Facebook ကေန အခုေနာက္ပိုင္းမွာ ကုန္ပစၥည္းေတြကို အသံုးျပဳသူေတြရဲ႕ Newsfeed မွာေၾကာ္ျငာႏုိင္ဖုိ႔ကို ပံုမွန္ Posts ေတြအေနနဲ႔တင္မဟုတ္ဘဲ ကြဲထြက္ႏုိင္ေအာင္ ေဆာင္ရြက္ေနတာပဲျဖစ္ပါတယ္။ အခုလည္း Facebook ကေန ကုန္ပစၥည္းေၾကာ္ျငာေတြမွာ Augmented Reality နည္းပညာေတြကို စတင္စမ္းသပ္ေနျပီပဲျဖစ္ပါတယ္။

Window Shopping

ယခုႏွစ္အေစာပိုင္းမွာျပဳလုပ္ခဲ့တဲ့ Facebook ရဲ႕ F8 Developer Conference မွာ Facebook ကိုယ္တိုင္က လက္ရွိအခ်ိန္မွာ Messenger မွာ Products ေတြကို AR နည္းပညာအသံုးျပဳျပီး ျပသႏုိင္ဖုိ႔ စီစဥ္ေနတယ္လုိ႔ ေျပာၾကားခဲ့ျပီး ေနာက္မွာ အလားတူ တူညီတဲ့ AR ကို အသံုးျပဳထားတဲ့ ေၾကာ္ျငာေတြကို တခ်ိဳ႕ေသာ Facebook အသံုးျပဳသူေတြဆီမွာ စတင္ျမင္လာရျပီျဖစ္ပါတယ္။

Facebook AR Ads

Facebook ရဲ႕ Global Marketing Solutions မွာ Vice President of Product Marketing အေနနဲ႔ တာဝန္ယူထားတဲ့ Ty Ahmad-Taylor ကေန ယခင္တုန္းက Candy Crush ဂိမ္းေဆာ့ေနတဲ့ေနရာမွာ သူ႕ရဲ႕ မ်က္ႏွာကို အစားထုိးခဲ့ျပီး AR ရဲ႕ လုပ္ေဆာင္ႏုိင္စြမ္းကို ျပသခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ အခုလုိမ်ိဳး AR ကို အသံုးျပဳျပီးေတာ့ Virtual Sunglasses ေတြ Makeup ေတြကိုလည္း ေၾကာ္ျငာႏိုင္တယ္ဆုိျပီးေျပာၾကားခဲ့တာျဖစ္ပါတယ္။

Facebook AR Ads

“လူတုိင္းက စတိုးဆိုင္ေတြဆီကိုသြားျပီးေတာ့ ကိုယ္တုိင္ စမ္းသပ္ရတာကို ၾကိဳက္ႏွစ္သက္ၾကတယ္။ ဒါေပမယ့္ သူတို႔က အဲ့ဒီလုိ ကုိယ္တိုင္စမ္းသပ္ရတာကို ၾကိဳက္ေပမယ့္ ဘယ္မွမသြားဘဲ အိမ္မွာပဲ စမ္းသပ္လုိ႔ရတာကိုလည္း လုိခ်င္ၾကတယ္။ အဲ့ဒါေၾကာင့္ ကၽြန္ေတ္ာတို႔က ၾကားထဲကေန တံတားတစ္ခုအေနနဲ႔ ေျဖရွင္းေပးလုိက္တာပဲျဖစ္တယ္။” လုိ႔ Ahmad-Taylor ကေန ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Facebook AR Ads

အခု Facebook ကေန စမ္းသပ္ေနတဲ့ AR ေၾကာ္ျငာေတြဟာ ပံုမွန္အတိုင္းၾကည့္မယ္ဆုိရင္ သာမန္ ေၾကာ္ျငာတစ္ခုလုိပဲ ျဖစ္ေနေပမယ့္ “Tap to try it on” ဆိုတဲ့ Feature တစ္ခုပါလာမွာျဖစ္ျပီး ႏွိပ္လုိက္မယ္ဆုိရင္ AR နည္းပညာနဲ႔ ကိုယ္တိုင္ စမ္းသပ္သံုးစြဲၾကည့္ႏုိင္မွာပဲျဖစ္ပါတယ္။

အခုလုိမ်ိဳး Facebook မွာတင္ ေနကာမ်က္မွန္၊ ဦးထုတ္၊ အက်ီနဲ႔ အျခားေသာ ကုန္ပစၥည္းေတြကို AR နည္းပညာနဲ႔ ကိုယ္နဲ႔ လိုက္ဖက္မႈရွိမရွိကို ၾကည့္လုိ႔ရလာတာက အားသာခ်က္တစ္ခုျဖစ္ျပီးေတာ့ ဒါက Social Media ေတြေပၚကေန ေစ်းဝယ္မယ့္သူေတြအတြက္ေရာ၊ ေရာင္းခ်မယ့္သူေတြအတြက္ပါ ဝမ္းသာစရာသတင္းတစ္ခုလုိ႔ ေျပာရမွာပါ။

