“လူ့အကြောင်း ပေါင်းကြည့်မှသိ” ဆိုပေမယ့် လူမှုကွန်ရက်မှာတော့ တင်ထားတဲ့ဓာတ်ပုံကို ကြည့်ပြီးတော့ လူကဲခတ်နည်းလည်း ရှိသဗျ။ နေဦး ပြောဦးမယ်။ Profile Picture ကိုကြည့်ပြီးတော့ အကဲခတ်ရမှာဗျ။ ဒီစစ်တမ်းကိုတော့ ပန်ဆိုဗေးနီးယားတက္ကသိုလ် (University of Pennsylvania) က သုနေသနပညာရှင်တွေက သုံးသပ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Profile Picture ကိုကြည့်ပြီးတော့ ဘယ်လိုအကဲခတ်ရမလဲဆိုတာ ကြည့်ရအောင်။

၁။ စိတ်မူမမှန်သူ (အူကြောင်ကြား)

Profile Picture ကို ကိုယ့်ရဲ့ဓာတ်ပုံအမှန်တင်မထားဘဲနဲ့ ပန်းပွင့်ပုံတွေ၊ ရှုခင်းပုံတွေ၊ ခွေးပုံ၊ ကြောင်ပုံတွေတင်ထားတဲ့သူတွေအားလုံးက စိတ်မူမမှန်ဘူးလို့ စစ်တမ်းအရသိရပါတယ်။ Facebook ကို Professional ဆန်ဆန်သုံးတဲ့သူတွေကတော့ ကိုယ့်ရဲ့ဓာတ်ပုံအမှန်ကိုပဲ တင်လေ့ရှိလို့ပါ။

၂။ စွန့်စားလိုစိတ်ရှိသူ

Profile Picture ကို ကိုယ့်ရဲ့ဟာသပုံ၊ ပျော်စရာပုံတွေ တင်ထားတဲ့သူတွေကတော့ အတွေ့အကြုံသစ်ကို စိန်ခေါ်လိုစိတ်ရှိတဲ့သူတွေပါ။ Profile Picture ကိုကြည့်လိုက်တာနဲ့ တစ်ဖက်သားကို ရယ်ချင်စိတ်ဖြစ်စေရုံသာမက ကိုယ်တိုင်လည်း ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းကြသူတွေလို့ သုံးသပ်လို့ရပါတယ်။

၃။ တည်ငြိမ်ရင့်ကျက်သူ

တည်ငြိမ်ရင့်ကျက်လာသူတွေက Facebook ကို ပုံအမှန်နဲ့ပဲ သုံးလေ့ရှိတော့တယ်။ ဒါမှလည်း တခြားလူတွေက ကိုယ့်ကို ယုံကြည်ချက်ပိုရှိတော့မယ်လေ။ ကိုယ့် Profile Picture ကိုလည်း ကိုယ်တိုင်လှနေဖို့ထက် အများအမြင်မှာ ကြည့်ပျော်ရှုပျော်ရှိဖို့ပဲ အလေးပေးလာတတ်ကြတယ်။ ကိုယ့် Profile Picture ကို သေချာရိုက်ပြီမှ တင်လေ့ရှိကြပါတယ်။

၎။ ပွင့်လင်းသူ

ကိုယ့်ဓာတ်ပုံတွေကို တောတောင်ရှုခင်းတွေကို နောက်ခံထားပြီး အရောင်အသွေးစုံလင်အောင် တင်ထားတဲ့သူတွေက ပွင့်လင်းတဲ့သူတွေလို့ ကောက်ချက်ချလို့ရပါတယ်။ သစ်ပင်ပန်းပင်တွေနဲ့ အလှဆင်ပြီးတော့ ကိုယ့်ဓာတ်ပုံကို လူငယ်တစ်ယောက်လို ပုံဖော်တတ်သူတွေပေါ့။

၅။ ရေလိုက်ငါးလိုက်သမား

“Water Follow, Nike Pas Cher Fish Follow” လို့ တင်စားရမယ့် ရေလိုက်ငါးလိုက်သမားတွေက ဘယ်သူနဲ့မဆို အလိုက်သင့်တည့်တောင် ပေါင်းနိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ သူတို့တွေက ပြုံးပျော်တဲ့ဓာတ်ပုံ ဒါမှမဟုတ်ရင်လည်း သူငယ်ချင်းတွေနဲ့ရိုက်ထားတဲ့ဓာတ်ပုံကို Profile Picture ထားလေ့ရှိတယ်ဗျ။ ကဲ . Asics Gel lyte 3 Pas Cher . nike tn pas cher ဒါတွေကတော့ Profile Picture ကနေ လူကဲခတ်တဲ့နည်းတွေပေါ့နော်။ Profile Picture ထားမယ်ဆိုရင်လည်း ကိုယ်စိတ်ကြိုက်ပုံထားမယ့်အစား သူငယ်ချင်းတွေကို ရွေးချယ်ခိုင်းတာက ပိုသင့်တော်တယ်လို့ သုတေသနမှာ ဖော်ပြထားသေးတယ်ဗျ။ ဒါကလည်း အများအမြင်နဲ့ ရှုထောင့်ပြောင်းကြည့်တာက ပိုကောင်းတဲ့သဘောပါပဲ။ ကဲ . fjällräven kånken pas cher . oakley pas cher .