[Zawgyi]
*Breaking News*
================================================
Phone Hay Ko(Akhayar)
www.akhayar.com
[Unicode]
အခုလက်ရှိ Facebook အသုံးပြုသူတွေမှာ ဖြစ်ပေါ်လျှက်ရှိသောပြဿနာများ
*Breaking News*
အခုလက်ရှိ Facebook အသုံးပြုသူတွေကြုံတွေ့နေရတဲ့ ပြဿနာများ
================================================
-Internet လိုင်းကောင်းသော်လည်း Facebook အသုံးပြုရာတွင် လိုင်းကျနေသလိုဖြစ်နေခြင်း
-Facebook တွင်တင်ထားသော ပုံများမပေါ်တော့ခြင်း
-Messenger မှ ပုံများပို့လို့မရတော့ခြင်း
-Comment များပေါ်လိုက် ပျောက်လိုက်ဖြစ်နေခြင်း …
-Facebook Page များတွင် Instant Articles များမရတော့ခြင်း 
(Instant Article ဆိုတာကတော့ Post တွေမှာ မိုးကြိုးသွားပုံစံလေးပါပြီး ထောက်လိုက်တာနဲ့ Website ထဲဝင်စရာမလိုတော့ပဲ Facebook App ပေါ်မှာပဲအချိန်ကုန်သက်သာစွာ ဖတ်လို့ရနိုင်တဲ့ Facebook ရဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်) ခုချိန်မှာတော့ Page အတော်များများ အဆိုပါ ဝန်ဆောင်မှုကနေ ရက် ၉၀ အထိရပ်ဆိုင်းခြင်းကို ခံနေရပါတယ်။)
ဒီလို Error တွေဖြစ်ပေါ်နေတာဟာဖုန်းမှာ Error ရှိနေလို့လည်းမဟုတ်၊ လိုင်းမကောင်းလို့လည်းမဟုတ်ပဲနဲ့ Facebook ရဲ့ Server မှာ Error ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။
Facebook မှာပုံတွေမပေါ်ရင် ဒီလိုဖြေရှင်းပါ
Play Store ကနေပဲဖြစ်ဖြစ် အဆင်ပြေတဲ့အခြားတစ်နေရာကနေပဲဖြစ်ဖြစ် Turbo VPN ဆိုတဲ့ App ကို Download ပြုလုပ်ပါ။ အခြား VPN တွေလည်းရပါတယ်။Play Store ကနေ Download လုပ်ဖို့အဆင်မပြေရင်တော့ ဒီကနေ Down ပါ။
VPN ကိုဖွင့်ပြီးရင် ညာဘက်ထောင့်အပေါ်မှာရှိတဲ့နိုင်ငံအလံပုံလေးကိုထောက်ပြီး Server ကိုရွေးပါ။ (United States သို့ United Kingdomကိုရွေးပါ) Connect လုပ်ပါသွားပါလိမ့်မယ်။ Notification Bar မှာသော့ပုံလေးပေါ်လာရင် Connected ဖြစ်သွားပါပြီ။ Facebook ကို Clear Resent သို့ Force Stop လုပ်ပြီး ပြန်ဝင်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ အခြားအဆင်ပြေတဲ့နည်းလမ်းလေးတွေရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။
အပေါ်မှာပြောခဲ့တဲ့ Error တွေဖြစ်နေတယ်ဆိုရင် စိတ်မပူကြပါနဲ့ မကြာခင်အချိန်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ Akhayar Tech ရဲ့ Fans တွေအနေနဲ့ လည်းပတ်ဝန်းကျင်မှာရှိတဲ့သူငယ်ချင်းတွေမှာ ဒီလို Error တွေကြုံတွေ့နေရတယ်ဆိုရင် ဒီ Post လေးကို လက်ဆင့်ကမ်းဝေမျှပေးလိုက်ပါဦးနော်…
Phone Hay Ko(Akhayar)
www.akhayar.com