Facebook AR Ads

Facebook ဟာ အလားတူပဲ Instagram Stories ေတြကေန ေစ်းဝယ္ႏိုင္တဲ့ Shopping Tags ေတြကိုလည္း ျပီးခဲ့တဲ့လတုန္းက စတင္ေဆာင္ရြက္လာခဲ့ျပီး ေနာက္ပိုင္းမွာလည္း ပိုျပီး အာရုံစိုက္ျပီး Brands အမ်ားအျပားနဲ႔ တြဲဖက္လုပ္ေဆာင္သြားဖုိ႔ရွိတယ္လုိ႔ ေၾကညာခဲ့ပါေသးတယ္။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Facebook ကနေ အခုနောက်ပိုင်းမှာ ကုန်ပစ္စည်းတွေကို အသုံးပြုသူတွေရဲ့ Newsfeed မှာကြော်ငြာနိုင်ဖို့ကို ပုံမှန် Posts တွေအနေနဲ့တင်မဟုတ်ပဲ ကွဲထွက်နိုင်အောင် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ အခုလည်း Facebook ကနေ ကုန်ပစ္စည်းကြော်ငြာတွေမှာ Augmented Reality နည်းပညာတွေကို စတင်စမ်းသပ်နေပြီပဲဖြစ်ပါတယ်။

Window Shopping

ယခုနှစ်အစောပိုင်းမှာပြုလုပ်ခဲ့တဲ့ Facebook ရဲ့ F8 Developer Conference မှာ Facebook ကိုယ်တိုင်က လက်ရှိအချိန်မှာ Messenger မှာ Products တွေကို AR နည်းပညာအသုံးပြုပြီး ပြသနိုင်ဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပြီး နောက်မှာ အလားတူ တူညီတဲ့ AR ကို အသုံးပြုထားတဲ့ ကြော်ငြာတွေကို အချို့သော Facebook အသုံးပြုသူတွေဆီမှာ စတင်မြင်လာရပြီဖြစ်ပါတယ်။

Facebook AR Ads

Facebook ရဲ့ Global Marketing Solutions မှာ Vice President of Product Marketing အနေနဲ့ တာဝန်ယူထားတဲ့ Ty Ahmad-Taylor ကနေ ယခင်တုန်းက Candy Crush ဂိမ်းဆော့နေတဲ့နေရာမှာ သူ့ရဲ့ မျက်နှာကို အစားထိုးခဲ့ပြီး AR ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပြသခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အခုလိုမျိုး AR ကို အသုံးပြုပြီးတော့ Virtual Sunglasses တွေ Makeup တွေကိုလည်း ကြော်ငြာနိုင်တယ်ဆိုပြီးပြောကြားခဲ့တာဖြစ်ပါတယ်။

Facebook AR Ads

“လူတိုင်းက စတိုးဆိုင်တွေဆီကိုသွားပြီးတော့ ကိုယ်တိုင် စမ်းသပ်ရတာကို ကြိုက်နှစ်သက်ကြတယ်။ ဒါပေမယ့် သူတို့က အဲ့ဒီလို ကိုယ်တိုင်စမ်းသပ်ရတာကို ကြိုက်ပေမယ့် ဘယ်မှမသွားဘဲ အိမ်မှာပဲ စမ်းသပ်လို့ရတာကိုလည်း လိုချင်ကြတယ်။ အဲ့ဒါကြောင့် ကျွန်တေ်ာတို့က ကြားထဲကနေ တံတားတစ်ခုအနေနဲ့ ဖြေရှင်းပေးလိုက်တာပဲဖြစ်တယ်။” လို့ Ahmad-Taylor ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

Facebook AR Ads

အခု Facebook ကနေ စမ်းသပ်နေတဲ့ AR ကြော်ငြာတွေဟာ ပုံမှန်အတိုင်းကြည့်မယ်ဆိုရင် သာမန် ကြော်ငြာတစ်ခုလိုပဲ ဖြစ်နေပေမယ့် “Tap to try it on” ဆိုတဲ့ Feature တစ်ခုပါလာမှာဖြစ်ပြီး နှိပ်လိုက်မယ်ဆိုရင် AR နည်းပညာနဲ့ ကိုယ်တိုင် စမ်းသပ်သုံးစွဲကြည့်နိုင်မှာပဲဖြစ်ပါတယ်။

အခုလိုမျိုး Facebook မှာတင် နေကာမျက်မှန်၊ ဦးထုတ်၊ အကျီနဲ့ အခြားသော ကုန်ပစ္စည်းတွေကို AR နည်းပညာနဲ့ ကိုယ်နဲ့ လိုက်ဖက်မှုရှိမရှိကို ကြည့်လို့ရလာတာက အားသာချက်တစ်ခုဖြစ်ပြီးတော့ ဒါက Social Media တွေပေါ်ကနေ ဈေးဝယ်မယ့်သူတွေအတွက်ရော၊ ရောင်းချမယ့်သူတွေအတွက်ပါ ဝမ်းသာစရာသတင်းတစ်ခုလို့ ပြောရမှာပါ။

Facebook AR Ads

Facebook ဟာ အလားတူပဲ Instagram Stories တွေကနေ ဈေးဝယ်နိုင်တဲ့ Shopping Tags တွေကိုလည်း ပြီးခဲ့တဲ့လတုန်းက စတင်ဆောင်ရွက်လာခဲ့ပြီး နောက်ပိုင်းမှာလည်း ပိုပြီး အာရုံစိုက်ပြီး Brands အများအပြားနဲ့ တွဲဖက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ ကြေညာခဲ့ပါသေးတယ်။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com