
Facebook Stories


Facebook Stories


Facebook Stories


Facebook Stories Ads



Ref : TechCrunch

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Facebook ရဲ့ Stories Features ဟာ အခုဆိုရင် ထွက်ရှိလာခဲ့တာ ၁ နှစ်ကျော်ကြာသွားခဲ့ပြီဖြစ်ပါတယ်။ Snapchat က စတင်ခဲ့ပြီးတော့ Instagram မှာလည်း အောင်မြင်ခဲ့တဲ့ Stories Feature က အစပိုင်းမှာ Facebook မှာ အသုံးပြုသူနည်းပါးနေခဲ့ပါတယ်။

Facebook Stories

ဒါပေမယ့် အခုအချိန်မှာတော့ Facebook ကနေ လက်ရှိ Stories Feature ကို အသုံးပြုနေတဲ့သူအရေအတွက်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်အရ Facebook ကို လစဉ် ပုံမှန်အသုံးပြုနေတဲ့သူ ၂.၂ ဘီလီယံထဲမှာမှ သန်း ၁၅၀ ခန့်က Facebook Stories ကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

Facebook Stories

အခု ပမာဏက Instagram ရဲ့ နေ့စဉ် လူအယောက် သန်း ၃၀၀ ကျော် Stories Features ကို အသုံးပြုနေတာနဲ့ ယှဉ်ရင် တဝက်လောက်ပဲရှိသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုပမာဏက Snapchat ကို အသုံးပြုသူ ၁၉၁ သန်းကို မှီတော့မှာပါ။

Facebook Stories

ဒါပေမယ့်လည်း Facebook က အခု Stories ကို အသုံးပြုသူအရေအတွက်ကို ထုတ်ပြန်ချက်နဲ့အတူ နောက်ထပ် Feature တစ်ခုကိုလည်း ကြေညာခဲ့ပါတယ်။ အဲ့ဒါကတော့ Facebook Stories မှာ ကြော်ငြာတွေထည့်သွင်းလာတောမယ့် ကိစ္စပဲဖြစ်ပါတယ်။

Facebook Stories Ads

ဘယ်သူမှတော့ Facebook မှာ လက်ရှိ Videos Ads တွေ၊ Sponsored Posts တွေအပြင် Stories မှာပါ ကြော်ငြာတွေကို မြင်ချင်မှာမဟုတ်ပေမယ့် Facebook ကတော့ လက်ရှိ Facebook Stories ကို အသုံးပြုနေတဲ့သူ သန်း ၁၅၀ ကို စတင်စမ်းသပ်တော့မှာပါ။ လက်ရှိသိရတဲ့သတင်းတွေအရတော့ Video Ads တွေလိုမျိုးပဲ Click လုပ်လို့မရတဲ့ ၅ စက္ကန့် ကနေ ၁၅ စက္ကန့်အထိ ကြာမြင့်တဲ့ ကြော်ငြာတွေကို မြင်လာရတော့မှာပါ။

ဘာပဲဖြစ်ဖြစ် Facebook ရဲ့ ကြော်ငြာတွေကတော့ နေရာတိုင်းမှာပါလာတော့မှာပါ။

Ref : TechCrunch

Zawyè (Akhayar) 

www.akhayar.com