ ဒီ Reaction ေလးက ေမလ ၁၄ ရက္ေန႔မွာက်ေရာက္တဲ႔ Mother’s Day အတြက္ ရည္ရြယ္တာျဖစ္ပါတယ္။ အေမမ်ားေန႔ Mother’s Day ျပီးရင္ေတာ႔ ဒီ Reaction ေလးကေပ်ာက္ကြယ္သြားမွာပါ။ Facebook အေနနဲ႔ ဒီလို Temporary Reaction ေလးကိုမႏွစ္ကလည္းမိတ္ဆက္ေပးခဲ႔တာေတြ႔ရပါတယ္။ Thankful Reaction ေပးတဲ႔ေနရာမွာ တခ်ိဳ႕က မေပးသင္႔တဲ႔ ပို႔စ္ေတြမွာ Thankful ေပးတာမို႔ ဟာသလည္းျဖစ္ သတိျပဳစရာလည္းျဖစ္ေနပါတယ္ေနာ္။

အေမမ်ားေန႔နဲ႔ပတ္သက္ရင္ အေမရိကန္ႏိုင္ငံမွာေတာ႔ ႏွစ္စဥ္ ေမလ ဒုတိယပတ္ရဲ႕ တနဂၤေႏြေန႔ကို အေမမ်ားေန႔အျဖစ္သတ္မွတ္ထားတာေၾကာင္႔ ၂၀၁၇ အတြက္ေတာ႔ ေမလ ၁၄ ရက္ေန႔မွာ အေမမ်ားေန႔ က်ေရာက္မွာျဖစ္ပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာေတာ႔ အေမမ်ားေန႔ကို သူတို႔ရဲ႕ ဓေလ႔ထံုးတမ္းနဲ႔ သမိုင္းေၾကာင္းအရ သတ္မွတ္ၾကျပီးတစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ ရက္မတူညီတာမ်ိဳးလည္းရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အေမမ်ားေန႔မွာ အေမ႔အတြက္ အမွတ္တရလက္ေဆာင္ေလးေတြ ၊ ေက်းဇူးတင္ေၾကာင္းစာလႊာေလးေတြ ၊ အေမနဲ႔အတူတူအခ်ိန္ကုန္ဆံုးေပးတာေလးေတြ ျပဳလုပ္ေလ႔ရွိၾကတာေၾကာင္႔ ခ်စ္စရာေကာင္းတဲ႔ေန႔ရက္ေလးတစ္ခုပါ။

ခုလို အေမမ်ားေန႔ကို ဂုဏ္ျပဳတဲ႔ Reaction ေလးေတြေပၚလာေတာ႔လည္း အေမမ်ားေန႔ဆိုတာကို ၾကိဳတင္သတိထားမိေစျပီး ကိုယ္႔ေမေမရဲ႕ေက်းဇူးတရားကိုေအာက္ေမ႔သတိရ ၊ ေမေမ႔အတြက္အခ်ိန္ေပးႏိုင္တာေၾကာင္႔ အက်ိဳးရွိတဲ႔အေၾကာင္းအရာေလးလို႔ဆိုရမွာပါေနာ္။

ကဲ…ဒီရက္ေလးအတြင္းပဲ သံုးလို႔ရတဲ႔ Thankful Reaction ေလးနဲ႔ မ်ားမ်ား React ေပးခဲ႔ၾကည္႔ပါလားေနာ္။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

ဒီနေ့ Facebook ကနေ ခရမ်းရောင်ပန်းပွင့်လေးနဲ့ Thankful ဆိုတဲ့ Reaction လေးကို စမ်းသပ်မိတ်ဆက်ပေးထားတယ်နော်။ ဒီ Reaction လေးက မေလ ၁၄ ရက်နေ့မှာကျရောက်တဲ့ Mother’s Day အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ အမေများနေ့ Mother’s Day ပြီးရင်တော့ ဒီ Reaction လေးကပျောက်ကွယ်သွားမှာပါ။ Facebook အနေနဲ့ Temporary Reaction လေးကိုမိတ်ဆက်တာ ဒီတစ်ကြိမ်က ပထမဆုံးပါပဲနော်။ Thankful Reaction ပေးတဲ့နေရာမှာ တချို့က မပေးသင့်တဲ့ ပို့စ်တွေမှာ Thankful ပေးတာမို့ ဟာသလည်းဖြစ် သတိပြုစရာလည်းဖြစ်နေပါတယ်နော်။
အမေများနေ့နဲ့ပတ်သက်ရင် အမေရိကန်နိုင်ငံမှာတော့ နှစ်စဉ် မေလ ဒုတိယပတ်ရဲ့ တနင်္ဂနွေနေ့ကို အမေများနေ့အဖြစ်သတ်မှတ်ထားတာကြောင့် ၂၀၁၇ အတွက်တော့ မေလ ၁၄ ရက်နေ့မှာ အမေများနေ့ ကျရောက်မှာဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ အမေများနေ့ကို သူတို့ရဲ့ ဓလေ့ထုံးတမ်းနဲ့ သမိုင်းကြောင်းအရ သတ်မှတ်ကြပြီးတစ်နိုင်ငံနဲ့တစ်နိုင်ငံ ရက်မတူညီတာမျိုးလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမေများနေ့မှာ အမေ့အတွက် အမှတ်တရလက်ဆောင်လေးတွေ ၊ ကျေးဇူးတင်ကြောင်းစာလွှာလေးတွေ ၊ အမေနဲ့အတူတူအချိန်ကုန်ဆုံးပေးတာလေးတွေ ပြုလုပ်လေ့ရှိကြတာကြောင့် ချစ်စရာကောင်းတဲ့နေ့ရက်လေးတစ်ခုပါ။
ခုလို အမေများနေ့ကို ဂုဏ်ပြုတဲ့ Reaction လေးတွေပေါ်လာတော့လည်း အမေများနေ့ဆိုတာကို ကြိုတင်သတိထားမိစေပြီး ကိုယ့်မေမေရဲ့ကျေးဇူးတရားကိုအောက်မေ့သတိရ ၊ မေမေ့အတွက်အချိန်ပေးနိုင်တာကြောင့် အကျိုးရှိတဲ့အကြောင်းအရာလေးလို့ဆိုရမှာပါနော်။
ကဲ…ဒီရက်လေးအတွင်းပဲ သုံးလို့ရတဲ့ Thankful Reaction လေးနဲ့ များများ React ပေးခဲ့ကြည့်ပါလားနော်။