
Facebook Lasso



Facebook Lasso



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Facebook ပေါ်မှာ ၁၅ စက္ကန့်စာ သီချင်းနောက်ခံနဲ့ TikTok Video အတိုလေးတွေကို မြင်ဖူးကြမှာပါ။ အခုလိုမျိုး အောင်မြင်နေတဲ့ TikTok App ကို ယှဉ်ပြိုင်ဖို့အတွက် Facebook ကနေ Lasso အမည်ရှိတဲ့ Application တစ်ခုကို ဆောင်ရွက်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ အခုအချိန်မှာ Facebook က Lasso App ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Facebook Lasso

အခု Lasso Application ကို ဖုန်းမှာ Sign In ဝင်ထားတဲ့ Facebook ဒါမှမဟုတ် Instagram Account ကနေပဲ ဝင်ရောက်နိုင်ပြီးတော့ သီးသန့် Account တစ်ခုပြုလုပ်ဖို့ လိုအပ်မှာမဟုတ်ပါဘူး။ Facebook ကတော့ အခု Lasso Application က တိုပြီးတော့ Entertainment ပိုင်းအတွက် အချိန်တိုတောင်းပြီး Comedy ၊ Beauty နဲ့ Fitness လိုမျိုး Categories တွေအကုန်လုံးမှာ ပျော်ရွှင်တဲ့ Experience ကို ရရှိအောင် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဒီ Lasso Application မှာဆိုရင် အသုံးပြုသူတွေက TikTok မှာ ပြုလုပ်နိုင်သလိုပဲ သီချင်းအပေါ်ကိုလိုက်ပြီးတော့ Lip-Sync နဲ့ Dance တွေကို ရိုက်ကူးနိုင်ပြီး Vines လိုမျိုးလည်း Short Clip Video တွေကို ရိုက်ကူးနိုင်မှာပါ။ အခု Lasso Application ကို Google Play Store မှာတင်မဟုတ်ဘဲ Apple App Store မှာပါ Download ပြုလုပ်နိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Facebook Lasso

TikTok Vs Facebook Lasso

Facebook က အခုလိုမျိုး အောင်မြင်နေတဲ့ Music Lip-Sync App တစ်ခုဖြစ်တဲ့ TikTok ကို ယှဉ်ပြိုင်ဖို့ Lasso Application ကို ထုတ်လိုက်ပေမယ့် တကယ်တမ်းရော ယှဉ်ပြိုင်နိုင်ပါ့မလား၊ ဒါမှမဟုတ် အရမ်းနောက်ကျသွားပြီလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com