
Facebook Ads



Facebook Ads


Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Facebook ကနေ အခုအချိန်မှာ Facebook Page တွေကနေ Posts တွေကို ကြော်ငြာတာနဲ့ ပတ်သတ်ပြီးတော့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိမယ့် Feature အသစ်တစ်ခုကို ထုတ်ပေးလိုက်ပါ အဲ့ဒါကတော့ Page ရဲ့ Information တွေအပြင် Run ထားတဲ့ Ads ကိုပါ လူတိုင်းမြင်နိုင်တော့မယ့် Feature တစ်ခုပဲဖြစ်ပါတယ်။

Facebook Ads

အခုလိုမျိုးပြုလုပ်တာက Facebook ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Twitter ကနေ သူရဲ့ ကိုယ်ပိုင် Ads Transparency Center ကို စတင်ဖွင့်လှစ်ပြီး မကြာခင်မှာ ဆောင်ရွက်လာတာဖြစ်တဲ့အတွက် အခုနောက်ပိုင်း Social Media ကုမ္ပဏီတွေက ဒီကြော်ငြာတွေအပေါ်ကို ပွင့်လင်းမြင်သာမှုပိုရှိအောင် ဆောင်ရွက်နေတာလို့ ယူဆရပါတယ်။

အခုလိုမျိုး Facebook ရဲ့ Feature အသစ်ဟာ Facebook Page တွေကို ဝင်ကြည့်တဲ့အချိန်မှာ Page နာမည်ရဲ့ ညာဘက်မှာ “Info and Ads” လို့ နာမည်ပေးထားပြီးတော့ အဆိုပါ Button ကို နှိပ်လိုက်တယ်ဆိုရင် Page စတင်တည်ထောင်ထားတဲ့နေ့ နဲ့အတူ နာမည်ပြောင်းထားခြင်း ရှိမရှိကိုလည်း သိနိုင်မှာပါ။

Facebook Ads

ဒါတင်မဟုတ်သေးဘဲ Page ကနေ လက်ရှိ ပြုလုပ်နေတဲ့ Ads တွေကိုလည်း မြင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Facebook Page ပိုင်းကိုင်နေတဲ့သူတွေအနေနဲ့လည်း ယခင်ကလိုမျီုး Ads တွေက Admin တွေပဲ သိနိုင်တော့မှာမဟုတ်တော့ပဲ လူတိုင်းမြင်နိုင်တော့မှာပါ။ ဒါပေမယ့် ဘယ်သူတွေကို ကြော်ငြာတယ်၊ ဘယ်လောက်သုံးခဲ့တဲ့ Information တွေကတော့ Page Admin တွေပဲ သိနိုင်ဦးမှာပါ။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com