
Facebook



Facebook


Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

[UNICODE]


OnePlus 6

Facebook ကို ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက တိုက်ခိုက်မှုတစ်ခုကို ကြုံရပြီး Facebook အသုံးပြုနေတဲ့ Account ပေါင်း သန်း ၃၀ ကျော်လောက်ရဲ့ Information တွေပါသွားတာကို မှတ်မိဦးမှာပါ။ အခုကြည့်ရတာကတော့ Facebook ကနေ အခုလိုမျိုး တိုက်ခိုက်ခံရမှုတွေကို နောက်ထပ်မခံရတော့အောင် ဆောင်ရွက်တော့မယ့်ပုံပါပဲ။

Facebook

အခုသတင်းကိုတော့ များစွာသော သတင်း Source တွေက ဖော်ပြနေတာဖြစ်ပြီးတော့ Facebook က Major Cybersecurity ကုမ္ပဏီတစ်ခုကို ဝယ်ယူဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ်။ အခုလိုမျိုး ဝယ်ယူဖို့လုပ်နေတာကလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ကုမ္ပဏီပေါင်းများစွာနဲ့ စကားပြောပြီးပြီလို့သိရပါတယ်။

အခုသတင်းတွေက Facebook က ဝယ်ယူဖို့ စိတ်ကူးနေတဲ့ ကုမ္ပဏီတွေကိုတော့ မဖော်ပြခဲ့ပေမယ့် Facebook ဟာ ဒီနှစ်မကုန်ခင်မှာတင် ကုမ္ပဏီတစ်ခုကို အပြီးဝယ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယခုသတင်းကို Facebook က အတည်ပြုခဲ့ခြင်းတော့မရှိပါဘူး။

Facebook

Facebook ဟာ ယခုနှစ်စတုန်းက Cambridge Analytica Data ပေါက်ကြားမှုအပြီးမှာ ဆက်တိုက်ဆိုသလို Data ပိုင်းနဲ့ Privacy ပိုင်း ပြဿနာတွေတက်ခဲ့တာဖြစ်ပြီး အခုအချိန်အထိ ယခင်ကလိုမျိုး အသုံးပြုသူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် မနည်းကို ပြန်လည်ကြိုးစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။ အခုလိုမျိုး နာမည်ကြီး Major Cybersecurity ကုမ္ပဏီတစ်ခုကို ဝယ်ယူဖို့ကြိုးစားတာက တကယ်ရော အသုံးဝင်နိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com



OnePlus Co-Founder Carl Pei


Ref : Engadget

Zawyè (Akhayar) 

www.akhayar.com